ကန်စွန်းကြီးရွက် စားသင့်တဲ့ အကြောင်းရင်း (၈) ချက်

(Zawgyi)

ကန္စြန္းႀကီး႐ြက္ စားသင့္တဲ့ အေၾကာင္းရင္း (၈) ခ်က္

=================================

ကန္စြန္းႀကီး႐ြက္ ဆိုတာ ကန္စြန္းဥပင္ရဲ႕ အ႐ြက္ေတြပါ။ ငါးဆုပ္ သို႔မဟုတ္ ပုစြန္တို႔နဲ႔ ခ်ဥ္ရည္ခ်က္စားရင္ ႏူးႏူးညံ့ညံ့ေလးနဲ႔ သိပ္စားေကာင္းတဲ့ အ႐ြက္ေပါ့။ ကန္စြန္း႐ြက္ထက္ ပိုႏူးညံ့သလို က်န္းမာေရး အက်ိဳးေက်းဇူးလည္း မနည္းတဲ့ အသီးအ႐ြက္ ျဖစ္ပါတယ္။

ဝယ္ရတာ ရွားေနသလား။ အိမ္မွာ ကန္စြန္းဥတစ္ဥေလာက္ စိုက္ထား႐ုံနဲ႔ တစ္အိမ္လုံး စားေလာက္တဲ့ အထိ အပင္ ျဖစ္ထြန္းလြယ္ပါတယ္။ ၾကာလာရင္ ေအာ္ဂန္းနစ္ ကန္စြန္းဥေတာင္ စားရလိမ့္ဦးမယ္။

ကန္စြန္းႀကီး႐ြက္ရဲ႕ က်န္းမာေရး အက်ိဳးေက်းဇူးေလးေတြ ၾကည့္လိုက္ရေအာင္…

(၁) ဓာတ္တိုးဆန႔္က်င္ အစြမ္းအာနိသင္ေပးတယ္

ကန္စြန္းႀကီး႐ြက္ လတ္လတ္ဆတ္ဆတ္ေလး ေတြမွာ ဓာတ္တိုးဆန႔္က်င္ပစၥည္းေတြ ႂကြယ္ဝတဲ့ အတြက္ free radicals ေတြေၾကာင့္ ျဖစ္ရတဲ့ ထိခိုက္ပ်က္စီးမႈေတြကို ကာကြယ္တားဆီးေပးပါတယ္။ ဒါ့ေၾကာင့္ အ႐ြယ္တင္ေစတာ၊ ကင္ဆာ ကာကြယ္ႏိုင္တာ၊ အဆစ္ေရာင္ေရာဂါ သက္သာေစတာ၊ ပန္းနာရင္က်ပ္ သက္သာေစတာ စတဲ့ အက်ိဳးေက်းဇူးေတြ ရရွိႏိုင္ပါတယ္။

(၂) ေရာင္ရမ္းမႈ ကို သက္သာေစတယ္

ကန္စြန္းႀကီး႐ြက္မွာ ပါတဲ့ အေရာင္က်ေစတဲ့ ျဒပ္ေပါင္းေတြေၾကာင့္ ေဂါက္ေရာဂါ၊ အဆစ္နာေရာဂါ၊ ပန္းနာရင္က်ပ္ စတဲ့ ေရာဂါရွိသူေတြအတြက္ ေဆးတစ္ခြက္ပါပဲ။ သူ႔ကို ၾကာၾကာ ခ်က္ျပဳတ္ထားတဲ့ အရည္ (အနီးစပ္ဆုံးက ခ်ဥ္ရည္ဟင္း) က အကိုက္အခဲေပ်ာက္ေဆး လို ထိုက္သင့္သေလာက္ စြမ္းေဆာင္ေပးႏိုင္ပါတယ္။

(၃) အစာေခ်ဖ်က္ႏိုင္စြမ္း ပိုေကာင္းေစတယ္

အမွ်င္ဓာတ္ ပါဝင္မႈ ျမင့္မားတဲ့ အတြက္ အစာေျခစနစ္ ရဲ႕ လုပ္ေဆာင္ခ်က္ ေတြကို ကူညီေထာက္ပံ့ေပးၿပီး ဝမ္းခ်ဳပ္ျခင္းကို ကာကြယ္ ေျဖရွင္းေပးႏိုင္ပါတယ္။ အစာအိမ္ အူလမ္းေၾကာင္း ျပႆနာေတြ အျပင္ အူမႀကီးကင္ဆာ ကိုပါ ကာကြယ္ေပးပါလိမ့္မယ္။

