ရုပ်ပျိုကိုယ်နုစေမည့် ရှီးပဒီးပင်။ ႐ုပ္ပ်ိဳကိုယ္ႏုေစမည့္ ရွီးပဒီးပင္။

(Zawgyi)

႐ုပ္ပ်ိဳကိုယ္ႏုေစမည့္ ရွီးပဒီးပင္

ပုံမွာျမင္ရတဲ့ ေဆးျမစ္ကို ေဆာင္းပိုးေႏြျမက္ပင္၊ ပိုးေဆးႏြယ္ရွင္ပင္၊ ရွီးပဒီးပင္ စသျဖင့္ ေခၚဆိုၾကပါတယ္။ အဂၤလိပ္လို Cordyceps လို႔ေခၚပါတယ္။ Google မွာ ႐ိုက္ၾကည့္လိုက္ရင္ အဲဒီေဆးပုံနဲ႔ ေဆးအေၾကာင္းကို စုံလင္စြာ ဖတ္ရႈႏိုင္ၾကပါတယ္။

ျမန္မာလို ေဆာင္းပိုးေႏြျမက္၊ ကခ်င္လို ရွီးပဒီးဆိုတဲ့ ဒီအပင္ဟာ ျမန္မာျပည္ေျမာက္ဖ်ား ကခ်င္ျပည္နယ္၊ ပူတာအိုေဒသမွ ေပေပါင္း တစ္ေသာင္းေက်ာ္ျမင့္မား၍ ဆီးႏွင္းမ်ား၊ ေရခဲမ်ားဖုံးလြမ္းေနသည့္ ခါကာဘိုရာဇီေတာင္ထိပ္၊ ဂမ္လန္ရာဇီေတာင္ထိပ္၊ တိဘက္-ျမန္မာေတာင္ထိပ္ႏွင့္ နီေပါႏိုင္ငံ ဧ၀ရတ္ေတာင္ထိပ္တို႔မွာ ေပါက္ဖြားၾကပါတယ္။ ရွီးပဒီးပင္ဟာ ေဆာင္းပိုင္း ၆ လမွာ အသက္ရွိတဲ့ပိုးေကာင္အျဖစ္ ရွင္သန္ေနၿပီး လူတို႔၏ က်န္းမာေရးကို မ်ားစြာအေထာက္အကူေပးေသာ မဂ်စ္ဥ၊ ခမ္းေတာက္ျမစ္တို႔ကိုစားသုံးကာ ေႏြပိုင္း ၆ လတြင္ ျမက္ပင္အျဖစ္ ေျပာင္းလဲသြားၾကပါတယ္။ ဒါ့ေၾကာင့္ ေဆာင္းပိုးေႏြျမက္လို႔ ေခၚတြင္ၾကပါတယ္။

ရွီးပဒီးျမစ္ကိုစားသုံးလွ်င္ ႐ုပ္ပ်ိဳကိုယ္ႏုေစတယ္လို႔ ေဆးပညာရွင္မ်ားက လက္ခံလာၾကၿပီး ကမာၻအနံ႔တြင္ ရွီးပဒီးျဖင့္ထုတ္လုပ္ထားေသာ ကာမအားတိုးေဆးမ်ား၊ ႏွလုံးအားတိုးေဆးမ်ား၊ အေၾကာအားေဆးမ်ား စသျဖင့္ ေဆးမ်ိဳးစုံကို ထုတ္လုပ္ေနၾကတဲ့အတြက္ ေစ်းကြက္တြင္ အလြန္ေရာင္းအားေကာင္း၍ ရွားပါးေဆးဖက္၀င္အပင္သို႔ ေရာက္လာေနပါၿပီ။ ပူတာအိုေဒသခံအခ်ိဳ႕ ရွီးပဒီးဥကိုလိုက္ရွာၿပီး ေရာင္းၾကရာမွာ ယခုအခါမွာ တစ္ဥကို က်ပ္ေငြ တစ္ေသာင္းခြဲသို႔ေရာက္ေနၿပီး တစ္ပိႆာကို အေမရိကန္ေဒၚလာ US 30000 အထိရွိတယ္လို႔ သိရပါတယ္။

