တာအိုးရွက် နဲ့ ကျန်းမာရေး

(Zawgyi)

တာအိုး႐ြက္ နဲ႔ က်န္းမာေရး

===================

ေဟာ့ေပါ့ထဲ ထည့္စားတတ္တဲ့ တာအိုး႐ြက္ေလးက က်န္းမာေရးကို ဘယ္လိုမ်ား အေထာက္အကူ ေပးလဲဆိုတာကို သိခ်င္တယ္ ဆိုရင္ ဒီ ေဆာင္းပါးေလး ထဲမွာ ဖတ္ၾကည့္လိုက္ပါ။

တာအိုး႐ြက္ မွာပါတဲ့ အာဟာရ

သက္တတ္တတ္ အရသာေလးနဲ႔ ခပ္ႂကြပ္ႂကြပ္ တာအိုး႐ြက္ေလးမွာ

ကယ္လ္လိုရီ

ကာဗိုဟိုက္ဒရိတ္

ပ႐ိုတင္း

အမွ်င္ဓာတ္

ေဖာလိတ္

မဂၢနိ႔

သံဓာတ္

ကယ္လ္ဆီယမ္

ပိုတက္ဆီယမ္

ဗီတာမင္ B2 တို႔ ပါဝင္ေနပါတယ္။

တာအိုး႐ြက္ကေပးတဲ့ က်န္းမာေရး

ႂကြပ္ဆတ္ဆတ္ ခါးသက္သက္ တာအိုး႐ြက္ေလး စားသုံးေပးတာက

ကိုယ္အေလးခ်ိန္ ထိန္းညႇိေပးတယ္

တာအိုး႐ြက္မွာ ပါတဲ့ hydroxycinnamic acid တစ္မ်ိဳးျဖစ္တဲ့ chlorogenic acid က အစားစားၿပီးတဲ့အခါ ေသြးထဲမွာ သၾကားဓာတ္ ျဖစ္ေပၚမႈကို ေႏွးေစပါတယ္။ ကယ္လ္လိုရီ ပါဝင္မႈ နည္းၿပီး အမွ်င္ဓာတ္ ႂကြယ္ဝစြာ ပါဝင္ေနတာေၾကာင့္ အဝမလြန္ေအာင္ ထိန္းေပးသလို ကိုယ္အေလးခ်ိန္ကို ထိန္းညႇိေပးပါတယ္။ ဝိတ္က်ခ်င္သူတိုင္း စားေပးလို႔ရပါတယ္။

ဓာတ္တိုးဆန႔္က်င္ အာနိသင္ ႂကြယ္ဝတယ္

တာအိုး႐ြက္မွာပါတဲ့ chlorogenic acidက ဝိတ္က်ေစတာ အျပင္ ဓာတ္တိုးပစၥည္းေတြေၾကာင့္ ခႏၶာကိုယ္ ထိခိုက္တာမ်ိဳး မျဖစ္ေစဖို႔ ကာကြယ္ေပးပါတယ္။ ဒါ့အျပင္ တာအိုး႐ြက္မွာ ဓာတ္တိုးဆန႔္က်င္ပစၥည္းေတြ ျဖစ္ၾကတဲ့ flavonoids၊ ဗီတာမင္ နဲ႔ carotenoidsတို႔ ပါဝင္ေနၿပီး ဓာတ္တိုးပစၥည္းေတြေၾကာင့္ က်န္းမာေရးကို မထိခိုက္ေစဖို႔ ကာကြယ္ေပးပါတယ္။

ဓာတ္တိုးပစၥည္းေတြ မ်ားလာတဲ့အခါ ခံစားရႏိုင္တဲ့ ဆီးခ်ိဳ၊ ေသြးတိုး၊ ႏွလုံးေရာဂါ နဲ႔ ကင္ဆာလိုမ်ိဳး က်န္းမာေရး ျပႆနာေတြ မျဖစ္ေစဖို႔ ကာကြယ္ေပးပါတယ္။ အ႐ြယ္မတိုင္ခင္ အိုမင္းတာ၊ အေရးအေၾကာင္းေတြ ျဖစ္တာေတြ မျဖစ္ေစဖို႔ ကာကြယ္ေပးပါတယ္။

