တွဲဖက်မစားသင့်တဲ့ အသီးများ။ တြဲဖက္မစားသင့္တဲ့ အသီးမ်ား။

(Zawgyi)

တြဲဖက္မစားသင့္တဲ့ အသီးမ်ား

အသီးအႏွံေတြက အရမ္းေကာင္းပါတယ္။ သူတို႔မွာ က်န္းမာေရးနဲ႔ ညီၫြတ္တဲ့ အာဟာရေတြ အမ်ားႀကီး ပါဝင္ေနေပမယ့္ တခ်ိဳ႕ အသီးေတြကေတာ့ တြဲၿပီးစားမိရင္ က်န္းမာေရးကို ထိခိုက္ေစပါတယ္။

ငွက္ေပ်ာသီးနဲ႔ ပူတင္း

ငွက္ေပ်ာသီးနဲ႔ ပူတင္းက တြဲလ်က္စားဖို႔ မေကာင္းပါဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ အစာေခ်ရ ခက္ခဲလို႔ပါ။ ဒီလို တြဲလ်က္ စားသုံးတာက ဦးေႏွာက္ကိုလည္း ေလးလံေစပါတယ္။ ေမြးကင္းစ ကေလးေတြမွာဆိုရင္ အရမ္း အႏၲရာယ္ရွိပါတယ္။ဒါေၾကာင့္ ဒီ၂မ်ိဳးကို တတ္ႏိုင္သမွ် တြဲလ်က္မစားသုံးပါနဲ႔။

မုန္လာဥနီနဲ႔ လိေမၼာ္သီး

မုန္လာဥနီနဲ႔ လိေမၼာ္သီး ေဖ်ာ္ရည္က က်န္းမာေရးအတြက္ ေကာင္းမြန္တယ္လို႔ နာမည္ႀကီးတာေၾကာင့္ လူတိုင္း ေန႔စဥ္ ေသာက္သုံးၾကပါတယ္။ မုန္လာဥနီ တစ္မ်ိဳးတည္း ေန႔စဥ္ေသာက္သုံးတာက အဆင္ေျပေပမယ့္ လိေမၼာ္သီးနဲ႔ တြဲလ်က္ စားသုံးမယ္ဆိုရင္ေတာ့ အစာမေခ် ဗိုက္ေအာင့္တာေတြ ျဖစ္ႏိုင္ပါတယ္။ တခ်ိဳ႕ျပင္းထန္တဲ့ အခ်ိန္ေတြမွာဆိုရင္ေက်ာက္ကပ္ ပ်က္စီးေစတတ္တာေၾကာင့္ ေန႔တိုင္းနီးပါးေတာ့ တြဲလ်က္ မေသာက္သုံးသင့္ပါဘူး။

ႏြားႏို႔နဲ႔ နာနတ္သီး

နာနတ္သီးမွာ Bromelain အင္ဇိုင္း (နာနတ္သီးစားရင္ လွ်ာမွာ ရွတတျဖစ္ေန) ပါဝင္တာေၾကာင့္ ဒီ အင္ဇိုင္းက ႏြားႏို႔နဲ႔ မတည့္ပါဘူး။အကယ္၍ ေရာေႏွာၿပီး စားေသာက္မိရင္ ေခါင္းကိုက္၊ အစာအိမ္နာ၊ ပ်ိဳ႕အန္၊ ဝမ္းေလွ်ာစတာေတြ ျဖစ္တတ္ၿပီး ကေလးေတြမွာဆိုရင္ ပိုဆိုးတတ္ပါတယ္။

သံပုယိုသီးနဲ႔ သေဘၤာသီး

သံပုယိုသီးနဲ႔ သေဘၤာသီး ေရာေႏွာ စားေသာက္တာမ်ားလာရင္ ေသြးနီဥ နည္းပါးတဲ့ ေရာဂါမ်ိဳး ေတြျဖစ္လာတတ္ပါတယ္။ ေန႔တိုင္းနီးပါးေတာ့ မေသာက္သုံးသင့္ပါဘူး။

