မြန်မာ့သဘာဝဆေးစွမ်း တပင်တိုင်မြနန်း

(Zawgyi)

ျမန္မာ့သဘာဝေဆးစြမ္း တပင္တိုင္ျမနန္း
==========================
တပင္တိုင္ျမနန္းမွာပါတဲ့ Glycoside နဲ႔ Flavonoid ေတြဟာ အင္မတန္မွ အစြမ္းထြက္ပါတယ္..

(၁) အေရျပားအနာအမ်ိဳးမ်ိဳးကို သက္သာေပ်ာက္ကင္းေစပါတယ္.. သူ႔မွာ 𝗔𝗻𝘁𝗶𝗯𝗶𝗼𝘁𝗶𝗰 𝗮𝗰𝘁𝗶𝗼𝗻 ရွိလို႔ ေမႊးကြၽတ္နာကအစ Carbuncle လို႔ေခၚတဲ့ အနာပဆုပ္မ်ိဳးအထိ သက္သာေပ်ာက္ကင္းေစပါတယ္.. အေနာက္တိုင္းေဆး Antibiotic ေတြနဲ႔ ကုသလို႔မလြယ္ကူတဲ့ ေရာဂါပိုးေတြကိုေတာင္ ေသေစႏိုင္တာ ေတြ႕ရပါတယ္.. အ႐ြက္ကိုေတာ့ အနာေတြအေပၚမွာအုပ္ေပးရင္ ေရာဂါပိုးေတြကိုေသေစၿပီး အနာက်က္ျမန္တာ ေတြ႕ရပါတယ္.. အျမစ္(ဥ) ကို ေသြးလိမ္းလို႔ပဲျဖစ္ျဖစ္ ပါးစပ္ကေသာက္လို႔ပဲျဖစ္ျဖစ္ အသုံးျပဳႏိုင္ပါတယ္..

(၂) သူ႔မွာ 𝗔𝗻𝘁𝗶𝘁𝘂𝗺𝗼𝗿 𝗮𝗰𝘁𝗶𝘃𝗶𝘁𝘆 ရွိပါတယ္.. အဖုအက်ိတ္မ်ိဳးစုံကို ေပ်ာက္ကင္းေစပါတယ္.. အထူးသျဖင့္ အမ်ိဳးသမီးေတြရဲ႕သားအိမ္မွာျဖစ္တဲ့ Myoma လို႔ေခၚတဲ့ အက်ိတ္ေတြကို ကုသရာမွာ မ်ားစြာထိေရာက္ပါတယ္.. အေနာက္တိုင္းေဆးပညာအရေတာ့ သားအိမ္မွာအလုံးျဖစ္တယ္ဆိုတာနဲ႔ ခြဲစိတ္ကုသမွေပ်ာက္ပါတယ္.. ဒါေပမဲ့ ေလာေလာဆယ္ ခြဲစိတ္ဖို႔မလိုေသးရင္ ေသးသြားေအာင္ တပင္တိုင္ျမနန္းဥကိုစားၿပီး ကုသေပ်ာက္ကင္းႏိုင္ပါတယ္.. သက္ဆိုင္ရာမီးယပ္သားဖြားပါရဂူမ်ားနဲ႔လဲ ပူးတြဲစမ္းသပ္လ်က္ရွိတာ ေအာင္ျမင္လ်က္ရွိပါတယ္..
Myoma uterus ဆိုတဲ့ သားအိမ္မွာအလုံးအႀကိတ္ျဖစ္တဲ့ေရာဂါဟာ အမ်ိဳးသမီးေတြမွာ အင္မတန္မွအျဖစ္မ်ားပါတယ္.. တခ်ိဳ႕လဲ တစ္ခုျဖစ္တတ္ၿပီး တစ္ခါတစ္ေလမွာ အမ်ားအျပားလဲ ျဖစ္ေလ့ရွိပါတယ္.. အသက္ ၃၀ ေက်ာ္ရင္ ျဖစ္ဖို႔အလားအလာရွိေနၿပီး အသက္ ၃၀ ေက်ာ္အမ်ိဳးသမီး ၁၀၀ မွာ ၂၀ ကေန ၃၀ အထိေလာက္ ျဖစ္တာေတြ႕ရပါတယ္.. အဲ့လိုျဖစ္ရင္ ရာသီမမွန္တာတို႔၊ ေသြးဆင္းမ်ားတာတို႔၊ သားအိမ္ေနရာက ကိုက္ခဲတာတို႔၊ ဆီးသြားလို႔ခက္ခဲတာတို႔ ျဖစ္တတ္ပါတယ္.. သူ႔အေနနဲ႔ ကင္ဆာအက်ိတ္မဟုတ္လို႔ သိပ္စိုးရိမ္စရာမဟုတ္ေပမဲ့ ႀကီးလာရင္ ဒုကၡေပးႏိုင္ပါတယ္.. အသက္ငယ္ေသးရင္ေတာ့ သားအိမ္ကိုခ်န္ၿပီး ခြဲစိတ္ကုသရလို႔ အသက္ႀကီးရင္ေတာ့ သားအိမ္ပါထုတ္ပစ္ၿပီး ခြဲစိတ္ကုသရေလ့ရွိပါတယ္..

