ကြို့ထိုး ခြင်း ပြဿနာ

(Zawgyi)

ႀကိဳ႕ထိုး ျခင္း ျပႆနာ

လူတိုင္းနီးပါး ႀကိဳ႕ထိုး တဲ့ျပႆနာကို ႀကဳံဖူးၾကမယ္လို႔ထင္ပါတယ္။ တစ္ခါႏွစ္ခါ ႀကိဳ႕ထိုးတဲ့အခါ ျပသနာမရွိေပမယ့္ အခ်ိန္အၾကာႀကီး ခဏခဏ ျဖစ္လာတဲ့အခါ အင္မတန္ စိတ္အေႏွာင့္အယွက္ျဖစ္စရာ ေကာင္းလာပါတယ္။ အစားအစာေတြ အမ်ားႀကီးတစ္ခါတည္း စားမိတဲ့အခါ၊ အျမန္စားမိတဲ့အခါ၊ gas ပါတဲ့ အခ်ိဳရည္ေတြကို ေသာက္တဲ့အခါ၊ စိတ္လႈပ္ရွားတဲ့အခါ၊ စိတ္ဖိစီးမႈမ်ားတဲ့အခါ စတဲ့ အခ်ိန္ေတြမွာလည္း ႀကိဳ႕ထိုးႏိုင္တာေၾကာင့္ လူတိုင္းမၾကာခဏ ေတြ႕ႀကဳံၾကရႏိုင္ပါတယ္။ ဒါေပမယ့္ တခ်ိဳ႕ေတြမွာေတာ့ ႀကိဳ႕ထိုးတာက အၾကာႀကီးျဖစ္လာတဲ့အခါ စိုးရိမ္ပူပန္မႈေတြ ျဖစ္လာတတ္ၾကပါတယ္။ ဒါ့ေၾကာင့္ ဒီေဆာင္းပါးေလးမွာ ႀကိဳ႕ထိုးျခင္းနဲ႔ ပတ္သတ္ၿပီး သိသင့္တဲ့ အေၾကာင္းေလးေတြကို မွ်ေဝေပးသြားခ်င္ပါတယ္။

ဘာေၾကာင့္ ႀကိဳ႕ထိုး ရသလဲ

အသက္ရႉသြင္းရႉထုတ္တဲ့ လုပ္ငန္းမွာ အေရးပါတဲ့ diaphragm လို႔ေခၚတဲ့ ႂကြက္သားေလးေတြကို လႈံ႕ေဆာ္မႈျဖစ္သြားတာေၾကာင့္ ႀကိဳ႕ထိုးရတာပါ။ diaphragm ဆိုတာကေတာ့ ရင္ဘတ္ႀကီးနဲ႔ ဝမ္းဗိုက္ႀကီးတစ္ခုလုံးကို ျခားထားေပးတဲ့ ႂကြက္သားေလးတစ္မ်ိဳးျဖစ္ပါတယ္။ ပုံမွန္အားျဖင့္ အဲဒီ ႂကြက္သားေလးေတြဟာ အသက္ရႈသြင္းတဲ့ အခ်ိန္မွာ ေလေတြ ေကာင္းေကာင္းဝင္လာႏိုင္ဖို႔ က်ဳံ႕ေပးၿပီး အသက္ရႈထုတ္တဲ့ အခ်ိန္မွာေတာ့ ေလေတြ ႏွာေခါင္း၊ ပါးစပ္ကေန ထြက္သြားႏိုင္ဖို႔အတြက္ ႂကြက္သားေတြကို ေျဖေလ်ာ့ေပးပါတယ္။ တစ္စုံတစ္ခုက အဲဒီ ရင္ဝမ္းျခားႂကြက္သားေလးေတြကို လႈံ႕ေဆာ္လိုက္တဲ့အခါ က်ဳံ႕သြားၿပီး ေလေတြကို ေလႁပြန္ထဲကို အတင္းစုပ္ယူလိုက္သလို ျဖစ္သြားပါတယ္။ အဲဒီအခါမွာ ဝင္လာတဲ့ေလေတြက ႐ုတ္တရက္ အသံအိုးကို ထိၿပီး ႀကိဳ႕ထိုးသံထြက္လာေစပါတယ္။

ႀကိဳ႕ထိုး ျခင္းကို ျဖစ္ေစေသာ အေၾကာင္းအရင္းမ်ား

အေရွ႕မွာေဖာ္ျပခဲ့သလို စိတ္ခံစားခ်က္ေတြနဲ႔ အစားအေသာက္စတာေတြေၾကာင့္လည္း ႀကိဳ႕ထိုးတာကို ျဖစ္ေစႏိုင္တဲ့အျပင္ အခ်ိဳ႕ေသာ ေရာဂါေတြေၾကာင့္လည္း ႀကိဳ႕ထိုးတာေတြ ျဖစ္ႏိုင္ပါတယ္။

