(Zawgyi)
အ႐ြယ္မတိုင္ခင္ အိုမင္းရင့္ေရာ္မႈကို ျမန္ဆန္စြာ ျဖစ္ေပၚလာေစမယ့္ အစားအစာ(၄)မ်ိဳး
====================================
လူတစ္ေယာက္ အ႐ြယ္ႏုပ်ိဳတယ္ဆိုတာကလည္း သူ႔ရဲ႕ ေနထိုင္စားေသာက္ပုံေတြနဲ႔ အမ်ားႀကီး သက္ဆိုင္ေနပါတယ္ေနာ္။ အသားငါးနဲ႔ အသီးအ႐ြက္မ်ားမ်ား စားတတ္တဲ့သူေတြဟာ တစ္ျခားသူေတြထက္ က်န္းမာႏုပ်ိဳတတ္ၾကပါတယ္။ အဟာရ မွ်တစြာစားတတ္ျခင္းကလည္း အ႐ြယ္မတိုင္ခင္ အိုမင္းရင့္ေရာ္မႈကို ေလ်ာ့ခ်ေပးပါတယ္။ ဒီအစားအစာေတြကေတာ့ အ႐ြယ္မတိုင္ခင္မွာ အိုမင္းရင့္ေရာ္မႈ ျမန္ဆန္ေစတဲ့ အစားအစာေတြပဲ ျဖစ္ပါတယ္။
Margarine
လူေတြႀကိဳက္ႏွစ္သက္တတ္ၾကတဲ့ margarine က ခႏၶာကိုယ္ကို ဆိုးဝါးစြာ ထိခိုက္ေစတာပါပဲ။ သူ႔မွာပါဝင္တဲ့ အဆီေတြဟာ နာတာရွည္ေရာဂါကို ျဖစ္ေပၚဖို႔ အလားအလာမ်ားေစပါတယ္။ ေနာက္ၿပီး ခႏၶာကိုယ္ရဲ႕ေရဓာတ္ဆုံးရႈံးမႈကို ပိုျဖစ္ေစၿပီးေတာ့ အေရးအေၾကာင္းေတြ ျဖစ္လြယ္ၿပီးေတာ့ ေနာက္ဆက္တြဲ ဆိုးက်ိဳးေတြ အမ်ားႀကီး ျဖစ္လာႏိုင္ပါတယ္။ Margarine မွာ omega – 6 fatty acid ျမင့္မားစြာ ပါဝင္တဲ့အတြက္ ခႏၶာကိုယ္ကိုယ္ ထိခိုက္လြယ္ကူေစတာပါပဲ။
Energy Drinks
Energy Drinks ေတြနဲ႔ေတာ့ ဘယ္သူမွ လြတ္ကင္းမယ္မထင္ပါဘူး။ လူတိုင္းနီးပါးဟာ ပင္ပန္းမႈေတြကို ေျဖေဖ်ာက္ဖို႔ energy drinks ေတြ ေသာက္ေလ့ရွိၾကပါတယ္။ ဒါေပမယ့္လို႔ ဒီ energy drinks ေတြမွာ သၾကား၊ ကဖိန္း၊ sodium and acid ေတြမ်ားစြာ ပါဝင္ေနပါတယ္။ ဒါက သြားေတြကို ပ်က္စီးေစၿပီး ေရဓာတ္ခမ္းေျခာက္မႈကို ျဖစ္ေစပါတယ္။ ေနာက္ၿပီး အိပ္မေပ်ာ္ျခင္းေတြကို ခံစားရေစလို႔ မၾကာခဏေသာက္သုံးျခင္းက ခႏၶာကိုယ္ကို အလြယ္တကူ ပင္ပန္းႏြမ္းနယ္ေစၿပီး အိုမင္းရင့္ေရာ္မႈကို ျမန္ဆန္ေစပါတယ္။
သၾကားဓာတ္မ်ားတဲ့ အစားအစာေတြ
သၾကားက အိုမင္းရင့္ေရာ္မႈကို ျဖစ္ေစႏိုင္တဲ့ အဓိကအရင္းအျမစ္တစ္ခုပါ။ သၾကားနဲ႔ျပဳလုပ္ထားတဲ့ အခ်ိဳမ်ားတဲ့ အစားအစာေတြ ဥပမာ- ကိတ္ေတြ၊ အခ်ိဳပြဲေတြ စသျဖင့္ဒါေတြက အဝလြန္ျခင္းနဲ႔ ခႏၶာကိုယ္ ထိခိုက္မႈကို ျဖစ္ေပၚေစပါတယ္။ အၿမဲတမ္း စားေသာက္ျခင္းက ဆီးခ်ိဳနဲ႔ ကင္ဆာေရာဂါေတြကိုေတာင္ ျဖစ္ေပၚေစႏိုင္ပါတယ္။ ဒါေၾကာင့္ အသက္အ႐ြယ္ အနည္းငယ္ရလာတာနဲ႔ သၾကားစားေသာက္မႈႏႈန္းကို ေလ်ာ့ခ်သင့္တာပဲ ျဖစ္ပါတယ္။
ၾကာရွည္ထိန္းသိမ္းထားတဲ့ အသားေတြ
ေလ့လာခ်က္ေတြအရ ၾကာရွည္ထိန္းသိမ္းထားတဲ့ အသင့္စား အသားေတြက ခႏၶာကိုယ္ရဲ႕ oxidation cell ေတြနဲ႔ DNA ေတြကို ပ်က္စီးေစႏိုင္ပါတယ္။ ကင္ဆာ၊ နာတာရွည္ေရာဂါနဲ႔ အိုမင္းရင့္ေရာ္မႈ ျမန္ဆန္ျခင္းေတြကို ျဖစ္ေပၚေစတတ္ပါတယ္။ ဒါေၾကာင့္ bacon, hot dogs နဲ႔ ဝက္အူေခ်ာင္း၊ ၾကက္အူေခ်ာင္းေတြက ၾကာရွည္ထိန္းသိမ္းထားတဲ့ အသားေတြကို အသုံးျပဳတတ္ၾကလို႔ ခႏၶာကိုယ္အတြက္ ဆိုးဝါးေစပါတယ္။
(Unicode)
အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို မြန်ဆန်စွာ ဖြစ်ပေါ်လာစေမယ့် အစားအစာ(၄)မျိုး
====================================
လူတစ်ယောက် အရွယ်နုပျိုတယ်ဆိုတာကလည်း သူ့ရဲ့ နေထိုင်စားသောက်ပုံတွေနဲ့ အများကြီး သက်ဆိုင်နေပါတယ်နော်။ အသားငါးနဲ့ အသီးအရွက်များများ စားတတ်တဲ့သူတွေဟာ တစ်ခြားသူတွေထက် ကျန်းမာနုပျိုတတ်ကြပါတယ်။ အဟာရ မျှတစွာစားတတ်ခြင်းကလည်း အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို လျော့ချပေးပါတယ်။ ဒီအစားအစာတွေကတော့ အရွယ်မတိုင်ခင်မှာ အိုမင်းရင့်ရော်မှု မြန်ဆန်စေတဲ့ အစားအစာတွေပဲ ဖြစ်ပါတယ်။
Margarine
လူတွေကြိုက်နှစ်သက်တတ်ကြတဲ့ margarine က ခန္ဓာကိုယ်ကို ဆိုးဝါးစွာ ထိခိုက်စေတာပါပဲ။ သူ့မှာပါဝင်တဲ့ အဆီတွေဟာ နာတာရှည်ရောဂါကို ဖြစ်ပေါ်ဖို့ အလားအလာများစေပါတယ်။ နောက်ပြီး ခန္ဓာကိုယ်ရဲ့ရေဓာတ်ဆုံးရှုံးမှုကို ပိုဖြစ်စေပြီးတော့ အရေးအကြောင်းတွေ ဖြစ်လွယ်ပြီးတော့ နောက်ဆက်တွဲ ဆိုးကျိုးတွေ အများကြီး ဖြစ်လာနိုင်ပါတယ်။ Margarine မှာ omega – 6 fatty acid မြင့်မားစွာ ပါဝင်တဲ့အတွက် ခန္ဓာကိုယ်ကိုယ် ထိခိုက်လွယ်ကူစေတာပါပဲ။
Energy Drinks
Energy Drinks တွေနဲ့တော့ ဘယ်သူမှ လွတ်ကင်းမယ်မထင်ပါဘူး။ လူတိုင်းနီးပါးဟာ ပင်ပန်းမှုတွေကို ဖြေဖျောက်ဖို့ energy drinks တွေ သောက်လေ့ရှိကြပါတယ်။ ဒါပေမယ့်လို့ ဒီ energy drinks တွေမှာ သကြား၊ ကဖိန်း၊ sodium and acid တွေများစွာ ပါဝင်နေပါတယ်။ ဒါက သွားတွေကို ပျက်စီးစေပြီး ရေဓာတ်ခမ်းခြောက်မှုကို ဖြစ်စေပါတယ်။ နောက်ပြီး အိပ်မပျော်ခြင်းတွေကို ခံစားရစေလို့ မကြာခဏသောက်သုံးခြင်းက ခန္ဓာကိုယ်ကို အလွယ်တကူ ပင်ပန်းနွမ်းနယ်စေပြီး အိုမင်းရင့်ရော်မှုကို မြန်ဆန်စေပါတယ်။
သကြားဓာတ်များတဲ့ အစားအစာတွေ
သကြားက အိုမင်းရင့်ရော်မှုကို ဖြစ်စေနိုင်တဲ့ အဓိကအရင်းအမြစ်တစ်ခုပါ။ သကြားနဲ့ပြုလုပ်ထားတဲ့ အချိုများတဲ့ အစားအစာတွေ ဥပမာ- ကိတ်တွေ၊ အချိုပွဲတွေ စသဖြင့်ဒါတွေက အဝလွန်ခြင်းနဲ့ ခန္ဓာကိုယ် ထိခိုက်မှုကို ဖြစ်ပေါ်စေပါတယ်။ အမြဲတမ်း စားသောက်ခြင်းက ဆီးချိုနဲ့ ကင်ဆာရောဂါတွေကိုတောင် ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့် အသက်အရွယ် အနည်းငယ်ရလာတာနဲ့ သကြားစားသောက်မှုနှုန်းကို လျော့ချသင့်တာပဲ ဖြစ်ပါတယ်။
ကြာရှည်ထိန်းသိမ်းထားတဲ့ အသားတွေ
လေ့လာချက်တွေအရ ကြာရှည်ထိန်းသိမ်းထားတဲ့ အသင့်စား အသားတွေက ခန္ဓာကိုယ်ရဲ့ oxidation cell တွေနဲ့ DNA တွေကို ပျက်စီးစေနိုင်ပါတယ်။ ကင်ဆာ၊ နာတာရှည်ရောဂါနဲ့ အိုမင်းရင့်ရော်မှု မြန်ဆန်ခြင်းတွေကို ဖြစ်ပေါ်စေတတ်ပါတယ်။ ဒါကြောင့် bacon, hot dogs နဲ့ ဝက်အူချောင်း၊ ကြက်အူချောင်းတွေက ကြာရှည်ထိန်းသိမ်းထားတဲ့ အသားတွေကို အသုံးပြုတတ်ကြလို့ ခန္ဓာကိုယ်အတွက် ဆိုးဝါးစေပါတယ်။
Crd:Aunty May