အမှတ်တမဲ့လုပ်မိနေတဲ့ ကျောက်ကပ်ထိခိုက်စေနိုင်တဲ့ အမူအကျင့်များ။ အမွတ္တမဲ့လုပ္မိေနတဲ့ ေက်ာက္ကပ္ထိခိုက္ေစႏိုင္တဲ့ အမူအက်င့္မ်ား။

(Zawgyi)

အမွတ္တမဲ့လုပ္မိေနတဲ့ ေက်ာက္ကပ္ထိခိုက္ေစႏိုင္တဲ့ အမူအက်င့္မ်ား

ေက်ာက္ကပ္ကို ထိခိုက္ေစႏိုင္တဲ့ အမွတ္တမဲ့အျပဳအမူေတြက

ဆီးသြားခ်င္တာကို ေအာင့္ထားတာ – ဆီးသြားခ်င္တဲ့အခါ အလုပ္မအားလို႔။ လုပ္လက္စေလးၿပီးျပတ္သြားေအာင္လုပ္ခ်င္လို႔၊ ပ်င္းလို႔၊ အျပင္ေရာက္ေနလို႔ဆိုတဲ့ အေၾကာင္းျပခ်က္အမ်ိဳးမ်ိဳးနဲ႔ ဆီးေအာင့္ထားတတ္ၾကမယ္ ထင္ပါတယ္။ ဒီလိုအျပဳအမူရွိတယ္ဆိုရင္ ျပင္ဆင္လိုက္ပါ။ ဒီအျပဳအမူက ဘာမွမဟုတ္ဘူးထင္ရေပမယ့္ ဆီးအိမ္ထဲမွာ ဆီးေတြအၾကာႀကီးရွိေနတာက ဘက္တီးရီးယားေတြကို အလြယ္တကူေပါက္ဖြားေစႏိုင္ၿပီး ေက်ာက္ကပ္ကို ထိခိုက္ေစႏိုင္ပါတယ္။

ဆားအမ်ားႀကီးစားမိတာ-ျမန္မာလူမ်ိဳးေတြဆိုရင္ေတာ့ ဆားတင္မဟုတ္ပါဘူး။ ငံျပာရည္၊ ငါးပိ၊ ငါးေျခာက္ေတြကိုပါ ေရွာင္ဖို႔လိုပါမယ္။ လူတစ္ေယာက္ဟာ တစ္ေန႔ကို အငန္ဓါတ္ ၅.၈ ဂရမ္ပဲ စားသုံးေပးသင့္တာပါ။ အစားအစာေတြထဲမွာ အငန္ဓါတ္ဓါတ္ အရမ္းမ်ားတာက ေက်ာက္ကပ္ကို ထိခိုက္ေစႏိုင္တာေၾကာင့္ အငန္ေလွ်ာ့စားပါ။

အသားေတြအမ်ားႀကီးမစားပါနဲ႔–အသားေတြ အရမ္းစားတဲ့အခါ ခႏၶါကိုယ္မွာ ပ႐ိုတင္းေတြမ်ားလာတာေၾကာင့္ ေက်ာက္ကပ္ကို ထိခိုက္ေစႏိုင္ပါတယ္။ ဒါေၾကာင့္ အနီေရာင္အသားေတြ ေလ်ာ့စားပါ။ ပ႐ိုတင္းအရမ္းမ်ားတာေတြ မစားပါနဲ႔။

ကဖင္းဓါတ္ အလြန္အကြၽံစားသုံးတာ–တစ္ခါတေလ အိပ္ေရးပ်က္လို႔ျဖစ္ျဖစ္၊ အာ႐ုံမလန္းလို႔ျဖစ္ျဖစ္ေကာ္ဖီေသာက္တာ၊ လက္ဖက္ရည္ေသာက္တာနဲ႔ ကဖင္းပါဝင္ေနတဲ့ အားျဖည့္အခ်ိဳရည္ေတြ ေသာက္သုံးတာမ်ိဳးရွိႏိုင္ပါတယ္။ တစ္ခြက္ေလာက္က ျပႆနာမျဖစ္ေပမယ့္ ၃ ခြက္ထက္ေက်ာ္ၿပီး ေသာက္မယ္ဆိုရင္ေတာ့ ကဖင္းဓါတ္က အလြန္အကြၽံပမာဏျဖစ္ေနပါၿပီ။

