အထင်မသေးသင့်တဲ့ ကိုယ်ခံအားအတွက်အကောင်းဆုံး အရိုးစွပ်ပြုတ်ရည်

(Zawgyi)

အထင္မေသးသင့္တဲ့ ကိုယ္ခံအားအတြက္အေကာင္းဆုံး အ႐ိုးစြပ္ျပဳတ္ရည္
== == == == == == == == == == == === == == ======

စြပ္ျပဳတ္ဆိုတာ ေနမေကာင္းတဲ့အခ်ိန္ တိုက္ေကြၽးၾကတဲ့လူမမာစာပဲေလ။ ေနမေကာင္းတဲ့အခ်ိန္ေတာ့ ၾကက္စြပ္ျပဳတ္က အသင့္ေတာ္ဆုံးေပါ့။ ဒါေပမယ့္ ဘာအသားျဖစ္ျဖစ္ အ႐ိုးျပဳတ္ရည္က ခႏၶာကိုယ္အတြက္ အျပည့္အဝအားျဖစ္ေစတာ ေသခ်ာပါတယ္။ လူႀကိဳက္မ်ားၾကတဲ့ ေၾကးအိုး၊ ေဟာ့ေပ့ါ တို႔ဆိုတာလည္း ၾကာၾကာတည္ထားတဲ့ အ႐ိုးစြပ္ျပဳတ္ရည္ ေတြကို အေျခခံတဲ့ အစားအစာေတြပါ။

အဲဒါေၾကာင့္ အ႐ိုးဆိုလို႔ အထင္မေသးနဲ႔လို႔ေျပာတာ။ ေငြကုန္ေၾကးက်မမ်ားဘဲ ကိုယ္ခံအားေကာင္းေစမယ့္ ေဆးတစ္ခြက္ကိုရႏိုင္တာပဲ နည္းလားလို႔။ အ႐ိုးစြပ္ျပဳတ္ရည္ က ဘာလို႔အက်ိဳးေက်းဇူးမ်ားတယ္လို႔ ေျပာရတာလဲဆိုတာ ဆက္သာဖတ္ၾကည့္လိုက္ပါေတာ့…

(၁) အေရးႀကီးတဲ့ ဗီတာမင္နဲ႔ သတၱဳဓာတ္ေတြပါဝင္တယ္။
ၿခဳံေျပာရရင္ အာဟာရပါဝင္မႈသိပ္မ်ားပါတယ္။ အ႐ိုးျပဳတ္ရည္မွာ ကယ္လ္စီယမ္၊ ပိုတက္စီယမ္၊ ေဖာ့စဖရပ္စ္နဲ႔ တျခားသတၱဳဓာတ္ေတြႂကြယ္ဝတယ္။ ငါး႐ိုး (ငါးဖယ္႐ိုး၊ ငါးေခါင္းဟင္းခ်ိဳ၊ မုန႔္ဟင္းခါး) ျပဳတ္ရည္ေတြဆို သိုင္း႐ြိဳက္လုပ္ေဆာင္ခ်က္က်န္းမာေစဖို႔ မရွိမျဖစ္အေရးပါတဲ့ အိုင္အိုဒင္းဓာတ္ ပါဝင္တာလည္း ပိုပါေသးတယ္။

သူတို႔ေတြမွာပါဝင္တဲ့ တြယ္ဆက္တစ္ရႉးေတြကေန ဂလူကိုဆာမိုက္ နဲ႔ ခြန္ဒ႐ြိဳက္တင္ တို႔လို သဘာဝျဒပ္ေပါင္းေတြရရွိႏိုင္လို႔ အ႐ိုးက်န္းမာေရးအတြက္ ေကာင္းပါတယ္။

