ဟိုအရွက် သည်အရွက် ပြုတ်သောက်ကြတဲ့အခါ

(Zawgyi)

ဟိုအ႐ြက္ သည္အ႐ြက္ ျပဳတ္ေသာက္ၾကတဲ့အခါ

==================================

ကိုယ္ေတြ အလုပ္သင္ဆရာဝန္ဘဝ ward ထဲ လူနာနည္းတဲ့ ေန႔မ်ိဳးဆို ရက္ရွည္ေဆး႐ုံတက္ေသာလူနာေတြဆီ သြားသြားစကားေျပာေလ့ရွိသည္။ ဟိုဘက္ကုတင္ သည္ဘက္ကုတင္လူနာေစာင့္ေတြနဲ႔ ေပါင္းၿပီးလက္ဖက္သုပ္စား…သူတို႔ေျပာတာေတြလည္း နားေထာင္ေပါ့ေလ။ တစ္ခါတစ္မ်ိဳး မ႐ိုးရေအာင္ နည္းလမ္း အသစ္အဆန္းေတြလည္းၾကားရပါရဲ႕။ သူတို႔ကေတာ့ ကိုယ့္ပါ ဗဟုသုတရပါေစဆိုၿပီး အာေပါင္အာရင္းသန္သန္နဲ႔ မွ်ေဝတာေပါ့။ ဆီးက်ိတ္ေရာဂါသည္ကို သံမႏိုင္ေက်ာက္မႏိုင္ ျပဳတ္တိုက္တဲ့သူနဲ႔ ဆီးက်ိတ္ကက်ာက္ကပ္နဲ႔ ဘာမွမဆိုင္တာလည္း သိပုံမရ) ၊ ဆီးခ်ိဳသမားကိုၾကက္ဟင္းခါးေစ့ဝါးခိုင္းတဲ့သူနဲ႔။ ကိုယ့္မွာေတာ့ လက္ဖက္သုပ္ႏႈိက္လ်က္ ဇြန္းတန္းလန္းနဲ႔ မ်က္လုံးေတြလည္းျပဴး …စိတ္ထဲလည္း ထိတ္ကနဲ ထိတ္ကနဲပါပဲ။ ဒါနဲ႔ သူတို႔ အျမင္ရွင္းသြားၿပီး နားလည္လက္ခံႏိုင္မယ့္ နည္းလမ္းေလးကို စဥ္းစားၿပီး ဝင္ေျပာၾကည့္သည္။

တိုင္းရင္းေဆးေတြက စစ္မွန္ရင္ တကယ္စြမ္းတယ္ေနာ္။ အေနာက္တိုင္းေဆးပညာ မေပၚခင္ကတည္းက အတည္တက်အခိုင္အမာရွိခဲ့တာပဲ

ဟုတ္တယ္ဆို …. တခ်ိဳ႕ေတြက လက္မခံခ်င္ၾကဘူး ဆရာမရဲ႕။ ကြၽန္မတို႔ကပဲ ေခတ္ေနာက္က်ေနသလိုလို နဲ႔ အထင္ေသးခ်င္ၾကတာ

ဆရာဝန္ကပါ သူ႔ဘက္ပါၿပီဆိုၿပီး ဝမ္းသာအားရ ေထာက္ခံတာ။

ကြၽန္မေျပာပါတယ္။ စစ္မွန္ရင္ စြမ္းပါတယ္ လို႔။ ဒါေပမဲ့ ကိုယ္သိထားတဲ့ တိုင္းရင္းေဆးနည္းက စစ္မွန္တယ္ မစစ္မွန္ဘူး ဘယ္သူအတိအက် သိလဲ…. ခြဲျခားႏိုင္လဲ။

