အရိုးအဆစ် ကိုက်ခဲခြင်းကို သက်သာစေမယ့် အရည်များ။အ႐ိုးအဆစ္ ကိုက္ခဲျခင္းကို သက္သာေစမယ့္ အရည္မ်ား။

(Zawgyi)

အ႐ိုးအဆစ္ ကိုက္ခဲျခင္းကို သက္သာေစမယ့္ အရည္မ်ား

အ႐ိုးအဆစ္ေတြ နာက်င္ကိုက္ခဲတာ အထူးသျဖင့္ ဒူးေခါင္း နာက်င္တာက အခုလို ရာသီ အကူးအေျပာင္းမွာ ပိုၿပီး ျဖစ္လြယ္ပါတယ္။ ထိခိုက္မိလို႔ နာက်င္တာပဲ ျဖစ္ျဖစ္၊ ေရာဂါေၾကာင့္ နာက်င္တာပဲျဖစ္ျဖစ္ အ႐ိုးအဆစ္ေတြ ကိုက္ခဲၿပီဆိုရင္ ေနရတာ မသက္သာလွပါဘူး။ အကိုက္အခဲ ေပ်ာက္ေဆးနဲ႔ ဆရာဝန္ၫႊန္ၾကားတဲ့ ေဆးေတြက သက္သာေစတယ္ ဆိုေပမယ့္ ကိုယ့္အားကိုယ္ကိုးၿပီး ကုလို႔ရတဲ့ နည္းလမ္းေတြလည္း ရွိပါေသးတယ္။ ဒါေၾကာင့္ အ႐ိုးအဆစ္ေတြ ကိုက္ခဲျခင္းကို သက္သာေစမယ့္ အရည္ေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(၁) ဝိုင္

ဝိုင္အနီဟာ အကိုက္အခဲကို သက္သာေစပါတယ္။ အရက္ပါဝင္တာေၾကာင့္ သက္သာတာျဖစ္တယ္လို႔ ေစာဒကတက္ႏိုင္ေပမယ့္ ဝိုင္နီမွာ ေရာင္ရမ္းျခင္းကို သက္သာေစမယ့္ ျဒပ္ေပါင္းေတြ ပါရွိပါတယ္။ တရက္ကို ဝိုင္နီ ၂ ခြက္ ပုံမွန္ေသာက္သုံးေပးျခင္းဟာ အ႐ိုးဆစ္နဲ႔ သက္ဆိုင္တဲ့ ေရာဂါျဖစ္ပြားႏိုင္ေခ်ကို ေလ်ာ့ခ်ေပးပါတယ္။

(၂) ခ်ယ္ရီသီး ေဖ်ာ္ရည္

ခ်ယ္ရီသီးဟာ အမွ်င္ဓာတ္ႂကြယ္ဝတာေၾကာင့္ အ႐ိုးအဆစ္ ကိုက္ခဲသူေတြအတြက္ အထူးေကာင္းမြန္ပါတယ္။ ခ်ယ္ရီသီးမွာ သၾကားလည္း အလုံအေလာက္ ပါဝင္တာေၾကာင့္ ေျခေထာက္ေတြ ေရာင္ရမ္းျခင္းကို ေလ်ာ့ခ်ေပးႏိုင္ၿပီး ေဖ်ာ္ရည္လုပ္ မေသာက္ခ်င္ရင္ေတာင္ အသီးကိုေတာ့ ပုံမွန္စားေပးသင့္ပါတယ္။

(၃) ေကာ္ဖီ

ေကာ္ဖီဟာ ဆိုးက်ိဳးေတြ ရွိေပမယ့္ ေကာင္းက်ိဳးေတြလည္း ရွိေနပါတယ္။ ေသြးထဲမွာ Uric Acid ပါဝင္မႈေၾကာင့္ ျဖစ္ရတဲ့ အ႐ိုးအဆစ္ကိုက္ခဲျခင္းေတြကို သက္သာေစၿပီး ေရာင္ရမ္းျခင္းေတြကို ေလ်ာ့ခ်ေပးႏိုင္စြမ္းရွိပါတယ္။ တကယ္လို႔ သင္က ေကာ္ဖီေသာက္ေနက်ဆိုရင္ေတာ့ ဆက္ၿပီး ေသာက္ပါ။ တန္ေဆး လြန္ေဘး ျဖစ္တတ္တာေၾကာင့္ တရက္အတြင္းမွာ ေကာ္ဖီ ၄ ခြက္ထက္ပိုၿပီး မေသာက္ဖို႔ေတာ့ တိုက္တြန္းခ်င္ပါတယ္။

(၄) ဂ်င္းျပဳတ္ရည္

ဂ်င္းဟာ ေရာင္ရမ္းျခင္းကို သက္သာေစတယ္ဆိုတာ အားလုံးသိၿပီး ျဖစ္မွာပါ။ ဂ်င္းျပဳတ္ရည္ကို ေသာက္ျခင္းေၾကာင့္ အ႐ိုးအဆစ္ကိုက္ခဲျခင္းကို သက္သာေစတဲ့အျပင္ ေသြးအတြင္းမွာရွိတဲ့ ေရာင္ရမ္းေစတဲ့ ဆဲလ္ေတြကိုပါ ေသေစပါတယ္။ ဒါေပမယ့္ တခုသတိထားရမွာက အသင့္ေရာင္းေနတဲ့ ဂ်င္းျပဳတ္ရည္ေတြက ဓာတုပစၥည္းေတြ ပါဝင္တာေၾကာင့္ ေရွာင္ရွားဖို႔ပါပဲ။ ကိုယ္တိုင္ အိမ္မွာ ျပဳတ္ၿပီးေသာက္တာက အေကာင္းဆုံးျဖစ္ပါလိမ့္မယ္။