႐ိုးတြင္းျခင္ဆီကေန ဗီတာမင္ A၊ ဗီတာမင္ K2 တို႔အျပင္ ဇင့္၊ သံဓာတ္၊ မဂၢနိစ္နဲ႔ ဆယ္လီနီယမ္၊ အိုမီဂါ-3၊ အိုမီဂါ-6 အက်ိဳးျပဳအဆီဓာတ္ေတြ ရရွိႏိုင္တယ္။ အ႐ိုးျပဳတ္ရည္ကေန ေကာ္လာဂ်င္ဓာတ္ေတြ ရႏိုင္ေသးတယ္။

(၂) အစာေျခစနစ္အတြက္ ေကာင္းတယ္။
အ႐ိုးျပဳတ္ရည္မွာပါတဲ့ gelatin က အစာအိမ္နဲ႔အူလမ္းေၾကာင္းတေလွ်ာက္မွာ အစာေတြေ႐ြ႕လ်ားမႈ၊ ေခ်ဖ်က္မႈ၊ ခ်က္လုပ္မႈ၊ စြန႔္ထုတ္မႈေတြ ေခ်ာေမြ႕လြယ္ကူေစဖို႔ အေထာက္အကူေပးတယ္။ သူက အစာေျခလမ္းေၾကာင္းရဲ႕အခြၽဲနံရံကို ကာကြယ္ေပး၊ ကုသေပးႏိုင္တယ္လို႔ ေလ့လာေတြ႕ရွိထားပါတယ္။

Gelatin မွာပါတဲ့ အမိုင္ႏိုအက္စစ္တစ္မ်ိဳး(glutamine) က အူနံရံရဲ႕လုပ္ေဆာင္ခ်က္ကို ထိန္းကူေပးလို႔ အူနံရံေသြးယိုျခင္းမျဖစ္ေအာင္ ကာကြယ္ေပးႏိုင္ပါတယ္။ ဒါ့ေၾကာင့္ အူလမ္းေၾကာင္းနဲ႔ဆိုင္တဲ့ ေရာဂါရွိသူေတြအတြက္ သင့္ေတာ္တဲ့ဓာတ္စာတစ္မ်ိဳးျဖစ္ပါတယ္။

(၃) ေရာင္ရမ္းမႈေတြ ေလ်ာ့က်ေစတယ္။
အ႐ိုးျပဳတ္ရည္မွာေတြ႕ရတဲ့ glycine နဲ႔ arginine ဆိုတဲ့ အမိုင္ႏိုအက္စစ္ႏွစ္မ်ိဳးက ေရာင္ရမ္းမႈေတြကို ေလ်ာ့က်ေစႏိုင္စြမ္း ျပည့္ဝပါတယ္။ အထူးသျဖင့္ arginine က အဝလြန္ျခင္းေၾကာင့္ျဖစ္တဲ့ ေရာင္ရမ္းမႈေတြကို ေလ်ာ့ပါးေစပါတယ္။

(၄) အ႐ိုးအဆစ္က်န္းမာေရးကို ပိုေကာင္းေစတယ္။
ေကာ္လာဂ်င္ဆိုတာ အ႐ိုး၊ အ႐ြတ္နဲ႔ အ႐ြတ္တြဲေတြမွာ ေတြ႕ရတဲ့ အဓိကပ႐ိုတင္းျဖစ္ပါတယ္။ အ႐ိုးျပဳတ္ရည္ကို ၾကာၾကာတည္တဲ့အခါမွသာ gelatin ပ႐ိုတင္းအျဖစ္ ၿပိဳကြဲျဖစ္ေပၚလာပါတယ္။ gelatin မွာေတာ့ အ႐ိုးအဆစ္က်န္းမာေရးအတြက္ အားျဖည့္ေပးတဲ့ အေရးႀကီးအမိုင္ႏိုအက္စစ္ေတြ ပါဝင္ပါတယ္။ အ႐ြတ္ထိခိုက္သူေတြအျပင္ ေလးဖက္နာအဆစ္ေရာင္လိုမ်ိဳး ေရာဂါရွိသူေတြအတြက္ အ႐ိုးျပဳတ္ရည္ေသာက္သုံးဖို႔ သင့္ပါတယ္။

