ကျန်းမာရေးအတွက်ဘယ်ဘက်စောင်းအိပ်ပါ

(Unicode)

ကျန်းမာရေးအတွက်ဘယ်ဘက်စောင်းအိပ်ပါ

===================================

အိပ်ရာဝင်တဲ့အခါမှာ သင်က ပက်လက်အိပ်တတ်သူလား။ ဘေးစောင်းအိပ် တတ်သူလား။ မှောက်ရက်အိပ်တတ် သူလား။ လေ့လာမှုတွေအရ ကျန်းမာရေး ကောင်းမွန်ဖို့ ဘယ်ဘက် စောင်းအိပ်တာက အကောင်းဆုံးလို့ သိရပါတယ်။

ဘယ်ဘက်စောင်းအိပ်တာကြောင့် အောက်ပါ အကျိုးကျေးဇူးတွေကို ရရှိနိုင်ပါတယ်။

အစာခြေစနစ်ကောင်းမွန်နိုင်ခြင်း။

ဘယ်ဘက်စောင်းအိပ်တာကြောင့် အူမကြီးက အစာဟောင်းတွေ စအိုကို ရွေ့လျားဖို့ဘလွယ်ကူသွားတဲ့ အတွက် မနက်အိပ်ရာထခါစမှာ ဝမ်းသွားချင်စိတ် ဖြစ်ပေါ်နိုင်ပါတယ်။ အစာအိမ်နဲ့ မုန့်ချိုအိတ်တွေက ကမ္ဘာ့ဆွဲငင်အားနဲ့နီးရာ ခန္ဓာကိုယ်ရဲ့ ဘယ်ဘက်ခြမ်းမှာ တည်ရှိတဲ့အတွက် အစာခြေရည်နဲ့ အင်ဇိုင်းတွေထွက်ရှိဖို့ လွယ်ကူတာကြောင့် အစာကြေလွယ် နိုင်ပါတယ်။

အဆိပ်အတောက်စွန့်ပစ်စနစ်ကောင်းမွန်နိုင်ခြင်း။

အဆိပ်အတောက်တွေကို စွန့်ပစ်တဲ့ ပြန်ရည်ကြောစနစ်ကလည်း ကိုယ်ရဲ့ဘယ်ဘက်ခြမ်း မှာရှိတာကြောင့် ဘယ်ဘက်စောင်းအိပ်တာက သူတို့ရဲ့ လုပ်ငန်းစဉ်ကို ပိုပြီး ထိရောက်မှု ရှိနိုင်ပါတယ်။

နှလုံးကျန်းမာရေးအတွက်ကောင်းမွန်ခြင်း။
ဘယ်ဘက်စောင်းအိပ်တာက နှလုံးအပေါ် ဖိအားသက်ရောက်မှု နည်းနိုင် ပြီး သွေးလှည့်ပတ်မှု ကောင်းမွန်နိုင်ပါတယ်။

ရင်ပူဝေဒနာသက်သာနိုင်ခြင်း။

ဘယ်ဘက်စောင်းအိပ်တဲ့ အခါမှာအစာအိမ်က အက်စစ်တွေက အစာမျိုပြွန်ကို ဆန်တက်ဖို့ ခက်ခဲနိုင်တဲ့ အတွက် ရင်ပူဝေဒနာ မဖြစ်နိုင်တော့ပါ။

ခါးနောက်ကျောနာကျင်မှုသက်သာနိုင်ခြင်း။
ဘယ်ဘက်စောင်းအိပ်တာက ခါးနောက်ကျောရိုးပေါ် ဖိအားသက်ရောက်မှု လျော့နည်းနိုင်တာကြောင့် ခါးနာဝေဒနာ သက်သာနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့်သင့်လျော်ခြင်း။

ဘယ်ဘက်စောင်းအိပ်တာကြောင့် သန္ဓေသားကိုလံယ်ထားရတဲ့ သားအိမ်က အသည်းကို ဖိအား မပေးနိုင်တော့ပါဘူး။ သားအိမ်၊ကျောက်ကပ်နဲ့ သန္ဓေသားဆီလည်း သွေးပိုမို ရောက်ရှိ နိုင်ပါတယ်။