ပိုတက္ဆီယမ္ ႂကြယ္ဝတယ္

တာအိုး႐ြက္ ၁၀၀ ဂရမ္မွာ ပိုတက္ဆီယမ္ ၄၆၀ မီလိဂရမ္အထိ ပါဝင္ေနပါတယ္။ ငွက္ေပ်ာသီးထက္ ပိုတက္ဆီယမ္ ပိုမိုႂကြယ္ဝၿပီး ႏွလုံး က်န္းမာေစသလို ေသြးမတိုးေစဖို႔ ကာကြယ္ေပးပါတယ္။ ႂကြက္သားေတြကို က်ဳံ႕ဆန႔္အား ေကာင္းေစၿပီး အာ႐ုံေၾကာေတြကို က်န္းမာေစပါတယ္။

ေသြးေပါင္ခ်ိန္ကို အေကာင္းဆုံး ထိန္းညႇိေပးၿပီး ေသြးမတိုးေစဖို႔ ကာကြယ္ေပးသလို ေလျဖတ္တာ၊ ေက်ာက္ကပ္ ေက်ာက္တည္တာ၊ ေလပြတာ၊ အေၾကာျပတ္တာ နဲ႔ အ႐ိုး ပါးတာေတြ မျဖစ္ေစဖို႔ ကာကြယ္ေပးပါတယ္။

အဆုတ္ကင္ဆာ မျဖစ္ေစဖို႔ ကာကြယ္ေပးပါတယ္

အဆုတ္ ကင္ဆာ ျဖစ္ပြားမႈႏႈန္းက တစ္ေန႔ထက္တစ္ေန႔ ျမင့္တက္ လာေနပါတယ္။ ဒီျပႆနာကို ကာကြယ္ဖို႔ဆိုရင္ ဗီတာမင္ A ႂကြယ္ဝတဲ့ ဟင္းသီးဟင္း႐ြက္ေတြကို စားသုံးေပးလို႔ ရပါတယ္။

ဗီတာမင္ A ႂကြယ္ဝတဲ့ ဟင္းသီးဟင္း႐ြက္ေတြကို မၾကာခဏ စားသုံးေပးတာက အဆုတ္ကို က်န္းမာေစၿပီး အဆုတ္ ကင္ဆာ ခံစားရႏိုင္ေျခကို သိသိသာသာ ေလွ်ာ့ခ် ေပးပါတယ္။

(Unicode)

တာအိုးရွက် နဲ့ ကျန်းမာရေး

===================

ဟော့ပေါ့ထဲ ထည့်စားတတ်တဲ့ တာအိုးရွက်လေးက ကျန်းမာရေးကို ဘယ်လိုများ အထောက်အကူ ပေးလဲဆိုတာကို သိချင်တယ် ဆိုရင် ဒီ ဆောင်းပါးလေး ထဲမှာ ဖတ်ကြည့်လိုက်ပါ။

