ဂွေးတောက်ရွက် နှင့်ကျန်းမာရေး မှတ်စု ဗဟုသုတ

(Zawgyi)

ေဂြးေတာက္႐ြက္ ႏွင့္က်န္းမာေရး မွတ္စု ဗဟုသုတ
===================================

ျမန္မာ့ေဆးက်မ္းေတြမွာေတာ့ ေဂြးေတာက္႐ြက္ဟာ ဝမ္းမီးကိုေတာက္ေစၿပီး ဓာတ္ေလမ်ားကို ခိုင္မာေစတယ္လို႔ ေဖာ္ျပထားပါတယ္။ သလိပ္ကိုေၾကေစၿပီး ေသြးတိုးပြားေစတယ္လို႔ ဆိုပါတယ္။

ေအာက္ပါနည္းလမ္းေတြကေတာ့ ေဂြးေတာက္႐ြက္ကို အသုံးျပဳပုံေတြျဖစ္ပါတယ္။

၁ – အ႐ြက္ကိုကင္ၿပီး အနာကိုကပ္မယ္ဆိုရင္ အနာစိမ္းေတြနဲ႔ ေသြးစုနာေတြ ေပ်ာက္ေစပါတယ္။ ႏုရင္ပိန္သြားမွာျဖစ္ၿပီး ရင့္ရင္ေတာ့ ျပည္ေပါက္သြားမွာျဖစ္ပါတယ္။

၂ – အရက္ေသာက္သူေတြအတြက္ ေဂြးေတာက္႐ြက္ကိုၾကက္သားနဲ႔ခ်က္စားမယ္ဆိုရင္ အဆိပ္အေတာက္ျပယ္ေစပါတယ္။

၃ – ေၾကာ္စားမယ္၊ဟင္းခါးခ်က္ေသာက္မယ္ဆိုရင္ ေလထိုးေလေအာင့္နဲ႔ ဆီးခ်ဳပ္တာေပ်ာက္ပါတယ္။

၄ – အ႐ြက္ကိုႀကိတ္ၿပီး အုံစည္းေပးထားမယ္ဆိုရင္ အဖုအႀကိတ္ေတြေပ်ာက္ပါတယ္။

၅ – သၾကားနဲ႔ေထာင္းၿပီး အုံေပးရင္ အေၾကာအဆစ္လြဲတာေပ်ာက္ပါတယ္။

၆ – ဘဲဥနဲ႔ေၾကာ္စားမယ္ဆိုရင္ ခြန္အားတိုးေစပါတယ္။

( ေခြးေတာက္႐ြက္ ရဲ႕ ေဆးအသုံး စုစည္းမႈ မ်ား)

ေခြးေတာက္ဟာ ႏြယ္ပင္တစ္မ်ိဳးျဖစ္ပါတယ္ ခါးသက္သက္ အရသာရွိၿပီး အမ်ားစုက ဟင္းခ်ိဳခ်က္
ေသာက္ၾကပါတယ္ ။

( ဂုဏ္ ႏွင့္ စြမ္းရည္ )
ရတၱပိတ္နာ ( ေသြးအန္၊ ေသြးလြန္နာ တစ္မ်ိဳး ) တို႔ကို
ဖ်က္ဆီးတတ္ဧ။္ ၊ လည္ေခ်ာင္းနာ၊ ေလေရာဂါ၊ ဂူလုံး
( ၀မ္းဗိုက္အတြင္း အလုံးအခဲ ျဖစ္ေသာ ေရာဂါတစ္မ်ိဳး၊
ေလ / ေသြးလုံး ) ၊ ျပည္ဒူလာသေရာ ေရာဂါ ၊ ဒူလာသေရာ
ေရာဂါ (က်င္ေခ်ာင္းကိုက္ခဲၿပီး ဆီးႏွင့္ေရာ၍ အျဖဴဖတ္မ်ား
ထြက္က်ေသာ ေရာဂါ ၊ ဆီးသြား ခါးကိုက္ေရာဂါ )၊ ပိုးနာ၊
ႏူနာ၊ ပန္းနာ၊ ရင္က်ပ္၊ ၾကက္အဆိပ္သင့္ နာမ်ားကို ႏိုင္
ဧ။္ ။

( ေဆးဖက္အသုံး၀င္ပုံ )

( အနာေဟာင္း ၊ အနာေဆြး )

အနာက္ို သန္႔စင္ေအာင္ေဆးၿပီး ထိုအ႐ြက္ကို ကပ္ေပး
ပါ။ တစ္ေန႔ (၃) ႀကိမ္ခန္႔။

( ေရယုန္)

အ႐ြက္သတၱဳရည္ မၾကာခဏ လိမ္းေပးပါ ။

( အေၾကာအဆစ္လြဲျခင္း )

အ႐ြက္ကို သၾကားႏွင့္ ေရာေထာင္းၿပီး အေၾကာအဆစ္ လြဲသည့္ေနရာသို႔ အုံ၍ ပတ္တီးစည္းေပးပါ။
တစ္ေန႔ (၂) ႀကိမ္ခန္႔ ။

( တက္တတ္သည့္ သူမ်ားအတြက္ )

အတက္ေဝဒနာရွင္အား တက္ေနခ်ိန္၌ နား႐ြက္ကို
ေျခၿပီး သန္႔ရွင္းေသာအပ္ျဖင့္ အသာအယာေဖာက္ပါ။
အ႐ြက္ကိုေျခ၍ နားအားပြတ္ေျခေပးပါ ။ အ႐ြက္ေရညႇစ္ၿပီး
တိုက္ေကြၽးေပးပါ ။ ေရာဂါ သက္သာ ေပ်ာက္ကင္းေစ၏

( အရက္စြဲသူ )

