ကလေးငယ်များ အရပ်ရှည်စေဖို့ ဘာတွေကျွေးမလဲ

(Zawgyi)

ကေလးငယ္မ်ား အရပ္ရွည္ေစဖို႔ ဘာေတြေကြၽးမလဲ

===================================

သားသား၊မီးမီးေလးေတြ အရပ္ပုေနမွာကို စိုးရိမ္ေနတယ္ဆိုရင္ေတာ့ ဒီအစားအေသာက္ေတြကိုသာ ပုံမွန္ေလး ေကြၽးေမြးေပးလိုက္ပါ။ ကေလးငယ္ေတြ အရပ္ရွည္ဖို႔အတြက္ Super Food လို႔ သတ္မွတ္ထားတဲ့ အစားအစာေတြက ကေလးေတြရဲ႕ အရပ္ကို ျမင့္မားလာေစၿပီး အျခားေသာ က်န္းမာေရးျပသနာေတြကိုလည္း ေျဖရွင္းေပးႏိုင္ပါတယ္။ ေဖာ္ျပပါ အစားအေသာက္ (၇) မ်ိဳးကေတာ့ ကေလးငယ္ေတြ အရပ္ရွည္လာေစဖို႔နဲ႔ သန္စြမ္းေစဖို႔ အတြက္ အေကာင္းဆုံးလို႔ သတ္မွတ္ထားတဲ့ အစားအစာေတြျဖစ္ပါတယ္

၁။ၾကက္ဥ

ပ႐ိုတင္းဓာတ္ အမ်ားအျပားပါ၀င္တဲ့ ၾကက္ဥဟာ ကေလးငယ္ေတြကို အရပ္ရွည္ဖို႔အတြက္ အေထာက္အကူ ျပဳပါတယ္။ ဒါေၾကာင့္မို႔လို႔ ကေလးေတြကို တစ္ေန႔မွာ အနည္းဆုံး ၾကက္ဥ (၁)လုံးေတာ့ ေကြၽးေပးသင့္ပါတယ္။ ျပဳတ္ၿပီးေတာ့ပဲျဖစ္ျဖစ္ ၊ Omelet လုပ္ၿပီးေတာ့ပဲျဖစ္ျဖစ္ မနက္စာအျဖစ္ ေကြၽးသင့္ၿပီး ေန႔စဥ္လိုအပ္တဲ့ ပ႐ိုတင္း ဓာတ္ေတြကို ရရွိေစပါလိမ့္မယ္။

၂။ႏို႔

ကယ္လ္ဆီယမ္ျပည့္၀တဲ့ ႏို႔ကေတာ့ အ႐ိုးေတြကို သန္စြမ္းက်န္းမာေစၿပီး ႀကံ့ခိုင္ေစပါတယ္။ ႏို႔မွာ ပ႐ိုတင္းလည္း ပါ၀င္ေနၿပီးေတာ့ ကေလးငယ္ေလးေတြ အရပ္ရွည္လာေစဖို႔အတြက္ေတာ့ အေကာင္းဆုံးအစားအစာတစ္မ်ိဳး ျဖစ္ပါတယ္

၃။ပဲ

ပဲမွာလည္း ပ႐ိုတင္းဓာတ္ျပည့္၀စြာ ပါ၀င္ၿပီး ႂကြက္သား၊ အ႐ိုးေတြကို ပိုမိုသန္မာေစပါတယ္။ ပဲကို အမ်ိဳးမ်ိဳးေသာ နည္းလမ္းနဲ႔ ခ်က္ျပဳတ္လို႔ရၿပီး ကေလးငယ္ေတြ ႀကီးထြားမႈအတြက္ အံ့ၾသဖြယ္ရာ အစားအစာတစ္မ်ိဳးအျဖစ္ လက္ခံထားၾကပါတယ္

၄။အုတ္ဂ်ဳံမႈန္႔

တျခားေသာ အစားအစာထက္ ပိုမိုထူးကဲတဲ့ အာနိသင္ရွိတယ္လို႔ အုတ္ဂ်ဳံမႈန္႔ကို ၫႊန္းဆိုၾကပါတယ္။ အုတ္ဂ်ဳံမႈန္႔ စားသုံးေစျခင္းျဖင့္ ကေလးေတြကို ပုံမွန္ႀကီးထြားမႈႏႈန္းတိုးတက္ေအာင္ ကူညီေပးႏိုင္ပါတယ္

