ကမ်းခြေ‌‌ရောက်ရင် စားဖြစ်အောင် စားကြည့်သင့်တဲ့ သံပခြုပ်၏ အစွမ်းများ။

(Zawgyi)

ကမ္းေျခသြားရင္ သံပျခဳပ္ေတြ လာလာေရာင္းတာ ေတြ႕ဖူးမွာေပါ့။ ဓါးေလးနဲ႔ခြဲ၊ အတြင္းကအႏွစ္ေတြကို ဖန္ခြက္အေသးေလးထဲ ျခစ္ထည့္ၿပီး သံပရာရည္ညႇစ္ ေသာက္ၾကတာပါ။ အရမ္းအားရွိတယ္လို႔ေတာ့ ေျပာတာပဲ။ ဘာေၾကာင့္အားရွိတယ္ေျပာတာလဲ သူ႔ရဲ႕က်န္းမာေရး အက်ိဳးေက်းဇူးေတြကို ၾကည့္လိုက္ပါဦး။

အသား၊ ငါးေတြလိုပဲ ပ႐ိုတင္းႂကြယ္ဝတယ္

သံပျခဳပ္ေတြက ပ႐ိုတင္းဓါတ္ ႂကြယ္ဝပါတယ္။ အသား၊ ငါးနဲ႔ ပဲေတြလိုပဲ အသားဓါတ္ရမယ့္ အရင္းအျမစ္တစ္ခုအျဖစ္ စားသုံးလို႔ရတယ္။ ဒါ့ေၾကာင့္ သံပျခဳပ္အႏွစ္ ဂ်ပန္ထမင္းလိပ္ကို တျခားႏိုင္ငံေတြမွာ လူႀကိဳက္မ်ားၾကပါတယ္။ သံပျခဳပ္အႏွစ္ဆူရွီတစ္တုံးမွာ ပ႐ိုတင္း ၃.၂ ဂရမ္ပါဝင္တာပါ။

အုတ္ဂ်ဳံနဲ႔ ဂ်ဳံၾကမ္းတို႔လို အမွ်င္ဓါတ္ရေစႏိုင္တယ္

သံပျခဳပ္ကိုစားရင္ အုတ္ဂ်ဳံနဲ႔ ဂ်ဳံၾကမ္းေတြလိုပဲ အမွ်င္ဓါတ္ မ်ားမ်ားရႏိုင္တာေၾကာင့္ ဝမ္းခ်ဳပ္ျခင္းကို ကာကြယ္ၿပီး အစာေျခလမ္းေၾကာင္းကို က်န္းမာေစပါတယ္။ သူ႔ကိုဆက္တိုက္စားေပးရင္ အမွ်င္ဓါတ္လိုအပ္မႈကို အေတာ္ျဖည့္ဆည္းႏိုင္ပါလိမ့္မယ္။

ဗီတာမင္ စီ ပါဝင္တယ္

သံပျခဳပ္မွာ ဗီတာမင္ C ပါဝင္တာေၾကာင့္ ခႏၶါကိုယ္က်န္းမာႀကံ့ခိုင္မႈအတြက္ အားျဖည့္ေပးႏိုင္ၿပီး ေရာဂါေတြကို ခုခံႏိုင္စြမ္း ေကာင္းမြန္ေစႏိုင္ပါတယ္။ သရက္သီး၊ လိေမၼာ္သီး၊ အစိမ္းေရာင္အသီးအ႐ြက္ေတြနဲ႔ အားေဆးေတြ မစားခ်င္ဘူးဆိုရင္ သူ႔ကိုစားလို႔ရပါတယ္။

ခြန္အားတိုးေစတယ္

သံပျခဳပ္ကို က်ားခြန္အားတိုးေစတဲ့ အာဟာရအျဖစ္ ဂ်ပန္မွာ လူသိမ်ားတဲ့အျပင္သံပျခဳပ္ ဆူရွီကိုလည္း လူႀကိဳက္မ်ားပါတယ္။ သံပျခဳပ္က ေသြးလည္ပတ္မႈကို ေကာင္းေစတယ္၊ လိင္စိတ္ျဖစ္ေပၚမႈကို အားေပးပါတယ္။