Ref; organicwelcome.com

Credit-ေရဗန္(ဧရာဝတီ), The Irrawaddy – Burmese Edition

(Unicode)

အရိုးအဆစ် ကိုက်ခဲခြင်းကို သက်သာစေမယ့် အရည်များ

အရိုးအဆစ်တွေ နာကျင်ကိုက်ခဲတာ အထူးသဖြင့် ဒူးခေါင်း နာကျင်တာက အခုလို ရာသီ အကူးအပြောင်းမှာ ပိုပြီး ဖြစ်လွယ်ပါတယ်။ ထိခိုက်မိလို့ နာကျင်တာပဲ ဖြစ်ဖြစ်၊ ရောဂါကြောင့် နာကျင်တာပဲဖြစ်ဖြစ် အရိုးအဆစ်တွေ ကိုက်ခဲပြီဆိုရင် နေရတာ မသက်သာလှပါဘူး။ အကိုက်အခဲ ပျောက်ဆေးနဲ့ ဆရာဝန်ညွှန်ကြားတဲ့ ဆေးတွေက သက်သာစေတယ် ဆိုပေမယ့် ကိုယ့်အားကိုယ်ကိုးပြီး ကုလို့ရတဲ့ နည်းလမ်းတွေလည်း ရှိပါသေးတယ်။ ဒါကြောင့် အရိုးအဆစ်တွေ ကိုက်ခဲခြင်းကို သက်သာစေမယ့် အရည်တွေကို ဖော်ပြပေးချင်ပါတယ်။

(၁) ဝိုင်

ဝိုင်အနီဟာ အကိုက်အခဲကို သက်သာစေပါတယ်။ အရက်ပါဝင်တာကြောင့် သက်သာတာဖြစ်တယ်လို့ စောဒကတက်နိုင်ပေမယ့် ဝိုင်နီမှာ ရောင်ရမ်းခြင်းကို သက်သာစေမယ့် ဒြပ်ပေါင်းတွေ ပါရှိပါတယ်။ တရက်ကို ဝိုင်နီ ၂ ခွက် ပုံမှန်သောက်သုံးပေးခြင်းဟာ အရိုးဆစ်နဲ့ သက်ဆိုင်တဲ့ ရောဂါဖြစ်ပွားနိုင်ချေကို လျော့ချပေးပါတယ်။

(၂) ချယ်ရီသီး ဖျော်ရည်

ချယ်ရီသီးဟာ အမျှင်ဓာတ်ကြွယ်ဝတာကြောင့် အရိုးအဆစ် ကိုက်ခဲသူတွေအတွက် အထူးကောင်းမွန်ပါတယ်။ ချယ်ရီသီးမှာ သကြားလည်း အလုံအလောက် ပါဝင်တာကြောင့် ခြေထောက်တွေ ရောင်ရမ်းခြင်းကို လျော့ချပေးနိုင်ပြီး ဖျော်ရည်လုပ် မသောက်ချင်ရင်တောင် အသီးကိုတော့ ပုံမှန်စားပေးသင့်ပါတယ်။

(၃) ကော်ဖီ

ကော်ဖီဟာ ဆိုးကျိုးတွေ ရှိပေမယ့် ကောင်းကျိုးတွေလည်း ရှိနေပါတယ်။ သွေးထဲမှာ Uric Acid ပါဝင်မှုကြောင့် ဖြစ်ရတဲ့ အရိုးအဆစ်ကိုက်ခဲခြင်းတွေကို သက်သာစေပြီး ရောင်ရမ်းခြင်းတွေကို လျော့ချပေးနိုင်စွမ်းရှိပါတယ်။ တကယ်လို့ သင်က ကော်ဖီသောက်နေကျဆိုရင်တော့ ဆက်ပြီး သောက်ပါ။ တန်ဆေး လွန်ဘေး ဖြစ်တတ်တာကြောင့် တရက်အတွင်းမှာ ကော်ဖီ ၄ ခွက်ထက်ပိုပြီး မသောက်ဖို့တော့ တိုက်တွန်းချင်ပါတယ်။

(၄) ဂျင်းပြုတ်ရည်

ဂျင်းဟာ ရောင်ရမ်းခြင်းကို သက်သာစေတယ်ဆိုတာ အားလုံးသိပြီး ဖြစ်မှာပါ။ ဂျင်းပြုတ်ရည်ကို သောက်ခြင်းကြောင့် အရိုးအဆစ်ကိုက်ခဲခြင်းကို သက်သာစေတဲ့အပြင် သွေးအတွင်းမှာရှိတဲ့ ရောင်ရမ်းစေတဲ့ ဆဲလ်တွေကိုပါ သေစေပါတယ်။ ဒါပေမယ့် တခုသတိထားရမှာက အသင့်ရောင်းနေတဲ့ ဂျင်းပြုတ်ရည်တွေက ဓာတုပစ္စည်းတွေ ပါဝင်တာကြောင့် ရှောင်ရှားဖို့ပါပဲ။ ကိုယ်တိုင် အိမ်မှာ ပြုတ်ပြီးသောက်တာက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

Ref; organicwelcome.com

Credit-ရေဗန်(ဧရာဝတီ), The Irrawaddy – Burmese Edition


Leave a Reply

Your email address will not be published. Required fields are marked *

*