ရုံးမှာအထိုင်များတဲ့လူတွေအတွက် လုပ်ကိုလုပ်သင့်တဲ့ အကြောလျှော့နည်း (၃) မျိုး

(Zawgyi)

႐ုံးမွာအထိုင္မ်ားတဲ့လူေတြအတြက္ လုပ္ကိုလုပ္သင့္တဲ့ အေၾကာေလွ်ာ့နည္း (၃) မ်ိဳး

====================
====================

သင့္ရဲ႕တစ္ေန႔တာလုံးဟာ တစ္ေနရာမွာ တသမတ္တည္းအၿမဲတမ္း ထိုင္ေနရမယ္ဆိုရင္ ဒီအေၾကာ္ေလွ်ာ့နည္းေတြကို လုပ္ေပးသင့္ပါတယ္။ အထူးသျဖင့္ အာ႐ုံစိုက္ၿပီး အထိုင္မ်ားတဲ့ ႐ုံးဝန္ထမ္းလိုမ်ိဳးေပါ့။ အေၾကာေလွ်ာ့ေပးျခင္းဟာ ႂကြက္သားနဲ႔စိတ္ဖိဆီးမႈကို ေျပေပ်ာက္ေစႏိုင္ၿပီး ေသြးလွည့္ပတ္မႈကို ေကာင္းေစတယ္၊ အဆီစုမႈကို တားဆီးေပးပါတယ္။

ဒီေတာ့ ဘယ္ေနရာမွာပဲျဖစ္ျဖစ္ အလြယ္တကူ အေၾကာေလွ်ာ့ႏိုင္မယ့္ နည္းလမ္းေလး (၃) မ်ိဳးကို San Diego က်န္းမာေရးဌာနမွ ၫႊန္ၾကားခ်က္အတိုင္း ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။

(၁) စားပြဲကေန မတ္တပ္ထလိုက္ပါ။ ၿပီးရင္ လက္ႏွစ္ဖက္ကို ေရွ႕သို႔ ဆန္႔တန္းၿပီး ခ်ိတ္ထားပါ။ ဦးေခါင္းကိုလည္းငုံ႔ၿပီး ခႏၶာကိုယအေပၚပိုင္းကိုသာ အေရွ႕ကိုကိုင္းလိုက္ပါ။ ခါးကိုဆန္႔ၿပီး ဒီလိုပုံစံမ်ိဳးနဲ႔ ၈ စကၠန္႔ေလာက္ထိ အနည္းဆုံးေနပါ။ ၃ ေၾကာ့ေလာက္ ျပဳလုပ္ေပးႏိုင္ပါတယ္။ ဒီေလ့က်င့္ခန္းဟာ သင့္ရဲ႕ ဇက္နဲ႔ လက္ေတြ၊ေက်ာ႐ိုးကို ေျဖေလ်ာ့ေပးပါတယ္။

(၂) ခႏၶာကိုယ္ကို တည့္တည့္မတ္မတ္ေနပါ။ လက္ႏွစ္ဖက္ကို ရင္ဘတ္နားမွာထား၊ ခႏၶာကိုယ္ေအာက္ပိုင္းကိုမလႈပ္ဘဲ ခါးအထက္ပိုင္းကိုသာ ဘယ္၊ ညာလွည့္ပါ။ တစ္ဖက္ ၁၅ ႀကိမ္နဲ႔ ၅ ေၾကာ့ေလာက္ျပဳလုပ္ေပးလို႔ရပါတယ္။ ဒီေလ့က်င့္ခန္းဟာ သင့္ရဲ႕ ခါးကို ထိေရာက္ေစမွာပါ။

(၃) လက္ႏွစ္ဖက္ကို ဦးေခါင္းအေနာက္ဖက္မွာ ယွက္ထားပါ။ ၿပီးလွ်င္ ခႏၶာကိုယ္ကို အေနာက္ကို ေကြးၫြန္႔လိုက္ပါ။ ဒီေလ့က်င့္ခန္းဟာ သင့္ခါးအေနာက္ပိုင္းနဲ႔ လက္ေမာင္းေအာက္ဖက္က ႂကြက္သားေတြအတြက္ အထူးေကာင္းမြန္ပါတယ္။

ဒီ အေၾကာေလွ်ာ့ေလ့က်င့္ခန္း (၃) မ်ိဳးကို သတိရတိုင္းလုပ္ေပးရပါမယ္။ အေကာင္းဆုံးကေတာ့ တစ္နာရီတစ္ခါေလာက္ လုပ္ေပးျခင္းျဖင့္ ခႏၶာကိုယ္ဖိဆီးမႈေတြကို ေလ်ာ့က်ေစကာ မ်က္လုံးကိုလည္း အားေကာင္းေစပါတယ္

