ဆီးချိုရောဂါသည်တွေ စားသုံးပေးသင့်တဲ့ ရွှေပဲသီးရဲ့ သတ္တိများ။ ဆီးခ်ိဳေရာဂါသည္ေတြ စားသုံးေပးသင့္တဲ့ ေ႐ႊပဲသီးရဲ႕ သတိၱမ်ား။

(Zawgyi)

ဆီးခ်ိဳေရာဂါ ေဝဒနာရွင္ေတြ စားသုံးေပးသင့္တဲ့ ေ႐ႊပဲသီးရဲ႕ က်န္းမာေရး ေကာင္းက်ိဳးမ်ား

ဆီးခ်ိဳေရာဂါ ေဝဒနာရွင္ေတြဟာ ေ႐ြးခ်ယ္စားသုံးဖို႔ အစားအစာ အမ်ိဳးအစား နည္းပါးလွၿပီး ဆီးခ်ိဳေရာဂါစတင္ ျဖစ္ပြားခ်ိန္ကေနစလို႔ ေရွာင္ၾကဥ္ရတဲ့ အစားအစာေတြဟာ အမ်ားအျပားပဲ ျဖစ္ပါတယ္။ အခုေဖာ္ျပေပးမွာကေတာ့ ဆီးခ်ိဳေဝဒနာရွင္ေတြနဲ႔ သင့္ေတာ္တဲ့ အစားအစာေတြထဲကမွ ဆီးခ်ိဳကို ထိန္းခ်ဳပ္ေပးႏိုင္တဲ့အျပင္ တျခားေသာ က်န္းမာေရး ေကာင္းက်ိဳးမ်ားစြာရွိတဲ့ ေ႐ႊပဲသီးအေၾကာင္းပဲ ျဖစ္ပါတယ္။

(၁) ကယ္လိုရီပါဝင္မႈ နည္းပါးတယ္

ေ႐ႊပဲသီးဟာ ကယ္လိုရီပါဝင္မႈ နည္းပါးတဲ့ ဟင္းသီးဟင္း႐ြက္တမ်ိဳး ျဖစ္တာေၾကာင့္ Diet Plan ေတြမွာ အမ်ားဆုံး ထည့္သြင္းစားသုံးေလ့ ရွိၾကပါတယ္။ ေ႐ႊပဲသီး ပန္းကန္လုံး ခပ္ႀကီးႀကီးတလုံးစာမွာ ကယ္လိုရီ ၃၀ ခန႔္သာ ပါဝင္ၿပီး အမွ်င္ဓာတ္မ်ားစြာ ပါဝင္တာေၾကာင့္ ဆီးခ်ိဳကို ထိန္းခ်ဳပ္ေပးႏိုင္ပါတယ္။

(၂) ပ႐ိုတင္းဓာတ္ ႂကြယ္ဝတယ္

အသားစားသုံးမႈ နည္းပါးတဲ့ သူေတြကို အာဟာရပညာရွင္ေတြ အႀကံျပဳစားသုံးေစတဲ့ အစားအစာေတြထဲမွာ ေ႐ႊပဲသီးဟာ တခု အပါအဝင္ပါ။ ပ႐ိုတင္းဓာတ္ဟာ ဆီးခ်ိဳေဝဒနာရွင္ေတြ အတြက္ေရာ သာမန္လူေတြအတြက္ပါ အေရးႀကီးတဲ့ အာဟာရဓာတ္တမ်ိဳး ျဖစ္ပါတယ္။

(၃) ဗီတာမင္စီ ပါဝင္မႈႏႈန္း မ်ားျပားတယ္

ဗီတာမင္စီဟာ အစားအစာေတြကေန သံဓာတ္စုပ္ယူမႈကို အေထာက္အကူ ျဖစ္ေစတဲ့အျပင္ ကိုယ္ခံအားစနစ္ကို ေကာင္းမြန္ေစပါတယ္။ ေ႐ႊပဲသီးမွာ ဗီတာမင္စီ ပါဝင္မႈႏႈန္း မ်ားျပားတာေၾကာင့္ အနာက်က္ျမန္ေစတဲ့အျပင္ ေသြးအားနည္းေရာဂါကိုပါ ကာကြယ္ေပးႏိုင္ပါတယ္။