နှလုံးရောဂါ၊မျက်စိရေတိမ်ရှိသူ၊အသက်ရှုမဝလို့လန့်နိုးတတ်သူနဲ့လက်ကောက်ဝတ်နာကျင်တဲ့လက္ခဏာစု ရှိသူတွေကတော့ မိမိသဘောနဲ့မိမိဘယ်ဘက်စောင်းမအိပ်သင့်ပါဘူး။

ပခုံးနာကျင်နေရင်
ခြေထောက်ကွေးကာ မနာကျင်တဲ့ဘက်ကိုစောင်းပြီးအိပ်ပါ။

ခေါင်းကိုက်တတ်ရင်
သင့်ခေါင်းကို ခေါင်းအုံးနှစ်ဖက်နဲ့ ညှပ်ပြီး ပက်လက်အိပ်ပါ။

နှာခေါင်းပြဿနာရှိရင်
ခေါင်းအုံးမြင့် မြင့် နဲ့ပက်လက်အိပ်ပါ။

သွေးတိုးရောဂါရှိရင်
မှောက်လျက်အိပ်ပါ။

ဓမ္မတာလာစဉ်ကိုက်ခဲနေရင် ဒူးခေါင်းအောက် ခေါင်းအုံးခံပြီး ပက်လက်အိပ်ပါ။

ဇက်ကြောတက်တတ်ရင် မျက်နှာသုတ်ပုဝါကိုလိပ်ပြီး လည်ပင်းအောက်ထားကာ ပက်လက်အိပ်ပါ။

(Zawgyi)

က်န္းမာေရးအတြက္ဘယ္ဘက္ေစာင္းအိပ္ပါ

===================================

အိပ္ရာဝင္တဲ့အခါမွာ သင္က ပက္လက္အိပ္တတ္သူလား။ ေဘးေစာင္းအိပ္ တတ္သူလား။ ေမွာက္ရက္အိပ္တတ္ သူလား။ ေလ့လာမႈေတြအရ က်န္းမာေရး ေကာင္းမြန္ဖို႔ ဘယ္ဘက္ ေစာင္းအိပ္တာက အေကာင္းဆုံးလို႔ သိရပါတယ္။

ဘယ္ဘက္ေစာင္းအိပ္တာေၾကာင့္ ေအာက္ပါ အက်ိဳးေက်းဇူးေတြကို ရရွိႏိုင္ပါတယ္။

အစာေျခစနစ္ေကာင္းမြန္ႏိုင္ျခင္း။

ဘယ္ဘက္ေစာင္းအိပ္တာေၾကာင့္ အူမႀကီးက အစာေဟာင္းေတြ စအိုကို ေ႐ြ႕လ်ားဖို႔ဘလြယ္ကူသြားတဲ့ အတြက္ မနက္အိပ္ရာထခါစမွာ ဝမ္းသြားခ်င္စိတ္ ျဖစ္ေပၚႏိုင္ပါတယ္။ အစာအိမ္နဲ႔ မုန႔္ခ်ိဳအိတ္ေတြက ကမာၻ႔ဆြဲငင္အားနဲ႔နီးရာ ခႏၶာကိုယ္ရဲ႕ ဘယ္ဘက္ျခမ္းမွာ တည္ရွိတဲ့အတြက္ အစာေျခရည္နဲ႔ အင္ဇိုင္းေတြထြက္ရွိဖို႔ လြယ္ကူတာေၾကာင့္ အစာေၾကလြယ္ ႏိုင္ပါတယ္။

