အူကိုကျန်းမာစေနိုင်တဲ့ အကောင်းဆုံးအစားအစာများ

(Zawgyi)

== == == == == == == == == == == == == ==

၁။ ကြက်သွန်နီ


၂။ Kimchi


၃။ Miso


၎။ အုန်းစိမ်းရေ


၅။ ဒိန်ချဉ်


၆။ ပန်းသီးရှာလကာရည်


(Unicode)

အူကိုကျန်းမာစေနိုင်တဲ့ အကောင်းဆုံးအစားအစာများ
== == == == == == == == == == == == == ==
အူကျန်းမာရေးကို ထိန်းသိမ်းရတာလည်းက နှလုံးသွေးကြောဆိုင်ရာကျန်းမာရေးကို ထိန်းသိမ်းသလို ပါပဲ။အလွန်ကိုအရေးကြီးလှပါတယ်။ ကျန်းမာတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ဖို့အတွက် အူကျန်းမာဖို့လည်းအဓိက ကျလှပါတယ်။ အူမကျန်းမာရင် ဝမ်းချုပ်ခြင်း၊ အူရောင်ခြင်းနှင့် အူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကိုဖြစ်နိုင်ပါတယ်။ အူကျန်းမာဖို့အတွက် ဘယ်လိုအစားအစာတွေကို စားသုံးပေးသင့်သလဲဆိုတာကိုပြောပြပေးလိုက်ပါတယ်နော်။

၁။ ကြက်သွန်နီ

probiotics သည် အူကိုကျန်းမာစေတာကိုလူသိများလှပါတယ်။ ကြက်သွန်နီဆိုတာက မီးဖိုချောင်မှာ မရှိမဖြစ်လိုအပ်ပါတယ်။ ကြက်သွန်နီမှာ အကောင်ကိုက်လို့အဆိပ်သင့်တာဖြစ်စေ၊ အစာဓာတ်မတည့်တာတွေအတွက်ခံစားနေရတဲ့ ဝေဒနာတွေကို လျော့ပါးသက်သာစေနိုင်ပါတယ်။ ကြက်သွန်နီမှာ ရောင်ရမ်းတာတွေကို လျော့ကျစေနိုင်တဲ့ အစွမ်းသတ္တိတွေ ပါဝင်နေပါတယ်။ ဒါ့အပြင် အူထဲရှိ အစာဟောင်များကိုလည်း စွန့်ထုတ်စေနိုင်တဲ့ ဖိုင်ဘာနဲ့ သတ္တုဓာတ်တွေပါဝင်တာကြောင့် အူကိုလည်း ကောင်းမွန်စွာ လည်ပတ်စေနိုင်ပါတယ်။

၂။ Kimchi

Kimchi မှာ probiotics များကြွယ်ဝစွာပါဝင်တာကြောင့် နေ့စဉ်စားသုံးပေးသင့်ပါတယ်။ အစာခြေစနစ်နဲ့ အစာခြေလမ်းကြောင်းတွေကို ကောင်းမွန်စွာရွေ့လျားစေနိုင်ပါတယ်။ ဒါ့အပြင်က Kimchi က အစာအိမ်ပြဿနာများ၊ အူရောင်ခြင်းနဲ့ ဝမ်းချုပ်ခြင်းတွေကိုလည်း ကုသပေးနိုင်ပါတယ်။

၃။ Miso

အစာအိမ်နဲ့ အူလမ်းကြောင်းရောဂါများကို ကုသတဲ့အခါမှာ Misou ယုံကြည်စိတ်ချစွာ စားသုံးပေးနိုင်ပါတယ်။ အူအတွင်းမှာ လိုအပ်တဲ့ ပရိုတင်း၊ ဖိုင်ဘာနဲ့ probiotic လည်းပါဝင်တာကြာင့် အူကျန်းမာရေးကို များစွာ အထောက်အကူဖြစ်စေနိုင်ပါတယ်။

၄။ အုန်းစိမ်းရေ

အာဟာရဗေဒပညာရှင်တွေရဲ့ လေ့လာမှုအရ ရောဂါပိုးမွှားတိုက်ဖျက်ရာတွင် အုန်းစိမ်းရေးက များစွာ အထောက်အကူဖြစ်စေနိုင်ပါတယ်။ ရောဂါပိုးမွှားတွေကိုတိုက်ဖျက်ပေးနိုင်တဲ့ ဂုဏ်သတ္တိတွေလည်း ပါဝင်တာကြောင့်နေ့စဉ်သောက်သုံးပေးသင့်ပါတယ်။ ဒါ့အပြင် အစာအိမ်အတွင်းရှိ အချဉ်ဓာတ်ပမာဏကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။

၅။ ဒိန်ချဉ်

ဒိန်ချဉ်သည် အူမကြီးကို ကျန်းမာစေနိုင်တဲ့အပြင် အူသိမ်အူမရောဂါများကိုကုသရာတွင် မရှိမဖြစ်လိုအပ်တဲ့ probiotics များနှင့် ပြည့်နှက်နေပါတယ်။ ဒိန်ချဉ်မှာ အစာခြေရာတွင် အထောက်အကူဖြစစေနိုင်တဲ့ အင်ဇိုင်းနဲ့ဖိုင်ဘာဓာတ်တွေ ကြွယ်ဝတဲ့ အရင်းအမြစ်တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် အူကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့အစားအစာတွေထဲမှာ ဒိန်ချဉ်ပါဝင်နေတာပဲဖြစ်ပါတယ်။

၆။ ပန်းသီးရှာလကာရည်

ပန်းသီးရှာကလာရည်က အစာခြေစနစ်အတွက် အထောက်အကူပြုရုံသာမက ဝမ်းချုပ်ခြင်းကိုလည်း သက်သာစေနိုင်ပါတယ်။ အာဟာရပညာရှင်တွေရဲ့ အကြုံပြုချက်တွေအရ အူရောင်ရောဂါခံစားနေရတဲ့အချိန်မှာ ပန်းသီးရှာလကာရည်ကိုသောက်သုံးပေးသင့်ကြောင့် ဖော်ပြထားပါတယ်။ ဒါပေမယ့် ကျန်းမာရေးအခြေအနေအရ ဆေးဝါးအဖြစ်သုံးစွဲတော့မယ်ဆိုရင်တော့ ဆရာဝန်တွေနဲ့ သေချာပြသသင့်ကြောင်းကိုလည် အကြံပြုလိုက်ပါတယ်နော်။
Crd,myanmaplaforn


Leave a Reply

Your email address will not be published. Required fields are marked *

*