ဒံေပါက္၊ အုန္းႏို႕၊ မွ်စ္ခ်ဥ္၊ ဒညင္းသီး၊ မန္က်ည္းသီးတို႔ကို အႏၲရာယ္ကင္းေအာင္ စားေသာက္နည္းမ်ား

(Zawgyi)

ဒံေပါက္၊ အုန္းႏို.၊ မွ်စ္ခ်ဥ္၊ ဒညင္းသီး၊မန္က်ည္းသီး တို႔ကို အႏၲရာယ္ကင္းေအာင္ စားေသာက္နည္းမ်ား

အဆီအအိမ့္ မ်ားလြန္းေသာ ဒံေပါက္ထမင္း ႀကိဳက္သူမ်ား ဒံေပါက္ မစားမီ ေရွ႕တြင္ရွိေသာ ပန္းကန္ထဲမွ ပူဒီနံ ႐ြက္မ်ားကို အရင္ ဝါးစားၿပီးမွ ထမင္းစားပါ။ အဆိပ္အေတာက္ ကင္းပါသည္။ အုန္းႏို႔၊ ငံျပာရည္၊ ၾကက္ဥ အႏွစ္တို႔ ပါေသာ မုန႔္ဟင္းခါး၊ အုန္းႏို႔ ေခါက္ဆြဲ ႀကိဳက္သူမ်ား ေရွးဦးစြာ မစားမီ သံပုရာသီးစိတ္မ်ားကို ယူ၍ ဇြန္းထဲတြင္ အရည္ညႇစ္ခ်ပါ။ ရလာေသာ ဇြန္းဝက္ခန႔္ သံပုရာရည္မ်ားကို အရင္ေသာက္ ခ်ၿပီးမွ မုန႔္မ်ားကို စားပါကအႏၲရာယ္ ကင္းေသာနည္း ျဖစ္ပါသည္။ အဆိပ္အေတာက္မ်ားေသာ အသည္းအတြက္မေကာင္းေသာ မွ်စ္ခ်ဥ္ကိုလုံးဝ မစားဘဲေနက အႏၲရာယ္ကင္းပါသည္။

စိတ္မခိုင္၍ စားလိုပါက မွ်စ္ခ်ဥ္ထဲသို႔ သံပုရာရည္အႏွံ႔ ညႇစ္ခ်ၿပီး နာနာနယ္၍ေရေဆးၿပီး စစ္ထားပါ။ ၿပီးမွ မိမိစိတ္ႀကိဳက္ ခ်က္စားပါ။ သို႔မဟုတ္-မွ်စ္ခ်ဥ္ခ်က္ထဲသို႔ သံပုရာရည္ ညႇစ္ခ်ၿပီး ေမႊေႏွာက္ကာ ဟင္းအိုးကို မီးဖိုမွခ်၍ သုံးေဆာင္ပါ။ အဆိပ္အေတာက္ နည္းသြားပါသည္။

ျမန္မာ့ ႐ိုးရာအစားအစာ ျဖစ္ေသာ လက္ဖက္ကို လက္ဖက္ ႀကိဳက္သူမ်ား ျပဳျပင္၍ စားႏိုင္ပါသည္။ ပထမဦးစြာ လက္ဖက္ကို ဆား၊ သံပုရာရည္ တို႔ျဖင့္ နာနာ ပြတ္နယ္၍ ေရေဆးပါ။ ေရညႇစ္ပါ။ ၂-ႀကိမ္ခန႔္ ထိုသို႔ ျပဳလုပ္ၿပီးမွ ႀကိဳက္ႏွစ္သက္သလို သုပ္စားပါ။အိမ္ရွင္မအခ်ိဳ႕ သည္ မန္းက်ည္းသီး စိမ္းကို အေပၚမွ အေပြးခြံ ျဖစ္မပစ္ဘဲ ခ်က္စားေလ့ ရွိပါသည္။ မန္းက်ည္းသီးေပြး ညိဳညစ္ညစ္မ်ားကို ဓားႏွင့္ ျခစ္ခ်ၿပီး ဆားႏွင့္နယ္ၿပီး အတြင္းမွ စိမ္းဖန႔္ဖန႔္ မန္းက်ည္းသီးသား ေပၚလာမွ ေထာင္း၍ ခ်က္စားပါ။ရင္က်ပ္ေရာဂါ မျဖစ္ႏိုင္ပါ။

လူတိုင္းလိုလို ႀကိဳက္ႏွစ္သက္ေသာ ဒညင္းသီးကို စား၍ ျဖစ္ေသာ ေရာဂါမွာ ေဆးကုသ၍ မရပါဟုပင္ တခ်ိဳ႕ေသာဆရာဝန္မ်ား ေျပာၾကား ၾကပါသည္။ မသင့္တာကိုမွ စားလိုေသာ လူတို႔ ဗီဇအရ ဒညင္းသီး စားလိုပါကပထမ နာနတ္သီးခြံ (သို႔မဟုတ္) မီးေသြး(သို႔မဟုတ္) ဆန္လက္တဆုပ္ထည့္ကာ တစ္ေရျပဳတ္ပါ။ အခြံပြ လာလွ်င္ မီးဖိုမွခ်၍ အခြံသင္။ ထန္းလ်က္ အေသးစား ၂-လုံးခန႔္ ထည့္ၿပီး ေနာက္ထပ္ ႏွစ္ႀကိမ္ ျပန္ျပဳတ္ပါ။ ေရခန္းမွ ခ်၍ သုံးေဆာင္ပါ။ အႏၲရာယ္ကင္း၍ ခံတြင္းနံ႔လည္း ရွင္းပါသည္။တနည္းမွာ—ဒညင္းသီးျပဳတ္မွ အေညႇာက္ ကေလးမ်ားကို ဖယ္စားပါက ေသြးတက္မႈ ကင္းပါသည္။