(၃) နာတာရွည္အစာအိမ္ေရာဂါကိုလဲ သက္သာေပ်ာက္ကင္းေစပါတယ္.. သူ႔မွာ အစာအိမ္ေရာဂါပိုးျဖစ္တဲ့ H.pylori ကိုသတ္ႏိုင္တဲ့သတၱိရွိတဲ့အျပင္ အနာက်က္ေစတဲ့အာနိသင္ပါရွိလို႔ျဖစ္ပါတယ္..

တပင္တိုင္ျမနန္းရဲ႕အျမစ္ကို ဒီအတိုင္းသုံးဖို႔ သိပ္မသင့္ေတာ္ပါဘူး.. ဘာျဖစ္လို႔လဲဆိုေတာ့

(၁) အျမစ္ဟာ ေျမႀကီးထဲကေဖာ္ၿပီး ခ်က္ခ်င္းေရေဆး၊ ေနလွမ္း၊ အေျခာက္ခံမလုပ္ႏိုင္ရင္ အစိုဓာတ္ေၾကာင့္ မႈိတက္ႏိုင္ပါတယ္.. အဲ့ဒီမႈိေတြဟာ အျမစ္အတြင္းပိုင္းထဲအထိ စိမ့္ဝင္သြားတဲ့အတြက္ အမႈန႔္ႀကိတ္ရင္လဲ ဆက္ပါႏိုင္ပါတယ္.. အဲ့ဒီမႈိဟာ အႏၲရာယ္ရွိတဲ့မႈိျဖစ္ခဲ့ရင္ တစ္နည္းအားျဖင့္ မႈိဆိပ္ေတြထုတ္တဲ့ မႈိျဖစ္ရင္ စားသုံးသူေတြအတြက္ အႏၲရာယ္မ်ားပါတယ္..

(၂) ေသာက္တဲ့အခါမွာ တစ္ေန႔ကို 10 g ကေန 16 g ေလာက္အထိ ေသာက္ရေတာ့ 500 mg ေဆးျပားထုတ္ရင္ေတာ့ အျပား၂၀ ကေန ၃၂ ျပားအထိ ေသာက္ရေတာ့ အင္မတန္မွေသာက္ရတာမ်ားပါတယ္..

(၃) အျမစ္မွာပါတဲ့ အခ်ိဳ႕အစိတ္အပိုင္းေတြဟာ Allergic ျဖစ္တတ္တဲ့အတြက္ ယားယံတာတို႔ အင္ျပင္ထြက္တာတို႔ ျဖစ္တတ္ပါတယ္..

ဒါေတြကေတာ့ အျမစ္ကိုဒီအတိုင္းစားရင္ ျဖစ္ႏိုင္တဲ့ Side effect နဲ႔ သူ႔ရဲ႕အားနည္းခ်က္ေတြပဲ ျဖစ္ပါတယ္..

အေကာင္းဆုံးကေတာ့ သိပၸံနည္းက် Extract လုပ္ၿပီး ေသာက္တာပါပဲ.. Extract လုပ္တဲ့အခါ 75 % ethanol ကိုသုံးရပါတယ္.. ဘာလို႔လဲဆိုေတာ့ အျဖဴမ်ိဳးဆိုရင္ သူ႔မွာပါဝင္တဲ့ ေဆးဖက္ဝင္အာနိသင္ရဲ႕ ၄% နီးပါးေလာက္ဟာ Alcohol မွာေပ်ာ္ဝင္ၿပီး ၅% ေလာက္ဟာ ေရမွာေပ်ာ္ဝင္လို႔ျဖစ္ပါတယ္.. အနီမ်ိဳးဆိုရင္ေတာ့ Alcohol မွာ ၅ % ေက်ာ္ေက်ာ္နဲ႔ ေရမွာ 7% နီးပါး ေပ်ာ္ဝင္မႈရွိတာ ေတြ႕ရပါတယ္.. Extract ကိုထုတ္ၿပီးသုံးရင္ ခုနကေျပာသလို မႈိတက္မႈလည္း မရွိေတာ့တဲ့အျပင္ တစ္ေန႔ကို ၂ လုံးေလာက္ပဲေသာက္ရလို႔ အဆင္ပိုေျပပါတယ္.. Allergic ျဖစ္ေစႏိုင္တဲ့အျမစ္ေတြလဲ အဖတ္ေတြထဲမွာ က်န္ခဲ့လို႔ အေကာင္းဆုံးျဖစ္ပါတယ္..