စကားဝိုင္းက ႐ုတ္တရပ္ ၿငိမ္က်သြားသည္။ ဒီလိုအခ်ိန္ ေျပာခ်င္တာေလးဖိေျပာမွ။

တိုင္းရင္းေဆးနည္း အမ်ားစုက သဘာဝသစ္ဖုသစ္ဉ၊ သစ္ပင္ႏြယ္ပင္ေတြကိုအေျခခံၿပီး ေဖာ္စပ္ၾကတာေလ။ အဲ့လိုေဖာ္စပ္တဲ့ေနရာမွာ ျပဳတ္တာတစ္ခုထဲ မဟုတ္ဘူးေလ…. ေရခမ္းႀကိဳတာ ၊အႏွစ္တိုက္တာ၊ ျပာခ်တာ၊ အေျခာက္ခံတာ၊ ႀကိတ္တာ စသည္ျဖင့္ အမ်ားႀကီးရွိတယ္။ ဘယ္ေရာဂါအတြက္ ဘယ္အပင္ ဘယ္အသီးကို ဘယ္လိုလုပ္ၿပီး ဘယ္ေလာက္ပမာဏထည့္မယ္ဆိုတဲ့ ေဖာ္နည္းကားက်ေတာ့ တကယ္နားလည္တတ္ကြၽမ္းတဲ့ တိုင္းရင္းေဆးပညာရွင္မွပဲ သိမွာေလ။ ကြၽန္မ တိုင္းရင္းေဆးပင္ စာအုပ္ေတြ ေလ့လာဖူးပါတယ္။ ေဆးပင္တစ္မ်ိဳးထဲမွာေတာင္ အ႐ြက္ေပးတဲ့အာနိသင္ အေခါက္ကရတဲ့အာနိသင္၊ အသီးအပြင့္ရဲ႕အာနိသင္၊ အျမစ္ရဲ႕အာနိသင္ မတူၾကပါဘူး။ ထည့္ရတဲ့ပမာဏေပၚလိုက္ၿပီးလည္း အာနိသင္ကြဲပါတယ္။ ျပဳလုပ္ပုံ ေဖာ္နည္းကားေပၚလိုက္ၿပီးလည္း အာနိသင္ကြဲပါတယ္။ ေဆးပင္တစ္မ်ိဳးထဲမွာတင္ အသီးကင္းကသာ အာနိသင္ရွိၿပီး တစ္ပင္လုံး အဆိပ္ျဖစ္ေနတာမ်ိဳးရွိႏိုင္သလို ပမာဏ အနည္းအမ်ားကြာတာနဲ႔ ခႏၶာကိုယ္အတြက္အဆိပ္အေတာက္ျဖစ္ေစႏိုင္တဲ့အထိ ဒုကၡေပးတတ္တဲ့ဟာေတြလည္း ရွိပါေသးတယ္။ ေနလွန္းျပာခ်ရမယ့္ ကိစၥကို ျပဳတ္တိုက္မိရင္လည္း ဘာအက်ိဳးမွမရွိတဲ့အျပင္ ဒုကၡေတာင္ေရာက္ႏိုင္တယ္။ အပင္အားလုံးက သဘာဝက လာတာပဲ … ဘယ္လိုလုပ္စားစား ကိုယ့္ကိုယ္ထဲမွာ ေဘးကင္းတာပဲ လို႔ယူဆထားလို႔မရဘူးေလ။ အဆိပ္ဆိုတာလည္း အရင္းစစ္ရင္ သဘာဝကလာတဲ့ပစၥည္းပဲ။ သည္ေတာ့ ေဒၚေလးတို႔အခုလို ဘာပင္ကဘာေရာဂါအတြက္ေကာင္းတယ္ လို႔ ၾကားဖူးနားဝ မွတ္သားထားၿပီး ကိုယ္သေဘာနဲ႔ကိုယ္ ျပဳတ္ေသာက္ႀကိတ္ေသာက္ လုပ္ေနတာက လမ္းေဘးစပ္ေဆးဝယ္ေသာက္ေနသလိုပဲ အႏၲရာယ္မ်ားတယ္။ အဲ့ဒီ့ သံမႏိုင္ေက်ာက္မႏိုင္ပင္ရဲ႕ဘယ္အပိုင္းက ဆီးေကာင္းေစတာလဲ… ဘယ္ေလာက္ပမာဏဆိုသင့္ၿပီး ဘယ္ေလာက္ဆို အႏၲရာယ္ရွိၿပီလဲ ေဒၚေလးသိလား။ မေတာ္လို႔ သူ႔ထည့္ရမယ့္ ပမာဏေက်ာ္ၿပီး အဆိပ္ျဖစ္တတ္မယ့္ ကိစၥမ်ိဳးဆို ဘယ့္ႏွယ့္လုပ္မွာတုန္း

