ချွေးမှတစ်ဆင့် ကူးစက်နိုင်သော ရောဂါများကို သိထားရန်လိုအပ်

(Zawgyi)

ေခြၽးမွတစ္ဆင့္ ကူးစက္ႏိုင္ေသာ ေရာဂါမ်ားကို သိထားရန္လိုအပ္
================================

အားကစားခန္းမမ်ား၊ ကစားကြင္းမ်ား (သို႔မဟုတ္) အမ်ားျပည္သူပို႔ ေဆာင္ေရးစနစ္မ်ားတြင္ အျခားလူမ်ား၏ ခႏၶာကိုယ္မွ ထြက္ေသာ ေခြၽးႏွင့္ထိေတြ႕မႈေၾကာင့္ ေရာဂါကူးစက္ႏိုင္သည္။

ေခြၽးမွတစ္ဆင့္ ကူးစက္ႏိုင္ေသာ ေရာဂါမ်ားရွိၿပီး ေရာဂါရွိသူ၏ ေခြၽးႏွင့္ထိေတြ႕မႈမွတစ္ဆင့္ ကူးစက္ႏိုင္သည္။

Methicillin-Resistant Staphylococcus aureus (MRSA) ဟုေခၚေသာ ေရာဂါပိုးသည္ ခႏၶာကိုယ္၏မတူညီေသာ အစိတ္အပိုင္း မ်ားတြင္ ကုသရခက္ခဲေသာ ေရာဂါမ်ားျဖစ္ေစႏိုင္သည့္ စူပါပိုးမႊား တစ္မ်ိဳးျဖစ္သည္။

ယင္းေရာဂါပိုးသည္ က်ယ္က်ယ္ျပန္႔ျပန္႔သုံးစြဲေန ေသာ ပဋိဇီဝေဆးမ်ားကို ခုခံႏိုင္သည္။

ယင္းေရာဂါပိုးေၾကာင့္ အေရျပားနာက်င္ျခင္းျဖစ္ႏိုင္ၿပီး ေသြးေၾကာမ်ား၊ အဆုတ္ႏွင့္ဆီးလမ္း ေၾကာင္းတို႔တြင္ ေရာဂါမ်ားျဖစ္ႏိုင္သည္။ ယင္းေရာဂါပိုးသည္ လူခ်င္းထိေတြ႕မႈမွတစ္ဆင့္ အလြယ္တကူ ကူးစက္ႏိုင္သည္။

အသည္းေရာဂါဘီဗိုင္းရပ္စ္သည္ ကြဲရွဒဏ္ရာမ်ားႏွင့္ ခႏၶာ ကိုယ္တြင္း အေျမႇးပါးမွတစ္ဆင့္ ကူးစက္ႏိုင္သည္ဟု ေယဘုယ်အားျဖင့္ မွတ္ယူထားေသာ္လည္း ေခြၽးမွတစ္ဆင့္လည္း ကူးစက္ ႏိုင္ေၾကာင္း ေလ့လာမႈမ်ားက ေဖာ္ျပသည္။

ေခြၽးတြင္ ယင္းဗိုင္းရပ္စ္မ်ားမပါဝင္ေသာ္လည္း ႏွာေခါင္းပြတ္ ျခင္း၊ ႏွာေခ်ျခင္း(သို႔မဟုတ္)အသက္ရႉျခင္းတို႔မွ တစ္ဆင့္ အေရျပားေပၚသို႔ ေရာက္လာႏိုင္သည္။

အကယ္၍ ေခြၽးတြင္ ေရာဂါပိုးပါဝင္ေန ပါက ထိမိသူ မည္သူမဆို အလြယ္တကူေရာဂါကူးစက္ႏိုင္သည္။

Impetigo ဟုေခၚေသာ အေရျပားေရာဂါသည္ ကူးစက္မႈႏႈန္း ျမင့္မားၿပီး ခႏၶာကိုယ္ခ်င္း ထိေတြ႕မႈမွ တစ္ဆင့္ ကူးစက္ႏိုင္သည္။ ယင္းေရာဂါသည္ ကေလးငယ္မ်ားၾကား အျဖစ္မ်ားေသာ ေရာဂါျဖစ္သည္။