ေရေသာက္နည္းတာ–ေက်ာက္ကပ္က လုပ္ငန္းေဆာင္တာေတြ ေကာင္းေကာင္းလုပ္ေဆာင္ႏိုင္ဖို႔ဆိုရင္ ေရဓါတ္ျပည့္ဝေနဖို႔က မျဖစ္မေနလိုအပ္မွာပါ။ တကယ္လို႔ ေရေသာက္ပ်င္းမယ္။ ေရေသာက္နည္းမယ္ဆိုရင္ ေသြးထဲမွာ အဆိပ္ေတြစုလာၿပီး ေက်ာက္ကပ္က စြန႔္ထုတ္စစ္ထုတ္ႏိုင္မႈ က်ဆင္းသြားမွာပါ။ ဒါေၾကာင့္ တစ္ေန႔ကိုေရ ၁၂ ခြက္ေလာက္ေသာက္ေပးပါ။ ေရလုံေလာက္ေအာင္ေသာက္၊ မေသာက္ကို ေသေသခ်ာခ်ာ သိရွိႏိုင္မွာက ဆီးရဲ႕ အေရာင္ပါ။ ဆီးသြားတဲ့အခါ ဆီးက ဝါေနမယ္ဆိုရင္ေတာ့ ေရေသာက္နည္းေနပါၿပီ။ ေက်ာက္ကပ္က မႏိုင္ဝန္ထမ္းေနရၿပီဆိုတာကိုလည္း သတိျပဳပါ။

ကူးစက္ေရာဂါကို ေသခ်ာကုသမႈမခံယူတာ–ဖ်ားနာတာ၊ တုပ္ေကြးျဖစ္တာလိုမ်ိဳး ကူးစက္ေရာဂါေတြ ခံစားရရင္ေသခ်ာကုသမႈခံယူပါ။ ဒီေရာဂါေတြကို ေသခ်ာမကုသရင္ ရလာမယ့္ေနာက္ဆက္တြဲ ျပႆနာကေက်ာက္ကပ္ကို ထိခိုက္ေစပါလိမ့္မယ္။ ဖ်ားနာတာ၊ တုပ္ေကြးျဖစ္တာေတြ ခံစားရခ်ိန္မွာ ျပည့္ျပည့္ဝဝအနားယူဖို႔ကိုလည္း မေမ့ပါသင့္ပါဘူး။ လုံေလာက္တဲ့အနားယူမႈက ခႏၶါကိုယ္ကို ျပန္လည္က်န္းမာလာေအာင္ အားျဖည့္ေပးပါလိမ့္မယ္။

အကိုက္အခဲေပ်ာက္ေဆးေတြကို မလိုအပ္ပဲေသာက္တာ–ေဆးကလိုအပ္ခ်ိန္မွာ ေသာက္ရင္ေကာင္းေပမယ့္ မလိုအပ္ဘဲ ေသာက္ရင္ေတာ့ေကာင္းတာထက္ ဆိုးတာပဲျဖစ္လာမွာပါ။ ဒါေၾကာင့္ အကိုက္အခဲေပ်ာက္ေဆးေတြကို တကယ္လိုအပ္မွေသာက္ပါ။ မလိုအပ္ဘဲေသာက္သုံးမိရင္ ခႏၶါကိုယ္မွ ာထိခိုက္မႈေတြျဖစ္လာပါလိမ့္မယ္။

အရက္ အလြန္အကြၽံေသာက္သုံးတာ–အရက္မွာပါတဲ့ အဆိပ္အေတာက္က အသည္းကိုတင္ ပ်က္စီးေစတာမဟုတ္ပါဘူး။ ေက်ာက္ကပ္ကိုပါ ထိခိုက္ပ်က္စိးေစႏိုင္ပါတယ္။ ဒါေၾကာင့္ အရက္ကို အလြန္အကြၽံေသာက္သုံးမႈမလုပ္ပါနဲ႔။