အဲ့က်မွ ရင္ဘတ္ေလးဖိၿပီး “ ကြၽန္မ အဲ့လို တစ္ခါမွ မေတြးမိဖူးဘူး” တဲ့။

ကြၽန္မတို႔ အေနာက္တိုင္းေဆးပညာလိုပဲ တိုင္းရင္းေဆးပညာ မွာလည္း တိုင္းရင္းေဆးပညာတကၠသိုလ္ေတြ သင္တန္းေက်ာင္းေတြ ဆိုၿပီး ရွိတယ္။ တကယ့္ကြၽမ္းက်င္လက္မွတ္ရ တိုင္းရင္းေဆးသမားေတာ္ေတြရွိသလို လက္မွတ္မရွိ ရမ္းကုေတြ လည္းအမ်ားႀကီးပဲ။ ဉာဏ္နဲ႔ခ်ိန္ၿပီး ေ႐ြးကုရတာေပါ့။ ေဒၚေလးတို႔ လက္ဖက္နဲ႔ အေၾကာ္ေတာင္ ေ႐ြးဝယ္တယ္မွတ္လား။ အခုလက္ဖက္ဆို မန္က်ည္း႐ြက္ႏုေလးေတြေရာႏွပ္တဲ့ ျမင္းၿခံလက္ဖက္မွ အေၾကာ္ဆိုလည္း ဆီသန္႔ၿပီးႂကြပ္႐ြေနမွ။ အသက္နဲ႔ဆိုင္တဲ့ကိစၥက်မွ ဘယ္လိုျဖစ္လို႔ ၾကားဖူးနားဝကို လက္လြတ္စပယ္ အလြယ္လိုက္ခ်င္ေနတုန္း။ တိုင္းရင္းေဆးေျပာင္းကုခ်င္ရင္ ႏိုင္ငံေတာ္က တရားဝင္ဖြင့္ထားတဲ့ တိုင္းရင္းေဆး႐ုံ ရွိသားပဲ။ သဘာဝေဆးမွ ေသာက္ခ်င္ရင္လည္း ေသခ်ာ သုေတသနလုပ္ၿပီး စမ္းသပ္စစ္ေဆး ထုတ္လုပ္ထားတဲ့ FAME တို႔ဘာတို႔ရွိတာပဲ။ ဒါေတာင္ အၫႊန္းတိုင္းမဟုတ္ ရမ္းေသာက္ေနရင္ ျဖစ္ျဖစ္ ေရာဂါအခံနဲ႔ မတည့္ရင္ျဖစ္ျဖစ္ အာနိသင္မျပတာ ဥပါဒ္ေပးတာမ်ိဳး အနည္းနဲ႔အမ်ားေတာ့ ရွိေနႏိုင္ေသးတာပဲ။

အို… ဘာမွျပဳတ္မတိုက္ရဲေတာ့ပါဘူး။ အဆိပ္ျဖစ္ႏိုင္တယ္ဆိုတာ ခုမွေသခ်ာေတြးမိသြားလို႔။

အမေလး။ ဘာ႐ြက္မွန္းမသိ ျပဳတ္ေသာက္ၿပီး အသည္းထိသြားလို႔ ေဆး႐ုံကို အသည္းအသန္လူနာအေနနဲ႔ ေရာက္လာတာေတြ ရွိတယ္ေနာ္။ မယုံမရွိနဲ႔။