(၅) ဝိတ္ခ်ရာမွာ အသုံးဝင္တယ္။
အ႐ိုးစြပ္ျပဳတ္က အဆီမပါ၊ ကယ္လိုရီနည္းေပမယ့္ မၾကာခဏမဆာေအာင္ ဗိုက္ျပည့္တင္းတိမ္ ေစႏိုင္ပါတယ္။ ဒါ့ေၾကာင့္ အဆီခ် diet plan ထဲမွာ ဟင္းသီးဟင္း႐ြက္ခတ္တဲ့ စြပ္ျပဳတ္တစ္ခြက္ ပါသင့္ပါတယ္။ သူ႔ရဲ႕ gelatin က ႏို႔ထြက္ပစၥည္းေတြမွာပါတဲ့ ပ႐ိုတင္း casein ထက္ ပိုၿပီး ဆာေလာင္မႈကို ေလ်ာ့ေစႏိုင္ပါလိမ့္မယ္။

(၆) အိပ္ေပ်ာ္ေစတယ္၊ ဦးေႏွာက္လုပ္ေဆာင္ခ်က္ကို ပိုေကာင္းေစတယ္။
အ႐ိုးျပဳတ္ရည္မွာပါတဲ့ glycine အမိုင္ႏိုအက္စစ္က အိပ္စက္ျခင္းကို အေထာက္အကူေပးႏိုင္တာမို႔ ညဘက္အိပ္မေပ်ာ္တဲ့သူေတြအတြက္ အဆင္ေျပပါတယ္။ ဒါ့အျပင္ စိတ္ပိုင္းဆိုင္ရာစြမ္းရည္နဲ႔ မွတ္ဉာဏ္စြမ္းရည္ေတြကို ပိုေကာင္းေစပါတယ္။

ဒီေလာက္အာဟာရဓာတ္ေတြျပည့္ဝေနတဲ့ အ႐ိုးျပဳတ္ရည္မွာ အသား၊ ငါး၊ အသီးအ႐ြက္ေတြ စုံေအာင္ထည့္ေသာက္႐ုံနဲ႔ တစ္ေန႔တာခြန္အားကို အျပည့္ရႏိုင္တယ္၊ ကိုယ္ခံအားစနစ္ကို အားျဖည့္ႏိုင္လို႔ ေတာ္တန္႐ုံေရာဂါေတြကို ကာကြယ္ခုခံႏိုင္စြမ္းရွိပါလိမ့္မယ္ေနာ္။

(Unicode)

အထင်မသေးသင့်တဲ့ ကိုယ်ခံအားအတွက်အကောင်းဆုံး အရိုးစွပ်ပြုတ်ရည်
== == == == == == == == == == == === == == ======

စွပ်ပြုတ်ဆိုတာ နေမကောင်းတဲ့အချိန် တိုက်ကျွေးကြတဲ့လူမမာစာပဲလေ။ နေမကောင်းတဲ့အချိန်တော့ ကြက်စွပ်ပြုတ်က အသင့်တော်ဆုံးပေါ့။ ဒါပေမယ့် ဘာအသားဖြစ်ဖြစ် အရိုးပြုတ်ရည်က ခန္ဓာကိုယ်အတွက် အပြည့်အဝအားဖြစ်စေတာ သေချာပါတယ်။ လူကြိုက်များကြတဲ့ ကြေးအိုး၊ ဟော့ပေ့ါ တို့ဆိုတာလည်း ကြာကြာတည်ထားတဲ့ အရိုးစွပ်ပြုတ်ရည် တွေကို အခြေခံတဲ့ အစားအစာတွေပါ။