ဥပမာ- ေလျဖတ္ျခင္း၊ ဦးေႏွာက္ အက်ိတ္ျဖစ္ျခင္း၊ ဦးေႏွာက္ အေျမႇးပါးေရာင္ျခင္း၊ အတက္ေရာဂါ စတဲ့ ဦးေႏွာက္ႏွင့္အာ႐ုံေၾကာ ေရာဂါမ်ား

အူကြၽံျခင္း၊ အစာအိမ္အနာျဖစ္ျခင္း၊ အစာေရမ်ိဳကင္ဆာ စတဲ့ အစာလမ္းေၾကာင္း ဆိုင္ရာေရာဂါမ်ား

အဆုတ္ပိုးဝင္ျခင္း၊ အဆုတ္ကင္ဆာ၊ TB ပိုးဝင္ျခင္း

ေက်ာက္ကပ္၊ အသည္းေရာဂါေတြ နဲ႔ အခ်ိဳ႕ေသာ ေဆးဝါးေတြေၾကာင့္လည္း က်ိဳ႕ထိုးႏိုင္ပါတယ္။

စိတ္ခံစားမႈေတြ၊ အစားေသာက္ေတြေၾကာင့္ ႀကိဳ႕ထိုးသလို ခဏတာ မဟုတ္ဘဲ အၾကာႀကီးျဖစ္လာၿပီဆိုရင္ေတာ့ ေရာဂါအခံတစ္ခုခုေၾကာင့္ ျဖစ္ႏိုင္တာေၾကာင့္ မေပါ့ဆသင့္ပါဘူး။

ႀကိဳ႕ထိုးတာကို ေပ်ာက္ေအာင္ ဘယ္လိုနည္းလမ္းေတြ သုံးၾကမလဲ

ႀကိဳ႕ထိုးတာက နည္းနည္းၾကာလာၿပီး မသက္သာဘဲ စိတ္အေႏွာင့္ယွက္ျဖစ္လာၿပီဆိုရင္ ဒီနည္းေလးေတြ စမ္းလုပ္ၾကည့္ႏိုင္ပါတယ္။

၁။ မိနစ္အနည္းငယ္ေလာက္ အသက္ေအာင့္ထားပါ။

၂။ ေရေအးေအးေလး တစ္ခြက္ေလာက္ကို အျမန္ေသာက္ၾကည့္ပါ။

၃။ plastic အိတ္တစ္ခုထဲကို ရႈသြင္း၊ ရႈထုတ္လုပ္ၾကည့္ပါ။

၄။ ေရနဲ႔ gargle လုပ္ၾကည့္၊ ပလုတ္က်င္းၾကည့္ပါ။

စတဲ့နည္းလမ္းေတြနဲ႔ ႀကိဳးစားၾကည့္ႏိုင္ပါတယ္။

ဘယ္အခ်ိန္မွာ ဆရာဝန္ကို ျပသသင့္လဲ

ပုံမွန္အားျဖင့္ေတာ့ ခဏတာ ႀကိဳ႕ထိုးတာေၾကာင့္ ဆရာဝန္ျပစရာ လိုေလ့မရွိပါဘူး။ ဒါေပမယ့္ ႀကိဳ႕ထိုးတာက ႏွစ္ရက္ထပ္ပိုၾကာလာၿပီး အသက္ရႈရတာ ခက္ခဲလာရင္၊ ႀကိဳ႕ထိုးတဲ့ ျပသနာေၾကာင့္ အိပ္ေရးပ်က္လာရင္၊ အစားအေသာက္ပ်က္ၿပီး ကိုယ္အေလးခ်ိန္က်လာရင္၊ ဗိုက္နာတာ၊ ပင္ပန္းႏြမ္းနယ္လာတာ၊ ေမာလာတာ၊၊ အန္တာ စတဲ့ လကၡဏာေတြ ျဖစ္လာရင္ေတာ့ ဆရာဝန္နဲ႔ အျမန္ဆုံးျပသသင့္ပါတယ္။

ႀကိဳ႕ထိုးတာေၾကာင့္ ေသႏိုင္လား

အခ်ိဳ႕လူႀကီးေတြက ႀကိဳ႕အၾကာႀကီးထိုးရင္ ေသတတ္တယ္ဆိုၿပီး ေျပာၾကတာ ၾကားဖူးၾကမွာပါ။ အမွန္တကယ္ကေတာ့ ႀကိဳ႕ထိုးတာေၾကာင့္ ေသတယ္ဆိုတာထက္ ႀကိဳ႕အၾကာႀကီးထိုးတဲ့ သူေတြမွာ အေရွ႕မွာ ေဖာ္ျပထားသလို ေရာဂါအခံေတြနဲ႔ ေရာဂါလကၡဏာေတြ ရွိႏိုင္တာေၾကာင့္ အသက္အႏၲရာယ္ရွိႏိုင္ပါတယ္။

