ငုံးဥ အစွမ်း။ ငုံးဥ အစြမ္း။

(Zawgyi)

ငုံးဥ အစြမ္း

ငုံးဥတြင္ ကိုယ္ခႏၶာအတြက္ လိုအပ္ေသာ အဟာရဓာတ္ မ်ားစြာပါဝင္ပါသည္။ အျမင္အာ႐ုံ မႈံဝါးျခင္းကို ကာကြယ္ေပးႏိုင္သည့္ ျဒပ္တစ္မ်ိဳးပါဝင္သည္။

ဗိုက္တာမင္ ဒီ ေလွ်ာ့နည္းျခင္းေၾကာင့္ ျဖစ္ေပၚတတ္ေသာ ေနာက္ဆက္တြဲ ခံစားတတ္သည့္ ကိုယ္ခံအား က်ဆင္းျခင္း၊ ဦးေႏွာက္ႏွင့္ ပက္သက္ေသာ ကစဥ့္ကလ်ား ျဖစ္ျခင္းမ်ားႏွင့္ အေရျပား အစြန္း အကြက္မ်ား ျဖစ္ျခင္းတို႔ကို သက္သာေစပါသည္။

ထို႔ျပင္ အစာေျခအဂၤါ မ်ားႏွင့္ ပက္သက္သည့္ မအီမသာ ခံစားရျခင္းမ်ားကို ငုံးဥ ေန႔စဥ္ပုံမွန္ စားေပးျခင္းျဖင့္ သက္သာေစႏိုင္သည္။ ထိုသို႔ ပုံမွန္ စားေပးျခင္းျဖင့္ HIV / AIDS ေရာဂါတို႔တြင္ CD4 ဆဲလ္မ်ားကို တိုးတက္ေစသည္။

အ႐ြယ္အစား က ၾကက္ဥထက္ ေသးငယ္ေသာ္လဲ အဟာရဓာတ္ ပါဝင္မႈမွာ ၾကက္ဥထက္ ၄ဆ ၅ဆခန္႔ ပိုမိုသည္။ ကိုယ္ခႏၶာအတြက္ ေကာင္းမြန္ေသာ ကိုလက္စေရာ မ်ားသာပါဝင္သည္။

ကိုယ္ဝန္ေဆာင္ မိခင္မ်ား စားသုံးေပးရင္ မေမြးေသးေသာ ကေလးငယ္အတြက္ ႐ုပ္ပိုင္း၊စိတ္ပိုင္း ကို ေကာင္းမြန္တိုးတက္ေစရန္ ေထာက္ပံ့ေပးၿပီး ႏို႔တိုက္မိခင္မ်ား စားသုံးရင္ေတာ့ မိခင္ႏို႔ အရည္အေသြးကို ျမႇင့္တင္ေပးကာ ကေလးငယ္၏ စိတ္ပိုင္းဆိုင္ရာႏွင့္ ကိုယ္ခံအားကို ေကာင္းမြန္ေစသည္။

ငုံး မ်ား၏ ကိုယ္အပူခ်ိန္ဟာ ၾကက္ေတြထက္ ပိုမိုတဲ့အတြက္ အစာအဆိပ္သင့္ ေစေသာ ပိုးမႊားမ်ား မရွင္သန္ႏိုင္ပါဖူး။ ဒါေၾကာင့္ ငုံးဥ စားသုံးလို႔ ဓာတ္မတည့္ေသာ ေဝဒနာမ်ား မရရွိႏိုင္ပါ။

ျပဳတ္ျခင္း၊ မက်က္တက်က္ ျပဳတ္ျခင္း၊ ေၾကာ္ျခင္း ႏွင့္ အစိမ္းစားျခင္းတို႔ကို မိမိ ႏွစ္သက္ ဆႏၵရွိသလို စားေသာက္ႏိုင္ပါတယ္။ လူတစ္ဦးလွ်င္ ၃လုံးမွ ၅လုံးအထိ စားသုံးႏိုင္သည္။ အေကာင္းဆုံး အက်ိဳးသက္ေရာက္မႈ ရႏိုင္တာကေတာ့ အစိမ္း ေသာက္ျခင္းျဖစ္ပါတယ္။

