ဟင်းသီးဟင်းရွက်နှင့် ဥတစ်မျိုးမျိုး တွဲဖက်စားပါ

(Zawgyi)

ဟင္းသီးဟင္း႐ြက္ႏွင့္ ဥတစ္မ်ိဳးမ်ိဳး တြဲဖက္စားပါ

ဟင္း႐ြက္စိမ္း အသုပ္ တစ္မ်ိဳးမ်ိဳးကို စားမယ္ဆိုရင္ ခ်က္ျပဳတ္ထားတဲ့ ၾကက္ဥ၊ ဘဲဥႏွင့္ တြဲဖက္စားသုံးရန္ စဥ္းစားသင့္ပါတယ္။

ေလ့လာမႈအသစ္တစ္ခုအရ ဟင္းသီးဟင္း႐ြက္အစိမ္း ႏွင့္ ၾကက္ဥ၊ ဘဲဥတို႔ကို တြဲ ဖက္စားသုံးျခင္းက ခႏၶာကိုယ္တြင္း ကယ္႐ိုတီးႏြိဳက္ (Carotenoid) စုပ္ယူမႈကို ၉ ဆနီးပါး ျမင့္တက္ေစေၾကာင္း၊ ထိုမွတစ္ဆင့္ နာတာရွည္က်န္းမာေရး ျပႆနာမ်ား ခံစားႏိုင္ေျခေလ်ာ့က်ျခင္း၊ ကင္ဆာျဖစ္ႏိုင္ေျခ ေလ်ာ့နည္းေစျခင္း၊ အသက္ ရွည္ေစျခင္းစတဲ့ က်န္းမာေရးအက်ိဳးေက်းဇူးမ်ားစြာကို ရရွိေစေၾကာင္း ေတြ႕ရွိခဲ့ပါတယ္။ အင္ဒီယားနား (Indiana) ျပည္နယ္ရွိ ပါဂ်ဴး (Pardue) တကၠသိုလ္မွ သုေတသီမ်ားဟာ ေလ့လာခံမ်ားကို ဟင္း႐ြက္သုပ္ ၃ မ်ိဳး စားသုံးေစခဲ့ပါတယ္။ ဥတစ္မ်ိဳးမ်ိဳးမွမပါေသာ အသီးအ႐ြက္သုပ္၊ ၾကက္ဥ ေမႊေၾကာ္ဥတစ္လုံးခြဲပါေသာ အသီးအ႐ြက္သုပ္ႏွင့္ ၾကက္ဥေမႊေၾကာ္ ၃ လုံးပါေသာ အသီးအ႐ြက္သုပ္တို႔ကို စားသုံးခဲ့တဲ့ေလ့လာခံမ်ားထဲမွ ၾကက္ဥ ပမာဏ အမ်ားဆုံးပါဝင္တဲ့အသုပ္ကို စားသုံးသူမ်ားမွာ ကယ္႐ိုတီးႏြိဳက္ စုပ္ယူႏိုင္စြမ္း ၉ ဆ ျမင့္တက္ေနေၾကာင္း ေတြ႕ရွိခဲ့ပါတယ္။

ထိုျဒပ္ေပါင္း ဟာ အင္တီေအာက္စီးဒင့္ ဂုဏ္သတၱိရွိၿပီး ကင္ဆာႏွင့္ ႏွလုံးေရာဂါတို႔ကို ကာကြယ္ေပးပါတယ္။ ခ်က္ျပဳတ္ထားတဲ့ ဥတစ္မ်ိဳးမ်ိဳးႏွင့္ အသီးအ႐ြက္ စိမ္းသုပ္တစ္မ်ိဳးမ်ိဳးကို တြဲဖက္စားေပး႐ုံႏွင့္ ထိုအက်ိဳးေက်းဇူးရရွိမွာျဖစ္ ေၾကာင္း သိရပါတယ္။

Credit-Health Digest Journal

(Unicode)

ဟင်းသီးဟင်းရွက်နှင့် ဥတစ်မျိုးမျိုး တွဲဖက်စားပါ

ဟင်းရွက်စိမ်း အသုပ် တစ်မျိုးမျိုးကို စားမယ်ဆိုရင် ချက်ပြုတ်ထားတဲ့ ကြက်ဥ၊ ဘဲဥနှင့် တွဲဖက်စားသုံးရန် စဉ်းစားသင့်ပါတယ်။

လေ့လာမှုအသစ်တစ်ခုအရ ဟင်းသီးဟင်းရွက်အစိမ်း နှင့် ကြက်ဥ၊ ဘဲဥတို့ကို တွဲ ဖက်စားသုံးခြင်းက ခန္ဓာကိုယ်တွင်း ကယ်ရိုတီးနွိုက် (Carotenoid) စုပ်ယူမှုကို ၉ ဆနီးပါး မြင့်တက်စေကြောင်း၊ ထိုမှတစ်ဆင့် နာတာရှည်ကျန်းမာရေး ပြဿနာများ ခံစားနိုင်ခြေလျော့ကျခြင်း၊ ကင်ဆာဖြစ်နိုင်ခြေ လျော့နည်းစေခြင်း၊ အသက် ရှည်စေခြင်းစတဲ့ ကျန်းမာရေးအကျိုးကျေးဇူးများစွာကို ရရှိစေကြောင်း တွေ့ရှိခဲ့ပါတယ်။ အင်ဒီယားနား (Indiana) ပြည်နယ်ရှိ ပါဂျူး (Pardue) တက္ကသိုလ်မှ သုတေသီများဟာ လေ့လာခံများကို ဟင်းရွက်သုပ် ၃ မျိုး စားသုံးစေခဲ့ပါတယ်။ ဥတစ်မျိုးမျိုးမှမပါသော အသီးအရွက်သုပ်၊ ကြက်ဥ မွှေကြော်ဥတစ်လုံးခွဲပါသော အသီးအရွက်သုပ်နှင့် ကြက်ဥမွှေကြော် ၃ လုံးပါသော အသီးအရွက်သုပ်တို့ကို စားသုံးခဲ့တဲ့လေ့လာခံများထဲမှ ကြက်ဥ ပမာဏ အများဆုံးပါဝင်တဲ့အသုပ်ကို စားသုံးသူများမှာ ကယ်ရိုတီးနွိုက် စုပ်ယူနိုင်စွမ်း ၉ ဆ မြင့်တက်နေကြောင်း တွေ့ရှိခဲ့ပါတယ်။

ထိုဒြပ်ပေါင်း ဟာ အင်တီအောက်စီးဒင့် ဂုဏ်သတ္တိရှိပြီး ကင်ဆာနှင့် နှလုံးရောဂါတို့ကို ကာကွယ်ပေးပါတယ်။ ချက်ပြုတ်ထားတဲ့ ဥတစ်မျိုးမျိုးနှင့် အသီးအရွက် စိမ်းသုပ်တစ်မျိုးမျိုးကို တွဲဖက်စားပေးရုံနှင့် ထိုအကျိုးကျေးဇူးရရှိမှာဖြစ် ကြောင်း သိရပါတယ်။

Credit-Health Digest Journal


Leave a Reply

Your email address will not be published. Required fields are marked *

*