(Unicode)

ရုံးမှာအထိုင်များတဲ့လူတွေအတွက် လုပ်ကိုလုပ်သင့်တဲ့ အကြောလျှော့နည်း (၃) မျိုး

====================
====================

သင့်ရဲ့တစ်နေ့တာလုံးဟာ တစ်နေရာမှာ တသမတ်တည်းအမြဲတမ်း ထိုင်နေရမယ်ဆိုရင် ဒီအကြော်လျှော့နည်းတွေကို လုပ်ပေးသင့်ပါတယ်။ အထူးသဖြင့် အာရုံစိုက်ပြီး အထိုင်များတဲ့ ရုံးဝန်ထမ်းလိုမျိုးပေါ့။ အကြောလျှော့ပေးခြင်းဟာ ကြွက်သားနဲ့စိတ်ဖိဆီးမှုကို ပြေပျောက်စေနိုင်ပြီး သွေးလှည့်ပတ်မှုကို ကောင်းစေတယ်၊ အဆီစုမှုကို တားဆီးပေးပါတယ်။

ဒီတော့ ဘယ်နေရာမှာပဲဖြစ်ဖြစ် အလွယ်တကူ အကြောလျှော့နိုင်မယ့် နည်းလမ်းလေး (၃) မျိုးကို San Diego ကျန်းမာရေးဌာနမှ ညွှန်ကြားချက်အတိုင်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။

(၁) စားပွဲကနေ မတ်တပ်ထလိုက်ပါ။ ပြီးရင် လက်နှစ်ဖက်ကို ရှေ့သို့ ဆန့်တန်းပြီး ချိတ်ထားပါ။ ဦးခေါင်းကိုလည်းငုံ့ပြီး ခန္ဓာကိုယအပေါ်ပိုင်းကိုသာ အရှေ့ကိုကိုင်းလိုက်ပါ။ ခါးကိုဆန့်ပြီး ဒီလိုပုံစံမျိုးနဲ့ ၈ စက္ကန့်လောက်ထိ အနည်းဆုံးနေပါ။ ၃ ကြော့လောက် ပြုလုပ်ပေးနိုင်ပါတယ်။ ဒီလေ့ကျင့်ခန်းဟာ သင့်ရဲ့ ဇက်နဲ့ လက်တွေ၊ကျောရိုးကို ဖြေလျော့ပေးပါတယ်။

(၂) ခန္ဓာကိုယ်ကို တည့်တည့်မတ်မတ်နေပါ။ လက်နှစ်ဖက်ကို ရင်ဘတ်နားမှာထား၊ ခန္ဓာကိုယ်အောက်ပိုင်းကိုမလှုပ်ဘဲ ခါးအထက်ပိုင်းကိုသာ ဘယ်၊ ညာလှည့်ပါ။ တစ်ဖက် ၁၅ ကြိမ်နဲ့ ၅ ကြော့လောက်ပြုလုပ်ပေးလို့ရပါတယ်။ ဒီလေ့ကျင့်ခန်းဟာ သင့်ရဲ့ ခါးကို ထိရောက်စေမှာပါ။

(၃) လက်နှစ်ဖက်ကို ဦးခေါင်းအနောက်ဖက်မှာ ယှက်ထားပါ။ ပြီးလျှင် ခန္ဓာကိုယ်ကို အနောက်ကို ကွေးညွန့်လိုက်ပါ။ ဒီလေ့ကျင့်ခန်းဟာ သင့်ခါးအနောက်ပိုင်းနဲ့ လက်မောင်းအောက်ဖက်က ကြွက်သားတွေအတွက် အထူးကောင်းမွန်ပါတယ်။

ဒီ အကြောလျှော့လေ့ကျင့်ခန်း (၃) မျိုးကို သတိရတိုင်းလုပ်ပေးရပါမယ်။ အကောင်းဆုံးကတော့ တစ်နာရီတစ်ခါလောက် လုပ်ပေးခြင်းဖြင့် ခန္ဓာကိုယ်ဖိဆီးမှုတွေကို လျော့ကျစေကာ မျက်လုံးကိုလည်း အားကောင်းစေပါတယ်။

Crd:Aunty May

 


Leave a Reply

Your email address will not be published. Required fields are marked *

*