တရားထိုင်ခြင်းဖြင့် နှလုံးရောဂါကို ကာကွယ်နိုင်

(Zawgyi)

တရားထိုင္ျခင္းျဖင့္ ႏွလုံးေရာဂါကို ကာကြယ္ႏိုင္

အေမရိကန္ ႏွလုံးအဖြဲ႕အစည္းကေန ပထမဦးဆုံး အႀကိမ္အျဖစ္ တရားထိုင္ျခင္း (Meditation) ျပဳလုပ္ျခင္း ေၾကာင့္ ရရွိႏိုင္ေသာ အက်ိဳးေက်းဇူးမ်ားကို မၾကာေသး မီက တရားဝင္ထုတ္ျပန္ခဲ့ပါတယ္။

ထိုအဖြဲ႕အစည္း၏ ေဆးပညာကြၽမ္းက်င္ပညာရွင္မ်ားက တရားထိုင္ျခင္းနည္း လမ္း အမ်ိဳးမ်ိဳးႏွင့္ ယင္းတို႔၏ ႏွလုံးက်န္းမာေရးအေပၚ သက္ေရာက္မႈ၊ က်န္းမာေရး အက်ိဳးေက်းဇူးမ်ားသာမက စိတ္ဖိစီးမႈေၾကာင့္ ႏွလုံးတိုက္ခိုက္ခံရႏိုင္ေျခတို႔အေၾကာင္း ေလ့လာထားတဲ့ သုေတသနမ်ား၏ ေတြ႕ရွိခ်က္ရလဒ္မ်ား ကို ျပန္လည္သုံးသပ္ခဲ့ၾကပါတယ္။

ထိုသုေတသနမ်ားအရ တရားထိုင္ျခင္း၏ ႏွလုံးက်န္းမာေရးအေပၚ အက်ိဳး ေက်းဇူးမ်ား အတိအက်ကို မေျပာဆိုႏိုင္ေသာ္လည္း ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်ျခင္းကဲ့သို႔ ႏွလုံးက်န္းမာေရး ျပႆနာမ်ားအတြက္ ကုထုံးမ်ားထဲမွ တစ္ခု အျဖစ္ ထည့္သြင္းစဥ္းစားႏိုင္ေၾကာင္း သိရပါ တယ္။ ႏွလုံးက်န္းမာေရးထိန္းသိမ္းဖို႔ နည္းဗ်ဴဟာ မ်ားထဲတြင္တရားထိုင္ျခင္းကိုထည့္သြင္းႏိုင္တယ္ လို႔ ပညာရွင္မ်ားက ဆိုပါတယ္။

ဆက္လက္ၿပီး သုေတသနေလ့လာမႈမ်ား ျပဳလုပ္ရန္ လိုအပ္ေန ေသာ္လည္း သိရွိထားၿပီးတဲ့ အခ်က္အလက္မ်ား ဟာ တရားထိုင္ျခင္းေၾကာင့္ ႏွလုံးက်န္းမာေရး အက်ိဳးေက်းဇူးရေစေၾကာင္း အေထာက္အထား ခိုင္လုံမႈရွိေစတယ္လို႔ ပညာရွင္မ်ားက သေဘာတူထားခဲ့ၾကပါတယ္။

Credit-Original Uploader

(Unicode)

တရားထိုင်ခြင်းဖြင့် နှလုံးရောဂါကို ကာကွယ်နိုင်

အမေရိကန် နှလုံးအဖွဲ့အစည်းကနေ ပထမဦးဆုံး အကြိမ်အဖြစ် တရားထိုင်ခြင်း (Meditation) ပြုလုပ်ခြင်း ကြောင့် ရရှိနိုင်သော အကျိုးကျေးဇူးများကို မကြာသေး မီက တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။

ထိုအဖွဲ့အစည်း၏ ဆေးပညာကျွမ်းကျင်ပညာရှင်များက တရားထိုင်ခြင်းနည်း လမ်း အမျိုးမျိုးနှင့် ယင်းတို့၏ နှလုံးကျန်းမာရေးအပေါ် သက်ရောက်မှု၊ ကျန်းမာရေး အကျိုးကျေးဇူးများသာမက စိတ်ဖိစီးမှုကြောင့် နှလုံးတိုက်ခိုက်ခံရနိုင်ခြေတို့အကြောင်း လေ့လာထားတဲ့ သုတေသနများ၏ တွေ့ရှိချက်ရလဒ်များ ကို ပြန်လည်သုံးသပ်ခဲ့ကြပါတယ်။

ထိုသုတေသနများအရ တရားထိုင်ခြင်း၏ နှလုံးကျန်းမာရေးအပေါ် အကျိုး ကျေးဇူးများ အတိအကျကို မပြောဆိုနိုင်သော်လည်း ကိုယ်အလေးချိန်လျှော့ချခြင်းကဲ့သို့ နှလုံးကျန်းမာရေး ပြဿနာများအတွက် ကုထုံးများထဲမှ တစ်ခု အဖြစ် ထည့်သွင်းစဉ်းစားနိုင်ကြောင်း သိရပါ တယ်။ နှလုံးကျန်းမာရေးထိန်းသိမ်းဖို့ နည်းဗျူဟာ များထဲတွင်တရားထိုင်ခြင်းကိုထည့်သွင်းနိုင်တယ် လို့ ပညာရှင်များက ဆိုပါတယ်။

ဆက်လက်ပြီး သုတေသနလေ့လာမှုများ ပြုလုပ်ရန် လိုအပ်နေ သော်လည်း သိရှိထားပြီးတဲ့ အချက်အလက်များ ဟာ တရားထိုင်ခြင်းကြောင့် နှလုံးကျန်းမာရေး အကျိုးကျေးဇူးရစေကြောင်း အထောက်အထား ခိုင်လုံမှုရှိစေတယ်လို့ ပညာရှင်များက သဘောတူ ထားခဲ့ကြပါတယ်။

Credit-Original Uploader


Leave a Reply

Your email address will not be published. Required fields are marked *

*