ကင်မွန်းချဉ်ရွက်ရဲ့ အစွမ်း

(Zawgyi)

==================







ဗီတာမင် A – ၇၈၈ အိုင်ယူ
ဗီတာမင် C – ၄၁ မီလီဂရမ်
သံဓာတ် – ၃.၃ မီလီဂရမ်
ပါဝင်ပါတယ်။

(Unicode)

ကင်မွန်းချဉ်ရွက်ရဲ့ အစွမ်း
==================

ကင်မွန်းချဉ်ရွက်ဟာ မြန်မာနိုင်ငံမှာတော့ ရာသီမရွေးစားနိုင်တဲ့အစားအစားပါ။ ကင်မွန်းချဉ်ရွက် ဟာ ဈေးချိုပေမဲ့ အာဟာရဓာတ်မြင့်မားတဲ့ အစားအစာပါ။

ငါး နဲ့ ကင်ပွန်းချဉ်ရွက်ဟင်းချို ပူပူလေးသောက်ရင် နှာစေးချောင်းဆိုးစတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်(စ်)ပိုးတွေရဲ့ ဒဏ်ကို အံ့သြ ဖွယ်ရာ ခံနိုင်ရည်ရှိ စေတာတွေ့ရပါတယ်။

လေပြွန် နဲ့ လည်ချောင်းရောင်ရမ်းမှု၊ အချွဲရည်ဂလင်း ရောင်ရမ်းမှုတွေကိုပါ လျော့ကျစေနိုင်ပါတယ်။

အသားအရေကို စိုပြည်ဝင်းပစေတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများလည်း ပါဝင်ပါတယ်။

ကင်ပွန်းချဉ်ရွက်မှာ အခြားအရွက်တွေထက်စာရင် အသားဓာတ် (၆.၄) ဂရမ်တောင် ပါတာတွေ့ရ ပါတယ်။

ကယ်လိုရီဓာတ်လည်း နည်းပါးပြီး အဆီဓာတ်လည်း မရှိသလောက်ဖြစ်တဲ့အတွက် ကိုယ်အလေးချိန် လျှော့ချလိုသူများ စားပေးနိုင်ပါ တယ်။

ကင်မွန်းချဉ်ရွက် ၁၀၀ ဂရမ်မှာ ပါဝင်တဲ့အာဟာရဓာတ်တွေကတော့….
ဗီတာမင် A – ၇၈၈ အိုင်ယူ
ဗီတာမင် C – ၄၁ မီလီဂရမ်
ကယ်လ်ဆီယမ် – ၁၂၈.၃ မီလီဂရမ်
နိုင်ယာစင် – ၈.၅ မီလီဂရမ်
သံဓာတ် – ၃.၃ မီလီဂရမ်
ပါဝင်ပါတယ်။

Crd,Copy


Leave a Reply

Your email address will not be published. Required fields are marked *

*