လက္ဖက္သုပ္ေလးဝါးလိုက္ ေျပာလိုက္နဲ႔ ကိုယ့္ဘက္ပါလာၿပီေတာ့ မွတ္တာပဲ။

ေဘးအႏၲရာယ္ကို သေဘာေပါက္လြယ္ၾကၿပီး မိမိကိုယ္ကို ေစာင့္ေရွာက္ႏိုင္ၾကေစရန္ ရည္႐ြယ္လ်က္။

(Unicode)

ဟိုအရွက် သည်အရွက် ပြုတ်သောက်ကြတဲ့အခါ

==================================

ကိုယ်တွေ အလုပ်သင်ဆရာဝန်ဘဝ ward ထဲ လူနာနည်းတဲ့ နေ့မျိုးဆို ရက်ရှည်ဆေးရုံတက်သောလူနာတွေဆီ သွားသွားစကားပြောလေ့ရှိသည်။ ဟိုဘက်ကုတင် သည်ဘက်ကုတင်လူနာစောင့်တွေနဲ့ ပေါင်းပြီးလက်ဖက်သုပ်စား…သူတို့ပြောတာတွေလည်း နားထောင်ပေါ့လေ။ တစ်ခါတစ်မျိုး မရိုးရအောင် နည်းလမ်း အသစ်အဆန်းတွေလည်းကြားရပါရဲ့။ သူတို့ကတော့ ကိုယ့်ပါ ဗဟုသုတရပါစေဆိုပြီး အာပေါင်အာရင်းသန်သန်နဲ့ မျှဝေတာပေါ့။ ဆီးကျိတ်ရောဂါသည်ကို သံမနိုင်ကျောက်မနိုင် ပြုတ်တိုက်တဲ့သူနဲ့ ဆီးကျိတ်ကကျောက်ကပ်နဲ့ ဘာမှမဆိုင်တာလည်း သိပုံမရ) ၊ ဆီးချိုသမားကိုကြက်ဟင်းခါးစေ့ဝါးခိုင်းတဲ့သူနဲ့။ ကိုယ့်မှာတော့ လက်ဖက်သုပ်နှိုက်လျက် ဇွန်းတန်းလန်းနဲ့ မျက်လုံးတွေလည်းပြူး …စိတ်ထဲလည်း ထိတ်ကနဲ ထိတ်ကနဲပါပဲ။ ဒါနဲ့ သူတို့ အမြင်ရှင်းသွားပြီး နားလည်လက်ခံနိုင်မယ့် နည်းလမ်းလေးကို စဉ်းစားပြီး ဝင်ပြောကြည့်သည်။

တိုင်းရင်းဆေးတွေက စစ်မှန်ရင် တကယ်စွမ်းတယ်နော်။ အနောက်တိုင်းဆေးပညာ မပေါ်ခင်ကတည်းက အတည်တကျအခိုင်အမာရှိခဲ့တာပဲ

ဟုတ်တယ်ဆို …. တချို့တွေက လက်မခံချင်ကြဘူး ဆရာမရဲ့။ ကျွန်မတို့ကပဲ ခေတ်နောက်ကျနေသလိုလို နဲ့ အထင်သေးချင်ကြတာ

ဆရာဝန်ကပါ သူ့ဘက်ပါပြီဆိုပြီး ဝမ်းသာအားရ ထောက်ခံတာ။

ကျွန်မပြောပါတယ်။ စစ်မှန်ရင် စွမ်းပါတယ် လို့။ ဒါပေမဲ့ ကိုယ်သိထားတဲ့ တိုင်းရင်းဆေးနည်းက စစ်မှန်တယ် မစစ်မှန်ဘူး ဘယ်သူအတိအကျ သိလဲ…. ခွဲခြားနိုင်လဲ။