ဗီတာမင္ ‌ေအ ပါဝင္တယ္

ဗီတာမင္ A ႂကြယ္ဝတဲ့ အစားအစာကို ရွာခ်င္တယ္ဆို သံပျခဳပ္ကို လက္ညႇိဳးၫြန္ရမွာပဲ။ မုန္လာဥနီ၊ ကိုက္လန္၊ ဟင္းႏုႏြယ္၊ သခြားေမႊးတို႔မွာပဲ အဓိကေတြ႕ရတတ္တဲ့ ဗီတာမင္ A ကို လုံေလာက္တဲ့ ပမာဏအထိ သံပျခဳပ္ကေန ရႏိုင္ပါတယ္။ ဘီတာကယ္႐ိုတင္းက ကိုယ္ခံအားစနစ္အတြက္ အားျဖည့္ေပးပါလိမ့္မယ္။

ကယ္လိုရီရႏိုင္တယ္

ခႏၶါကိုယ္ႀကီး လႈပ္ရွားႏိုင္ဖို႔က ပါဝါဘဏ္ေတြလို ခြန္အားပုံမွန္ ျဖည့္ေပးဖို႔လိုပါတယ္။ ဒီအတြက္ သံပျခဳပ္က ကူညီေပးႏိုင္ပါတယ္။ အရမ္းပင္ပန္းထားတာ၊ အားကုန္ေနတာဆိုရင္ ကယ္လိုရီႂကြယ္ဝတဲ့ သံပျခဳပ္စားလိုက္ျခင္းအားျဖင့္ အျမန္အားျပန္ျပည့္ေစႏိုင္ပါတယ္။ ကိုယ္တြင္းကလီစာေတြရဲ႕ လုပ္ေဆာင္ခ်က္ေတြကို မွန္ကန္သြားေစၿပီး ႏွလုံးက်န္းမာေစပါတယ္။

ဒီလို က်န္းမာေရးအက်ိဳးေက်းဇူးမ်ားတဲ့ သံပျခဳပ္ကို ေနရာတိုင္းမွာ အလြယ္တကဝယ္ယူလို႔ မရႏိုင္ေပမယ့္ ကိုယ္ကကမ္းေျခ ေရာက္ေနၿပီဆိုရင္ေတာ့ စားျဖစ္ေအာင္စားၾကည့္လိုက္ပါ။

ေရးသားသူ Yun Sandi Nan Mon

ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win

Credit-Hello ဆရာဝန္

(Unicode)

ကမ်းခြေသွားရင် သံပခြုပ်တွေ လာလာရောင်းတာ တွေ့ဖူးမှာပေါ့။ ဓါးလေးနဲ့ခွဲ၊ အတွင်းကအနှစ်တွေကို ဖန်ခွက်အသေးလေးထဲ ခြစ်ထည့်ပြီး သံပရာရည်ညှစ် သောက်ကြတာပါ။ အရမ်းအားရှိတယ်လို့တော့ ပြောတာပဲ။ ဘာကြောင့်အားရှိတယ်ပြောတာလဲ သူ့ရဲ့ကျန်းမာရေး အကျိုးကျေးဇူးတွေကို ကြည့်လိုက်ပါဦး။

အသား၊ ငါးတွေလိုပဲ ပရိုတင်းကြွယ်ဝတယ်

သံပခြုပ်တွေက ပရိုတင်းဓါတ် ကြွယ်ဝပါတယ်။ အသား၊ ငါးနဲ့ ပဲတွေလိုပဲ အသားဓါတ်ရမယ့် အရင်းအမြစ်တစ်ခုအဖြစ် စားသုံးလို့ရတယ်။ ဒါ့ကြောင့် သံပခြုပ်အနှစ် ဂျပန်ထမင်းလိပ်ကို တခြားနိုင်ငံတွေမှာ လူကြိုက်များကြပါတယ်။ သံပခြုပ်အနှစ်ဆူရှီတစ်တုံးမှာ ပရိုတင်း ၃.၂ ဂရမ်ပါဝင်တာပါ။