ေဆးလိပ္ေသာက္သုံးျခင္း –ေဆးလိပ္ေသာက္သုံးမႈက အခ်ိန္ၾကာလာနဲ႔အမွ် ေသြးေၾကာေတြကိုေတာင့္တင္း က်ဥ္းေျမာင္းလာေစၿပီး ခႏၶါကိုယ္ရဲ႕ အေရးပါတဲ့ အစိတ္အပိုင္းေတြဆီ ေသြးစီးဆင္းေရာက္ရွိမႈကို နည္းသြားေစပါတယ္။ ဒီလိုမ်ိဳး ေသြးပို႔လႊတ္ေရာက္ရွိမႈ နည္းသြားတဲ့ အစိတ္အပိုင္းထဲမွာ ေက်ာက္ကပ္လည္းပါပါတယ္။ ေသြးစီးဆင္းေရာက္ရွိမႈနည္းသြားတဲ့အခါ ေက်ာက္ကပ္က အလုပ္ေကာင္းေကာင္း မလုပ္ႏိုင္ေတာ့ပါဘူး။

ကိုယ္လက္လႈပ္ရွားမႈနည္းတာ –ကိုယ္လက္လႈပ္ရွားမႈ လုပ္ေဆာင္တာက ေက်ာက္ကပ္ေတြကို ကာကြယ္ေပးႏိုင္တဲ့ နည္းလမ္းေကာင္းတစ္ရပ္ပါ။ ကိုယ္လက္လႈပ္ရွားမႈျဖစ္ေစတဲ့ ေလ့က်င့္ခန္းေတြ ပုံမွန္လုပ္ေဆာင္ေပးတာက ေက်ာက္ကပ္မွာ ေက်ာက္တည္ႏိုင္ေျခကို ၃၁ ရာခိုင္ႏႈန္းအထိ ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။ က်န္းမာေရးနဲ႔ညီၫြတ္တဲ့ ကိုယ္အေလးခ်ိန္ကို ထိန္းထားႏိုင္တာက ေက်ာက္ကပ္က်န္းမာေစဖို႔ အေထာက္အကူျဖစ္ေစမွာပါ။

အိပ္ေရးပ်က္ခံတာမ်ားတာ – လူေတာ္ေတာ္မ်ားမ်ားက အိပ္ေရးဝဝအိပ္ဖို႔ လိုတယ္ဆိုတာကို ေမ့ထားတတ္ၾကပါတယ္။အခုလိုမ်ိဳး တိုးတက္လာတဲ့ ေခတ္မွာ ဖုန္းသုံးတာ၊ ဂိမ္းေဆာ့တာေတြလုပ္ေဆာင္ရင္း အိပ္ခ်ိန္ေတြက တျဖည္းျဖည္းေနာက္က်လာခဲ့ပါၿပီ။ ဒါေၾကာင့္တစ္ေန႔ကို အိပ္ခ်ိန္ အနည္းဆုံး ၆ နာရီကေန ၈ နာရီထားေပးပါ။ လူတစ္ေယာက္က လုံေလာက္စြာ အိပ္စက္မႈမရတဲ့အခါ ဇီဝတြင္းျဖစ္စဥ္က ထိခိုက္လာၿပီး ကိုယ္တြင္းအဂၤါေတြ ထိခိုက္ပ်က္စီးလာပါလိမ့္မယ္။

လိုအပ္တဲ့ေဆးဝါးကုသမႈ ခံယူျခင္းမရွိတာ-ေသြးတိုးေရာဂါ ခံစားေနရတာ၊ အမ်ိဳးအစား -၂ ဆီးခ်ိဳေရာဂါ ခံစားေနရတာေတြရွိမယ္ဆိုရင္ လိုအပ္တဲ့ ေဆးဝါးကုသမႈေတြကို ခံယူပါလို႔ေျပာပါရေစ။ ဒီေဝဒနာေတြခံစားေနရၿပီး လိုအပ္တဲ့ေဆးဝါးကုသမႈကို ခံယူတာမ်ိဳးမလုပ္ဘဲ ေနမယ္ဆိုရင္ ေနာက္ဆက္တြဲအေနနဲ႔ ခံစားရမယ့္ျပႆနာက ေက်ာက္ကပ္ထိခိုက္တာပါ။