၅။ၾကက္သား

ကေလးေလးေတြ အႀကိဳက္ေတြ႕မွာပါ။ ၾကက္ကင္ဆိုင္၊ ၾကက္ေၾကာ္ဆိုင္ေတြေရွ႕ဆို အၿမဲလက္ညိဳးထိုးၿပီး စားခ်င္တယ္ ပူဆာေနတာမို႔ ေကြၽးရတာ မခက္ခဲေတာ့ပါဘူး။ အသားဓာတ္ျပည့္၀လုံေလာက္စြာ ရရွိေစတာမို႔ ၾကက္သားေကြၽးေပးဖို႔လည္း လိုအပ္ပါတယ္

၆။သစ္သီး၀လံမ်ား

ကေလးေတြရဲ႕ က်န္းမာေရးနဲ႔ သန္စြမ္းမႈအတြက္ သစ္သီး၀လံေတြဟာ အေရးႀကီးတဲ့ အစားအစာျဖစ္ေၾကာင္း အားလုံးသိၿပီးသားပါ။ ဗီတာမင္ေအ ႂကြယ္၀စြာ ပါ၀င္တဲ့ သရက္သီး၊ မက္မြန္သီးတို႔က ကေလးငယ္ေတြ အရပ္ ရွည္လာေစဖို႔ ကူညီေပးၿပီး အ႐ိုးေတြသန္မာေအာင္လည္း ေထာက္ပံ့ေပးႏိုင္ပါတယ္

၇။ဒိန္ခ်ဥ္

ဗီတာမင္ဒီ နဲ႔ ကယ္လ္စီယမ္ ေပါႂကြယ္၀တဲ့ ဒိန္ခ်ဥ္က ကေလးေတြ ႀကီးထြားမႈကို ကူညီေပးတဲ့ မရွိမျဖစ္လိုအပ္တဲ့ အစားအေသာက္ ျဖစ္ပါတယ္။ တကယ္လို႔မ်ား ကေလးငယ္ေတြက ဒိန္ခ်ဥ္ကို မႏွစ္သက္ရင္ ဒိန္ခ်ဥ္အစား ခ်ိစ္ကို အျခား အစားအေသာက္ေတြနဲ႔ ေရာေႏွာၿပီး ေကြၽးေမြးႏိုင္ပါတယ္

(Unicode)

ကလေးငယ်များ အရပ်ရှည်စေဖို့ ဘာတွေကျွေးမလဲ

====================================

သားသား၊မီးမီးလေးတွေ အရပ်ပုနေမှာကို စိုးရိမ်နေတယ်ဆိုရင်တော့ ဒီအစားအသောက်တွေကိုသာ ပုံမှန်လေး ကျွေးမွေးပေးလိုက်ပါ။ ကလေးငယ်တွေ အရပ်ရှည်ဖို့အတွက် Super Food လို့ သတ်မှတ်ထားတဲ့ အစားအစာတွေက ကလေးတွေရဲ့ အရပ်ကို မြင့်မားလာစေပြီး အခြားသော ကျန်းမာရေးပြသနာတွေကိုလည်း ဖြေရှင်းပေးနိုင်ပါတယ်။ ဖော်ပြပါ အစားအသောက် (၇) မျိုးကတော့ ကလေးငယ်တွေ အရပ်ရှည်လာစေဖို့နဲ့ သန်စွမ်းစေဖို့ အတွက် အကောင်းဆုံးလို့ သတ်မှတ်ထားတဲ့ အစားအစာတွေဖြစ်ပါတယ်

၁။ကြက်ဥ

ပရိုတင်းဓာတ် အများအပြားပါဝင်တဲ့ ကြက်ဥဟာ ကလေးငယ်တွေကို အရပ်ရှည်ဖို့အတွက် အထောက်အကူ ပြုပါတယ်။ ဒါကြောင့်မို့လို့ ကလေးတွေကို တစ်နေ့မှာ အနည်းဆုံး ကြက်ဥ (၁)လုံးတော့ ကျွေးပေးသင့်ပါတယ်။ ပြုတ်ပြီးတော့ပဲဖြစ်ဖြစ် ၊ Omelet လုပ်ပြီးတော့ပဲဖြစ်ဖြစ် မနက်စာအဖြစ် ကျွေးသင့်ပြီး နေ့စဉ်လိုအပ်တဲ့ ပရိုတင်း ဓာတ်တွေကို ရရှိစေပါလိမ့်မယ်