ဒါ့ေၾကာင့္ အခ်ိန္အၾကာႀကီး ႀကိဳ႕ထိုးေနၿပီဆိုရင္ က်န္းမာေရးအတြက္ alarm ေလးတစ္ခုျဖစ္တာေၾကာင့္ မေပါ့ဆၾကပဲ ဆရာဝန္နဲ႔ ေဆြးေႏြးတိုင္ပင္ၿပီး အျမန္ဆုံး ကုသမႈခံယူၾကဖို႔ တိုက္တြန္းခ်င္ပါတယ္။

(Unicode)

ကြို့ထိုး ခြင်း ပြဿနာ

လူတိုင်းနီးပါး ကြို့ထိုး တဲ့ပြဿနာကို ကြုံဖူးကြမယ်လို့ထင်ပါတယ်။ တစ်ခါနှစ်ခါ ကြို့ထိုးတဲ့အခါ ပြသနာမရှိပေမယ့် အချိန်အကြာကြီး ခဏခဏ ဖြစ်လာတဲ့အခါ အင်မတန် စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းလာပါတယ်။ အစားအစာတွေ အများကြီးတစ်ခါတည်း စားမိတဲ့အခါ၊ အမြန်စားမိတဲ့အခါ၊ gas ပါတဲ့ အချိုရည်တွေကို သောက်တဲ့အခါ၊ စိတ်လှုပ်ရှားတဲ့အခါ၊ စိတ်ဖိစီးမှုများတဲ့အခါ စတဲ့ အချိန်တွေမှာလည်း ကြို့ထိုးနိုင်တာကြောင့် လူတိုင်းမကြာခဏ တွေ့ကြုံကြရနိုင်ပါတယ်။ ဒါပေမယ့် တချို့တွေမှာတော့ ကြို့ထိုးတာက အကြာကြီးဖြစ်လာတဲ့အခါ စိုးရိမ်ပူပန်မှုတွေ ဖြစ်လာတတ်ကြပါတယ်။ ဒါ့ကြောင့် ဒီဆောင်းပါးလေးမှာ ကြို့ထိုးခြင်းနဲ့ ပတ်သတ်ပြီး သိသင့်တဲ့ အကြောင်းလေးတွေကို မျှဝေပေးသွားချင်ပါတယ်။

ဘာကြောင့် ကြို့ထိုး ရသလဲ

အသက်ရှူသွင်းရှူထုတ်တဲ့ လုပ်ငန်းမှာ အရေးပါတဲ့ diaphragm လို့ခေါ်တဲ့ ကြွက်သားလေးတွေကို လှုံ့ဆော်မှုဖြစ်သွားတာကြောင့် ကြို့ထိုးရတာပါ။ diaphragm ဆိုတာကတော့ ရင်ဘတ်ကြီးနဲ့ ဝမ်းဗိုက်ကြီးတစ်ခုလုံးကို ခြားထားပေးတဲ့ ကြွက်သားလေးတစ်မျိုးဖြစ်ပါတယ်။ ပုံမှန်အားဖြင့် အဲဒီ ကြွက်သားလေးတွေဟာ အသက်ရှုသွင်းတဲ့ အချိန်မှာ လေတွေ ကောင်းကောင်းဝင်လာနိုင်ဖို့ ကျုံ့ပေးပြီး အသက်ရှုထုတ်တဲ့ အချိန်မှာတော့ လေတွေ နှာခေါင်း၊ ပါးစပ်ကနေ ထွက်သွားနိုင်ဖို့အတွက် ကြွက်သားတွေကို ဖြေလျော့ပေးပါတယ်။ တစ်စုံတစ်ခုက အဲဒီ ရင်ဝမ်းခြားကြွက်သားလေးတွေကို လှုံ့ဆော်လိုက်တဲ့အခါ ကျုံ့သွားပြီး လေတွေကို လေပြွန်ထဲကို အတင်းစုပ်ယူလိုက်သလို ဖြစ်သွားပါတယ်။ အဲဒီအခါမှာ ဝင်လာတဲ့လေတွေက ရုတ်တရက် အသံအိုးကို ထိပြီး ကြို့ထိုးသံထွက်လာစေပါတယ်။

ကြို့ထိုး ခြင်းကို ဖြစ်စေသော အကြောင်းအရင်းများ

အရှေ့မှာဖော်ပြခဲ့သလို စိတ်ခံစားချက်တွေနဲ့ အစားအသောက်စတာတွေကြောင့်လည်း ကြို့ထိုးတာကို ဖြစ်စေနိုင်တဲ့အပြင် အချို့သော ရောဂါတွေကြောင့်လည်း ကြို့ထိုးတာတွေ ဖြစ်နိုင်ပါတယ်။