ကိုရီးယား၊ ဂ်ပန္၊ တ႐ုတ္၊ ထိုင္း၊ အိႏၵိယ၊ ေဟာင္ေကာင္၊ ထိုင္၀မ္တို႔မွလည္း ရွီးပဒီးဥျဖင့္ အားတိုးေဆးမ်ိဳးစုံကို ထုတ္လုပ္ေနၾကတဲ့အတြက္ ေစ်းကြက္တြင္ ေရာင္းအားျမင့္တက္ေနေၾကာင္းလည္း ၾကားသိရပါတယ္။ နီေပါ၊ တိဘက၊ တ႐ုတ္တို႔မွထြက္ရွိတဲ့ ရွီးပဒီးထက္ ျမန္မာျပည္ေျမာက္ပိုင္းမွ ထြက္ရွိတဲ့ ရွီးပဒီးဥမ်ားက ေဆးစြမ္းပိုမိုထက္ျမက္သည့္အတြက္ ေစ်းႏႈန္းမွာလည္း အျမင့္ဆုံးလို႔ သိရပါတယ္။

ကခ်င္ျပည္မွ ဆို႐ိုးစကားတစ္ခုမွာ “ ႏြယ္ျမက္သစ္ပင္ ေဆးဖက္၀င္၊ မသိသူေက်ာ္လႊား သိသူေဖၚစား၊ ႐ုပ္ကေလးရယ္ပ်ိဳေစလို မေနာေျမကိုခို ” လို႔ ဆိုထားပါတယ္။

ေဆးသုံးစြဲပုံ –

၄င္းရွီးပဒီးဥသည္ အလြန္ခါးသက္တဲ့ အရသာရွိတဲ့အတြက္ အရက္ထဲစိမ္ထားၿပီး ေသာက္ရပါတယ္။ အခ်ိဳ႕ကေတာ့ အမႈန္႔ျပဳလုပ္၍ ၄င္းေဆးမႈန္႔ကို အနည္းငယ္စီ စားသုံးေပးၾကပါတယ္။

သဘာ၀ကေပးတဲ့ ေဆးဖက္၀င္အပင္မ်ားျဖင့္ က်န္းမာစြာ အသက္ရွည္ႏိုင္ၾကပါေစေၾကာင္း ေရးသားမွ်ေဝေပးလိုက္ပါတယ္။

Credit-စောနွဲ့နေဆိုင် (ပူတာအို)

ကိုးကား-Cordyceps For Your Long Life

(Unicode)

ရုပ်ပျိုကိုယ်နုစေမည့် ရှီးပဒီးပင်

ပုံမှာမြင်ရတဲ့ ဆေးမြစ်ကို ဆောင်းပိုးနွေမြက်ပင်၊ ပိုးဆေးနွယ်ရှင်ပင်၊ ရှီးပဒီးပင် စသဖြင့် ခေါ်ဆိုကြပါတယ်။ အင်္ဂလိပ်လို Cordyceps လို့ခေါ်ပါတယ်။ Google မှာ ရိုက်ကြည့်လိုက်ရင် အဲဒီဆေးပုံနဲ့ ဆေးအကြောင်းကို စုံလင်စွာ ဖတ်ရှုနိုင်ကြပါတယ်။

မြန်မာလို ဆောင်းပိုးနွေမြက်၊ ကချင်လို ရှီးပဒီးဆိုတဲ့ ဒီအပင်ဟာ မြန်မာပြည်မြောက်ဖျား ကချင်ပြည်နယ်၊ ပူတာအိုဒေသမှ ပေပေါင်း တစ်သောင်းကျော်မြင့်မား၍ ဆီးနှင်းများ၊ ရေခဲများဖုံးလွမ်းနေသည့် ခါကာဘိုရာဇီတောင်ထိပ်၊ ဂမ်လန်ရာဇီတောင်ထိပ်၊ တိဘက်-မြန်မာတောင်ထိပ်နှင့် နီပေါနိုင်ငံ ဧဝရတ်တောင်ထိပ်တို့မှာ ပေါက်ဖွားကြပါတယ်။ ရှီးပဒီးပင်ဟာ ဆောင်းပိုင်း ၆ လမှာ အသက်ရှိတဲ့ပိုးကောင်အဖြစ် ရှင်သန်နေပြီး လူတို့၏ ကျန်းမာရေးကို များစွာအထောက်အကူပေးသော မဂျစ်ဥ၊ ခမ်းတောက်မြစ်တို့ကိုစားသုံးကာ နွေပိုင်း ၆ လတွင် မြက်ပင်အဖြစ် ပြောင်းလဲသွားကြပါတယ်။ ဒါ့ကြောင့် ဆောင်းပိုးနွေမြက်လို့ ခေါ်တွင်ကြပါတယ်။

