မာလကာသီး စားရင် ရရှိနိုင်တဲ့အကျိုးကျေးဇူးတွေကတော့

(Zawgyi)

မာလကာသီး စားရင္ ရရွိႏိုင္တဲ့အက်ိဳးေက်းဇူးေတြကေတာ့..

ဗီတာမင္စီဓာတ္ ျဖည့္တင္းေပးပါတယ္.. ဗီတာမင္စီပါဝင္မႈကိုၾကည့္ရင္ ကမာၻေပၚမွာ ဆီးျဖဴသီးၿပီးရင္ မာလကာသီးဟာ ဒုတိယလိုက္ပါတယ္.. ဆီးျဖဴသီး 100 g မွာ Vitamin C ဟာ 700 mg ပါဝင္ပါတယ္.. မာလကာသီး အေနေတာ္တစ္လုံး (100 g) မွာ 165 mg ပါဝင္ပါတယ္.. လိေမၼာ္သီးအေနေတာ္တစ္လုံးဆိုရင္ 75 mg ပါဝင္ပါတယ္.. သာမန္လူႀကီးတစ္ေယာက္အေနနဲ႔ အနည္းဆုံး 60 mg ေလာက္လိုတဲ့အတြက္ မာလကာသီးကို တစ္ပတ္သုံးလုံးေလာက္စားရင္ကို ဗီတာမင္စီဓာတ္မခ်ိဳ႕တဲ့ေအာင္ ကာကြယ္ၿပီးျဖစ္ပါတယ္.. ဗီတာမင္စီ ဆိုတာကေတာ့ ေသြးေၾကာေလးေတြခိုင္ခံ့ဖို႔ ေသြးယိုစီးတာမျဖစ္ဖို႔ အဓိကလိုအပ္တဲ့ ဗီတာမင္တစ္မ်ိဳး ျဖစ္ပါတယ္..

ဒုတိယအေနနဲ႔ သူ႔မွာပါဝင္တဲ့ Carotenoid ေတြျဖစ္တဲ့ Lutein တို႔ Zeaxanthin တို႔ေၾကာင့္ မ်က္စိက်န္းမာေရးကို မ်ားစြာအေထာက္အကူျပဳပါတယ္.. ကြၽန္ေတာ္တို႔ရဲ႕မ်က္စိထဲကို ေနေရာင္ျခည္နဲ႔အတူ ခရမ္းလြန္ေရာင္ျခည္ေတြပါ ပါလာတဲ့အတြက္ မ်က္စိမွာရွိတဲ့ မွန္ဘီလူးခုံးနဲ႔ မ်က္ၾကည္လႊာဟာ အသက္ႀကီးတဲ့အခါမွာ တျဖည္းျဖည္းပ်က္စီးလာပါတယ္.. အဓိကအေနနဲ႔ Cataract လို႔ေခၚတဲ့ မ်က္စိတိမ္စြဲေရာဂါနဲ႔ Macular degeneration လို႔ေခၚတဲ့ မ်က္စိကြယ္ျခင္းဆိုတာေတြ ျဖစ္တတ္ပါတယ္.. မာလကာသီးကို တစ္ပတ္ကို သုံးလုံးေလာက္စား႐ုံနဲ႔ အဲ့ဒီေရာဂါေတြမျဖစ္ေအာင္ ကာကြယ္ႏိုင္ပါတယ္..

တတိယကေတာ့ မာလကာသီးဟာ ေသြးတိုးေရာဂါသည္ေတြစားရင္ ေသြးတိုးက်ေစႏိုင္တဲ့သတၱိရွိပါတယ္.. ၁၉၉၃ ခုႏွစ္က အိႏၵိယႏိုင္ငံမွာ စမ္းသပ္ခ်က္အရေရာ ၁၉၉၂ ခုႏွစ္မွာ အေမရိကန္ႏိုင္ငံမွာ စမ္းသပ္ခ်က္ေတြအရၾကည့္ရင္ မာလကာသီးကို ေန႔စဥ္မွန္မွန္စားတဲ့ လူနာအုပ္စုေတြမွာ ေသြးေပါင္ခ်ိန္တျဖည္းျဖည္းက်လာတာ ေတြ႕ရပါတယ္.. တစ္ခ်ိန္တည္းမွာပဲ ေသြးထဲမွာရွိတဲ့ မေကာင္းတဲ့အဆီဓာတ္ေတြျဖစ္တဲ့ LDL တို႔ Triglyceride တို႔ပါ က်လာတာ ေတြ႕ရပါတယ္.. ဒါေၾကာင့္ ေသြးတိုးေရာဂါသည္ေတြအေနနဲ႔ မာလကာသီးကို ျဖည့္စြက္အစားအစာအေနနဲ႔ မၾကာခဏစားေပးမယ္ဆိုရင္ အက်ိဳးရွိပါတယ္..