ဥပမာ- လေဖြတ်ခြင်း၊ ဦးနှောက် အကျိတ်ဖြစ်ခြင်း၊ ဦးနှောက် အမြှေးပါးရောင်ခြင်း၊ အတက်ရောဂါ စတဲ့ ဦးနှောက်နှင့်အာရုံကြော ရောဂါများ

အူကျွံခြင်း၊ အစာအိမ်အနာဖြစ်ခြင်း၊ အစာရေမျိုကင်ဆာ စတဲ့ အစာလမ်းကြောင်း ဆိုင်ရာရောဂါများ

အဆုတ်ပိုးဝင်ခြင်း၊ အဆုတ်ကင်ဆာ၊ TB ပိုးဝင်ခြင်း

ကျောက်ကပ်၊ အသည်းရောဂါတွေ နဲ့ အချို့သော ဆေးဝါးတွေကြောင့်လည်း ကျို့ထိုးနိုင်ပါတယ်။

စိတ်ခံစားမှုတွေ၊ အစားသောက်တွေကြောင့် ကြို့ထိုးသလို ခဏတာ မဟုတ်ဘဲ အကြာကြီးဖြစ်လာပြီဆိုရင်တော့ ရောဂါအခံတစ်ခုခုကြောင့် ဖြစ်နိုင်တာကြောင့် မပေါ့ဆသင့်ပါဘူး။

ကြို့ထိုးတာကို ပျောက်အောင် ဘယ်လိုနည်းလမ်းတွေ သုံးကြမလဲ

ကြို့ထိုးတာက နည်းနည်းကြာလာပြီး မသက်သာဘဲ စိတ်အနှောင့်ယှက်ဖြစ်လာပြီဆိုရင် ဒီနည်းလေးတွေ စမ်းလုပ်ကြည့်နိုင်ပါတယ်။

၁။ မိနစ်အနည်းငယ်လောက် အသက်အောင့်ထားပါ။

၂။ ရေအေးအေးလေး တစ်ခွက်လောက်ကို အမြန်သောက်ကြည့်ပါ။

၃။ plastic အိတ်တစ်ခုထဲကို ရှုသွင်း၊ ရှုထုတ်လုပ်ကြည့်ပါ။

၄။ ရေနဲ့ gargle လုပ်ကြည့်၊ ပလုတ်ကျင်းကြည့်ပါ။

စတဲ့နည်းလမ်းတွေနဲ့ ကြိုးစားကြည့်နိုင်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်ကို ပြသသင့်လဲ

ပုံမှန်အားဖြင့်တော့ ခဏတာ ကြို့ထိုးတာကြောင့် ဆရာဝန်ပြစရာ လိုလေ့မရှိပါဘူး။ ဒါပေမယ့် ကြို့ထိုးတာက နှစ်ရက်ထပ်ပိုကြာလာပြီး အသက်ရှုရတာ ခက်ခဲလာရင်၊ ကြို့ထိုးတဲ့ ပြသနာကြောင့် အိပ်ရေးပျက်လာရင်၊ အစားအသောက်ပျက်ပြီး ကိုယ်အလေးချိန်ကျလာရင်၊ ဗိုက်နာတာ၊ ပင်ပန်းနွမ်းနယ်လာတာ၊ မောလာတာ၊၊ အန်တာ စတဲ့ လက္ခဏာတွေ ဖြစ်လာရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးပြသသင့်ပါတယ်။

ကြို့ထိုးတာကြောင့် သေနိုင်လား

အချို့လူကြီးတွေက ကြို့အကြာကြီးထိုးရင် သေတတ်တယ်ဆိုပြီး ပြောကြတာ ကြားဖူးကြမှာပါ။ အမှန်တကယ်ကတော့ ကြို့ထိုးတာကြောင့် သေတယ်ဆိုတာထက် ကြို့အကြာကြီးထိုးတဲ့ သူတွေမှာ အရှေ့မှာ ဖော်ပြထားသလို ရောဂါအခံတွေနဲ့ ရောဂါလက္ခဏာတွေ ရှိနိုင်တာကြောင့် အသက်အန္တရာယ်ရှိနိုင်ပါတယ်။

ဒါ့ကြောင့် အချိန်အကြာကြီး ကြို့ထိုးနေပြီဆိုရင် ကျန်းမာရေးအတွက် alarm လေးတစ်ခုဖြစ်တာကြောင့် မပေါ့ဆကြပဲ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပြီး အမြန်ဆုံး ကုသမှုခံယူကြဖို့ တိုက်တွန်းချင်ပါတယ်။

ရေးသားသူ – Khine Phoo Ngon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win|
ရေးသားသူ Dr. Htet Htet Zaw Win
Crd:Hello ဆရာဝန်


Leave a Reply

Your email address will not be published. Required fields are marked *

*