(၄) ေသြးတြင္းသၾကား ကို ထိန္းညႇိေပးတယ္

ကာဗိုဟိုက္ဒရိတ္ နည္းပါးၿပီး အမွ်င္ဓာတ္ မ်ားတဲ့ ကန္စြန္းႀကီး႐ြက္က ဆီးခ်ိဳေသြးခ်ိဳ ေရာဂါရွိသူေတြ အတြက္လည္း အက်ိဳးျပဳဓာတ္စာ တစ္မ်ိဳး ျဖစ္ပါတယ္။ လတ္ဆတ္တဲ့ ကန္စြန္းႀကီး႐ြက္က ခႏၶာကိုယ္ထဲမွာ အင္ဆူလင္နဲ႔ေသြးတြင္းသၾကားဓာတ္တို႔ကို ထိန္းညႇိေပးႏိုင္စြမ္း ရွိပါတယ္။

(၅) ႏွလုံး က်န္းမာေစတယ္

ကန္စြန္းႀကီး႐ြက္က ပိုတက္စီယမ္ဓာတ္လည္း ႂကြယ္ဝသလို စိတ္ပူပန္မႈနဲ႔ စိတ္ဖိစီးမႈေတြကို ထိန္းခ်ဳပ္ေပးႏိုင္တာမို႔ ေသြးတိုးကိုလည္း က်ေစႏိုင္ပါတယ္။

အမွ်င္ဓာတ္ႂကြယ္ဝတာေၾကာင့္ ႏွလုံးေသြးေၾကာေတြထဲမွာ အဆီေတြ စုပုံျခင္းကို တားဆီးေပးၿပီး ေသြးေၾကာပိတ္ဆို႔ျခင္းကို ကာကြယ္ေပးပါတယ္။

(၆) ရာသီလာခ်ိန္ နာက်င္ကိုက္ခဲမႈေတြကို သက္သာေစတယ္

ကန္စြန္းႀကီး႐ြက္က ဗီတာမင္ ေက ပါဝင္မႈေၾကာင့္ အမ်ိဳးသမီးေတြမွာ ရာသီမလာခင္နဲ႔ ရာသီလာခ်ိန္ နာက်င္ကိုက္ခဲမႈေတြကို သက္သာေလ်ာ့ပါးေစႏိုင္ပါတယ္။ ဗီတာမင္ ေက ခ်ိဳ႕တဲ့ျခင္းက ရာသီလာခ်ိန္ ခံစားရတဲ့ လကၡဏာေတြကို ပိုဆိုးေစႏိုင္ပါတယ္။

(၇) မ်က္စိ အားေကာင္းေစတယ္

ကန္စြန္းႀကီး႐ြက္မွာ ဘီတာကယ္႐ိုတင္း ႂကြယ္ဝတာေၾကာင့္ ဗီတာမင္ ေအ ေတြ ရရွိႏိုင္တယ္ေလ။ ဒါေၾကာင့္ မ်က္စိက်န္းမာေရး အတြက္ အက်ိဳးေက်းဇူးေတြ ရႏိုင္တာ အဆန္းေတာ့ မဟုတ္ပါဘူး။

ဗီတာမင္ ေအ ခ်ိဳ႕တဲ့မယ္ ဆိုရင္ မ်က္စိအားနည္းတာ၊ အျမင္အာ႐ုံမၾကည္လင္ေတာ့တာ၊ မ်က္႐ိုးကိုက္တာ စတဲ့ အျမင္အာ႐ုံျပႆနာေတြ ျဖစ္လာႏိုင္ပါတယ္။ ကန္စြန္းႀကီး႐ြက္၊ ကန္စြန္းဥ တို႔လို ဘီတာကယ္႐ိုတင္း ႂကြယ္ဝတဲ့ အစားအစာေတြ စားေပးရင္ ဒီျပႆနာေတြ ကာကြယ္ႏိုင္ပါလိမ့္မယ္။

(၈) သြားဖုံး က်န္းမာေစတယ္

သြားနဲ႔ သြားဖုံးျပႆနာေတြက ဗီတာမင္ ေက၊ ဗီတာမင္ ဒီ၊ ဗီတာမင္ ေအ နဲ႔ ဗီတာမင္ စီ တို႔ ခ်ိဳ႕တဲ့ရင္ ျဖစ္တတ္ပါတယ္။ ဒီအာဟာရဓာတ္ေတြ ပါတဲ့ အစားအေသာက္ေတြကို စားမယ္ဆိုရင္ သြားနဲ႔ သြားဖုံး က်န္းမာေစပါတယ္။

