ရာသီစာလည်းဖြစ် ဆေးဘက်လည်းဝင်တဲ့ မန်ကျည်းပင်

(Zawgyi)

ရာသီစာလည္းျဖစ္ ေဆးဘက္လည္းဝင္တဲ့ မန္က်ည္းပင္
====================================

အာနိသင္

ျမန္မာ ေဆးက်မ္းမ်ား အလိုအရ မန္က်ည္းပင္ သည္ ပူ၏ ၊ခ်ဥ္၏ ၊ သည္းေျခကို ျဖစ္ေစ တတ္၏ ၊ သလိပ္ကို ပြားေစ ၏ ၊ ေလကို ႏိုင္၏ ၊ အ႐ြက္သည္ ေရာင္တင္း ျခင္း ၊ ေသြးေဖာက္ ျပန္ျခင္း ၊ နားေရာဂါ ၊ မ်က္စိ ေရာဂါ ၊ ေႁမြဆိပ္ သင့္ျခင္း တို႔ကို ႏိုင္၏ ။အသီးစိမ္း သည္ ခ်ဥ္၏ ၊ ခ်ိဳ၏ ၊ ပူ၏ ၊သည္းေျခႏွင့္ သလိပ္ကို ျဖစ္ေစ၏ ။ အသီးမွည့္သည္ ပူ၏ ၊ ၀မ္းမီး ကို ေတာက္ေစ ၏ ၊ အနည္းငယ္ ၀မ္းသက္ေစ ၍ သလိပ္ႏွင့္ ေလကို ႏိုင္၏။

ပၪၥငါးပါးအသုံးျပဳပုံ

၁။မန္က်ည္း ပၪၥငါးပါးကို ျပာ ခ်ဆား ခ်က္ၿပီး ညနံနက္ အနည္းငယ္ မွ်စီ ေသာက္ေပးပါက ေသြးလုံး ေလလုံး ေပ်ာက္၏

အေခါက္အသုံးျပဳပုံ

၁။အေခါက္ကို ေညာင္းက် ေရာဂါ ၊ ဆီးႏွင့္ စပ္လ်ဥ္းေသာ ေရာဂါ ၊ ေသြးျမင္း သ႐ိုက္ ေရာဂါ ၊ ကိုယ္ေရ ဝါ ေရာဂါ ႏွင့္ ၀မ္းဗိုက္ေအာင့္ နာက်င္ျခင္း ေရာဂါမ်ား တြင္ သုံး၏

၂။အေခါက္ကို အေပြးႏွင့္ တကြ ျပာခ်ၿပီး အစာစား ၿပီး ေနာက္ ေရႏွင့္ ေရာေသာက္ေသာ္ ေလခ်ဥ္ တက္ျခင္း အန္ျခင္း ေပ်ာက္၏

၃။အေခါက္ျပာ ကို ပ်ားရည္ႏွင့္ ေဖ်ာ္လ်က္ေသာ္ ၀မ္းဗိုက္ ထိုးေအာင့္ နာက်င္ျခင္း ေပ်ာက္၏

၄။အေပြးကို ကြၽမ္းေအာင္ ဖုတ္၍ အမႈန္႔ ျပဳၿပီး ေရေႏြးႏွင့္ ေသာက္က အစာမေၾက ေရာဂါ ေပ်ာက္၏

၅။အေခါက္ကို ေရႏွင့္ ေသြး၍ မ်က္စိနာ ၊ အနာဖု မ်ား၊ အဆိပ္ရွိ သတၱဝါမ်ား ကိုက္ေသာ ဒဏ္ရာမ်ား ကို လိမ္းေပးက ေပ်ာက္၏

အ႐ြက္အသုံးျပဳပုံ

၁။အ႐ြက္ရည္ ကို ႏွမ္းဆီႏွင့္ ေရာခ်က္၍ နားတြင္ အနည္းငယ္ ခတ္ေပးေသာ္ နားကိုက္ နားနာ ေပ်ာက္၏

၂။အ႐ြက္ႀကိတ္ ညႇစ္ရည္ကို နံနက္ ည ေႂကြဇြန္း ႀကီး တစ္ဇြန္း က် ေသာက္ေသာ္ ဆီးပူျခင္း ေပ်ာက္၏

၃။အပူလြန္ ၍ ယားယံျခင္းအတြက္ မန္က်ည္း ႐ြက္ ႀကိတ္ညႇစ္ရည္ ကို လိမ္းေပးက ေပ်ာက္၏

၄။မန္က်ည္း႐ြက္ ညႇစ္ရည္သည္ တစ္ဆ၊ သိေႏၶာဆား ႏွစ္ဆ ေရာ၍ ေသာက္ပါက ေႁမြဆိပ္ ေျပေစ ၏

၅။မန္က်ည္း႐ြက္ ႏွင့္ ကလိန္ေစ့ ေရာစားပါ က ေခြၽးထြက္ လြန္ျခင္း ၊ ေခြၽးနံ႔ မေကာင္းျခင္း ေပ်ာက္၏