(Unicode)

မြန်မာ့သဘာဝဆေးစွမ်း တပင်တိုင်မြနန်း
=========================
တပင်တိုင်မြနန်းမှာပါတဲ့ Glycoside နဲ့ Flavonoid တွေဟာ အင်မတန်မှ အစွမ်းထွက်ပါတယ်..

(၁) အရေပြားအနာအမျိုးမျိုးကို သက်သာပျောက်ကင်းစေပါတယ်.. သူ့မှာ 𝗔𝗻𝘁𝗶𝗯𝗶𝗼𝘁𝗶𝗰 𝗮𝗰𝘁𝗶𝗼𝗻 ရှိလို့ မွှေးကျွတ်နာကအစ Carbuncle လို့ခေါ်တဲ့ အနာပဆုပ်မျိုးအထိ သက်သာပျောက်ကင်းစေပါတယ်.. အနောက်တိုင်းဆေး Antibiotic တွေနဲ့ ကုသလို့မလွယ်ကူတဲ့ ရောဂါပိုးတွေကိုတောင် သေစေနိုင်တာ တွေ့ရပါတယ်.. အရွက်ကိုတော့ အနာတွေအပေါ်မှာအုပ်ပေးရင် ရောဂါပိုးတွေကိုသေစေပြီး အနာကျက်မြန်တာ တွေ့ရပါတယ်.. အမြစ်(ဥ) ကို သွေးလိမ်းလို့ပဲဖြစ်ဖြစ် ပါးစပ်ကသောက်လို့ပဲဖြစ်ဖြစ် အသုံးပြုနိုင်ပါတယ်..

(၂) သူ့မှာ 𝗔𝗻𝘁𝗶𝘁𝘂𝗺𝗼𝗿 𝗮𝗰𝘁𝗶𝘃𝗶𝘁𝘆 ရှိပါတယ်.. အဖုအကျိတ်မျိုးစုံကို ပျောက်ကင်းစေပါတယ်.. အထူးသဖြင့် အမျိုးသမီးတွေရဲ့သားအိမ်မှာဖြစ်တဲ့ Myoma လို့ခေါ်တဲ့ အကျိတ်တွေကို ကုသရာမှာ များစွာထိရောက်ပါတယ်.. အနောက်တိုင်းဆေးပညာအရတော့ သားအိမ်မှာအလုံးဖြစ်တယ်ဆိုတာနဲ့ ခွဲစိတ်ကုသမှပျောက်ပါတယ်.. ဒါပေမဲ့ လောလောဆယ် ခွဲစိတ်ဖို့မလိုသေးရင် သေးသွားအောင် တပင်တိုင်မြနန်းဥကိုစားပြီး ကုသပျောက်ကင်းနိုင်ပါတယ်.. သက်ဆိုင်ရာမီးယပ်သားဖွားပါရဂူများနဲ့လဲ ပူးတွဲစမ်းသပ်လျက်ရှိတာ အောင်မြင်လျက်ရှိပါတယ်..
Myoma uterus ဆိုတဲ့ သားအိမ်မှာအလုံးအကြိတ်ဖြစ်တဲ့ရောဂါဟာ အမျိုးသမီးတွေမှာ အင်မတန်မှအဖြစ်များပါတယ်.. တချို့လဲ တစ်ခုဖြစ်တတ်ပြီး တစ်ခါတစ်လေမှာ အများအပြားလဲ ဖြစ်လေ့ရှိပါတယ်.. အသက် ၃၀ ကျော်ရင် ဖြစ်ဖို့အလားအလာရှိနေပြီး အသက် ၃၀ ကျော်အမျိုးသမီး ၁၀၀ မှာ ၂၀ ကနေ ၃၀ အထိလောက် ဖြစ်တာတွေ့ရပါတယ်.. အဲ့လိုဖြစ်ရင် ရာသီမမှန်တာတို့၊ သွေးဆင်းများတာတို့၊ သားအိမ်နေရာက ကိုက်ခဲတာတို့၊ ဆီးသွားလို့ခက်ခဲတာတို့ ဖြစ်တတ်ပါတယ်.. သူ့အနေနဲ့ ကင်ဆာအကျိတ်မဟုတ်လို့ သိပ်စိုးရိမ်စရာမဟုတ်ပေမဲ့ ကြီးလာရင် ဒုက္ခပေးနိုင်ပါတယ်.. အသက်ငယ်သေးရင်တော့ သားအိမ်ကိုချန်ပြီး ခွဲစိတ်ကုသရလို့ အသက်ကြီးရင်တော့ သားအိမ်ပါထုတ်ပစ်ပြီး ခွဲစိတ်ကုသရလေ့ရှိပါတယ်..

