တရုတ်ဘုန်းကြီးဦးခေါင်းပေါ်ကအစက်အဓိပ္ပါယ်

(Unicode)

တရုတ်ဘုန်းကြီးဦးခေါင်းပေါ်ကအစက်အဓိပ္ပါယ်

==============================

တရုတ်ဘုန်းကြီးတို့တွင်သာတွေ့ရလေ့ရှိသော ဦးခေါင်းပေါ်ငယ်ထိပ်က အစက်များမှာ ထိုဘုန်းတော်ကြီး၏ ဝိသေသလက္ခဏာတို့၏အမှတ်သက်ေတ ဖြစ်ပါသည် ။

ကိုရင်လေး မှစတင်ပြီး လအတန်ကြာ အတိုင်းတာတခု အထိကျင့်စဉ်တို့ကို ကျင့်ကြံအောင်မြင်ပြီးပါက ငယ်ထိပ်တွင်အမွှေးတိုင်မီးဖြင့် ထိုးကာ အမှတ်အမာရွတ်တခု ပြုလုပ်ပေးသည်။

ထိုပထမ အမာရွတ်အစက်ကို စိတ်နှလုံးဖြူစင်ခြင်း ဟုမှတ်ယူသည်။ နှစ်အနည်းငယ်ဆက်လက်ကျင့်ကြံပြီးပါကမူ နောက်ထပ်မံ၍ဒုတိယအစက်အမာရွတ်တခု ပြုလုပ်ပေးသည်။ ထိုဒုတိယ အမာရွတ်အစက်ကို ပျော်ရွှင်ချမ်းမြေ့ခြင်းဟုမှတ်ယူသည်။

ကျောင်းတော်တွင်ကာလကြာရှည်လာသည်နှင့်အမျှ ဝါတော်ကြီးဆရာတော်များမှာ ၅စက်မှ၆စက်အထိ ရှိကြသည်။ ရှောင်လင်ကျောင်းအစရှိသောကျောင်းများမှ ဆရာတော်များကမူ ၈စက်မှ၉စက်ထိ ရှိကြသည်။

၁၀စက် ကိုမူ ကြီးမားသောသိက္ခာတော်ရဝါရ ဆရာတော်ကြီး များထံတွင်သာ ရှိတတ်လေ့ရှိပြီး အင်မတန် ရှားပါးသည်။

ဤသို့ဦးခေါင်းထက်တွင် အမာရွတ်အစက်ပြုလုပ်ပေးခြင်းဓလေ့ သည် တရုတ်နိုင်ငံ၏ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး များထံတွင်သာတွေ့မြင်နိုင်သည်။

(Zawgyi)


==============================

တရုတ်ဘုန်းကြီးတို့တွင်သာတွေ့ရလေ့ရှိသော ဦးခေါင်းပေါ်ငယ်ထိပ်က အစက်များမှာ ထိုဘုန်းတော်ကြီး၏ ဝိသေသလက္ခဏာတို့၏အမှတ်သက်တေ ဖြစ်ပါသည် ။






Credit – Original
吴志文
Photo-credit


Leave a Reply

Your email address will not be published. Required fields are marked *

*