အုတ်ဂျုံနဲ့ ဂျုံကြမ်းတို့လို အမျှင်ဓါတ်ရစေနိုင်တယ်

သံပခြုပ်ကိုစားရင် အုတ်ဂျုံနဲ့ ဂျုံကြမ်းတွေလိုပဲ အမျှင်ဓါတ် များများရနိုင်တာကြောင့် ဝမ်းချုပ်ခြင်းကို ကာကွယ်ပြီး အစာခြေလမ်းကြောင်းကို ကျန်းမာစေပါတယ်။ သူ့ကိုဆက်တိုက်စားပေးရင် အမျှင်ဓါတ်လိုအပ်မှုကို အတော်ဖြည့်ဆည်းနိုင်ပါလိမ့်မယ်။

ဗီတာမင် စီ ပါဝင်တယ်

သံပခြုပ်မှာ ဗီတာမင် C ပါဝင်တာကြောင့် ခန္ဓါကိုယ်ကျန်းမာကြံ့ခိုင်မှုအတွက် အားဖြည့်ပေးနိုင်ပြီး ရောဂါတွေကို ခုခံနိုင်စွမ်း ကောင်းမွန်စေနိုင်ပါတယ်။ သရက်သီး၊ လိမ္မော်သီး၊ အစိမ်းရောင်အသီးအရွက်တွေနဲ့ အားဆေးတွေ မစားချင်ဘူးဆိုရင် သူ့ကိုစားလို့ရပါတယ်။

ခွန်အားတိုးစေတယ်

သံပခြုပ်ကို ကျားခွန်အားတိုးစေတဲ့ အာဟာရအဖြစ် ဂျပန်မှာ လူသိများတဲ့အပြင်သံပခြုပ် ဆူရှီကိုလည်း လူကြိုက်များပါတယ်။ သံပခြုပ်က သွေးလည်ပတ်မှုကို ကောင်းစေတယ်၊ လိင်စိတ်ဖြစ်ပေါ်မှုကို အားပေးပါတယ်။

ဗီတာမင် ‌အေ ပါဝင်တယ်

ဗီတာမင် A ကြွယ်ဝတဲ့ အစားအစာကို ရှာချင်တယ်ဆို သံပခြုပ်ကို လက်ညှိုးညွန်ရမှာပဲ။ မုန်လာဥနီ၊ ကိုက်လန်၊ ဟင်းနုနွယ်၊ သခွားမွှေးတို့မှာပဲ အဓိကတွေ့ရတတ်တဲ့ ဗီတာမင် A ကို လုံလောက်တဲ့ ပမာဏအထိ သံပခြုပ်ကနေ ရနိုင်ပါတယ်။ ဘီတာကယ်ရိုတင်းက ကိုယ်ခံအားစနစ်အတွက် အားဖြည့်ပေးပါလိမ့်မယ်။

ကယ်လိုရီရနိုင်တယ်

ခန္ဓါကိုယ်ကြီး လှုပ်ရှားနိုင်ဖို့က ပါဝါဘဏ်တွေလို ခွန်အားပုံမှန် ဖြည့်ပေးဖို့လိုပါတယ်။ ဒီအတွက် သံပခြုပ်က ကူညီပေးနိုင်ပါတယ်။ အရမ်းပင်ပန်းထားတာ၊ အားကုန်နေတာဆိုရင် ကယ်လိုရီကြွယ်ဝတဲ့ သံပခြုပ်စားလိုက်ခြင်းအားဖြင့် အမြန်အားပြန်ပြည့်စေနိုင်ပါတယ်။ ကိုယ်တွင်းကလီစာတွေရဲ့ လုပ်ဆောင်ချက်တွေကို မှန်ကန်သွားစေပြီး နှလုံးကျန်းမာစေပါတယ်။

ဒီလို ကျန်းမာရေးအကျိုးကျေးဇူးများတဲ့ သံပခြုပ်ကို နေရာတိုင်းမှာ အလွယ်တကဝယ်ယူလို့ မရနိုင်ပေမယ့် ကိုယ်ကကမ်းခြေ ရောက်နေပြီဆိုရင်တော့ စားဖြစ်အောင်စားကြည့်လိုက်ပါ။

ရေးသားသူ Yun Sandi Nan Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

Credit-Hello ဆရာဝန်


Leave a Reply

Your email address will not be published. Required fields are marked *

*