တာအိုးရွက် မှာပါတဲ့ အာဟာရ

သက်တတ်တတ် အရသာလေးနဲ့ ခပ်ကြွပ်ကြွပ် တာအိုးရွက်လေးမှာ

ကယ်လ်လိုရီ

ကာဗိုဟိုက်ဒရိတ်

ပရိုတင်း

အမျှင်ဓာတ်

ဖောလိတ်

မဂ္ဂနိ့

သံဓာတ်

ကယ်လ်ဆီယမ်

ပိုတက်ဆီယမ်

ဗီတာမင် B2 တို့ ပါဝင်နေပါတယ်။

တာအိုးရွက်ကပေးတဲ့ ကျန်းမာရေး

ကြွပ်ဆတ်ဆတ် ခါးသက်သက် တာအိုးရွက်လေး စားသုံးပေးတာက

ကိုယ်အလေးချိန် ထိန်းညှိပေးတယ်

တာအိုးရွက်မှာ ပါတဲ့ hydroxycinnamic acid တစ်မျိုးဖြစ်တဲ့ chlorogenic acid က အစားစားပြီးတဲ့အခါ သွေးထဲမှာ သကြားဓာတ် ဖြစ်ပေါ်မှုကို နှေးစေပါတယ်။ ကယ်လ်လိုရီ ပါဝင်မှု နည်းပြီး အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အဝမလွန်အောင် ထိန်းပေးသလို ကိုယ်အလေးချိန်ကို ထိန်းညှိပေးပါတယ်။ ဝိတ်ကျချင်သူတိုင်း စားပေးလို့ရပါတယ်။

ဓာတ်တိုးဆန့်ကျင် အာနိသင် ကြွယ်ဝတယ်

တာအိုးရွက်မှာပါတဲ့ chlorogenic acidက ဝိတ်ကျစေတာ အပြင် ဓာတ်တိုးပစ္စည်းတွေကြောင့် ခန္ဓာကိုယ် ထိခိုက်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ ဒါ့အပြင် တာအိုးရွက်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ဖြစ်ကြတဲ့ flavonoids၊ ဗီတာမင် နဲ့ carotenoidsတို့ ပါဝင်နေပြီး ဓာတ်တိုးပစ္စည်းတွေကြောင့် ကျန်းမာရေးကို မထိခိုက်စေဖို့ ကာကွယ်ပေးပါတယ်။

ဓာတ်တိုးပစ္စည်းတွေ များလာတဲ့အခါ ခံစားရနိုင်တဲ့ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ နဲ့ ကင်ဆာလိုမျိုး ကျန်းမာရေး ပြဿနာတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ အရွယ်မတိုင်ခင် အိုမင်းတာ၊ အရေးအကြောင်းတွေ ဖြစ်တာတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

ပိုတက်ဆီယမ် ကြွယ်ဝတယ်

တာအိုးရွက် ၁၀၀ ဂရမ်မှာ ပိုတက်ဆီယမ် ၄၆၀ မီလိဂရမ်အထိ ပါဝင်နေပါတယ်။ ငှက်ပျောသီးထက် ပိုတက်ဆီယမ် ပိုမိုကြွယ်ဝပြီး နှလုံး ကျန်းမာစေသလို သွေးမတိုးစေဖို့ ကာကွယ်ပေးပါတယ်။ ကြွက်သားတွေကို ကျုံ့ဆန့်အား ကောင်းစေပြီး အာရုံကြောတွေကို ကျန်းမာစေပါတယ်။

သွေးပေါင်ချိန်ကို အကောင်းဆုံး ထိန်းညှိပေးပြီး သွေးမတိုးစေဖို့ ကာကွယ်ပေးသလို လေဖြတ်တာ၊ ကျောက်ကပ် ကျောက်တည်တာ၊ လေပွတာ၊ အကြောပြတ်တာ နဲ့ အရိုး ပါးတာတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

အဆုတ်ကင်ဆာ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်

အဆုတ် ကင်ဆာ ဖြစ်ပွားမှုနှုန်းက တစ်နေ့ထက်တစ်နေ့ မြင့်တက် လာနေပါတယ်။ ဒီပြဿနာကို ကာကွယ်ဖို့ဆိုရင် ဗီတာမင် A ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်တွေကို စားသုံးပေးလို့ ရပါတယ်။

ဗီတာမင် A ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်တွေကို မကြာခဏ စားသုံးပေးတာက အဆုတ်ကို ကျန်းမာစေပြီး အဆုတ် ကင်ဆာ ခံစားရနိုင်ခြေကို သိသိသာသာ လျှော့ချ ပေးပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win|ရေးသားသူ Aye Thi Mon
Crd:Helloဆရာဝန်


Leave a Reply

Your email address will not be published. Required fields are marked *

*