အိပ်ရာဝင်တွင် မြန်မာ့ရိုးရာနည်းအတိုင်း စနစ်တကျ ခြေဆေးခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများ။

(Zawgyi)

(ျမန္မာ့႐ိုးရာနည္း) အိပ္ရာဝင္ စနစ္တက် ေျခေဆးျခင္းျဖင့္ ရရွိႏိုင္ေသာ အက်ိဳးေက်းဇူးမ်ား

တစ္ေနကုန္ သြားလာ လႈပ္ရွားရင္း ခႏၶာကိုယ္တြင္း ေရာက္ရွိလာေသာ အပူအခိုးအေငြမ်ားသည္ ညအိပ္ခ်ိန္တြင္ အထက္သို႔ တက္ၾကသည္။ အိပ္ေပ်ာ္ေနရင္း ေခါင္းေခြၽးမ်ား ထြက္ျခင္း၊ သြားရည္က်ျခင္း၊ အစာမစားဘဲ ပါးစပ္မွဝါးျခင္း၊ သြားႀကိတ္ျခင္း၊ကေယာင္ကတမ္း ေျပာျခင္းမ်ားသည္ ေလပူ အထက္သို႔ တက္ျခင္းေၾကာင့္ ျဖစ္ရသည္။

ေရေလာင္းသည့္အခါတြင္လည္း အေတာ္အသင့္ မဟုတ္ဘဲ ခုနစ္ခြက္မွ ၁ဝ ခြက္အထိ အခိုးအကင္းမ်ား ကုန္စင္ေအာင္ ေလာင္းေဆးျခင္းသည္ က်န္းမာေရးအတြက္ အက်ိဳးရွိေစသည္။ ေျခေထာက္ ေရေဆးျခင္းေၾကာင့္ ည တစ္ေရးႏိုးခ်ိန္ အာေျခာက္ ေရငတ္ျခင္းႏွင့္ ဆီးခ်ိဳေၾကာင့္ မ်က္စိကြယ္ျခင္းကိုပါ ကာကြယ္ႏိုင္သည္။ ေရရွည္ လုပ္ေဆာင္မွလည္း အက်ိဳးရွိမည္ကို သတိျပဳဖို႔ လိုသည္။

သိမ္ျဖဴ ဆရာေတာ္ အရွင္နာဂေသနာဘိဝံသ၏ အာယုေဗၺဒ ေဆးသိပၸံ၊ အေျခခံက်န္းမာေရး သင္ခန္းစာ စာအုပ္တြင္ ေဖာ္ျပထားေသာ က်န္းမာေသာ ေရခ်ိဳးနည္းမွာေရခ်ိဳးေသာအခါ ေအာက္ပိုင္းေျခကို စတင္ေလာင္း၍ ဒူး၊ ေပါင္ စသည္ျဖင့္ တေ႐ြ႕ေ႐ြ႕အထက္သို႔ ေလာင္းၿပီး တစ္ကိုယ္လုံး ခ်ိဳးပါ။ ေရခ်ိဳးစဥ္ ပထမတြင္ ကိုယ္စို႐ုံမွ်ေရေလာင္း၍ အတြင္းအခိုးမ်ား ထြက္လာေစရန္၊ ထြက္ခြင့္ရသည့္ အခိုးမ်ား ထြက္ခြင့္ ရေစရန္ အတန္ငယ္ ရပ္နားၿပီးေနာက္ လိုသလို ခ်ိဳးရ၏။ အထူးအားျဖင့္ ေခါင္းပိုင္း၌ ေရာဂါရွိသူမ်ား ေခါင္းကို ေရေလာင္းၿပီး မခ်ိဳးရ။ ေရမေလာင္းမီ ေရွးဦးစြာ ေရကို ပါးစပ္တြင္ ငုံ၍ ထားပါ။ သို႔မွသာ ခႏၶာကိုယ္ အတြင္းရွိ အပူအပုပ္ခိုးမ်ား ရန္မွ ကာကြယ္ၿပီး ျဖစ္ကုန္၏။ ယင္းသို႔ ျပဳလုပ္ေပးလွ်င္ သြားႏွင့္ဆိုင္ေသာ ေရာဂါမ်ား ကင္းရွင္းႏိုင္၏။