အဲဒါကြောင့် အရိုးဆိုလို့ အထင်မသေးနဲ့လို့ပြောတာ။ ငွေကုန်ကြေးကျမများဘဲ ကိုယ်ခံအားကောင်းစေမယ့် ဆေးတစ်ခွက်ကိုရနိုင်တာပဲ နည်းလားလို့။ အရိုးစွပ်ပြုတ်ရည် က ဘာလို့အကျိုးကျေးဇူးများတယ်လို့ ပြောရတာလဲဆိုတာ ဆက်သာဖတ်ကြည့်လိုက်ပါတော့…

(၁) အရေးကြီးတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေပါဝင်တယ်။
ခြုံပြောရရင် အာဟာရပါဝင်မှုသိပ်များပါတယ်။ အရိုးပြုတ်ရည်မှာ ကယ်လ်စီယမ်၊ ပိုတက်စီယမ်၊ ဖော့စဖရပ်စ်နဲ့ တခြားသတ္တုဓာတ်တွေကြွယ်ဝတယ်။ ငါးရိုး (ငါးဖယ်ရိုး၊ ငါးခေါင်းဟင်းချို၊ မုန့်ဟင်းခါး) ပြုတ်ရည်တွေဆို သိုင်းရွိုက်လုပ်ဆောင်ချက်ကျန်းမာစေဖို့ မရှိမဖြစ်အရေးပါတဲ့ အိုင်အိုဒင်းဓာတ် ပါဝင်တာလည်း ပိုပါသေးတယ်။

သူတို့တွေမှာပါဝင်တဲ့ တွယ်ဆက်တစ်ရှူးတွေကနေ ဂလူကိုဆာမိုက် နဲ့ ခွန်ဒရွိုက်တင် တို့လို သဘာဝဒြပ်ပေါင်းတွေရရှိနိုင်လို့ အရိုးကျန်းမာရေးအတွက် ကောင်းပါတယ်။

ရိုးတွင်းခြင်ဆီကနေ ဗီတာမင် A၊ ဗီတာမင် K2 တို့အပြင် ဇင့်၊ သံဓာတ်၊ မဂ္ဂနိစ်နဲ့ ဆယ်လီနီယမ်၊ အိုမီဂါ-3၊ အိုမီဂါ-6 အကျိုးပြုအဆီဓာတ်တွေ ရရှိနိုင်တယ်။ အရိုးပြုတ်ရည်ကနေ ကော်လာဂျင်ဓာတ်တွေ ရနိုင်သေးတယ်။

(၂) အစာခြေစနစ်အတွက် ကောင်းတယ်။
အရိုးပြုတ်ရည်မှာပါတဲ့ gelatin က အစာအိမ်နဲ့အူလမ်းကြောင်းတလျှောက်မှာ အစာတွေရွေ့လျားမှု၊ ချေဖျက်မှု၊ ချက်လုပ်မှု၊ စွန့်ထုတ်မှုတွေ ချောမွေ့လွယ်ကူစေဖို့ အထောက်အကူပေးတယ်။ သူက အစာခြေလမ်းကြောင်းရဲ့အချွဲနံရံကို ကာကွယ်ပေး၊ ကုသပေးနိုင်တယ်လို့ လေ့လာတွေ့ရှိထားပါတယ်။

Gelatin မှာပါတဲ့ အမိုင်နိုအက်စစ်တစ်မျိုး(glutamine) က အူနံရံရဲ့လုပ်ဆောင်ချက်ကို ထိန်းကူပေးလို့ အူနံရံသွေးယိုခြင်းမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် အူလမ်းကြောင်းနဲ့ဆိုင်တဲ့ ရောဂါရှိသူတွေအတွက် သင့်တော်တဲ့ဓာတ်စာတစ်မျိုးဖြစ်ပါတယ်။