မၾကာေသးခင္ကမွ အေမရိကန္ႏိုင္ငံမွာ ျပဳလုပ္တဲ့ သုေတသနစာတမ္းအရ မာလကာသီးဟာ ကင္ဆာေရာဂါကာကြယ္ေရးမွာပါ အေထာက္အကူျပဳတယ္လို႔ ဆိုပါတယ္.. ဒါကလည္း သိပ္ေတာ့မဆန္းပါဘူး.. သဘာဝသစ္သီးသစ္႐ြက္ေတြ မ်ားမ်ားစားေလ ကင္ဆာေရာဂါျဖစ္ပြားမႈ ေလ်ာ့နည္းေလေလဆိုတာ အရင္ကတည္းကလည္း သိရွိလက္ခံထားၿပီး ျဖစ္ပါတယ္.. မာလကာသီးမွာပါတဲ့ ဓာတ္ပစၥည္းေတြျဖစ္တဲ့ ဗီတာမင္ေတြ flavonoid ေတြ carotenoid ေတြဟာ ကင္ဆာျဖစ္ေစတဲ့ဓာတ္ပစၥည္းေတြကို အူထဲမွာကတည္းက ဖ်က္ဆီးႏိုင္စြမ္းရွိလို႔ ျဖစ္ပါတယ္.. အထူးသျဖင့္ အသားကင္ေတြမွာပါတဲ့ Nitrosamine ေတြကို ေခ်ဖ်က္ရာမွာ အစြမ္းထက္လွပါတယ္..

မာလကာသီးဟာ က်န္းမာေရးအတြက္ အေထာက္အကူျပဳတဲ့ အသီးျဖစ္လို႔ ကေလး၊ လူႀကီးစားသင့္တဲ့ သဘာဝသစ္သီးတစ္ခုျဖစ္ပါတယ္.. ဆီးခ်ိဳေသြးခ်ိဳေဝဒနာသည္ေတြ စားႏိုင္တဲ့အသီးျဖစ္ပါတယ္.. ဒါေပမဲ့ စားရင္ အေစ့ေတြထုတ္ၿပီးစားတာက အႏၲရာယ္ကင္းပါတယ္.. ေက်ာက္ကပ္ေရာဂါရွိသူေတြအေနနဲ႔ ေရွာင္ဖို႔လိုပါတယ္.. အထူးသျဖင့္ အသက္ႀကီးတဲ့သူေတြ မ်က္စိေရာဂါမျဖစ္ဖို႔ အင္မတန္ေကာင္းပါတယ္.. တစ္ပတ္ကို သုံးလုံးေလာက္စားေပးရင္ လုံေလာက္ပါတယ္..

(Unicode)

မာလကာသီး စားရင် ရရှိနိုင်တဲ့အကျိုးကျေးဇူးတွေကတော့..

ဗီတာမင်စီဓာတ် ဖြည့်တင်းပေးပါတယ်.. ဗီတာမင်စီပါဝင်မှုကိုကြည့်ရင် ကမ္ဘာပေါ်မှာ ဆီးဖြူသီးပြီးရင် မာလကာသီးဟာ ဒုတိယလိုက်ပါတယ်.. ဆီးဖြူသီး 100 g မှာ Vitamin C ဟာ 700 mg ပါဝင်ပါတယ်.. မာလကာသီး အနေတော်တစ်လုံး (100 g) မှာ 165 mg ပါဝင်ပါတယ်.. လိမ္မော်သီးအနေတော်တစ်လုံးဆိုရင် 75 mg ပါဝင်ပါတယ်.. သာမန်လူကြီးတစ်ယောက်အနေနဲ့ အနည်းဆုံး 60 mg လောက်လိုတဲ့အတွက် မာလကာသီးကို တစ်ပတ်သုံးလုံးလောက်စားရင်ကို ဗီတာမင်စီဓာတ်မချို့တဲ့အောင် ကာကွယ်ပြီးဖြစ်ပါတယ်.. ဗီတာမင်စီ ဆိုတာကတော့ သွေးကြောလေးတွေခိုင်ခံ့ဖို့ သွေးယိုစီးတာမဖြစ်ဖို့ အဓိကလိုအပ်တဲ့ ဗီတာမင်တစ်မျိုး ဖြစ်ပါတယ်..