ေသြးေပါင္ခ်ိန္ကို ထိန္းညႇိတာမ်ိဳးမရွိတာ–ေသြးတိုးတာက ေက်ာက္ကပ္ကို ပ်က္စီးေစႏိုင္တဲ့ အဓိကအေၾကာင္းအရင္းတစ္ခုပါ။ ဒါေၾကာင့္ေန႔စဥ္ေသြးေပါင္ခ်ိန္ကို တိုင္းတာၿပီး အရမ္းမ်ားေနရင္ အစားအေသာက္ဆင္ျခင္ၿပီး ေသြးေပါင္ခ်ိန္က်ေအာင္လုပ္ေဆာင္တာမ်ိဳး လုပ္ေဆာင္ဖို႔လိုပါမယ္။ေသြးေပါင္ခ်ိန္ကို ပုံမွန္ အေပၚေသြး ၁၄၀ေအာက္ေသြး ၉၀ျဖစ္ေအာင္ထိန္းထားေပးပါ။

ခုေျပာျပခဲ့တဲ့ အျပဳအမူေလးေတြရွိရင္ ဒီေန႔ကစၿပီး ျပင္ဆင္လိုက္ပါေနာ္။ ဒါမွက်န္းမာတဲ့ေက်ာက္ကပ္ေလး ပိုင္ဆိုင္ႏိုင္မွာပါ။

ေရးသားသူ Aye Thi Mon

ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Kaung Thar

Credit-Hello ဆရာဝန္

(Unicode)

အမှတ်တမဲ့လုပ်မိနေတဲ့ ကျောက်ကပ်ထိခိုက်စေနိုင်တဲ့ အမူအကျင့်များ

ကျောက်ကပ်ကို ထိခိုက်စေနိုင်တဲ့ အမှတ်တမဲ့အပြုအမူတွေက

ဆီးသွားချင်တာကို အောင့်ထားတာ – ဆီးသွားချင်တဲ့အခါ အလုပ်မအားလို့။ လုပ်လက်စလေးပြီးပြတ်သွားအောင်လုပ်ချင်လို့၊ ပျင်းလို့၊ အပြင်ရောက်နေလို့ဆိုတဲ့ အကြောင်းပြချက်အမျိုးမျိုးနဲ့ ဆီးအောင့်ထားတတ်ကြမယ် ထင်ပါတယ်။ ဒီလိုအပြုအမူရှိတယ်ဆိုရင် ပြင်ဆင်လိုက်ပါ။ ဒီအပြုအမူက ဘာမှမဟုတ်ဘူးထင်ရပေမယ့် ဆီးအိမ်ထဲမှာ ဆီးတွေအကြာကြီးရှိနေတာက ဘက်တီးရီးယားတွေကို အလွယ်တကူပေါက်ဖွားစေနိုင်ပြီး ကျောက်ကပ်ကို ထိခိုက်စေနိုင်ပါတယ်။

ဆားအများကြီးစားမိတာ-မြန်မာလူမျိုးတွေဆိုရင်တော့ ဆားတင်မဟုတ်ပါဘူး။ ငံပြာရည်၊ ငါးပိ၊ ငါးခြောက်တွေကိုပါ ရှောင်ဖို့လိုပါမယ်။ လူတစ်ယောက်ဟာ တစ်နေ့ကို အငန်ဓါတ် ၅.၈ ဂရမ်ပဲ စားသုံးပေးသင့်တာပါ။ အစားအစာတွေထဲမှာ အငန်ဓါတ်ဓါတ် အရမ်းများတာက ကျောက်ကပ်ကို ထိခိုက်စေနိုင်တာကြောင့် အငန်လျှော့စားပါ။

