မျက်စိအမြင်အာရုံကို မထိခိုက်စေဖို့ သင် သတိထားရမယ့် အချက်များ

(Zawgyi)

မ်က္စိအျမင္အာ႐ုံကို မထိခိုက္ေစဖို႔ သင္ သတိထားရမယ့္ အခ်က္မ်ား

===================================

မ်က္စိဆိုတာ လူခႏၶာကိုယ္ရဲ႕ အေရးႀကီးတဲ့ အစိတ္အပိုင္း တစ္ခု ျဖစ္ပါတယ္။ အထိအခိုက္ ျဖစ္ဖို႔လည္း လြယ္ကူသလို ထိခိုက္တာနဲ႔ အျမင္အာ႐ုံဆုံးရႈံးဖို႔ အမ်ားဆုံး ျဖစ္ေနတတ္တာမ်ိဳးပါ။ ဒါေၾကာင့္ မ်က္စိ က်န္းမာေရးကို ဂ႐ုစိုက္သင့္ပါတယ္။ ဒီအခ်က္ေတြကိုလည္း ဂ႐ုျပဳထသင့္ပါတယ္။

(၁) မ်က္စိကို အနား မေပးတာ

တစ္ေန႔တစ္ေန႔ ကြန္ပ်ဴတာ တစ္မ်ိဳး ဖုန္းနဲ႔ တစ္မ်ိဳး အနားမရတဲ့ မ်က္လုံးေလးေတြကို သနားသင့္ပါတယ္။ ဒါေၾကာင့္ screen time ေတြ ေလွ်ာ့ၿပီး မ်က္စိကို အနားေပးတာ ေလ့က်င့္ခန္းေတြ လုပ္တာမ်ိဳး ျပဳလုပ္သင့္ပါတယ္။

(၂) အာ႐ုံအရမ္းစိုက္ရတာကို အၿမဲလုပ္တာ

အခုေခတ္မွာ ကြန္ပ်ဴတာေတြ အမ်ားႀကီး သုံးရတာေတြ ဂိမ္းေဆာ့တာေတြ ရွိလာေတာ့ ပိုသတိထားဖို႔ လိုပါတယ္။ မ်က္စိ အရမ္းအလုပ္လုပ္ရတဲ့ ဗီဒီယိုဂိမ္းေတြနဲ႔ ကြန္ပ်ဴတာသုံးၿပီး ဒီဇိုင္းပိုင္း လုပ္ရတဲ့သူေတြအေနနဲ႔ မ်က္စိက်န္းမာေရးကို ေပါ့ေလ်ာ့မထားသင့္ပါဘူး။

(၃) မ်က္စိအားေကာင္းေစဖို႔ မလုပ္တာ

ခႏၶာကိုယ္အတြက္ အားေဆးေတြ ေသာက္သုံးၾကသလိုပဲ မ်က္စိအတြက္လည္း ဂ႐ုစိုက္ေပးသင့္ပါတယ္။ မ်က္စိအတြက္ အားျဖစ္ေစတဲ့ ျမင္းခြာ႐ြက္အျပင္ ကန္စြန္း႐ြက္၊ ကိုက္လန္႐ြက္နဲ႔ မုန္႔လာဥနီတို႔ကိုလည္း စားသုံးေပးဖို႔လိုအပ္သလို မ်က္စိအတြက္ အားျဖစ္ေစတဲ့ Omega-3 fatty acid ရဖို႔ ငါးႀကီးဆီ စားသုံးတာေတြ ျပဳလုပ္ေပးသင့္ပါတယ္။ ဒါ့အျပင္ မ်က္စိကို အားျဖည့္ေပးတဲ့ မ်က္စဥ္းေတြလည္း အသုံးျပဳႏိုင္ပါေသးတယ္။

(၄) ေဆးလိပ္ အေသာက္မ်ားတာ

ေဆးလိပ္ေသာက္ျခင္းက အဆုတ္ေရာဂါ၊ ႏွလုံးနဲ႔ အသက္ရႉလမ္းေၾကာင္းျပႆနာေတြကို ျဖစ္ပြားေစႏိုင္႐ုံသာမက အာ႐ုံျပႆနာေတြပါ ျဖစ္ေစႏိုင္ပါတယ္။ အျမင္အာ႐ုံကို မထိခိုက္ေစဖို႔ ေဆးလိပ္ကို မျဖတ္ႏိုင္ဘူးဆိုရင္ေတာင္ ေလွ်ာ့ေသာက္ဖို႔ လိုအပ္ပါတယ္။