စကားဝိုင်းက ရုတ်တရပ် ငြိမ်ကျသွားသည်။ ဒီလိုအချိန် ပြောချင်တာလေးဖိပြောမှ။

တိုင်းရင်းဆေးနည်း အများစုက သဘာဝသစ်ဖုသစ်ဉ၊ သစ်ပင်နွယ်ပင်တွေကိုအခြေခံပြီး ဖော်စပ်ကြတာလေ။ အဲ့လိုဖော်စပ်တဲ့နေရာမှာ ပြုတ်တာတစ်ခုထဲ မဟုတ်ဘူးလေ…. ရေခမ်းကြိုတာ ၊အနှစ်တိုက်တာ၊ ပြာချတာ၊ အခြောက်ခံတာ၊ ကြိတ်တာ စသည်ဖြင့် အများကြီးရှိတယ်။ ဘယ်ရောဂါအတွက် ဘယ်အပင် ဘယ်အသီးကို ဘယ်လိုလုပ်ပြီး ဘယ်လောက်ပမာဏထည့်မယ်ဆိုတဲ့ ဖော်နည်းကားကျတော့ တကယ်နားလည်တတ်ကျွမ်းတဲ့ တိုင်းရင်းဆေးပညာရှင်မှပဲ သိမှာလေ။ ကျွန်မ တိုင်းရင်းဆေးပင် စာအုပ်တွေ လေ့လာဖူးပါတယ်။ ဆေးပင်တစ်မျိုးထဲမှာတောင် အရွက်ပေးတဲ့အာနိသင် အခေါက်ကရတဲ့အာနိသင်၊ အသီးအပွင့်ရဲ့အာနိသင်၊ အမြစ်ရဲ့အာနိသင် မတူကြပါဘူး။ ထည့်ရတဲ့ပမာဏပေါ်လိုက်ပြီးလည်း အာနိသင်ကွဲပါတယ်။ ပြုလုပ်ပုံ ဖော်နည်းကားပေါ်လိုက်ပြီးလည်း အာနိသင်ကွဲပါတယ်။ ဆေးပင်တစ်မျိုးထဲမှာတင် အသီးကင်းကသာ အာနိသင်ရှိပြီး တစ်ပင်လုံး အဆိပ်ဖြစ်နေတာမျိုးရှိနိုင်သလို ပမာဏ အနည်းအများကွာတာနဲ့ ခန္ဓာကိုယ်အတွက်အဆိပ်အတောက်ဖြစ်စေနိုင်တဲ့အထိ ဒုက္ခပေးတတ်တဲ့ဟာတွေလည်း ရှိပါသေးတယ်။ နေလှန်းပြာချရမယ့် ကိစ္စကို ပြုတ်တိုက်မိရင်လည်း ဘာအကျိုးမှမရှိတဲ့အပြင် ဒုက္ခတောင်ရောက်နိုင်တယ်။ အပင်အားလုံးက သဘာဝက လာတာပဲ … ဘယ်လိုလုပ်စားစား ကိုယ့်ကိုယ်ထဲမှာ ဘေးကင်းတာပဲ လို့ယူဆထားလို့မရဘူးလေ။ အဆိပ်ဆိုတာလည်း အရင်းစစ်ရင် သဘာဝကလာတဲ့ပစ္စည်းပဲ။ သည်တော့ ဒေါ်လေးတို့အခုလို ဘာပင်ကဘာရောဂါအတွက်ကောင်းတယ် လို့ ကြားဖူးနားဝ မှတ်သားထားပြီး ကိုယ်သဘောနဲ့ကိုယ် ပြုတ်သောက်ကြိတ်သောက် လုပ်နေတာက လမ်းဘေးစပ်ဆေးဝယ်သောက်နေသလိုပဲ အန္တရာယ်များတယ်။ အဲ့ဒီ့ သံမနိုင်ကျောက်မနိုင်ပင်ရဲ့ဘယ်အပိုင်းက ဆီးကောင်းစေတာလဲ… ဘယ်လောက်ပမာဏဆိုသင့်ပြီး ဘယ်လောက်ဆို အန္တရာယ်ရှိပြီလဲ ဒေါ်လေးသိလား။ မတော်လို့ သူ့ထည့်ရမယ့် ပမာဏကျော်ပြီး အဆိပ်ဖြစ်တတ်မယ့် ကိစ္စမျိုးဆို ဘယ့်နှယ့်လုပ်မှာတုန်း