၂။နို့

ကယ်လ်ဆီယမ်ပြည့်ဝတဲ့ နို့ကတော့ အရိုးတွေကို သန်စွမ်းကျန်းမာစေပြီး ကြံ့ခိုင်စေပါတယ်။ နို့မှာ ပရိုတင်းလည်း ပါဝင်နေပြီးတော့ ကလေးငယ်လေးတွေ အရပ်ရှည်လာစေဖို့အတွက်တော့ အကောင်းဆုံးအစားအစာတစ်မျိုး ဖြစ်ပါတယ်

၃။ပဲ

ပဲမှာလည်း ပရိုတင်းဓာတ်ပြည့်ဝစွာ ပါဝင်ပြီး ကြွက်သား၊ အရိုးတွေကို ပိုမိုသန်မာစေပါတယ်။ ပဲကို အမျိုးမျိုးသော နည်းလမ်းနဲ့ ချက်ပြုတ်လို့ရပြီး ကလေးငယ်တွေ ကြီးထွားမှုအတွက် အံ့သြဖွယ်ရာ အစားအစာတစ်မျိုးအဖြစ် လက်ခံထားကြပါတယ်

၄။အုတ်ဂျုံမှုန့်

တခြားသော အစားအစာထက် ပိုမိုထူးကဲတဲ့ အာနိသင်ရှိတယ်လို့ အုတ်ဂျုံမှုန့်ကို ညွှန်းဆိုကြပါတယ်။ အုတ်ဂျုံမှုန့် စားသုံးစေခြင်းဖြင့် ကလေးတွေကို ပုံမှန်ကြီးထွားမှုနှုန်းတိုးတက်အောင် ကူညီပေးနိုင်ပါတယ်

၅။ကြက်သား

ကလေးလေးတွေ အကြိုက်တွေ့မှာပါ။ ကြက်ကင်ဆိုင်၊ ကြက်ကြော်ဆိုင်တွေရှေ့ဆို အမြဲလက်ညိုးထိုးပြီး စားချင်တယ် ပူဆာနေတာမို့ ကျွေးရတာ မခက်ခဲတော့ပါဘူး။ အသားဓာတ်ပြည့်ဝလုံလောက်စွာ ရရှိစေတာမို့ ကြက်သားကျွေးပေးဖို့လည်း လိုအပ်ပါတယ်

၆။သစ်သီးဝလံများ

ကလေးတွေရဲ့ ကျန်းမာရေးနဲ့ သန်စွမ်းမှုအတွက် သစ်သီးဝလံတွေဟာ အရေးကြီးတဲ့ အစားအစာဖြစ်ကြောင်း အားလုံးသိပြီးသားပါ။ ဗီတာမင်အေ ကြွယ်ဝစွာ ပါဝင်တဲ့ သရက်သီး၊ မက်မွန်သီးတို့က ကလေးငယ်တွေ အရပ် ရှည်လာစေဖို့ ကူညီပေးပြီး အရိုးတွေသန်မာအောင်လည်း ထောက်ပံ့ပေးနိုင်ပါတယ်

၇။ဒိန်ချဉ်

ဗီတာမင်ဒီ နဲ့ ကယ်လ်စီယမ် ပေါကြွယ်ဝတဲ့ ဒိန်ချဉ်က ကလေးတွေ ကြီးထွားမှုကို ကူညီပေးတဲ့ မရှိမဖြစ်လိုအပ်တဲ့ အစားအသောက် ဖြစ်ပါတယ်။ တကယ်လို့များ ကလေးငယ်တွေက ဒိန်ချဉ်ကို မနှစ်သက်ရင် ဒိန်ချဉ်အစား ချိစ်ကို အခြား အစားအသောက်တွေနဲ့ ရောနှောပြီး ကျွေးမွေးနိုင်ပါတယ်

Source : stylecraze


Leave a Reply

Your email address will not be published. Required fields are marked *

*