အသားတွေအများကြီးမစားပါနဲ့–အသားတွေ အရမ်းစားတဲ့အခါ ခန္ဓါကိုယ်မှာ ပရိုတင်းတွေများလာတာကြောင့် ကျောက်ကပ်ကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အနီရောင်အသားတွေ လျော့စားပါ။ ပရိုတင်းအရမ်းများတာတွေ မစားပါနဲ့။

ကဖင်းဓါတ် အလွန်အကျွံစားသုံးတာ–တစ်ခါတလေ အိပ်ရေးပျက်လို့ဖြစ်ဖြစ်၊ အာရုံမလန်းလို့ဖြစ်ဖြစ်ကော်ဖီသောက်တာ၊ လက်ဖက်ရည်သောက်တာနဲ့ ကဖင်းပါဝင်နေတဲ့ အားဖြည့်အချိုရည်တွေ သောက်သုံးတာမျိုးရှိနိုင်ပါတယ်။ တစ်ခွက်လောက်က ပြဿနာမဖြစ်ပေမယ့် ၃ ခွက်ထက်ကျော်ပြီး သောက်မယ်ဆိုရင်တော့ ကဖင်းဓါတ်က အလွန်အကျွံပမာဏဖြစ်နေပါပြီ။

ရေသောက်နည်းတာ–ကျောက်ကပ်က လုပ်ငန်းဆောင်တာတွေ ကောင်းကောင်းလုပ်ဆောင်နိုင်ဖို့ဆိုရင် ရေဓါတ်ပြည့်ဝနေဖို့က မဖြစ်မနေလိုအပ်မှာပါ။ တကယ်လို့ ရေသောက်ပျင်းမယ်။ ရေသောက်နည်းမယ်ဆိုရင် သွေးထဲမှာ အဆိပ်တွေစုလာပြီး ကျောက်ကပ်က စွန့်ထုတ်စစ်ထုတ်နိုင်မှု ကျဆင်းသွားမှာပါ။ ဒါကြောင့် တစ်နေ့ကိုရေ ၁၂ ခွက်လောက်သောက်ပေးပါ။ ရေလုံလောက်အောင်သောက်၊ မသောက်ကို သေသေချာချာ သိရှိနိုင်မှာက ဆီးရဲ့ အရောင်ပါ။ ဆီးသွားတဲ့အခါ ဆီးက ဝါနေမယ်ဆိုရင်တော့ ရေသောက်နည်းနေပါပြီ။ ကျောက်ကပ်က မနိုင်ဝန်ထမ်းနေရပြီဆိုတာကိုလည်း သတိပြုပါ။

ကူးစက်ရောဂါကို သေချာကုသမှုမခံယူတာ–ဖျားနာတာ၊ တုပ်ကွေးဖြစ်တာလိုမျိုး ကူးစက်ရောဂါတွေ ခံစားရရင်သေချာကုသမှုခံယူပါ။ ဒီရောဂါတွေကို သေချာမကုသရင် ရလာမယ့်နောက်ဆက်တွဲ ပြဿနာကကျောက်ကပ်ကို ထိခိုက်စေပါလိမ့်မယ်။ ဖျားနာတာ၊ တုပ်ကွေးဖြစ်တာတွေ ခံစားရချိန်မှာ ပြည့်ပြည့်ဝဝအနားယူဖို့ကိုလည်း မမေ့ပါသင့်ပါဘူး။ လုံလောက်တဲ့အနားယူမှုက ခန္ဓါကိုယ်ကို ပြန်လည်ကျန်းမာလာအောင် အားဖြည့်ပေးပါလိမ့်မယ်။

အကိုက်အခဲပျောက်ဆေးတွေကို မလိုအပ်ပဲသောက်တာ–ဆေးကလိုအပ်ချိန်မှာ သောက်ရင်ကောင်းပေမယ့် မလိုအပ်ဘဲ သောက်ရင်တော့ကောင်းတာထက် ဆိုးတာပဲဖြစ်လာမှာပါ။ ဒါကြောင့် အကိုက်အခဲပျောက်ဆေးတွေကို တကယ်လိုအပ်မှသောက်ပါ။ မလိုအပ်ဘဲသောက်သုံးမိရင် ခန္ဓါကိုယ်မှ ာထိခိုက်မှုတွေဖြစ်လာပါလိမ့်မယ်။

