အရည်ကြည်ဖု၊ ငါးမျက်စိ၊ အသားမာ

(Zawgyi)

အရည္ၾကည္ဖု၊ ငါးမ်က္စိ၊ အသားမာ
==============================

အရည္ၾကည္ဖု၊ ငါးမ်က္စိနဲ႔ အသားမာမ်ားဟာအေရျပားနဲ႔ မ်က္ႏွာျပင္တခုခုပြတ္တိုက္မိေနတဲ့အခါ ျဖစ္ေပၚလာပါတယ္။ ဒီအေျခအေနေတြကို ႀကဳံဖူးပါသလား။ သူတို႔ဟာဘယ္လိုအရာေတြျဖစ္တယ္ ဘယ္လိုေပ်ာက္ကင္းေအာင္ လုပ္မယ္ဆိုတာစဥ္းစားဖူးပါသလား။ စဥ္းစားဖူးရင္ေတာ့ ဒီစာကိုဆက္ၿပီးဖတ္ၾကည့္ပါ။

သူတို႔ဟာဘာလဲ

အရည္ၾကည္ဖု

အရည္ၾကည္ဖုတခုဟာအရည္ၾကည္ေလးေတြပါတဲ့ အိတ္ေလးတခုပုံစံနဲ႔ အေရျပားေပၚမွာေပၚေနတတ္ပါတယ္။ ပြတ္တိုက္မႈေၾကာင့္ ျဖစ္ေပၚလာတတ္ပါတယ္။ ဥပမာသင္ဟာေျခအိတ္မပါဘဲ ရႉးဖိနပ္စီးမယ္ဆိုရင္ ဖိနပ္နဲ႔ သင့္ေျခဖဝါးဟာ ဆက္တိုက္ ပြတ္တိုက္မႈ ျဖစ္ႏိုင္ပါတယ္။ ဒါမွမဟုတ္ သစ္႐ြက္မ်ားကိုထြန္ျခစ္နဲ႔ဆြဲတဲ့အခါ လက္အိတ္မ၀တ္ထားရင္ ထြန္ျခစ္လက္ကိုင္နဲ႔ လက္နဲ႔ ပြတ္တိုက္မႈဟာဆက္တိုက္ပဲပြတ္တိုက္လာႏိုင္ပါတယ္။

အသားမာ

အသားမာဆိုတာကေတာ့ လက္ဖဝါးနဲ႔ ေျခဖဝါးမွာ အေရျပားထူထဲလာျခင္း ျဖစ္ပါတယ္။ အခ်ိန္ၾကာျမင့္စြာပြတ္တိုက္မႈရွိလာရင္ ျဖစ္ပြားႏိုင္ပါတယ္။ အေရျပားဟာထူလာၿပီးမ်က္ႏွာျပင္မွာ အဖုျဖစ္လာႏိုင္ပါတယ္။ အသားမာဟာ လက္ဖဝါးနဲ႔ ေျခဖဝါးကို ကာကြယ္ဖို႔ ျဖစ္ေပၚလာႏိုင္ပါတယ္။ ဒါေပမယ့္ ေျခဖဝါးမွာျဖစ္တဲ့ အသားမာဟာ ကိုယ္အေလးခ်ိန္ကို ထမ္းထားရတာေၾကာင့္ နာက်င္လာတတ္ပါတယ္။

ငါးမ်က္စိ

ငါးမ်က္စိဟာ အသားမာနဲ႔ ဆင္တူပါတယ္။ သူဟာေျခေခ်ာင္းမ်ားအနီး အ႐ိုးေအာက္ခံရွိတဲ့ေနရာ၊ ဒါမွမဟုတ္ ေျခေခ်ာင္းမ်ား ၾကားထဲမွာ ျဖစ္ေပၚလာတတ္ပါတယ္။ ေျခေခ်ာင္းေတြကို ၾကပ္ေနေစတဲ့ ရႉးဖိနပ္ကိုအခ်ိန္ၾကာၾကာစီးတဲ့အခါ ျဖစ္ေပၚလာတတ္ပါတယ္။