(၃) ရောင်ရမ်းမှုတွေ လျော့ကျစေတယ်။
အရိုးပြုတ်ရည်မှာတွေ့ရတဲ့ glycine နဲ့ arginine ဆိုတဲ့ အမိုင်နိုအက်စစ်နှစ်မျိုးက ရောင်ရမ်းမှုတွေကို လျော့ကျစေနိုင်စွမ်း ပြည့်ဝပါတယ်။ အထူးသဖြင့် arginine က အဝလွန်ခြင်းကြောင့်ဖြစ်တဲ့ ရောင်ရမ်းမှုတွေကို လျော့ပါးစေပါတယ်။

(၄) အရိုးအဆစ်ကျန်းမာရေးကို ပိုကောင်းစေတယ်။
ကော်လာဂျင်ဆိုတာ အရိုး၊ အရွတ်နဲ့ အရွတ်တွဲတွေမှာ တွေ့ရတဲ့ အဓိကပရိုတင်းဖြစ်ပါတယ်။ အရိုးပြုတ်ရည်ကို ကြာကြာတည်တဲ့အခါမှသာ gelatin ပရိုတင်းအဖြစ် ပြိုကွဲဖြစ်ပေါ်လာပါတယ်။ gelatin မှာတော့ အရိုးအဆစ်ကျန်းမာရေးအတွက် အားဖြည့်ပေးတဲ့ အရေးကြီးအမိုင်နိုအက်စစ်တွေ ပါဝင်ပါတယ်။ အရွတ်ထိခိုက်သူတွေအပြင် လေးဖက်နာအဆစ်ရောင်လိုမျိုး ရောဂါရှိသူတွေအတွက် အရိုးပြုတ်ရည်သောက်သုံးဖို့ သင့်ပါတယ်။

(၅) ဝိတ်ချရာမှာ အသုံးဝင်တယ်။
အရိုးစွပ်ပြုတ်က အဆီမပါ၊ ကယ်လိုရီနည်းပေမယ့် မကြာခဏမဆာအောင် ဗိုက်ပြည့်တင်းတိမ် စေနိုင်ပါတယ်။ ဒါ့ကြောင့် အဆီချ diet plan ထဲမှာ ဟင်းသီးဟင်းရွက်ခတ်တဲ့ စွပ်ပြုတ်တစ်ခွက် ပါသင့်ပါတယ်။ သူ့ရဲ့ gelatin က နို့ထွက်ပစ္စည်းတွေမှာပါတဲ့ ပရိုတင်း casein ထက် ပိုပြီး ဆာလောင်မှုကို လျော့စေနိုင်ပါလိမ့်မယ်။

(၆) အိပ်ပျော်စေတယ်၊ ဦးနှောက်လုပ်ဆောင်ချက်ကို ပိုကောင်းစေတယ်။
အရိုးပြုတ်ရည်မှာပါတဲ့ glycine အမိုင်နိုအက်စစ်က အိပ်စက်ခြင်းကို အထောက်အကူပေးနိုင်တာမို့ ညဘက်အိပ်မပျော်တဲ့သူတွေအတွက် အဆင်ပြေပါတယ်။ ဒါ့အပြင် စိတ်ပိုင်းဆိုင်ရာစွမ်းရည်နဲ့ မှတ်ဉာဏ်စွမ်းရည်တွေကို ပိုကောင်းစေပါတယ်။

ဒီလောက်အာဟာရဓာတ်တွေပြည့်ဝနေတဲ့ အရိုးပြုတ်ရည်မှာ အသား၊ ငါး၊ အသီးအရွက်တွေ စုံအောင်ထည့်သောက်ရုံနဲ့ တစ်နေ့တာခွန်အားကို အပြည့်ရနိုင်တယ်၊ ကိုယ်ခံအားစနစ်ကို အားဖြည့်နိုင်လို့ တော်တန်ရုံရောဂါတွေကို ကာကွယ်ခုခံနိုင်စွမ်းရှိပါလိမ့်မယ်နော်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win | ရေးသားသူ Yun Sandi Nan Mon
Hello ဆရာဝန်


Leave a Reply

Your email address will not be published. Required fields are marked *

*