အစိမ္းေသာက္ႏိုင္သူေတြကေတာ့ ဇကာတခုခုထဲမွာ ငုံးဥကို ထဲ့ထားၿပီး ေရေႏြးေလာင္းခ်ၿပီး ေဆးေၾကာပါ။ ၿပီးရင္ေတာ့ အစာအိမ္ထဲ အစာမရွိခ်ိန္ ေသာက္ႏိုင္ရင္ ပိုေကာင္းမြန္ပါတယ္။

အစိမ္းမေသာက္ ႏိုင္သူေတြကေတာ့ ငုံးဥကို ခြက္တခုခုထဲမွာ ထဲၿပီး ေရေႏြးဆူဆူကို ေလာင္းပါ။ ၁၀ မိနစ္ခန္႔ထားၿပီး အခြံခြာကာ ဆားအနည္းငယ္ ျဖဴးၿပီး စားသုံးႏိုင္ပါတယ္။ အခြံကိုလဲ စားသုံးႏိုင္ပါတယ္။

အခြံေလးမ်ားကို သီးသန္႔စုထားၿပီး ႀကိတ္စက္ျဖင့္ အမႈန္႔ျဖစ္ေအာင္ ျပဳလုပ္ကာ ခ်က္ျပဳတ္စားေသာက္သည့္ မည္သည့္ ဟင္းလွ်ာႏွင့္ မဆို ေရာစပ္စားသုံးျခင္းျဖင့္ အ႐ိုးပြ ေရာဂါအတြက္ ကာကြယ္ သက္သာ ေစႏိုင္သည္။

အမ်ိဳးသမီးမ်ားအတြက္ကေတာ့ အစာအိမ္တြင္း အစာမရွိခ်ိန္မွာ ငုံးဥ အစိမ္းကို တစ္လတိတိ ေသာက္သုံးေပးရင္ မီးယပ္၊ ရာသီေသြး အခ်ိန္မွန္ျခင္းႏွင့္ ယင္းႏွင့္ ပက္သက္ေသာ ေဝဒနာမ်ားကို သက္သာေစပါတယ္။

Credit-ဝင္းလႈိင္ဦး (၁၀-၅-၁၆)

ဖတ္မိသမွ် က်န္းမာေရး ဗဟုသုတ

(Unicode)

ငုံးဥ အစွမ်း

ငုံးဥတွင် ကိုယ်ခန္ဓာအတွက် လိုအပ်သော အဟာရဓာတ် များစွာပါဝင်ပါသည်။ အမြင်အာရုံ မှုံဝါးခြင်းကို ကာကွယ်ပေးနိုင်သည့် ဒြပ်တစ်မျိုးပါဝင်သည်။

ဗိုက်တာမင် ဒီ လျှော့နည်းခြင်းကြောင့် ဖြစ်ပေါ်တတ်သော နောက်ဆက်တွဲ ခံစားတတ်သည့် ကိုယ်ခံအား ကျဆင်းခြင်း၊ ဦးနှောက်နှင့် ပက်သက်သော ကစဉ့်ကလျား ဖြစ်ခြင်းများနှင့် အရေပြား အစွန်း အကွက်များ ဖြစ်ခြင်းတို့ကို သက်သာစေပါသည်။

ထို့ပြင် အစာခြေအင်္ဂါ များနှင့် ပက်သက်သည့် မအီမသာ ခံစားရခြင်းများကို ငုံးဥ နေ့စဉ်ပုံမှန် စားပေးခြင်းဖြင့် သက်သာစေနိုင်သည်။ ထိုသို့ ပုံမှန် စားပေးခြင်းဖြင့် HIV / AIDS ရောဂါတို့တွင် CD4 ဆဲလ်များကို တိုးတက်စေသည်။