ရှီးပဒီးမြစ်ကိုစားသုံးလျှင် ရုပ်ပျိုကိုယ်နုစေတယ်လို့ ဆေးပညာရှင်များက လက်ခံလာကြပြီး ကမ္ဘာအနံ့တွင် ရှီးပဒီးဖြင့်ထုတ်လုပ်ထားသော ကာမအားတိုးဆေးများ၊ နှလုံးအားတိုးဆေးများ၊ အကြောအားဆေးများ စသဖြင့် ဆေးမျိုးစုံကို ထုတ်လုပ်နေကြတဲ့အတွက် ဈေးကွက်တွင် အလွန်ရောင်းအားကောင်း၍ ရှားပါးဆေးဖက်ဝင်အပင်သို့ ရောက်လာနေပါပြီ။ ပူတာအိုဒေသခံအချို့ ရှီးပဒီးဥကိုလိုက်ရှာပြီး ရောင်းကြရာမှာ ယခုအခါမှာ တစ်ဥကို ကျပ်ငွေ တစ်သောင်းခွဲသို့ရောက်နေပြီး တစ်ပိဿာကို အမေရိကန်ဒေါ်လာ US 30000 အထိရှိတယ်လို့ သိရပါတယ်။

ကိုရီးယား၊ ဂျပန်၊ တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ဟောင်ကောင်၊ ထိုင်ဝမ်တို့မှလည်း ရှီးပဒီးဥဖြင့် အားတိုးဆေးမျိုးစုံကို ထုတ်လုပ်နေကြတဲ့အတွက် ဈေးကွက်တွင် ရောင်းအားမြင့်တက်နေကြောင်းလည်း ကြားသိရပါတယ်။ နီပေါ၊ တိဘက၊ တရုတ်တို့မှထွက်ရှိတဲ့ ရှီးပဒီးထက် မြန်မာပြည်မြောက်ပိုင်းမှထွက်ရှိတဲ့ ရှီးပဒီးဥများက ဆေးစွမ်းပိုမိုထက်မြက်သည့်အတွက် ဈေးနှုန်းမှာလည်း အမြင့်ဆုံးလို့ သိရပါတယ်။

ကချင်ပြည်မှ ဆိုးရိုးစရားတစ်ခုမှာ “ နွယ်မြက်သစ်ပင် ဆေးဖက်ဝင်၊ မသိသူကျော်လွှား သိသူဖေါ်စား၊ ရုပ်ကလေးရယ်ပျိုစေလို မနောမြေကိုခို ” လို့ ဆိုထားပါတယ်။

ဆေးသုံးစွဲပုံ –

၎င်းရှီးပဒီးဥသည် အလွန်ခါးသက်တဲ့အရသာရှိတဲ့အတွက် အရက်ထဲစိမ်ထားပြီး သောက်ရပါတယ်။ အချို့ကတော့ အမှုန့်ပြုလုပ်၍ ၎င်းဆေးမှုန့်ကို အနည်းငယ်စီ စားသုံးပေးကြပါတယ်။

သဘာဝကပေးတဲ့ ဆေးဖက်ဝင်အပင်များဖြင့် ကျန်းမာစွာ အသက်ရှည်နိုင်ကြပါစေကြောင်း ရေးသားမျှဝေပေးလိုက်ပါတယ်။

Credit-စောနွဲ့နေဆိုင် (ပူတာအို)

ကိုးကား – Cordyceps For Your Long Life


Leave a Reply

Your email address will not be published. Required fields are marked *

*