(၄) ပိုတက္ဆီယမ္ဓာတ္ ျမင့္မားစြာ ပါဝင္တယ္

ေ႐ႊပဲသီးမွာ ပိုတက္ဆီယမ္ဓာတ္ ႂကြယ္ဝစြာ ပါဝင္တာေၾကာင့္ ေသြးတြင္းသၾကားဓာတ္ကို ထိန္းညႇိေပးႏိုင္တဲ့အျပင္ ေသြးဖိအားျမင့္တက္ျခင္းကိုလည္း ထိန္းခ်ဳပ္ေပးႏိုင္တာေၾကာင့္ ေသြးတိုးေရာဂါကို ကာကြယ္ေပးႏိုင္ပါတယ္။

Credit-ဟယ္လ္သင္(ဧရာဝတီ), The Irrawaddy – Burmese Edition

(Unicode)

ဆီးချိုရောဂါ ဝေဒနာရှင်တွေ စားသုံးပေးသင့်တဲ့ ရွှေပဲသီးရဲ့ ကျန်းမာရေး ကောင်းကျိုးများ

ဆီးချိုရောဂါ ဝေဒနာရှင်တွေဟာ ရွေးချယ်စားသုံးဖို့ အစားအစာ အမျိုးအစား နည်းပါးလှပြီး ဆီးချိုရောဂါစတင် ဖြစ်ပွားချိန်ကနေစလို့ ရှောင်ကြဉ်ရတဲ့ အစားအစာတွေဟာ အများအပြားပဲ ဖြစ်ပါတယ်။ အခုဖော်ပြပေးမှာကတော့ ဆီးချိုဝေဒနာရှင်တွေနဲ့ သင့်တော်တဲ့ အစားအစာတွေထဲကမှ ဆီးချိုကို ထိန်းချုပ်ပေးနိုင်တဲ့အပြင် တခြားသော ကျန်းမာရေး ကောင်းကျိုးများစွာရှိတဲ့ ရွှေပဲသီးအကြောင်းပဲ ဖြစ်ပါတယ်။

(၁) ကယ်လိုရီပါဝင်မှု နည်းပါးတယ်

ရွှေပဲသီးဟာ ကယ်လိုရီပါဝင်မှု နည်းပါးတဲ့ ဟင်းသီးဟင်းရွက်တမျိုး ဖြစ်တာကြောင့် Diet Plan တွေမှာ အများဆုံး ထည့်သွင်းစားသုံးလေ့ ရှိကြပါတယ်။ ရွှေပဲသီး ပန်းကန်လုံး ခပ်ကြီးကြီးတလုံးစာမှာ ကယ်လိုရီ ၃၀ ခန့်သာ ပါဝင်ပြီး အမျှင်ဓာတ်များစွာ ပါဝင်တာကြောင့် ဆီးချိုကို ထိန်းချုပ်ပေးနိုင်ပါတယ်။

(၂) ပရိုတင်းဓာတ် ကြွယ်ဝတယ်

အသားစားသုံးမှု နည်းပါးတဲ့ သူတွေကို အာဟာရပညာရှင်တွေ အကြံပြုစားသုံးစေတဲ့ အစားအစာတွေထဲမှာ ရွှေပဲသီးဟာ တခု အပါအဝင်ပါ။ ပရိုတင်းဓာတ်ဟာ ဆီးချိုဝေဒနာရှင်တွေ အတွက်ရော သာမန်လူတွေအတွက်ပါ အရေးကြီးတဲ့ အာဟာရဓာတ်တမျိုး ဖြစ်ပါတယ်။

(၃) ဗီတာမင်စီ ပါဝင်မှုနှုန်း များပြားတယ်

ဗီတာမင်စီဟာ အစားအစာတွေကနေ သံဓာတ်စုပ်ယူမှုကို အထောက်အကူ ဖြစ်စေတဲ့အပြင် ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပါတယ်။ ရွှေပဲသီးမှာ ဗီတာမင်စီ ပါဝင်မှုနှုန်း များပြားတာကြောင့် အနာကျက်မြန်စေတဲ့အပြင် သွေးအားနည်းရောဂါကိုပါ ကာကွယ်ပေးနိုင်ပါတယ်။

(၄) ပိုတက်ဆီယမ်ဓာတ် မြင့်မားစွာ ပါဝင်တယ်

ရွှေပဲသီးမှာ ပိုတက်ဆီယမ်ဓာတ် ကြွယ်ဝစွာ ပါဝင်တာကြောင့် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်တဲ့အပြင် သွေးဖိအားမြင့်တက်ခြင်းကိုလည်း ထိန်းချုပ်ပေးနိုင်တာကြောင့် သွေးတိုးရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။

Credit-ဟယ်လ်သင်(ဧရာဝတီ), The Irrawaddy – Burmese Edition


Leave a Reply

Your email address will not be published. Required fields are marked *

*