ကန္စြန္းႀကီး႐ြက္မွာ ပါတဲ့ ဗီတာမင္ ေက က တျခားဗီတာမင္နဲ႔ သတၱဳဓာတ္ေတြနဲ႔ ေပါင္းစပ္ၿပီး သြားေႂကြလႊာ ပ်က္စီးျခင္းကို ကာကြယ္ေပးႏိုင္ပါတယ္။

အရသာရွိၿပီး ဒီလိုအာဟာရ ျပည့္တဲ့ ကန္စြန္းႀကီး႐ြက္ကို ေၾကာ္စားစား၊ ခ်က္စားစား ႀကိဳက္တဲ့နည္းနဲ႔ စားၾကည့္လိုက္ပါေတာ့။

(Unicode)

ကန်စွန်းကြီးရွက် စားသင့်တဲ့ အကြောင်းရင်း (၈) ချက်

=================================

ကန်စွန်းကြီးရွက် ဆိုတာ ကန်စွန်းဥပင်ရဲ့ အရွက်တွေပါ။ ငါးဆုပ် သို့မဟုတ် ပုစွန်တို့နဲ့ ချဉ်ရည်ချက်စားရင် နူးနူးညံ့ညံ့လေးနဲ့ သိပ်စားကောင်းတဲ့ အရွက်ပေါ့။ ကန်စွန်းရွက်ထက် ပိုနူးညံ့သလို ကျန်းမာရေး အကျိုးကျေးဇူးလည်း မနည်းတဲ့ အသီးအရွက် ဖြစ်ပါတယ်။

ဝယ်ရတာ ရှားနေသလား။ အိမ်မှာ ကန်စွန်းဥတစ်ဥလောက် စိုက်ထားရုံနဲ့ တစ်အိမ်လုံး စားလောက်တဲ့ အထိ အပင် ဖြစ်ထွန်းလွယ်ပါတယ်။ ကြာလာရင် အော်ဂန်းနစ် ကန်စွန်းဥတောင် စားရလိမ့်ဦးမယ်။

ကန်စွန်းကြီးရွက်ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးလေးတွေ ကြည့်လိုက်ရအောင်…

(၁) ဓာတ်တိုးဆန့်ကျင် အစွမ်းအာနိသင်ပေးတယ်

ကန်စွန်းကြီးရွက် လတ်လတ်ဆတ်ဆတ်လေး တွေမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝတဲ့ အတွက် free radicals တွေကြောင့် ဖြစ်ရတဲ့ ထိခိုက်ပျက်စီးမှုတွေကို ကာကွယ်တားဆီးပေးပါတယ်။ ဒါ့ကြောင့် အရွယ်တင်စေတာ၊ ကင်ဆာ ကာကွယ်နိုင်တာ၊ အဆစ်ရောင်ရောဂါ သက်သာစေတာ၊ ပန်းနာရင်ကျပ် သက်သာစေတာ စတဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။

(၂) ရောင်ရမ်းမှု ကို သက်သာစေတယ်

ကန်စွန်းကြီးရွက်မှာ ပါတဲ့ အရောင်ကျစေတဲ့ ဒြပ်ပေါင်းတွေကြောင့် ဂေါက်ရောဂါ၊ အဆစ်နာရောဂါ၊ ပန်းနာရင်ကျပ် စတဲ့ ရောဂါရှိသူတွေအတွက် ဆေးတစ်ခွက်ပါပဲ။ သူ့ကို ကြာကြာ ချက်ပြုတ်ထားတဲ့ အရည် (အနီးစပ်ဆုံးက ချဉ်ရည်ဟင်း) က အကိုက်အခဲပျောက်ဆေး လို ထိုက်သင့်သလောက် စွမ်းဆောင်ပေးနိုင်ပါတယ်။

(၃) အစာချေဖျက်နိုင်စွမ်း ပိုကောင်းစေတယ်

အမျှင်ဓာတ် ပါဝင်မှု မြင့်မားတဲ့ အတွက် အစာခြေစနစ် ရဲ့ လုပ်ဆောင်ချက် တွေကို ကူညီထောက်ပံ့ပေးပြီး ဝမ်းချုပ်ခြင်းကို ကာကွယ် ဖြေရှင်းပေးနိုင်ပါတယ်။ အစာအိမ် အူလမ်းကြောင်း ပြဿနာတွေ အပြင် အူမကြီးကင်ဆာ ကိုပါ ကာကွယ်ပေးပါလိမ့်မယ်။