အရွယ်အစား က ကြက်ဥထက် သေးငယ်သော်လဲ အဟာရဓာတ် ပါဝင်မှုမှာ ကြက်ဥထက် ၄ဆ ၅ဆခန့် ပိုမိုသည်။ ကိုယ်ခန္ဓာအတွက် ကောင်းမွန်သော ကိုလက်စရော များသာပါဝင်သည်။

ကိုယ်ဝန်ဆောင် မိခင်များ စားသုံးပေးရင် မမွေးသေးသော ကလေးငယ်အတွက် ရုပ်ပိုင်း၊စိတ်ပိုင်း ကို ကောင်းမွန်တိုးတက်စေရန် ထောက်ပံ့ပေးပြီး နို့တိုက်မိခင်များ စားသုံးရင်တော့ မိခင်နို့ အရည်အသွေးကို မြှင့်တင်ပေးကာ ကလေးငယ်၏ စိတ်ပိုင်းဆိုင်ရာနှင့် ကိုယ်ခံအားကို ကောင်းမွန်စေသည်။

ငုံး များ၏ ကိုယ်အပူချိန်ဟာ ကြက်တွေထက် ပိုမိုတဲ့အတွက် အစာအဆိပ်သင့် စေသော ပိုးမွှားများ မရှင်သန်နိုင်ပါဖူး။ ဒါကြောင့် ငုံးဥ စားသုံးလို့ ဓာတ်မတည့်သော ဝေဒနာများ မရရှိနိုင်ပါ။

ပြုတ်ခြင်း၊ မကျက်တကျက် ပြုတ်ခြင်း၊ ကြော်ခြင်း နှင့် အစိမ်းစားခြင်းတို့ကို မိမိ နှစ်သက် ဆန္ဒရှိသလို စားသောက်နိုင်ပါတယ်။ လူတစ်ဦးလျှင် ၃လုံးမှ ၅လုံးအထိ စားသုံးနိုင်သည်။ အကောင်းဆုံး အကျိုးသက်ရောက်မှု ရနိုင်တာကတော့ အစိမ်း သောက်ခြင်းဖြစ်ပါတယ်။

အစိမ်းသောက်နိုင်သူတွေကတော့ ဇကာတခုခုထဲမှာ ငုံးဥကို ထဲ့ထားပြီး ရေနွေးလောင်းချပြီး ဆေးကြောပါ။ ပြီးရင်တော့ အစာအိမ်ထဲ အစာမရှိချိန် သောက်နိုင်ရင် ပိုကောင်းမွန်ပါတယ်။

အစိမ်းမသောက် နိုင်သူတွေကတော့ ငုံးဥကို ခွက်တခုခုထဲမှာ ထဲပြီး ရေနွေးဆူဆူကို လောင်းပါ။ ၁၀ မိနစ်ခန့်ထားပြီး အခွံခွာကာ ဆားအနည်းငယ် ဖြူးပြီး စားသုံးနိုင်ပါတယ်။ အခွံကိုလဲ စားသုံးနိုင်ပါတယ်။

အခွံလေးများကို သီးသန့်စုထားပြီး ကြိတ်စက်ဖြင့် အမှုန့်ဖြစ်အောင် ပြုလုပ်ကာ ချက်ပြုတ်စားသောက်သည့် မည်သည့် ဟင်းလျှာနှင့် မဆို ရောစပ်စားသုံးခြင်းဖြင့် အရိုးပွ ရောဂါအတွက် ကာကွယ် သက်သာ စေနိုင်သည်။

အမျိုးသမီးများအတွက်ကတော့ အစာအိမ်တွင်း အစာမရှိချိန်မှာ ငုံးဥ အစိမ်းကို တစ်လတိတိ သောက်သုံးပေးရင် မီးယပ်၊ ရာသီသွေး အချိန်မှန်ခြင်းနှင့် ယင်းနှင့် ပက်သက်သော ဝေဒနာများကို သက်သာစေပါတယ်။

Credit-ဝင်းလှိုင်ဦး (၁၀-၅-၁၆)

ဖတ်မိသမျှ ကျန်းမာရေး ဗဟုသုတ


Leave a Reply

Your email address will not be published. Required fields are marked *

*