၁။တစ္ေနကုန္ေအာင္းေနေသာ အပူမ်ားေအာက္သို႔လွည့္ၿပီး ေျခဖဝါးမွထြက္သြားႏိုင္သည္။

၂။ညအိပ္ေပ်ာ္ေနခ်ိန္ ေဟာက္ျခင္း၊ သြားႀကိတ္ျခင္း၊ လွ်ာဝါးျခင္း၊ သြားရည္က်ျခင္းမ်ား သက္သာ ေစသည္။

၃။ရင္ၫႊန႔္သို႔တက္ေသာေလ၊ ဘဝင္သို႔တက္ေသာေလ၊ ႏွလုံးသို႔တက္ေသာ ေလပူတို႔ကို သက္သာေစသည္။

၄။ေျခေထာက္ကို သန႔္စင္စြာေဆးၿပီး အိပ္ျခင္းေၾကာင့္ မေကာင္းေသာအိပ္မက္ဆိုးမ်ားမက္ျခင္းမွ သက္သာေစႏိုင္သည္။

၅။ေျခသလုံးႏွစ္ဖက္ ႂကြက္တက္ျခင္းမွ သက္သာေစသည္။

၆။နံနက္အိပ္ရာထတြင္ မ်က္ဝတ္မ်ားထြက္ျခင္း၊ မ်က္စိဖြင့္မေကာင္းျခင္းမွ သက္သာေစသည္။

၇။ခႏၶာကိုယ္အပူအေအးမွ်တၿပီး ဦးေခါင္းသို႔ အပူတက္ျခင္းကို သက္သာေစသည္။

၈။အပူေၾကာင့္ သြားဖုံးႂကြျခင္း၊ သြားနာသြားကိုက္ျခင္းမ်ားမွ သက္သာေစသည္။

၉။ဆံပင္ကြၽတ္ျခင္း၊ ငယ္ထိပ္ေျပာင္ျခင္းမွ သက္သာေစသည္။

၁၀။ဆံပင္ျဖဴျခင္းကို သက္သာေစသည္။

၁၁။ကြၽတ္ေသာဆံပင္ကို ျပန္ေပါက္ေစႏိုင္သည္။

၁၂။မ်က္တြင္းက်ျခင္း၊ မ်က္ကြင္းညိဳျခင္းမွ သက္သာေစႏိုင္သည္။

ညအိပ္ရာဝင္ခ်ိန္ ေျခေထာက္ေရေဆးျခင္းျဖင့္ ေရာဂါအမ်ိဳးမ်ိဳးကို သက္သာေစႏိုင္သည္။ ႂကြက္တက္ ေရာဂါ၊ အဆစ္ေရာင္ အဆစ္ကိုက္ေရာဂါ၊ ေလးဘက္နာေရာဂါ၊ သြားႏွင့္ သြားဖုံးေရာင္၊ သြားဖုံးႂကြေရာ ဂါ၊ မ်က္စိတိမ္ေရာဂါႏွင့္ မ်က္မွန္ဒီဂရီတိုးျခင္း၊ အစာအိမ္ေလပူထျခင္း၊ ေလပူအထက္တက္၍ မူးေမာ ရင္တုန္၊ ႏွလုံးေလ႐ိုက္ေရာဂါမ်ားပင္ သက္သာသည္ဟုဆိုသည္။