ေရယုန္သည္ ေခြၽးမွတစ္ဆင့္ ကူးစက္ႏိုင္သည္ဟုေလ့လာမႈအခ်ိဳ႕က ေဖာ္ျပသည္။

သို႔ေသာ္ အသည္းေရာဂါ ေအ၊ စီႏွင့္ ေအအိုင္ဒီအက္စ္ေရာဂါ တို႔သည္ ေခြၽး၊ အစားအစာ၊ ႏွာေခ်ျခင္း၊ ေခ်ာင္းဆိုးျခင္းတို႔ ကဲ့သို႔ ထိေတြ႕မႈမွ တစ္ဆင့္ မကူးစက္ႏိုင္ေသာ ေရာဂါမ်ားျဖစ္သည္။

(Unicode)

ချွေးမှတစ်ဆင့် ကူးစက်နိုင်သော ရောဂါများကို သိထားရန်လိုအပ်
================================

အားကစားခန်းမများ၊ ကစားကွင်းများ (သို့မဟုတ်) အများပြည်သူပို့ ဆောင်ရေးစနစ်များတွင် အခြားလူများ၏ ခန္ဓာကိုယ်မှ ထွက်သော ချွေးနှင့်ထိတွေ့မှုကြောင့် ရောဂါကူးစက်နိုင်သည်။

ချွေးမှတစ်ဆင့် ကူးစက်နိုင်သော ရောဂါများရှိပြီး ရောဂါရှိသူ၏ ချွေးနှင့်ထိတွေ့မှုမှတစ်ဆင့် ကူးစက်နိုင်သည်။

Methicillin-Resistant Staphylococcus aureus (MRSA) ဟုခေါ်သော ရောဂါပိုးသည် ခန္ဓာကိုယ်၏မတူညီသော အစိတ်အပိုင်း များတွင် ကုသရခက်ခဲသော ရောဂါများဖြစ်စေနိုင်သည့် စူပါပိုးမွှား တစ်မျိုးဖြစ်သည်။

ယင်းရောဂါပိုးသည် ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲနေ သော ပဋိဇီဝဆေးများကို ခုခံနိုင်သည်။

ယင်းရောဂါပိုးကြောင့် အရေပြားနာကျင်ခြင်းဖြစ်နိုင်ပြီး သွေးကြောများ၊ အဆုတ်နှင့်ဆီးလမ်း ကြောင်းတို့တွင် ရောဂါများဖြစ်နိုင်သည်။ ယင်းရောဂါပိုးသည် လူချင်းထိတွေ့မှုမှတစ်ဆင့် အလွယ်တကူ ကူးစက်နိုင်သည်။

အသည်းရောဂါဘီဗိုင်းရပ်စ်သည် ကွဲရှဒဏ်ရာများနှင့် ခန္ဓာ ကိုယ်တွင်း အမြှေးပါးမှတစ်ဆင့် ကူးစက်နိုင်သည်ဟု ယေဘုယျအားဖြင့် မှတ်ယူထားသော်လည်း ချွေးမှတစ်ဆင့်လည်း ကူးစက် နိုင်ကြောင်း လေ့လာမှုများက ဖော်ပြသည်။

ချွေးတွင် ယင်းဗိုင်းရပ်စ်များမပါဝင်သော်လည်း နှာခေါင်းပွတ် ခြင်း၊ နှာချေခြင်း(သို့မဟုတ်)အသက်ရှူခြင်းတို့မှ တစ်ဆင့် အရေပြားပေါ်သို့ ရောက်လာနိုင်သည်။

အကယ်၍ ချွေးတွင် ရောဂါပိုးပါဝင်နေ ပါက ထိမိသူ မည်သူမဆို အလွယ်တကူရောဂါကူးစက်နိုင်သည်။

Impetigo ဟုခေါ်သော အရေပြားရောဂါသည် ကူးစက်မှုနှုန်း မြင့်မားပြီး ခန္ဓာကိုယ်ချင်း ထိတွေ့မှုမှ တစ်ဆင့် ကူးစက်နိုင်သည်။ ယင်းရောဂါသည် ကလေးငယ်များကြား အဖြစ်များသော ရောဂါဖြစ်သည်။

ရေယုန်သည် ချွေးမှတစ်ဆင့် ကူးစက်နိုင်သည်ဟုလေ့လာမှုအချို့က ဖော်ပြသည်။

သို့သော် အသည်းရောဂါ အေ၊ စီနှင့် အေအိုင်ဒီအက်စ်ရောဂါ တို့သည် ချွေး၊ အစားအစာ၊ နှာချေခြင်း၊ ချောင်းဆိုးခြင်းတို့ ကဲ့သို့ ထိတွေ့မှုမှ တစ်ဆင့် မကူးစက်နိုင်သော ရောဂါများဖြစ်သည်။

Health Products Directory


Leave a Reply

Your email address will not be published. Required fields are marked *

*