ရှားစောင်းလပတ် ဖျော်ရည်

(Zawgyi)

ရွားေစာင္းလပတ္ ေဖ်ာ္ရည္

က်န္းမာေရးအတြက္ေရာ အလွအပဆိုင္ရာ လူတို႔ေန႔စဥ္သုံးစြဲေနၾကေသာ ဘက္စုံသုံး ရွားေစာင္းလပတ္ပင္အေၾကာင္း သိသေလာက္ေျပာျပေပးသြားမွာျဖစ္လို႔ မာစတာႀကီးမ်ားႏွင့္ အျငင္းအခုန္ဆရာသမားမ်ား ေက်ာ္သြားၾကပါလို႔ ေမတၱာရပ္ခံလိုက္ရပါသည္။

ရွားေစာင္းလပတ္ကို ေရွးယခင္ထဲက ယခုထိတိုင္ လက္ဆင့္ကမ္း သုံးစြဲလာၾကသည့္အေလ်ာက္ ယခုေခတ္တြင္ အလွအပဆိုင္ရာ က်န္းမာေရးဆိုင္ရာ အမ်ိဳးသမီးေသြးဆုံးေဆးဘက္ဆိုင္ရာေတြမွာ လက္ေတြ႕တြင္က်ယ္စြာအသုံးျပဳလာခဲ့ၾကပါသည္။

အခုေျပာျပေပးသြားမွာကေတာ့ ရွားေစာင္းလပတ္ေဖ်ာ္ရည္အေၾကာင္းဘဲျဖစ္ပါတယ္။ ေဖ်ာ္ရည္ေသာက္ေပးျခင္းအားျဖင့္ ေသြးတိုးတာ ဆီးခ်ိဳဆိုင္ရာ ေသြးေလ ဆီးဝမ္းမမွန္ဘဲ ေသြးအတြင္းတြင္တစ္ဆို႔ေနေသာ ေသြးေၾကာထဲတြင္တစ္ဆို႔ေနတတ္ေသာ အရာမ်ားကို တြန္းကန္ၿပီး ေသြးလမ္း ေလလမ္း ဆီးလမ္း ဝမ္းလမ္းေၾကာင္းဆိုင္ရာ မ်ားအေပၚ အမတန္မွ အက်ိဳးျပဳ အက်ိဳးသက္ေရာက္မႈရွိေစကာ ေသာက္လိုက္တာနဲ႔ခနအၾကာမွာ လူကိုလန္းဆန္းတက္ႂကြေစၿပီး ခႏၶာကိုယ္တြင္းရွိ အဆီပိုမ်ား မလိုလားအပ္တဲ့ ေသြးမသန႔္မႈမ်ားအပါအဝင္ အျခားေသာ ကဏၰအသီးသီးတို႔၌ ဘက္စုံ ေဆးဘက္ဝင္ေသာ ေဆးနည္းျဖစ္ပါသည္။ (မွတ္ခ်က္ – ေဘးဥပါရ္ မျဖစ္ပါ တန္႐ုံေတာ့ သုံးေပါ့)

ေဖ်ာ္ရည္ ေဖ်ာ္စပ္နည္း-

(၁)ရွားေစာင္းလပတ္ တစ္႐ြက္

(၂)ပ်ားရည္အစစ္ စားပြဲတင္ဇြန္း သုံးဇြန္း

(၃)သၾကား

(၄(သံပုရာသီးတစ္လုံး

(၅)အိမ္သုံးဆား ပါပါေစ (အနည္းငယ္)

အရင္ဆုံး ရွားေစာင္းလပတ္ကို ေဘးမွဆူးတက္ေလးေတြကိုဖယ္ၿပီး ႏွစ္ျခမ္းျခမ္းေရေဆးပါ။အတြင္းသားဂ်ယ္လီမ်ားကို ဇြန္း သို႔ ခက္ရင္းႏွင့္ ပန္းကန္တလုံးထဲသို႔ ျခစ္ယူပါ။ ရရွိလာေသာဂ်ယ္လီသားမ်ားကို ဇြန္းျဖင့္ခေလာက္ေမြရပါမည္။ ထို႔ေနာက္ သံပုရာသီး အရည္ညစ္ထဲ့ပါ။ ပ်ားရည္ထည့္ပါ။ ဆားအနည္းငယ္ထည့္ၿပီး တစ္မိနစ္ေလာက္ၾကာေအာင္ ေမြေနာက္ပါ။ထို႔ေနာက္ မိမိေသာက္ႏိုင္သည့္ ပမာဏအေလ်ာက္ ေရေအးေအးေလးထပ္ျဖည့္ကာ သမေအာင္ေမြ၍ အခ်ဥ္ႀကိဳက္ပါက သံပုရာသီး ထဲ့။ အခ်ိဳႀကိဳက္ပါက သၾကားထည့္ၿပီး ႀကိဳက္သလိုသုံးေဆာင္ႏိုင္ပါေၾကာင္း။

ပုံမွန္အားျဖင့္ ရွားေစာင္းလပတ္ ဟာ အနံ႔နဲနဲျပင္းပါေသာ္ျငားလည္း ေဖ်ာ္စပ္ၿပီးတဲ့အခါ ပ်ားရည္ရနံ႔ သံပုရာရနံ႔မ်ားႏွင့္ ေမြးႀကိဳင္၍ ေသာက္လိုက္တာနဲ႔ ဂ်ယ္လီအဖတ္ေလးမ်ားက ခ်ိဳခ်ဥ္ခ်ဥ္နဲ႔ အရမ္းဝါးလို႔ေကာင္းပါသည္။