ဘယ္လိုကုသမလဲ

အရည္ၾကည္ဖု

အရည္ၾကည္ဖုေတြဟာ အခ်ိန္နည္းနည္းၾကာသြားရင္ သူ႔ဖာသာေပ်ာက္သြားႏိုင္ပါတယ္။ အရည္ၾကည္ဖုကိုဖုံးထားတဲ့ အေရျပားဟာ ပိုးမ၀င္ေအာင္ ကာကြယ္ေပးပါတယ္။ ဆရာ၀န္ဟာ အပ္ေသးေသးသုံးၿပီး အရည္ၾကည္ေတြကိုစုပ္ဖို႔ အားေပးတာရွိႏိုင္ပါတယ္။ ဒါေပမယ့္ အေရျပာကိုေတာ့ ခြာေစမွာမဟုတ္ပါဘူး။ အရည္ၾကည္ဖုတြကို
ေျခာက္ေသြ႕သန္႔ရွင္းေအာင္ ထားသင့္ပါတယ္။ ေရသန္႔သန္႔နဲ႔ သိပ္မျပင္းတဲ့ ဆပ္ျပာနဲ႔ ေဆးေၾကာသင့္ပါတယ္။ အညစ္အေၾကးမေပေအာင္ ပတ္တီးစည္းၿပီးကာကြယ္ထားႏိုင္ပါတယ္။ ပတ္တီးကိုေန႔စဥ္လဲေပးဖို႔ေတာ့ လိုပါတယ္။

အသားမာ

အသားမာကို သြားမလွီးပါနဲ႔။ အဲ့ဒါဟာပိုဆိုးေစပါတယ္။ ျဖစ္တဲ့ေနရာကိုေရေႏြးေႏြးနဲ႔ ၁၀မိနစ္ေလာက္စိမ္ထားၿပီး ေခ်းတြန္းတဲ့ေက်ာက္အႏုစားနဲ႔ ပြတ္တိုက္ေပးႏိုင္ပါတယ္။ ေဆးဖတ္ေတြ ကပ္ေပးႏိုင္ပါတယ္။

ငါးမ်က္စိ

ငါးမ်က္စိဟာလည္း ေပ်ာက္ကင္းႏိုင္ေပမယ့္ အသားမာထက္စာရင္ နည္းနည္းပိုၾကာတတ္ပါတယ္။ ေရေႏြးေႏြးျဖင့္ ေရခ်ိဳးျခင္း၊ ေရေႏြးစိမ္ေပးျခင္းစတဲ့ နည္းလမ္းေတြနဲ႔ ငါးမ်က္စိကိုေပ်ာ့ႏူးေစႏိုင္ပါတယ္။ အဲ့ဒီေနာက္ ေခ်းတြန္းေက်ာက္နဲ႔ ပြတ္တိုက္ေပးႏိုင္ပါတယ္။ မုန္႔လက္ေကာက္ပုံစံ ေဆးဖတ္ကိုေဆးဆိုင္ေတြမွာ ၀ယ္ႏိုင္ပါတယ္။ အဲဒီနည္းဟာ ငါးမ်က္စိကိုပိုၿပီး ျမန္ျမန္ဆန္ဆန္ ေပ်ာက္ကင္းေစႏိုင္ပါတယ္။ salicylicအက္ဆစ္ပါတဲ့ ေဆးဖတ္ေတြကိုလည္းသုံးႏိုင္ပါတယ္။ salicylicအက္ဆစ္ဟာငါးမ်က္စိအေရျပားကိုဖယ္ရွားေပးႏိုင္ပါတယ္။

အရည္ၾကည္ဖု၊ ငါးမ်က္စိ၊ အသားမာမျဖစ္ေအာင္ ဘယ္လိုကာကြယ္ေပးႏိုင္လဲ

ေအာက္ပါအခ်က္ေတြကိုလိုက္နာၿပီးကာကြယ္ႏိုင္ပါတယ္။

• သင့္ေျခေထာက္နဲ႔ အံ၀င္ခြင္က်ျဖစ္တဲ့ ရႉးဖိနပ္ကိုပဲေ႐ြးခ်ယ္ပါ။ အဲ့ဒီအခါ သက္ေတာင့္သက္သာ ျဖစ္ေစၿပီးပြတ္တိုက္မႈေတြကိုကာကြယ္ႏိုင္ပါတယ္။ မ၀ယ္ခင္ ေသခ်ာေ႐ြးပါ။
• ေျခအိတ္စီးဖို႔မေမ့ပါနဲ႔။
• သန္႔ရွင္းေရးလုပ္ရာမွာ၊ အေလးအပင္မရာမွာလက္အိတ္စြပ္ထားသင့္ပါတယ္။