ထိုအ႐ြက္ကို ၾကက္ေျခေထာက္၊ ေခါင္းမ်ားျဖင့္ မၾကာခဏ ဟင္းခ်ိဳခ်က္ေသာက္ေပးပါက ႏွစ္ရွည္လမ်ား
အရက္စြဲသူအတြက္ အရက္ႏွင့္ ကင္းျပတ္ေစပါဧ။္

(Unicode)

ဂွေးတောက်ရွက် နှင့်ကျန်းမာရေး မှတ်စု ဗဟုသုတ
===================================

မြန်မာ့ဆေးကျမ်းတွေမှာတော့ ဂွေးတောက်ရွက်ဟာ ဝမ်းမီးကိုတောက်စေပြီး ဓာတ်လေများကို ခိုင်မာစေတယ်လို့ ဖော်ပြထားပါတယ်။ သလိပ်ကိုကြေစေပြီး သွေးတိုးပွားစေတယ်လို့ ဆိုပါတယ်။

အောက်ပါနည်းလမ်းတွေကတော့ ဂွေးတောက်ရွက်ကို အသုံးပြုပုံတွေဖြစ်ပါတယ်။

၁ – အရွက်ကိုကင်ပြီး အနာကိုကပ်မယ်ဆိုရင် အနာစိမ်းတွေနဲ့ သွေးစုနာတွေ ပျောက်စေပါတယ်။ နုရင်ပိန်သွားမှာဖြစ်ပြီး ရင့်ရင်တော့ ပြည်ပေါက်သွားမှာဖြစ်ပါတယ်။

၂ – အရက်သောက်သူတွေအတွက် ဂွေးတောက်ရွက်ကိုကြက်သားနဲ့ချက်စားမယ်ဆိုရင် အဆိပ်အတောက်ပြယ်စေပါတယ်။

၃ – ကြော်စားမယ်၊ဟင်းခါးချက်သောက်မယ်ဆိုရင် လေထိုးလေအောင့်နဲ့ ဆီးချုပ်တာပျောက်ပါတယ်။

၄ – အရွက်ကိုကြိတ်ပြီး အုံစည်းပေးထားမယ်ဆိုရင် အဖုအကြိတ်တွေပျောက်ပါတယ်။

၅ – သကြားနဲ့ထောင်းပြီး အုံပေးရင် အကြောအဆစ်လွဲတာပျောက်ပါတယ်။

၆ – ဘဲဥနဲ့ကြော်စားမယ်ဆိုရင် ခွန်အားတိုးစေပါတယ်။

( ခွေးတောက်ရွက် ရဲ့ ဆေးအသုံး စုစည်းမှု များ)

ခွေးတောက်ဟာ နွယ်ပင်တစ်မျိုးဖြစ်ပါတယ် ခါးသက်သက် အရသာရှိပြီး အများစုက ဟင်းချိုချက်
သောက်ကြပါတယ် ။

( ဂုဏ် နှင့် စွမ်းရည် )
ရတ္တပိတ်နာ ( သွေးအန်၊ သွေးလွန်နာ တစ်မျိုး ) တို့ကို
ဖျက်ဆီးတတ်ဧ။် ၊ လည်ချောင်းနာ၊ လေရောဂါ၊ ဂူလုံး
( ဝမ်းဗိုက်အတွင်း အလုံးအခဲ ဖြစ်သော ရောဂါတစ်မျိုး၊
လေ / သွေးလုံး ) ၊ ပြည်ဒူလာသရော ရောဂါ ၊ ဒူလာသရော
ရောဂါ (ကျင်ချောင်းကိုက်ခဲပြီး ဆီးနှင့်ရော၍ အဖြူဖတ်များ
ထွက်ကျသော ရောဂါ ၊ ဆီးသွား ခါးကိုက်ရောဂါ )၊ ပိုးနာ၊
နူနာ၊ ပန်းနာ၊ ရင်ကျပ်၊ ကြက်အဆိပ်သင့် နာများကို နိုင်
ဧ။် ။

( ဆေးဖက်အသုံးဝင်ပုံ )

( အနာဟောင်း ၊ အနာဆွေး )

အနာကို သန့်စင်အောင်ဆေးပြီး ထိုအရွက်ကို ကပ်ပေး
ပါ။ တစ်နေ့ (၃) ကြိမ်ခန့်။

( ရေယုန်)

အရွက်သတ္တုရည် မကြာခဏ လိမ်းပေးပါ ။

( အကြောအဆစ်လွဲခြင်း )

အရွက်ကို သကြားနှင့် ရောထောင်းပြီး အကြောအဆစ် လွဲသည့်နေရာသို့ အုံ၍ ပတ်တီးစည်းပေးပါ။
တစ်နေ့ (၂) ကြိမ်ခန့် ။

( တက်တတ်သည့် သူများအတွက် )

အတက်ဝေဒနာရှင်အား တက်နေချိန်၌ နားရွက်ကို
ခြေပြီး သန့်ရှင်းသောအပ်ဖြင့် အသာအယာဖောက်ပါ။
အရွက်ကိုခြေ၍ နားအားပွတ်ခြေပေးပါ ။ အရွက်ရေညှစ်ပြီး
တိုက်ကျွေးပေးပါ ။ ရောဂါ သက်သာ ပျောက်ကင်းစေ၏

( အရက်စွဲသူ )

ထိုအရွက်ကို ကြက်ခြေထောက်၊ ခေါင်းများဖြင့် မကြာခဏ ဟင်းချိုချက်သောက်ပေးပါက နှစ်ရှည်လများ
အရက်စွဲသူအတွက် အရက်နှင့် ကင်းပြတ်စေပါဧ။်

Crd မူရင်းတင်သူ


Leave a Reply

Your email address will not be published. Required fields are marked *

*