အဆိပ္အေတာက္စြန႔္ပစ္စနစ္ေကာင္းမြန္ႏိုင္ျခင္း။

အဆိပ္အေတာက္ေတြကို စြန႔္ပစ္တဲ့ ျပန္ရည္ေၾကာစနစ္ကလည္း ကိုယ္ရဲ႕ဘယ္ဘက္ျခမ္း မွာရွိတာေၾကာင့္ ဘယ္ဘက္ေစာင္းအိပ္တာက သူတို႔ရဲ႕ လုပ္ငန္းစဥ္ကို ပိုၿပီး ထိေရာက္မႈ ရွိႏိုင္ပါတယ္။

ႏွလုံးက်န္းမာေရးအတြက္ေကာင္းမြန္ျခင္း။
ဘယ္ဘက္ေစာင္းအိပ္တာက ႏွလုံးအေပၚ ဖိအားသက္ေရာက္မႈ နည္းႏိုင္ ၿပီး ေသြးလွည့္ပတ္မႈ ေကာင္းမြန္ႏိုင္ပါတယ္။

ရင္ပူေဝဒနာသက္သာႏိုင္ျခင္း။

ဘယ္ဘက္ေစာင္းအိပ္တဲ့ အခါမွာအစာအိမ္က အက္စစ္ေတြက အစာမ်ိဳႁပြန္ကို ဆန္တက္ဖို႔ ခက္ခဲႏိုင္တဲ့ အတြက္ ရင္ပူေဝဒနာ မျဖစ္ႏိုင္ေတာ့ပါ။

ခါးေနာက္ေက်ာနာက်င္မႈသက္သာႏိုင္ျခင္း။
ဘယ္ဘက္ေစာင္းအိပ္တာက ခါးေနာက္ေက်ာ႐ိုးေပၚ ဖိအားသက္ေရာက္မႈ ေလ်ာ့နည္းႏိုင္တာေၾကာင့္ ခါးနာေဝဒနာ သက္သာႏိုင္ပါတယ္။

ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးမ်ားႏွင့္သင့္ေလ်ာ္ျခင္း။

ဘယ္ဘက္ေစာင္းအိပ္တာေၾကာင့္ သေႏၶသားကိုလံယ္ထားရတဲ့ သားအိမ္က အသည္းကို ဖိအား မေပးႏိုင္ေတာ့ပါဘူး။ သားအိမ္၊ေက်ာက္ကပ္နဲ႔ သေႏၶသားဆီလည္း ေသြးပိုမို ေရာက္ရွိ ႏိုင္ပါတယ္။

ႏွလုံးေရာဂါ၊မ်က္စိေရတိမ္ရွိသူ၊အသက္ရႈမဝလို႔လန႔္ႏိုးတတ္သူနဲ႔လက္ေကာက္ဝတ္နာက်င္တဲ့လကၡဏာစု ရွိသူေတြကေတာ့ မိမိသေဘာနဲ႔မိမိဘယ္ဘက္ေစာင္းမအိပ္သင့္ပါဘူး။

ပခုံးနာက်င္ေနရင္
ေျခေထာက္ေကြးကာ မနာက်င္တဲ့ဘက္ကိုေစာင္းၿပီးအိပ္ပါ။

ေခါင္းကိုက္တတ္ရင္
သင့္ေခါင္းကို ေခါင္းအုံးႏွစ္ဖက္နဲ႔ ညႇပ္ၿပီး ပက္လက္အိပ္ပါ။

ႏွာေခါင္းျပႆနာရွိရင္
ေခါင္းအုံးျမင့္ ျမင့္ နဲ႔ပက္လက္အိပ္ပါ။

ေသြးတိုးေရာဂါရွိရင္
ေမွာက္လ်က္အိပ္ပါ။

ဓမၼတာလာစဥ္ကိုက္ခဲေနရင္ ဒူးေခါင္းေအာက္ ေခါင္းအုံးခံၿပီး ပက္လက္အိပ္ပါ။

ဇက္ေၾကာတက္တတ္ရင္ မ်က္ႏွာသုတ္ပုဝါကိုလိပ္ၿပီး လည္ပင္းေအာက္ထားကာ ပက္လက္အိပ္ပါ။

Credit ေဒါက္တာခင္မိုးမိုး


Leave a Reply

Your email address will not be published. Required fields are marked *

*