အရည္ၾကည္ဖု၊ ငါးမ်က္စိ၊ အသားမာေတြဟာအျဖစ္မ်ားတဲ့ အေရျပားဆိုင္ရာ ျပသနာေတြ ျဖစ္ပါတယ္။ ေကာင္းတာက ေပ်ာက္ေအာင္ကုၿပီး ႐ိုးရွင္းတဲ့နည္းေတြနဲ႔ မျဖစ္ေအာင္ ကာကြယ္ႏိုင္ပါတယ္။ ေဆးကုသမႈခံယူဖို႔ မေမ့ပါနဲ႔။ သင့္ဆရာ၀န္ဟာ ကူညီႏိုင္ပါတယ္။

(Unicode)

အရည်ကြည်ဖု၊ ငါးမျက်စိ၊ အသားမာ
==============================

အရည်ကြည်ဖု၊ ငါးမျက်စိနဲ့ အသားမာများဟာအရေပြားနဲ့ မျက်နှာပြင်တခုခုပွတ်တိုက်မိနေတဲ့အခါ ဖြစ်ပေါ်လာပါတယ်။ ဒီအခြေအနေတွေကို ကြုံဖူးပါသလား။ သူတို့ဟာဘယ်လိုအရာတွေဖြစ်တယ် ဘယ်လိုပျောက်ကင်းအောင် လုပ်မယ်ဆိုတာစဉ်းစားဖူးပါသလား။ စဉ်းစားဖူးရင်တော့ ဒီစာကိုဆက်ပြီးဖတ်ကြည့်ပါ။

သူတို့ဟာဘာလဲ

အရည်ကြည်ဖု

အရည်ကြည်ဖုတခုဟာအရည်ကြည်လေးတွေပါတဲ့ အိတ်လေးတခုပုံစံနဲ့ အရေပြားပေါ်မှာပေါ်နေတတ်ပါတယ်။ ပွတ်တိုက်မှုကြောင့် ဖြစ်ပေါ်လာတတ်ပါတယ်။ ဥပမာသင်ဟာခြေအိတ်မပါဘဲ ရှူးဖိနပ်စီးမယ်ဆိုရင် ဖိနပ်နဲ့ သင့်ခြေဖဝါးဟာ ဆက်တိုက် ပွတ်တိုက်မှု ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် သစ်ရွက်များကိုထွန်ခြစ်နဲ့ဆွဲတဲ့အခါ လက်အိတ်မဝတ်ထားရင် ထွန်ခြစ်လက်ကိုင်နဲ့ လက်နဲ့ ပွတ်တိုက်မှုဟာဆက်တိုက်ပဲပွတ်တိုက်လာနိုင်ပါတယ်။

အသားမာ

အသားမာဆိုတာကတော့ လက်ဖဝါးနဲ့ ခြေဖဝါးမှာ အရေပြားထူထဲလာခြင်း ဖြစ်ပါတယ်။ အချိန်ကြာမြင့်စွာပွတ်တိုက်မှုရှိလာရင် ဖြစ်ပွားနိုင်ပါတယ်။ အရေပြားဟာထူလာပြီးမျက်နှာပြင်မှာ အဖုဖြစ်လာနိုင်ပါတယ်။ အသားမာဟာ လက်ဖဝါးနဲ့ ခြေဖဝါးကို ကာကွယ်ဖို့ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါပေမယ့် ခြေဖဝါးမှာဖြစ်တဲ့ အသားမာဟာ ကိုယ်အလေးချိန်ကို ထမ်းထားရတာကြောင့် နာကျင်လာတတ်ပါတယ်။

ငါးမျက်စိ

ငါးမျက်စိဟာ အသားမာနဲ့ ဆင်တူပါတယ်။ သူဟာခြေချောင်းများအနီး အရိုးအောက်ခံရှိတဲ့နေရာ၊ ဒါမှမဟုတ် ခြေချောင်းများ ကြားထဲမှာ ဖြစ်ပေါ်လာတတ်ပါတယ်။ ခြေချောင်းတွေကို ကြပ်နေစေတဲ့ ရှူးဖိနပ်ကိုအချိန်ကြာကြာစီးတဲ့အခါ ဖြစ်ပေါ်လာတတ်ပါတယ်။