ေျခေဆးလွ်င္လုံခ်ည္၊ ထဘီကို ေပါက္လယ္ထိေအာင္မတင္ၿပီး ေရေအးျဖင့္ ခုႏွစ္ခြက္ခန႔္ ေလာင္းေဆးသင့္သည္။ ေျခေဆးၿပီးေနာက္ ေခတၱအပူထြက္ေအာင္ ေစာင့္ၿပီးမွသာ အဝတ္ေျခာက္ျဖင့္ သုတ္သင့္သည္။ ေန႔စဥ္မွန္မွန္ျပဳလုပ္မွသာ အက်ိဳးရွိမည့္နည္းျဖစ္ပါသည္။

Credit-ၾကည္လြင္ျမင့္(မုျဒာ)

(Unicode)

(မြန်မာ့ရိုးရာနည်း) အိပ်ရာဝင် စနစ်တကျ ခြေဆေးခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများ

တစ်နေကုန် သွားလာ လှုပ်ရှားရင်း ခန္ဓာကိုယ်တွင်း ရောက်ရှိလာသော အပူအခိုးအငွေများသည် ညအိပ်ချိန်တွင် အထက်သို့ တက်ကြသည်။ အိပ်ပျော်နေရင်း ခေါင်းချွေးများ ထွက်ခြင်း၊ သွားရည်ကျခြင်း၊ အစာမစားဘဲ ပါးစပ်မှဝါးခြင်း၊ သွားကြိတ်ခြင်း၊ကယောင်ကတမ်း ပြောခြင်းများသည် လေပူ အထက်သို့ တက်ခြင်းကြောင့် ဖြစ်ရသည်။

ရေလောင်းသည့်အခါတွင်လည်း အတော်အသင့် မဟုတ်ဘဲ ခုနစ်ခွက်မှ ၁ဝ ခွက်အထိအခိုးအကင်းများ ကုန်စင်အောင် လောင်းဆေးခြင်းသည် ကျန်းမာရေးအတွက် အကျိုးရှိစေသည်။ ခြေထောက် ရေဆေးခြင်းကြောင့် ည တစ်ရေးနိုးချိန် အာခြောက် ရေငတ်ခြင်းနှင့် ဆီးချိုကြောင့် မျက်စိကွယ်ခြင်းကိုပါ ကာကွယ်နိုင်သည်။ ရေရှည် လုပ်ဆောင်မှလည်း အကျိုးရှိမည်ကို သတိပြုဖို့ လိုသည်။

သိမ်ဖြူ ဆရာတော် အရှင်နာဂသေနာဘိဝံသ၏ အာယုဗ္ဗေဒ ဆေးသိပ္ပံ၊ အခြေခံကျန်းမာရေး သင်ခန်းစာ စာအုပ်တွင် ဖော်ပြထားသော ကျန်းမာသော ရေချိုးနည်းမှာရေချိုးသောအခါ အောက်ပိုင်းခြေကို စတင်လောင်း၍ ဒူး၊ ပေါင် စသည်ဖြင့် တရွေ့ရွေ့အထက်သို့ လောင်းပြီး တစ်ကိုယ်လုံး ချိုးပါ။ ရေချိုးစဉ် ပထမတွင် ကိုယ်စိုရုံမျှရေလောင်း၍ အတွင်းအခိုးများ ထွက်လာစေရန်၊ ထွက်ခွင့်ရသည့် အခိုးများ ထွက်ခွင့် ရစေရန် အတန်ငယ် ရပ်နားပြီးနောက် လိုသလို ချိုးရ၏။ အထူးအားဖြင့် ခေါင်းပိုင်း၌ ရောဂါရှိသူများ ခေါင်းကို ရေလောင်းပြီး မချိုးရ။ ရေမလောင်းမီ ရှေးဦးစွာ ရေကို ပါးစပ်တွင် ငုံ၍ ထားပါ။ သို့မှသာ ခန္ဓာကိုယ် အတွင်းရှိ အပူအပုပ်ခိုးများ ရန်မှ ကာကွယ်ပြီး ဖြစ်ကုန်၏။ ယင်းသို့ ပြုလုပ်ပေးလျှင် သွားနှင့်ဆိုင်သော ရောဂါများ ကင်းရှင်းနိုင်၏။