(၄) သွေးတွင်းသကြား ကို ထိန်းညှိပေးတယ်

ကာဗိုဟိုက်ဒရိတ် နည်းပါးပြီး အမျှင်ဓာတ် များတဲ့ ကန်စွန်းကြီးရွက်က ဆီးချိုသွေးချို ရောဂါရှိသူတွေ အတွက်လည်း အကျိုးပြုဓာတ်စာ တစ်မျိုး ဖြစ်ပါတယ်။ လတ်ဆတ်တဲ့ ကန်စွန်းကြီးရွက်က ခန္ဓာကိုယ်ထဲမှာ အင်ဆူလင်နဲ့သွေးတွင်းသကြားဓာတ်တို့ကို ထိန်းညှိပေးနိုင်စွမ်း ရှိပါတယ်။

(၅) နှလုံး ကျန်းမာစေတယ်

ကန်စွန်းကြီးရွက်က ပိုတက်စီယမ်ဓာတ်လည်း ကြွယ်ဝသလို စိတ်ပူပန်မှုနဲ့ စိတ်ဖိစီးမှုတွေကို ထိန်းချုပ်ပေးနိုင်တာမို့ သွေးတိုးကိုလည်း ကျစေနိုင်ပါတယ်။

အမျှင်ဓာတ်ကြွယ်ဝတာကြောင့် နှလုံးသွေးကြောတွေထဲမှာ အဆီတွေ စုပုံခြင်းကို တားဆီးပေးပြီး သွေးကြောပိတ်ဆို့ခြင်းကို ကာကွယ်ပေးပါတယ်။

(၆) ရာသီလာချိန် နာကျင်ကိုက်ခဲမှုတွေကို သက်သာစေတယ်

ကန်စွန်းကြီးရွက်က ဗီတာမင် ကေ ပါဝင်မှုကြောင့် အမျိုးသမီးတွေမှာ ရာသီမလာခင်နဲ့ ရာသီလာချိန် နာကျင်ကိုက်ခဲမှုတွေကို သက်သာလျော့ပါးစေနိုင်ပါတယ်။ ဗီတာမင် ကေ ချို့တဲ့ခြင်းက ရာသီလာချိန် ခံစားရတဲ့ လက္ခဏာတွေကို ပိုဆိုးစေနိုင်ပါတယ်။

(၇) မျက်စိ အားကောင်းစေတယ်

ကန်စွန်းကြီးရွက်မှာ ဘီတာကယ်ရိုတင်း ကြွယ်ဝတာကြောင့် ဗီတာမင် အေ တွေ ရရှိနိုင်တယ်လေ။ ဒါကြောင့် မျက်စိကျန်းမာရေး အတွက် အကျိုးကျေးဇူးတွေ ရနိုင်တာ အဆန်းတော့ မဟုတ်ပါဘူး။

ဗီတာမင် အေ ချို့တဲ့မယ် ဆိုရင် မျက်စိအားနည်းတာ၊ အမြင်အာရုံမကြည်လင်တော့တာ၊ မျက်ရိုးကိုက်တာ စတဲ့ အမြင်အာရုံပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ ကန်စွန်းကြီးရွက်၊ ကန်စွန်းဥ တို့လို ဘီတာကယ်ရိုတင်း ကြွယ်ဝတဲ့ အစားအစာတွေ စားပေးရင် ဒီပြဿနာတွေ ကာကွယ်နိုင်ပါလိမ့်မယ်။

(၈) သွားဖုံး ကျန်းမာစေတယ်

သွားနဲ့ သွားဖုံးပြဿနာတွေက ဗီတာမင် ကေ၊ ဗီတာမင် ဒီ၊ ဗီတာမင် အေ နဲ့ ဗီတာမင် စီ တို့ ချို့တဲ့ရင် ဖြစ်တတ်ပါတယ်။ ဒီအာဟာရဓာတ်တွေ ပါတဲ့ အစားအသောက်တွေကို စားမယ်ဆိုရင် သွားနဲ့ သွားဖုံး ကျန်းမာစေပါတယ်။

ကန်စွန်းကြီးရွက်မှာ ပါတဲ့ ဗီတာမင် ကေ က တခြားဗီတာမင်နဲ့ သတ္တုဓာတ်တွေနဲ့ ပေါင်းစပ်ပြီး သွားကြွေလွှာ ပျက်စီးခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

အရသာရှိပြီး ဒီလိုအာဟာရ ပြည့်တဲ့ ကန်စွန်းကြီးရွက်ကို ကြော်စားစား၊ ချက်စားစား ကြိုက်တဲ့နည်းနဲ့ စားကြည့်လိုက်ပါတော့။
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win|ရေးသားသူ Yun Sandi Nan Mon
Crd:Helloဆရာဝန်


Leave a Reply

Your email address will not be published. Required fields are marked *

*