(၅) ေနကာမ်က္မွန္ မသုံးတာ

ခရမ္းလြန္ေရာင္ျခည္ေတြက အသားအေရကို ထိခိုက္႐ုံသာမက မ်က္စိကိုပါ ထိခိုက္ေစပါတယ္။ အျမင္အာ႐ုံ ခ်ိဳ႕ယြင္းတာ၊ မ်က္စိမႈန္တာမ်ိဳးေတြ မျဖစ္ေစဖို႔ ေနပူထဲ သြားတဲ့ အခါတိုင္း ေနကာမ်က္မွန္ တပ္ဖို႔ကို သတိျပဳသင့္ပါတယ္။

(Unicode)

မျက်စိအမြင်အာရုံကို မထိခိုက်စေဖို့ သင် သတိထားရမယ့် အချက်များ

===================================

မျက်စိဆိုတာ လူခန္ဓာကိုယ်ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်ပါတယ်။ အထိအခိုက် ဖြစ်ဖို့လည်း လွယ်ကူသလို ထိခိုက်တာနဲ့ အမြင်အာရုံဆုံးရှုံးဖို့ အများဆုံး ဖြစ်နေတတ်တာမျိုးပါ။ ဒါကြောင့် မျက်စိ ကျန်းမာရေးကို ဂရုစိုက်သင့်ပါတယ်။ ဒီအချက်တွေကိုလည်း ဂရုပြုထသင့်ပါတယ်။

(၁) မျက်စိကို အနား မပေးတာ

တစ်နေ့တစ်နေ့ ကွန်ပျူတာ တစ်မျိုး ဖုန်းနဲ့ တစ်မျိုး အနားမရတဲ့ မျက်လုံးလေးတွေကို သနားသင့်ပါတယ်။ ဒါကြောင့် screen time တွေ လျှော့ပြီး မျက်စိကို အနားပေးတာ လေ့ကျင့်ခန်းတွေ လုပ်တာမျိုး ပြုလုပ်သင့်ပါတယ်။

(၂) အာရုံအရမ်းစိုက်ရတာကို အမြဲလုပ်တာ

အခုခေတ်မှာ ကွန်ပျူတာတွေ အများကြီး သုံးရတာတွေ ဂိမ်းဆော့တာတွေ ရှိလာတော့ ပိုသတိထားဖို့ လိုပါတယ်။ မျက်စိ အရမ်းအလုပ်လုပ်ရတဲ့ ဗီဒီယိုဂိမ်းတွေနဲ့ ကွန်ပျူတာသုံးပြီး ဒီဇိုင်းပိုင်း လုပ်ရတဲ့သူတွေအနေနဲ့ မျက်စိကျန်းမာရေးကို ပေါ့လျော့မထားသင့်ပါဘူး။

(၃) မျက်စိအားကောင်းစေဖို့ မလုပ်တာ

ခန္ဓာကိုယ်အတွက် အားဆေးတွေ သောက်သုံးကြသလိုပဲ မျက်စိအတွက်လည်း ဂရုစိုက်ပေးသင့်ပါတယ်။ မျက်စိအတွက် အားဖြစ်စေတဲ့ မြင်းခွာရွက်အပြင် ကန်စွန်းရွက်၊ ကိုက်လန်ရွက်နဲ့ မုန့်လာဥနီတို့ကိုလည်း စားသုံးပေးဖို့လိုအပ်သလို မျက်စိအတွက် အားဖြစ်စေတဲ့ Omega-3 fatty acid ရဖို့ ငါးကြီးဆီ စားသုံးတာတွေ ပြုလုပ်ပေးသင့်ပါတယ်။ ဒါ့အပြင် မျက်စိကို အားဖြည့်ပေးတဲ့ မျက်စဉ်းတွေလည်း အသုံးပြုနိုင်ပါသေးတယ်။

(၄) ဆေးလိပ် အသောက်များတာ

ဆေးလိပ်သောက်ခြင်းက အဆုတ်ရောဂါ၊ နှလုံးနဲ့ အသက်ရှူလမ်းကြောင်းပြဿနာတွေကို ဖြစ်ပွားစေနိုင်ရုံသာမက အာရုံပြဿနာတွေပါ ဖြစ်စေနိုင်ပါတယ်။ အမြင်အာရုံကို မထိခိုက်စေဖို့ ဆေးလိပ်ကို မဖြတ်နိုင်ဘူးဆိုရင်တောင် လျှော့သောက်ဖို့ လိုအပ်ပါတယ်။

(၅) နေကာမျက်မှန် မသုံးတာ

ခရမ်းလွန်ရောင်ခြည်တွေက အသားအရေကို ထိခိုက်ရုံသာမက မျက်စိကိုပါ ထိခိုက်စေပါတယ်။ အမြင်အာရုံ ချို့ယွင်းတာ၊ မျက်စိမှုန်တာမျိုးတွေ မဖြစ်စေဖို့ နေပူထဲ သွားတဲ့ အခါတိုင်း နေကာမျက်မှန် တပ်ဖို့ကို သတိပြုသင့်ပါတယ်။

Kham
Crd:auntymay


Leave a Reply

Your email address will not be published. Required fields are marked *

*