(၃) နာတာရှည်အစာအိမ်ရောဂါကိုလဲ သက်သာပျောက်ကင်းစေပါတယ်.. သူ့မှာ အစာအိမ်ရောဂါပိုးဖြစ်တဲ့ H.pylori ကိုသတ်နိုင်တဲ့သတ္တိရှိတဲ့အပြင် အနာကျက်စေတဲ့အာနိသင်ပါရှိလို့ဖြစ်ပါတယ်..

တပင်တိုင်မြနန်းရဲ့အမြစ်ကို ဒီအတိုင်းသုံးဖို့ သိပ်မသင့်တော်ပါဘူး.. ဘာဖြစ်လို့လဲဆိုတော့

(၁) အမြစ်ဟာ မြေကြီးထဲကဖော်ပြီး ချက်ချင်းရေဆေး၊ နေလှမ်း၊ အခြောက်ခံမလုပ်နိုင်ရင် အစိုဓာတ်ကြောင့် မှိုတက်နိုင်ပါတယ်.. အဲ့ဒီမှိုတွေဟာ အမြစ်အတွင်းပိုင်းထဲအထိ စိမ့်ဝင်သွားတဲ့အတွက် အမှုန့်ကြိတ်ရင်လဲ ဆက်ပါနိုင်ပါတယ်.. အဲ့ဒီမှိုဟာ အန္တရာယ်ရှိတဲ့မှိုဖြစ်ခဲ့ရင် တစ်နည်းအားဖြင့် မှိုဆိပ်တွေထုတ်တဲ့ မှိုဖြစ်ရင် စားသုံးသူတွေအတွက် အန္တရာယ်များပါတယ်..

(၂) သောက်တဲ့အခါမှာ တစ်နေ့ကို 10 g ကနေ 16 g လောက်အထိ သောက်ရတော့ 500 mg ဆေးပြားထုတ်ရင်တော့ အပြား၂၀ ကနေ ၃၂ ပြားအထိ သောက်ရတော့ အင်မတန်မှသောက်ရတာများပါတယ်..

(၃) အမြစ်မှာပါတဲ့ အချို့အစိတ်အပိုင်းတွေဟာ Allergic ဖြစ်တတ်တဲ့အတွက် ယားယံတာတို့ အင်ပြင်ထွက်တာတို့ ဖြစ်တတ်ပါတယ်..

ဒါတွေကတော့ အမြစ်ကိုဒီအတိုင်းစားရင် ဖြစ်နိုင်တဲ့ Side effect နဲ့ သူ့ရဲ့အားနည်းချက်တွေပဲ ဖြစ်ပါတယ်..

အကောင်းဆုံးကတော့ သိပ္ပံနည်းကျ Extract လုပ်ပြီး သောက်တာပါပဲ.. Extract လုပ်တဲ့အခါ 75 % ethanol ကိုသုံးရပါတယ်.. ဘာလို့လဲဆိုတော့ အဖြူမျိုးဆိုရင် သူ့မှာပါဝင်တဲ့ ဆေးဖက်ဝင်အာနိသင်ရဲ့ ၄% နီးပါးလောက်ဟာ Alcohol မှာပျော်ဝင်ပြီး ၅% လောက်ဟာ ရေမှာပျော်ဝင်လို့ဖြစ်ပါတယ်.. အနီမျိုးဆိုရင်တော့ Alcohol မှာ ၅ % ကျော်ကျော်နဲ့ ရေမှာ 7% နီးပါး ပျော်ဝင်မှုရှိတာ တွေ့ရပါတယ်.. Extract ကိုထုတ်ပြီးသုံးရင် ခုနကပြောသလို မှိုတက်မှုလည်း မရှိတော့တဲ့အပြင် တစ်နေ့ကို ၂ လုံးလောက်ပဲသောက်ရလို့ အဆင်ပိုပြေပါတယ်.. Allergic ဖြစ်စေနိုင်တဲ့အမြစ်တွေလဲ အဖတ်တွေထဲမှာ ကျန်ခဲ့လို့ အကောင်းဆုံးဖြစ်ပါတယ်..

Crd:Dr,Khin Maung Lwin-FAME


Leave a Reply

Your email address will not be published. Required fields are marked *

*