ဘယ်လိုကုသမလဲ

အရည်ကြည်ဖု

အရည်ကြည်ဖုတွေဟာ အချိန်နည်းနည်းကြာသွားရင် သူ့ဖာသာပျောက်သွားနိုင်ပါတယ်။ အရည်ကြည်ဖုကိုဖုံးထားတဲ့ အရေပြားဟာ ပိုးမဝင်အောင် ကာကွယ်ပေးပါတယ်။ ဆရာဝန်ဟာ အပ်သေးသေးသုံးပြီး အရည်ကြည်တွေကိုစုပ်ဖို့ အားပေးတာရှိနိုင်ပါတယ်။ ဒါပေမယ့် အရေပြာကိုတော့ ခွာစေမှာမဟုတ်ပါဘူး။ အရည်ကြည်ဖုတွကို
ခြောက်သွေ့သန့်ရှင်းအောင် ထားသင့်ပါတယ်။ ရေသန့်သန့်နဲ့ သိပ်မပြင်းတဲ့ ဆပ်ပြာနဲ့ ဆေးကြောသင့်ပါတယ်။ အညစ်အကြေးမပေအောင် ပတ်တီးစည်းပြီးကာကွယ်ထားနိုင်ပါတယ်။ ပတ်တီးကိုနေ့စဉ်လဲပေးဖို့တော့ လိုပါတယ်။

အသားမာ

အသားမာကို သွားမလှီးပါနဲ့။ အဲ့ဒါဟာပိုဆိုးစေပါတယ်။ ဖြစ်တဲ့နေရာကိုရေနွေးနွေးနဲ့ ၁၀မိနစ်လောက်စိမ်ထားပြီး ချေးတွန်းတဲ့ကျောက်အနုစားနဲ့ ပွတ်တိုက်ပေးနိုင်ပါတယ်။ ဆေးဖတ်တွေ ကပ်ပေးနိုင်ပါတယ်။

ငါးမျက်စိ

ငါးမျက်စိဟာလည်း ပျောက်ကင်းနိုင်ပေမယ့် အသားမာထက်စာရင် နည်းနည်းပိုကြာတတ်ပါတယ်။ ရေနွေးနွေးဖြင့် ရေချိုးခြင်း၊ ရေနွေးစိမ်ပေးခြင်းစတဲ့ နည်းလမ်းတွေနဲ့ ငါးမျက်စိကိုပျော့နူးစေနိုင်ပါတယ်။ အဲ့ဒီနောက် ချေးတွန်းကျောက်နဲ့ ပွတ်တိုက်ပေးနိုင်ပါတယ်။ မုန့်လက်ကောက်ပုံစံ ဆေးဖတ်ကိုဆေးဆိုင်တွေမှာ ဝယ်နိုင်ပါတယ်။ အဲဒီနည်းဟာ ငါးမျက်စိကိုပိုပြီး မြန်မြန်ဆန်ဆန် ပျောက်ကင်းစေနိုင်ပါတယ်။ salicylicအက်ဆစ်ပါတဲ့ ဆေးဖတ်တွေကိုလည်းသုံးနိုင်ပါတယ်။ salicylicအက်ဆစ်ဟာငါးမျက်စိအရေပြားကိုဖယ်ရှားပေးနိုင်ပါတယ်။

အရည်ကြည်ဖု၊ ငါးမျက်စိ၊ အသားမာမဖြစ်အောင် ဘယ်လိုကာကွယ်ပေးနိုင်လဲ

အောက်ပါအချက်တွေကိုလိုက်နာပြီးကာကွယ်နိုင်ပါတယ်။

• သင့်ခြေထောက်နဲ့ အံဝင်ခွင်ကျဖြစ်တဲ့ ရှူးဖိနပ်ကိုပဲရွေးချယ်ပါ။ အဲ့ဒီအခါ သက်တောင့်သက်သာ ဖြစ်စေပြီးပွတ်တိုက်မှုတွေကိုကာကွယ်နိုင်ပါတယ်။ မဝယ်ခင် သေချာရွေးပါ။
• ခြေအိတ်စီးဖို့မမေ့ပါနဲ့။
• သန့်ရှင်းရေးလုပ်ရာမှာ၊ အလေးအပင်မရာမှာလက်အိတ်စွပ်ထားသင့်ပါတယ်။

အရည်ကြည်ဖု၊ ငါးမျက်စိ၊ အသားမာတွေဟာအဖြစ်များတဲ့ အရေပြားဆိုင်ရာ ပြသနာတွေ ဖြစ်ပါတယ်။ ကောင်းတာက ပျောက်အောင်ကုပြီး ရိုးရှင်းတဲ့နည်းတွေနဲ့ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ ဆေးကုသမှုခံယူဖို့ မမေ့ပါနဲ့။ သင့်ဆရာဝန်ဟာ ကူညီနိုင်ပါတယ်။

ရေးသားသူ Dr.Thant Zin
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
Crd:Hello ဆရာဝန်


Leave a Reply

Your email address will not be published. Required fields are marked *

*