ဒုတိယအနေနဲ့ သူ့မှာပါဝင်တဲ့ Carotenoid တွေဖြစ်တဲ့ Lutein တို့ Zeaxanthin တို့ကြောင့် မျက်စိကျန်းမာရေးကို များစွာအထောက်အကူပြုပါတယ်.. ကျွန်တော်တို့ရဲ့မျက်စိထဲကို နေရောင်ခြည်နဲ့အတူ ခရမ်းလွန်ရောင်ခြည်တွေပါ ပါလာတဲ့အတွက် မျက်စိမှာရှိတဲ့ မှန်ဘီလူးခုံးနဲ့ မျက်ကြည်လွှာဟာ အသက်ကြီးတဲ့အခါမှာ တဖြည်းဖြည်းပျက်စီးလာပါတယ်.. အဓိကအနေနဲ့ Cataract လို့ခေါ်တဲ့ မျက်စိတိမ်စွဲရောဂါနဲ့ Macular degeneration လို့ခေါ်တဲ့ မျက်စိကွယ်ခြင်းဆိုတာတွေ ဖြစ်တတ်ပါတယ်.. မာလကာသီးကို တစ်ပတ်ကို သုံးလုံးလောက်စားရုံနဲ့ အဲ့ဒီရောဂါတွေမဖြစ်အောင် ကာကွယ်နိုင်ပါတယ်..

တတိယကတော့ မာလကာသီးဟာ သွေးတိုးရောဂါသည်တွေစားရင် သွေးတိုးကျစေနိုင်တဲ့သတ္တိရှိပါတယ်.. ၁၉၉၃ ခုနှစ်က အိန္ဒိယနိုင်ငံမှာ စမ်းသပ်ချက်အရရော ၁၉၉၂ ခုနှစ်မှာ အမေရိကန်နိုင်ငံမှာ စမ်းသပ်ချက်တွေအရကြည့်ရင် မာလကာသီးကို နေ့စဉ်မှန်မှန်စားတဲ့ လူနာအုပ်စုတွေမှာ သွေးပေါင်ချိန်တဖြည်းဖြည်းကျလာတာ တွေ့ရပါတယ်.. တစ်ချိန်တည်းမှာပဲ သွေးထဲမှာရှိတဲ့ မကောင်းတဲ့အဆီဓာတ်တွေဖြစ်တဲ့ LDL တို့ Triglyceride တို့ပါ ကျလာတာ တွေ့ရပါတယ်.. ဒါကြောင့် သွေးတိုးရောဂါသည်တွေအနေနဲ့ မာလကာသီးကို ဖြည့်စွက်အစားအစာအနေနဲ့ မကြာခဏစားပေးမယ်ဆိုရင် အကျိုးရှိပါတယ်..

မကြာသေးခင်ကမှ အမေရိကန်နိုင်ငံမှာ ပြုလုပ်တဲ့ သုတေသနစာတမ်းအရ မာလကာသီးဟာ ကင်ဆာရောဂါကာကွယ်ရေးမှာပါ အထောက်အကူပြုတယ်လို့ ဆိုပါတယ်.. ဒါကလည်း သိပ်တော့မဆန်းပါဘူး.. သဘာဝသစ်သီးသစ်ရွက်တွေ များများစားလေ ကင်ဆာရောဂါဖြစ်ပွားမှု လျော့နည်းလေလေဆိုတာ အရင်ကတည်းကလည်း သိရှိလက်ခံထားပြီး ဖြစ်ပါတယ်.. မာလကာသီးမှာပါတဲ့ ဓာတ်ပစ္စည်းတွေဖြစ်တဲ့ ဗီတာမင်တွေ flavonoid တွေ carotenoid တွေဟာ ကင်ဆာဖြစ်စေတဲ့ဓာတ်ပစ္စည်းတွေကို အူထဲမှာကတည်းက ဖျက်ဆီးနိုင်စွမ်းရှိလို့ ဖြစ်ပါတယ်.. အထူးသဖြင့် အသားကင်တွေမှာပါတဲ့ Nitrosamine တွေကို ချေဖျက်ရာမှာ အစွမ်းထက်လှပါတယ်..

မာလကာသီးဟာ ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ အသီးဖြစ်လို့ ကလေး၊ လူကြီးစားသင့်တဲ့ သဘာဝသစ်သီးတစ်ခုဖြစ်ပါတယ်.. ဆီးချိုသွေးချိုဝေဒနာသည်တွေ စားနိုင်တဲ့အသီးဖြစ်ပါတယ်.. ဒါပေမဲ့ စားရင် အစေ့တွေထုတ်ပြီးစားတာက အန္တရာယ်ကင်းပါတယ်.. ကျောက်ကပ်ရောဂါရှိသူတွေအနေနဲ့ ရှောင်ဖို့လိုပါတယ်.. အထူးသဖြင့် အသက်ကြီးတဲ့သူတွေ မျက်စိရောဂါမဖြစ်ဖို့ အင်မတန်ကောင်းပါတယ်.. တစ်ပတ်ကို သုံးလုံးလောက်စားပေးရင် လုံလောက်ပါတယ်..

Crd:Dr,Khin Maung Lwin- FAME


Leave a Reply

Your email address will not be published. Required fields are marked *

*