အခုေဖာ္ျပေသာ ေဖ်ာ္ရည္အားေန႔စဥ္ ရက္ျခား မၾကာခနေသာက္ေပးျခင္းအားျဖင့္ က်န္းမာၿပီး လွပေျပပ်စ္ေသာအသားရည္ကို ပိုင္ဆိုင္ႏိုင္ၿပီး အဆီက်လွပႏိုင္ၾကပါေစခင္ဗ်ာ။

Credit-Ye Ko Ko

(Unicode)

ရှားစောင်းလပတ် ဖျော်ရည်

ကျန်းမာရေးအတွက်ရော အလှအပဆိုင်ရာ လူတို့နေ့စဉ်သုံးစွဲနေကြသော ဘက်စုံသုံး ရှားစောင်းလပတ်ပင်အကြောင်း သိသလောက်ပြောပြပေးသွားမှာဖြစ်လို့ မာစတာကြီးများနှင့် အငြင်းအခုန်ဆရာသမားများ ကျော်သွားကြပါလို့ မေတ္တာရပ်ခံလိုက်ရပါသည်။

ရှားစောင်းလပတ်ကို ရှေးယခင်ထဲက ယခုထိတိုင် လက်ဆင့်ကမ်း သုံးစွဲလာကြသည့်အလျောက် ယခုခေတ်တွင် အလှအပဆိုင်ရာ ကျန်းမာရေးဆိုင်ရာ အမျိုးသမီးသွေးဆုံးဆေးဘက်ဆိုင်ရာတွေမှာ လက်တွေ့တွင်ကျယ်စွာအသုံးပြုလာခဲ့ကြပါသည်။

အခုပြောပြပေးသွားမှာကတော့ ရှားစောင်းလပတ်ဖျော်ရည်အကြောင်းဘဲဖြစ်ပါတယ်။ ဖျော်ရည်သောက်ပေးခြင်းအားဖြင့် သွေးတိုးတာ ဆီးချိုဆိုင်ရာ သွေးလေ ဆီးဝမ်းမမှန်ဘဲ သွေးအတွင်းတွင်တစ်ဆို့နေသော သွေးကြောထဲတွင်တစ်ဆို့နေတတ်သော အရာများကို တွန်းကန်ပြီး သွေးလမ်း လေလမ်း ဆီးလမ်း ဝမ်းလမ်းကြောင်းဆိုင်ရာ များအပေါ် အမတန်မှ အကျိုးပြု အကျိုးသက်ရောက်မှုရှိစေကာ သောက်လိုက်တာနဲ့ခနအကြာမှာ လူကိုလန်းဆန်းတက်ကြွစေပြီး ခန္ဓာကိုယ်တွင်းရှိ အဆီပိုများ မလိုလားအပ်တဲ့ သွေးမသန့်မှုများအပါအဝင် အခြားသော ကဏ္ဏအသီးသီးတို့၌ ဘက်စုံ ဆေးဘက်ဝင်သော ဆေးနည်းဖြစ်ပါသည်။ (မှတ်ချက် – ဘေးဥပါရ် မဖြစ်ပါ တန်ရုံတော့ သုံးပေါ့)

ဖျော်ရည် ဖျော်စပ်နည်း-

(၁)ရှားစောင်းလပတ် တစ်ရွက်

(၂)ပျားရည်အစစ် စားပွဲတင်ဇွန်း သုံးဇွန်း

(၃)သကြား

(၄(သံပုရာသီးတစ်လုံး

(၅)အိမ်သုံးဆား ပါပါစေ (အနည်းငယ်)

အရင်ဆုံး ရှားစောင်းလပတ်ကို ဘေးမှဆူးတက်လေးတွေကိုဖယ်ပြီး နှစ်ခြမ်းခြမ်းရေဆေးပါ။အတွင်းသားဂျယ်လီများကို ဇွန်း သို့ ခက်ရင်းနှင့် ပန်းကန်တလုံးထဲသို့ ခြစ်ယူပါ။ ရရှိလာသောဂျယ်လီသားများကို ဇွန်းဖြင့်ခလောက်မွေရပါမည်။ ထို့နောက် သံပုရာသီး အရည်ညစ်ထဲ့ပါ။ ပျားရည်ထည့်ပါ။ ဆားအနည်းငယ်ထည့်ပြီး တစ်မိနစ်လောက်ကြာအောင် မွေနောက်ပါ။ထို့နောက် မိမိသောက်နိုင်သည့် ပမာဏအလျောက် ရေအေးအေးလေးထပ်ဖြည့်ကာ သမအောင်မွေ၍ အချဉ်ကြိုက်ပါက သံပုရာသီး ထဲ့။ အချိုကြိုက်ပါက သကြားထည့်ပြီး ကြိုက်သလိုသုံးဆောင်နိုင်ပါကြောင်း။

ပုံမှန်အားဖြင့် ရှားစောင်းလပတ် ဟာ အနံ့နဲနဲပြင်းပါသော်ငြားလည်း ဖျော်စပ်ပြီးတဲ့အခါ ပျားရည်ရနံ့ သံပုရာရနံ့များနှင့် မွေးကြိုင်၍ သောက်လိုက်တာနဲ့ ဂျယ်လီအဖတ်လေးများက ချိုချဉ်ချဉ်နဲ့ အရမ်းဝါးလို့ကောင်းပါသည်။

အခုဖော်ပြသော ဖျော်ရည်အားနေ့စဉ် ရက်ခြား မကြာခနသောက်ပေးခြင်းအားဖြင့် ကျန်းမာပြီး လှပပြေပျစ်သောအသားရည်ကို ပိုင်ဆိုင်နိုင်ပြီး အဆီကျလှပနိုင်ကြပါစေခင်ဗျာ။

Credit-Ye Ko Ko


Leave a Reply

Your email address will not be published. Required fields are marked *

*