အသီးအသုံးျပဳပုံ

၁။မန္က်ည္းသီး အႏွစ္အား ၀မ္းႏုတ္ေဆး ၊ အားေဆး ႏွင့္ ခံတြင္းေကာင္း ေဆး ေဖာ္စပ္ရာ တြင္ သုံး၏

၂။မန္က်ည္းသီး အေဟာင္း ၊ ဒိန္ခ်ဥ္ရည္ စိမ္ထားေသာ ၾကက္သြန္ျဖဴ ႏွင့္ ေခ်းသီး တို႔ကို အမွ်စု ႀကိတ္ၿပီး ေ႐ြးလုံး မွ်လုံး၍ အရိပ္တြင္ အေျခာက္ လွန္းကာ ၁၅ မိနစ္ တစ္ႀကိမ္ တစ္လုံးက် ၾကက္သြန္ျဖဴ ရည္ လက္ဖက္ရည္ ဇြန္းငယ္ တစ္ဇြန္းႏွင့္ ေဖ်ာ္ေသာက္က ကာလ၀မ္း ေရာဂါ ေပ်ာက္၏

၃။မန္က်ည္းသီး မွည့္ကို ထန္းလ်က္ ၊ ဆားတို႔ႏွင့္ ေဖ်ာ္ရည္စိမ္ ၍ ေသာက္ေသာ္ ကိုယ္တြင္း ေအး၏၊ အားကို ျဖစ္ေစသည္

အေစ့အသုံးျပဳပုံ

၁။မန္က်ည္းေစ့ ကို ေရ၌ တစ္ည စိမ္၍ နံနက္၌ အေစ့ဆံ ထုတ္ၿပီး ႏြားႏို႔ ႏွင့္ ႀကိတ္ေသာက္က မီးယပ္ျဖဴ ဆင္း ျခင္း ၊ ဆီးလြန္ျခင္း ေပ်ာက္၏

၂။မန္က်ည္းေစ့ ဆံကို ေသြးေသာက္ ေသာ္ ၀မ္းသြားျခင္း ၊ ၀မ္းကိုက္ ျခင္း ေပ်ာက္၏

၃။အေစ့ဆံ ကို ေသြး၍ ကင္းကိုက္ေသာ ဒဏ္ရာ သို႔ လိမ္းေပးေသာ္ ကင္းဆိပ္ ေျပ၏

၄။မန္က်ည္း ေစ့ ရင့္ရင့္ အခြံ ၊ဇီယာ ၊ သၾကားခဲ တို႔ကို အမႈန္႔ ျပဳ၍ ေသာက္က အရိအ႐ြဲ သလိပ္စ ၊ ေသြးစမ်ား ပါ၍ နာက်င္စြာ သြားေသာ ၀မ္းေရာဂါ ေပ်ာက္၏

(Unicode)

ရာသီစာလည်းဖြစ် ဆေးဘက်လည်းဝင်တဲ့ မန်ကျည်းပင်
====================================

အာနိသင်

မြန်မာ ဆေးကျမ်းများ အလိုအရ မန်ကျည်းပင် သည် ပူ၏ ၊ချဉ်၏ ၊ သည်းခြေကို ဖြစ်စေ တတ်၏ ၊ သလိပ်ကို ပွားစေ ၏ ၊ လေကို နိုင်၏ ၊ အရွက်သည် ရောင်တင်း ခြင်း ၊ သွေးဖောက် ပြန်ခြင်း ၊ နားရောဂါ ၊ မျက်စိ ရောဂါ ၊ မြွေဆိပ် သင့်ခြင်း တို့ကို နိုင်၏ ။အသီးစိမ်း သည် ချဉ်၏ ၊ ချို၏ ၊ ပူ၏ ၊သည်းခြေနှင့် သလိပ်ကို ဖြစ်စေ၏ ။ အသီးမှည့်သည် ပူ၏ ၊ ဝမ်းမီး ကို တောက်စေ ၏ ၊ အနည်းငယ် ဝမ်းသက်စေ ၍ သလိပ်နှင့် လေကို နိုင်၏

ပဉ္စငါးပါးအသုံးပြုပုံ

၁။မန်ကျည်း ပဉ္စငါးပါးကို ပြာ ချဆား ချက်ပြီး ညနံနက် အနည်းငယ် မျှစီ သောက်ပေးပါက သွေးလုံး လေလုံး ပျောက်၏

အခေါက်အသုံးပြုပုံ

၁။အခေါက်ကို ညောင်းကျ ရောဂါ ၊ ဆီးနှင့် စပ်လျဉ်းသော ရောဂါ ၊ သွေးမြင်း သရိုက် ရောဂါ ၊ ကိုယ်ရေ ဝါ ရောဂါ နှင့် ဝမ်းဗိုက်အောင့် နာကျင်ခြင်း ရောဂါများ တွင် သုံး၏

