ပါဝါ(၃ဝဝ)မျက်မှန်ထူကြီးတွေ လွင့်ပစ်ရတယ်ဆိုပြီး သက်သေသာဓကတွေနဲ့ နာမည်ကြီး “ ဆေးငရုပ် ”

(Zawgyi)

====================================














(Unicode)

ပါဝါ(၃ဝဝ)မျက်မှန်ထူကြီးတွေ လွင့်ပစ်ရတယ်ဆိုပြီး သက်သေသာဓကတွေနဲ့ နာမည်ကြီး “ ဆေးငရုပ် ”
====================================

ဆေးငရုပ်ကိုသိတဲ့သူ အားလုံးနီးပါး “ မျက်စိအားတိုးဆေး ” လို့ဘဲ သိထားကြပါတယ်။ ဒါပေမယ့် နဲနဲလေး ထပ်လေ့လာကြည့်မယ်ဆိုရင် ခန္ဓာကိုယ်အတွက် အကျိုးပြုစေတဲ့ အခြားဓါတ်ပစ္စည်းတွေ အများကြီး ပါဝင်နေသေးဒါကိုလည်း လေ့လာလို့ ရပါမယ်။

တရုတ်တိုင်းရင်းဆေးမှာ သုံးလာခဲ့ဒါတော့ နှစ်ပေါင်း (၂ဝဝဝ) ကျော်ပြီလို့သိရပါတယ်။ လက်ရှိအချိန်မှာတော့ စီးပွားဖြစ် စိုက်ပျိုးလာကြပြီး ထုတ်ကုန်ပစ္စည်း ပုံစံအမျိုးမျိုးနဲ့ ဥရောပဈေးကွက်ထဲ ထိုးဖောက်နေဒါကိုလည်း လက်ရှိတွေ့ရမှာ ဖြစ်တယ်။

သူ့အရသာဟာ ချိုပြီး အစိမ်းဝါးစားလို့ရတယ် ၊ ဒါမှမဟုတ် ဖျော်ရည်လိုဖြစ်စေ လက်ဘက်ရည်ပုံစံဖြစ်စေ စိမ်သောက်လို့ရပါတယ်။

သူ့မှာပါဝင်တဲ့ ခန္ဓာကိုယ်အတွက်အကျိုးပြုသော ဓါတ်ပစ္စည်းတွေကတော့ –

1. Very Nutritious – အာဟာရဓါတ်တွေ အများကြီးပါဝင်တယ်။

2. Excellent Source of Antioxidants – အပြင်စကားနဲ့ပြောရရင် ခန္ဓာကိုယ်တွင်းရှိ ဆဲလ်တွေ ပျက်စီးခြင်းမှ ကာကွယ်ပေးပါတယ်။ အသားအရည် လှပစေတယ်ပေါ့ဗျာ။ ဆေးအခေါ်နဲ့ ပိုပြီးတိကျအောင် ပြောရရင် oxygen radical absorbance capacity (ORAC) ဟာ ငှက်ပျောသီး၊ ပန်းသီးတွေထက်တောင် ပိုများတယ်လို့ ဆိုပါတယ်။

3. May help Prevent Cancer Growth – ကင်ဆာဆဲလ်ကြီးထွားနှုန်းကို လျော့ကျစေတယ်။

4. May improve Blood Sugar control – ဆီးချိုသွေးချိုကို ထိန်းညှိပေးနိုင်စေတယ်။

5. May boost Energy levels – အားအင်တွေဖြစ်ထွန်းစေတယ်။

6. May help you lose Weight – ဝိတ်လျော့တဲ့နေရာမှာ ကူညီပေးနိုင်တယ်။

7. May improve Cholesterol levels – သွေးတွင်းမှာရှိတဲ့ မကောင်းတဲ့ cholesterol တွေကို လောင်ကျွမ်းစေနိုင်တယ်။

9. May help boost the Immune System – ခုခံအားစနစ်ကို မြှင့်တင်စေနိုင်တယ်။

EcoWatch အင်တာနက်စာမျက်နှာမှ ကိုးကားထားပါသည်။

ကျေးဇူးတင်ပါသည်။

#Myitkyina #Putao #ဆေးငရုပ်


Leave a Reply

Your email address will not be published. Required fields are marked *

*