ငွက္ေပ်ာသီးနဲ႔ မာလကာသီး

ငွက္ေပ်ာသီးနဲ႔ မာလကာသီးတို႔ကိုေတာ့ တြဲစားေလ့ရွိမွာ မဟုတ္ပါဘူး။ တြဲစားရင္လည္း အစာအိမ္ထဲမွာ အက္ဆစ္ဓာတ္ေတြ ထြက္တာမ်ားလို႔ ပ်ိဳ႕အန္တာ၊ ေခါင္းမူးတာေတြ ျဖစ္တတ္ပါတယ္။

Credit–MyFoodMyanmar

(Unicode)

တွဲဖက်မစားသင့်တဲ့ အသီးများ

အသီးအနှံတွေက အရမ်းကောင်းပါတယ်။ သူတို့မှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အာဟာရတွေ အများကြီး ပါဝင်နေပေမယ့် တချို့ အသီးတွေကတော့ တွဲပြီးစားမိရင် ကျန်းမာရေးကို ထိခိုက်စေပါတယ်။

ငှက်ပျောသီးနဲ့ ပူတင်း

ငှက်ပျောသီးနဲ့ ပူတင်းက တွဲလျက်စားဖို့ မကောင်းပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အစာချေရ ခက်ခဲလို့ပါ။ ဒီလို တွဲလျက် စားသုံးတာက ဦးနှောက်ကိုလည်း လေးလံစေပါတယ်။ မွေးကင်းစ ကလေးတွေမှာဆိုရင် အရမ်း အန္တရာယ်ရှိပါတယ်။ဒါကြောင့် ဒီ၂မျိုးကို တတ်နိုင်သမျှ တွဲလျက်မစားသုံးပါနဲ့။

မုန်လာဥနီနဲ့ လိမ္မော်သီး

မုန်လာဥနီနဲ့ လိမ္မော်သီး ဖျော်ရည်က ကျန်းမာရေးအတွက် ကောင်းမွန်တယ်လို့ နာမည်ကြီးတာကြောင့် လူတိုင်း နေ့စဉ် သောက်သုံးကြပါတယ်။ မုန်လာဥနီ တစ်မျိုးတည်း နေ့စဉ်သောက်သုံးတာက အဆင်ပြေပေမယ့် လိမ္မော်သီးနဲ့ တွဲလျက် စားသုံးမယ်ဆိုရင်တော့ အစာမချေ ဗိုက်အောင့်တာတွေ ဖြစ်နိုင်ပါတယ်။ တချို့ပြင်းထန်တဲ့ အချိန်တွေမှာဆိုရင်ကျောက်ကပ် ပျက်စီးစေတတ်တာကြောင့် နေ့တိုင်းနီးပါးတော့ တွဲလျက် မသောက်သုံးသင့်ပါဘူး။

နွားနို့နဲ့ နာနတ်သီး

နာနတ်သီးမှာ Bromelain အင်ဇိုင်း (နာနတ်သီးစားရင် လျှာမှာ ရှတတဖြစ်နေ) ပါဝင်တာကြောင့် ဒီ အင်ဇိုင်းက နွားနို့နဲ့ မတည့်ပါဘူး။အကယ်၍ ရောနှောပြီး စားသောက်မိရင် ခေါင်းကိုက်၊ အစာအိမ်နာ၊ ပျို့အန်၊ ဝမ်းလျှောစတာတွေ ဖြစ်တတ်ပြီး ကလေးတွေမှာဆိုရင် ပိုဆိုးတတ်ပါတယ်။

သံပုယိုသီးနဲ့ သင်္ဘောသီး

သံပုယိုသီးနဲ့ သင်္ဘောသီး ရောနှော စားသောက်တာများလာရင် သွေးနီဥ နည်းပါးတဲ့ ရောဂါမျိုး တွေဖြစ်လာတတ်ပါတယ်။ နေ့တိုင်းနီးပါးတော့ မသောက်သုံးသင့်ပါဘူး။

ငှက်ပျောသီးနဲ့ မာလကာသီး

ငှက်ပျောသီးနဲ့ မာလကာသီးတို့ကိုတော့ တွဲစားလေ့ရှိမှာ မဟုတ်ပါဘူး။ တွဲစားရင်လည်း အစာအိမ်ထဲမှာ အက်ဆစ်ဓာတ်တွေ ထွက်တာများလို့ ပျို့အန်တာ၊ ခေါင်းမူးတာတွေ ဖြစ်တတ်ပါတယ်။

Credit–MyFoodMyanmar


Leave a Reply

Your email address will not be published. Required fields are marked *

*