ဝမ်းပျက်တတ်ရင် ဒီလိုစား

(Zawgyi)

===================




အန်ခြင်း









(Unicode)

ဝမ်းပျက်တတ်ရင် ဒီလိုစား

ဝမ်းပျက်ရောဂါက ဝမ်းနဲ့ဆိုင်တဲ့ အဖြစ်အများဆုံးရောဂါတစ်ခုပါ။ အာရှသားတွေထဲမှာ ၁၁ % လောက်က ဝမ်းပျက်ရောဂါကိုခံစားရတတ်တယ်။ လူနာအများစုကတော့ ဆိုင်ရာအကူအညီမယူကြပါဘူး။ ဆရာဝန်ပြသသူလူနာက ဝမ်းပျက်ရောဂါ ခံစားရသူများရဲ့ ၁၀% မှ ၁၂% အထိလောက်သာ ရှိပါတယ်တဲ့။

ဒါပေမဲ့ ဝမ်းပျက်ရောဂါက အသက်ကို အန္တရာယ်မပြုပါဘူး။ ရောဂါကြောင့် မအီမသာဖြစ်ရတာပဲရှိတာပါ။

ဝမ်းပျက်ရောဂါ၏ လက္ခဏာများ

ဝမ်းချုပ်ခြင်း (ဒါမှမဟုတ်) အစာစားပြီးပြီးချင်း ဝမ်းသွားတတ်ခြင်း
ပုံမှန်မဟုတ်တဲ့ကြွက်တက်ခြင်း
အန်ခြင်း
လေပွခြင်း တို့ပူးတွဲဖြစ်တတ်ပါတယ်။

ဝမ်းပျက်ရောဂါကို သက်သာစေရန် နေထိုင်စားသောက်နည်း

လေပွမဲ့ အစားအစာများဖြစ်တဲ့ အာလူး၊ ပဲသီးတောင့်၊ ပဲအမျိုးမျိုး၊ ပန်းဂေါ်ဖီစိမ်း၊ ပဲနီလေးနှင့် ဂေါ်ဖီတို့ကို ရှောင်ပါ။

ဖိုင်ဘာမျှင်များတဲ့အစာကို စားပါ။ ဖိုင်ဘာမျှင်က ဝမ်းကိုတိုးပွားစေပြီး အူမကြီးထဲရှိ ဖိအားကို လျော့ကျနည်းပါးစေပါတယ်။

အခြေအနေတိုးတက်မှု ရှိ၊မရှိသိရအောင် နို့ထွက်အစားအစာများကို ရှောင်ကြည့်ပါ။

ထမင်းကို ပမာဏနည်းနည်းနှင့် မကြာခဏ စားပါ။

အဆီများတဲ့ ဟမ်ဘာဂါ၊ အကြော်များ၊ ရေခဲမုန့်နှင့် ချောကလက် လျှော့ချပါ။

သင့်ဝမ်းကို ရှောရှောရှူရှူဖြစ်စေဖို့ အရည်များများ သောက်ပေးပါ။

ကော်ဖီထဲရှိကို (Caffeine) က အနည်းငယ်ဖြစ်ပါစေ အူများကိုလှုံ့ဆွပေးလို့ ကော်ဖီကို ရှောင်ပါ။

By Health Digest


Leave a Reply

Your email address will not be published. Required fields are marked *

*