၁။တစ်နေကုန်အောင်းနေသော အပူများအောက်သို့လှည့်ပြီး ခြေဖဝါးမှထွက်သွားနိုင်သည်။

၂။ညအိပ်ပျော်နေချိန် ဟောက်ခြင်း၊ သွားကြိတ်ခြင်း၊ လျှာဝါးခြင်း၊ သွားရည်ကျခြင်းများ သက်သာ စေသည်။

၃။ရင်ညွှန့်သို့တက်သောလေ၊ ဘဝင်သို့တက်သောလေ၊ နှလုံးသို့တက်သော လေပူတို့ကို သက်သာစေသည်။

၄။ခြေထောက်ကို သန့်စင်စွာဆေးပြီး အိပ်ခြင်းကြောင့် မကောင်းသောအိပ်မက်ဆိုးများမက်ခြင်းမှ သက်သာစေနိုင်သည်။

၅။ခြေသလုံးနှစ်ဖက် ကြွက်တက်ခြင်းမှ သက်သာစေသည်။

၆။နံနက်အိပ်ရာထတွင် မျက်ဝတ်များထွက်ခြင်း၊ မျက်စိဖွင့်မကောင်းခြင်းမှ သက်သာစေသည်။

၇။ခန္ဓာကိုယ်အပူအအေးမျှတပြီး ဦးခေါင်းသို့ အပူတက်ခြင်းကို သက်သာစေသည်။

၈။အပူကြောင့် သွားဖုံးကြွခြင်း၊ သွားနာသွားကိုက်ခြင်းများမှ သက်သာစေသည်။

၉။ဆံပင်ကျွတ်ခြင်း၊ ငယ်ထိပ်ပြောင်ခြင်းမှ သက်သာစေသည်။

၁၀။ဆံပင်ဖြူခြင်းကို သက်သာစေသည်။

၁၁။ကျွတ်သောဆံပင်ကို ပြန်ပေါက်စေနိုင်သည်။

၁၂။မျက်တွင်းကျခြင်း၊ မျက်ကွင်းညိုခြင်းမှ သက်သာစေနိုင်သည်။

ညအိပ်ရာဝင်ချိန် ခြေထောက်ရေဆေးခြင်းဖြင့် ရောဂါအမျိုးမျိုးကို သက်သာစေနိုင်သည်။ ကြွက်တက် ရောဂါ၊ အဆစ်ရောင် အဆစ်ကိုက်ရောဂါ၊ လေးဘက်နာရောဂါ၊ သွားနှင့် သွားဖုံးရောင်၊ သွားဖုံးကြွရော ဂါ၊ မျက်စိတိမ်ရောဂါနှင့် မျက်မှန်ဒီဂရီတိုးခြင်း၊ အစာအိမ်လေပူထခြင်း၊ လေပူအထက်တက်၍ မူးမော ရင်တုန်၊ နှလုံးလေရိုက်ရောဂါများပင် သက်သာသည်ဟုဆိုသည်။

ခြေဆေးလျှင်လုံချည်၊ ထဘီကို ပေါက်လယ်ထိအောင် မတင်ပြီး ရေအေးဖြင့် ခုနှစ်ခွက်ခန့် လောင်းဆေးသင့်သည်။ ခြေဆေးပြီးနောက် ခေတ္တအပူထွက်အောင် စောင့်ပြီးမှသာ အဝတ်ခြောက်ဖြင့် သုတ်သင့်သည်။ နေ့စဉ်မှန်မှန် ပြုလုပ်မှသာ အကျိုးရှိမည့်နည်း ဖြစ်ပါသည်။

Credit-ကြည်လွင်မြင့်(မုဒြာ)


Leave a Reply

Your email address will not be published. Required fields are marked *

*