၂။အခေါက်ကို အပွေးနှင့် တကွ ပြာချပြီး အစာစား ပြီး နောက် ရေနှင့် ရောသောက်သော် လေချဉ် တက်ခြင်း အန်ခြင်း ပျောက်၏

၃။အခေါက်ပြာ ကို ပျားရည်နှင့် ဖျော်လျက်သော် ဝမ်းဗိုက် ထိုးအောင့် နာကျင်ခြင်း ပျောက်၏

၄။အပွေးကို ကျွမ်းအောင် ဖုတ်၍ အမှုန့် ပြုပြီး ရေနွေးနှင့် သောက်က အစာမကြေ ရောဂါ ပျောက်၏

၅။အခေါက်ကို ရေနှင့် သွေး၍ မျက်စိနာ ၊ အနာဖု များ၊ အဆိပ်ရှိ သတ္တဝါများ ကိုက်သော ဒဏ်ရာများ ကို လိမ်းပေးက ပျောက်၏

အရွက်အသုံးပြုပုံ

၁။အရွက်ရည် ကို နှမ်းဆီနှင့် ရောချက်၍ နားတွင် အနည်းငယ် ခတ်ပေးသော် နားကိုက် နားနာ ပျောက်၏

၂။အရွက်ကြိတ် ညှစ်ရည်ကို နံနက် ည ကြွေဇွန်း ကြီး တစ်ဇွန်း ကျ သောက်သော် ဆီးပူခြင်း ပျောက်၏

၃။အပူလွန် ၍ ယားယံခြင်းအတွက် မန်ကျည်း ရွက် ကြိတ်ညှစ်ရည် ကို လိမ်းပေးက ပျောက်၏

၄။မန်ကျည်းရွက် ညှစ်ရည်သည် တစ်ဆ၊ သိန္ဓောဆား နှစ်ဆ ရော၍ သောက်ပါက မြွေဆိပ် ပြေစေ ၏

၅။မန်ကျည်းရွက် နှင့် ကလိန်စေ့ ရောစားပါ က ချွေးထွက် လွန်ခြင်း ၊ ချွေးနံ့ မကောင်းခြင်း ပျောက်၏

အသီးအသုံးပြုပုံ

၁။မန်ကျည်းသီး အနှစ်အား ဝမ်းနုတ်ဆေး ၊ အားဆေး နှင့် ခံတွင်းကောင်း ဆေး ဖော်စပ်ရာ တွင် သုံး၏

၂။မန်ကျည်းသီး အဟောင်း ၊ ဒိန်ချဉ်ရည် စိမ်ထားသော ကြက်သွန်ဖြူ နှင့် ချေးသီး တို့ကို အမျှစု ကြိတ်ပြီး ရွေးလုံး မျှလုံး၍ အရိပ်တွင် အခြောက် လှန်းကာ ၁၅ မိနစ် တစ်ကြိမ် တစ်လုံးကျ ကြက်သွန်ဖြူ ရည် လက်ဖက်ရည် ဇွန်းငယ် တစ်ဇွန်းနှင့် ဖျော်သောက်က ကာလဝမ်း ရောဂါ ပျောက်၏

၃။မန်ကျည်းသီး မှည့်ကို ထန်းလျက် ၊ ဆားတို့နှင့် ဖျော်ရည်စိမ် ၍ သောက်သော် ကိုယ်တွင်း အေး၏၊ အားကို ဖြစ်စေသည်။

အစေ့အသုံးပြုပုံ

၁။မန်ကျည်းစေ့ ကို ရေ၌ တစ်ည စိမ်၍ နံနက်၌ အစေ့ဆံ ထုတ်ပြီး နွားနို့ နှင့် ကြိတ်သောက်က မီးယပ်ဖြူ ဆင်း ခြင်း ၊ ဆီးလွန်ခြင်း ပျောက်၏

၂။မန်ကျည်းစေ့ ဆံကို သွေးသောက် သော် ဝမ်းသွားခြင်း ၊ ဝမ်းကိုက် ခြင်း ပျောက်၏

၃။အစေ့ဆံ ကို သွေး၍ ကင်းကိုက်သော ဒဏ်ရာ သို့ လိမ်းပေးသော် ကင်းဆိပ် ပြေ၏

၄။မန်ကျည်း စေ့ ရင့်ရင့် အခွံ ၊ဇီယာ ၊ သကြားခဲ တို့ကို အမှုန့် ပြု၍ သောက်က အရိအရွဲ သလိပ်စ ၊ သွေးစများ ပါ၍ နာကျင်စွာ သွားသော ဝမ်းရောဂါ ပျောက်၏

အရှင်နာဂသိန်ပုံပြဆေးအဘိဓာန်မှဆေးနည်း ဖြည့်စွက်ချက် အနေနှင့် ပုံဖြင့်ပြပေးထားပါတယ်ခင်ဗျာ။(Thura Htay Aung)


Leave a Reply

Your email address will not be published. Required fields are marked *

*