Credit-Phyu Thae

နကၡတၱေရာင္ျခည္မဂၢဇင္း

(Unicode)

ဒံပေါက်၊ အုန်းနို.၊ မျှစ်ချဉ်၊ ဒညင်းသီး၊မန်ကျည်းသီး တို့ကို အန္တရာယ်ကင်းအောင် စားသောက်နည်းများ

အဆီအအိမ့် များလွန်းသော ဒံပေါက်ထမင်း ကြိုက်သူများ ဒံပေါက် မစားမီ ရှေ့တွင်ရှိသော ပန်းကန်ထဲမှ ပူဒီနံ ရွက်များကို အရင် ဝါးစားပြီးမှ ထမင်းစားပါ။ အဆိပ်အတောက် ကင်းပါသည်။ အုန်းနို့၊ ငံပြာရည်၊ ကြက်ဥ အနှစ်တို့ ပါသော မုန့်ဟင်းခါး၊ အုန်းနို့ ခေါက်ဆွဲ ကြိုက်သူများ ရှေးဦးစွာ မစားမီ သံပုရာသီးစိတ်များကို ယူ၍ ဇွန်းထဲတွင် အရည်ညှစ်ချပါ။ ရလာသော ဇွန်းဝက်ခန့် သံပုရာရည်များကို အရင်သောက် ချပြီးမှ မုန့်များကို စားပါကအန္တရာယ် ကင်းသောနည်း ဖြစ်ပါသည်။ အဆိပ်အတောက်များသော အသည်းအတွက်မကောင်းသော မျှစ်ချဉ်ကိုလုံးဝ မစားဘဲနေက အန္တရာယ်ကင်းပါသည်။

စိတ်မခိုင်၍ စားလိုပါက မျှစ်ချဉ်ထဲသို့ သံပုရာရည်အနှံ့ ညှစ်ချပြီး နာနာနယ်၍ရေဆေးပြီး စစ်ထားပါ။ ပြီးမှ မိမိစိတ်ကြိုက် ချက်စားပါ။ သို့မဟုတ်-မျှစ်ချဉ်ချက်ထဲသို့ သံပုရာရည် ညှစ်ချပြီး မွှေနှောက်ကာ ဟင်းအိုးကို မီးဖိုမှချ၍ သုံးဆောင်ပါ။ အဆိပ်အတောက် နည်းသွားပါသည်။

မြန်မာ့ ရိုးရာအစားအစာ ဖြစ်သော လက်ဖက်ကို လက်ဖက် ကြိုက်သူများ ပြုပြင်၍ စားနိုင်ပါသည်။ ပထမဦးစွာ လက်ဖက်ကို ဆား၊ သံပုရာရည် တို့ဖြင့် နာနာ ပွတ်နယ်၍ ရေဆေးပါ။ ရေညှစ်ပါ။ ၂-ကြိမ်ခန့် ထိုသို့ ပြုလုပ်ပြီးမှ ကြိုက်နှစ်သက်သလို သုပ်စားပါ။အိမ်ရှင်မအချို့ သည် မန်းကျည်းသီး စိမ်းကို အပေါ်မှ အပွေးခွံ ဖြစ်မပစ်ဘဲ ချက်စားလေ့ ရှိပါသည်။ မန်းကျည်းသီးပွေး ညိုညစ်ညစ်များကို ဓားနှင့် ခြစ်ချပြီး ဆားနှင့်နယ်ပြီး အတွင်းမှ စိမ်းဖန့်ဖန့် မန်းကျည်းသီးသား ပေါ်လာမှ ထောင်း၍ ချက်စားပါ။ရင်ကျပ်ရောဂါ မဖြစ်နိုင်ပါ။

လူတိုင်းလိုလို ကြိုက်နှစ်သက်သော ဒညင်းသီးကို စား၍ ဖြစ်သော ရောဂါမှာ ဆေးကုသ၍ မရပါဟုပင် တချို့သောဆရာဝန်များ ပြောကြား ကြပါသည်။ မသင့်တာကိုမှ စားလိုသော လူတို့ ဗီဇအရ ဒညင်းသီး စားလိုပါကပထမ နာနတ်သီးခွံ (သို့မဟုတ်) မီးသွေး(သို့မဟုတ်) ဆန်လက်တဆုပ်ထည့်ကာ တစ်ရေပြုတ်ပါ။ အခွံပွ လာလျှင် မီးဖိုမှချ၍ အခွံသင်။ ထန်းလျက် အသေးစား ၂-လုံးခန့် ထည့်ပြီး နောက်ထပ် နှစ်ကြိမ် ပြန်ပြုတ်ပါ။ ရေခန်းမှ ချ၍ သုံးဆောင်ပါ။ အန္တရာယ်ကင်း၍ ခံတွင်းနံ့လည်း ရှင်းပါသည်။တနည်းမှာ—ဒညင်းသီးပြုတ်မှ အညှောက် ကလေးများကို ဖယ်စားပါက သွေးတက်မှု ကင်းပါသည်။

Credit-Phyu Thae

နက္ခတ္တရောင်ခြည်မဂ္ဂဇင်း


Leave a Reply

Your email address will not be published. Required fields are marked *

*