အဲ့ကျမှ ရင်ဘတ်လေးဖိပြီး “ ကျွန်မ အဲ့လို တစ်ခါမှ မတွေးမိဖူးဘူး” တဲ့။

ကျွန်မတို့ အနောက်တိုင်းဆေးပညာလိုပဲ တိုင်းရင်းဆေးပညာ မှာလည်း တိုင်းရင်းဆေးပညာတက္ကသိုလ်တွေ သင်တန်းကျောင်းတွေ ဆိုပြီး ရှိတယ်။ တကယ့်ကျွမ်းကျင်လက်မှတ်ရ တိုင်းရင်းဆေးသမားတော်တွေရှိသလို လက်မှတ်မရှိ ရမ်းကုတွေ လည်းအများကြီးပဲ။ ဉာဏ်နဲ့ချိန်ပြီး ရွေးကုရတာပေါ့။ ဒေါ်လေးတို့ လက်ဖက်နဲ့ အကြော်တောင် ရွေးဝယ်တယ်မှတ်လား။ အခုလက်ဖက်ဆို မန်ကျည်းရွက်နုလေးတွေရောနှပ်တဲ့ မြင်းခြံလက်ဖက်မှ အကြော်ဆိုလည်း ဆီသန့်ပြီးကြွပ်ရွနေမှ။ အသက်နဲ့ဆိုင်တဲ့ကိစ္စကျမှ ဘယ်လိုဖြစ်လို့ ကြားဖူးနားဝကို လက်လွတ်စပယ် အလွယ်လိုက်ချင်နေတုန်း။ တိုင်းရင်းဆေးပြောင်းကုချင်ရင် နိုင်ငံတော်က တရားဝင်ဖွင့်ထားတဲ့ တိုင်းရင်းဆေးရုံ ရှိသားပဲ။ သဘာဝဆေးမှ သောက်ချင်ရင်လည်း သေချာ သုတေသနလုပ်ပြီး စမ်းသပ်စစ်ဆေး ထုတ်လုပ်ထားတဲ့ FAME တို့ဘာတို့ရှိတာပဲ။ ဒါတောင် အညွှန်းတိုင်းမဟုတ် ရမ်းသောက်နေရင် ဖြစ်ဖြစ် ရောဂါအခံနဲ့ မတည့်ရင်ဖြစ်ဖြစ် အာနိသင်မပြတာ ဥပါဒ်ပေးတာမျိုး အနည်းနဲ့အများတော့ ရှိနေနိုင်သေးတာပဲ။

အို… ဘာမှပြုတ်မတိုက်ရဲတော့ပါဘူး။ အဆိပ်ဖြစ်နိုင်တယ်ဆိုတာ ခုမှသေချာတွေးမိသွားလို့။

အမလေး။ ဘာရွက်မှန်းမသိ ပြုတ်သောက်ပြီး အသည်းထိသွားလို့ ဆေးရုံကို အသည်းအသန်လူနာအနေနဲ့ ရောက်လာတာတွေ ရှိတယ်နော်။ မယုံမရှိနဲ့။

လက်ဖက်သုပ်လေးဝါးလိုက် ပြောလိုက်နဲ့ ကိုယ့်ဘက်ပါလာပြီတော့ မှတ်တာပဲ။

ဘေးအန္တရာယ်ကို သဘောပေါက်လွယ်ကြပြီး မိမိကိုယ်ကို စောင့်ရှောက်နိုင်ကြစေရန် ရည်ရွယ်လျက်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူDr. Thurein Hlaing Win|ရေးသားသူDr. Thiha Phyo Myint
ရေးသားသူ – ဒေါက်တာနှင်းနုအေး


Leave a Reply

Your email address will not be published. Required fields are marked *

*