အရက် အလွန်အကျွံသောက်သုံးတာ–အရက်မှာပါတဲ့ အဆိပ်အတောက်က အသည်းကိုတင် ပျက်စီးစေတာမဟုတ်ပါဘူး။ ကျောက်ကပ်ကိုပါ ထိခိုက်ပျက်စိးစေနိုင်ပါတယ်။ ဒါကြောင့် အရက်ကို အလွန်အကျွံသောက်သုံးမှုမလုပ်ပါနဲ့။

ဆေးလိပ်သောက်သုံးခြင်း –ဆေးလိပ်သောက်သုံးမှုက အချိန်ကြာလာနဲ့အမျှ သွေးကြောတွေကိုတောင့်တင်း ကျဉ်းမြောင်းလာစေပြီး ခန္ဓါကိုယ်ရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတွေဆီ သွေးစီးဆင်းရောက်ရှိမှုကို နည်းသွားစေပါတယ်။ ဒီလိုမျိုး သွေးပို့လွှတ်ရောက်ရှိမှု နည်းသွားတဲ့ အစိတ်အပိုင်းထဲမှာ ကျောက်ကပ်လည်းပါပါတယ်။ သွေးစီးဆင်းရောက်ရှိမှုနည်းသွားတဲ့အခါ ကျောက်ကပ်က အလုပ်ကောင်းကောင်း မလုပ်နိုင်တော့ပါဘူး။

ကိုယ်လက်လှုပ်ရှားမှုနည်းတာ –ကိုယ်လက်လှုပ်ရှားမှု လုပ်ဆောင်တာက ကျောက်ကပ်တွေကို ကာကွယ်ပေးနိုင်တဲ့ နည်းလမ်းကောင်းတစ်ရပ်ပါ။ ကိုယ်လက်လှုပ်ရှားမှုဖြစ်စေတဲ့ လေ့ကျင့်ခန်းတွေ ပုံမှန်လုပ်ဆောင်ပေးတာက ကျောက်ကပ်မှာ ကျောက်တည်နိုင်ခြေကို ၃၁ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ကိုယ်အလေးချိန်ကို ထိန်းထားနိုင်တာက ကျောက်ကပ်ကျန်းမာစေဖို့ အထောက်အကူဖြစ်စေမှာပါ။

အိပ်ရေးပျက်ခံတာများတာ – လူတော်တော်များများက အိပ်ရေးဝဝအိပ်ဖို့ လိုတယ်ဆိုတာကို မေ့ထားတတ်ကြပါတယ်။အခုလိုမျိုး တိုးတက်လာတဲ့ ခေတ်မှာ ဖုန်းသုံးတာ၊ ဂိမ်းဆော့တာတွေလုပ်ဆောင်ရင်း အိပ်ချိန်တွေက တဖြည်းဖြည်းနောက်ကျလာခဲ့ပါပြီ။ ဒါကြောင့်တစ်နေ့ကို အိပ်ချိန် အနည်းဆုံး ၆ နာရီကနေ ၈ နာရီထားပေးပါ။ လူတစ်ယောက်က လုံလောက်စွာ အိပ်စက်မှုမရတဲ့အခါ ဇီဝတွင်းဖြစ်စဉ်က ထိခိုက်လာပြီး ကိုယ်တွင်းအင်္ဂါတွေ ထိခိုက်ပျက်စီးလာပါလိမ့်မယ်။

လိုအပ်တဲ့ဆေးဝါးကုသမှု ခံယူခြင်းမရှိတာ-သွေးတိုးရောဂါ ခံစားနေရတာ၊ အမျိုးအစား -၂ ဆီးချိုရောဂါ ခံစားနေရတာတွေရှိမယ်ဆိုရင် လိုအပ်တဲ့ ဆေးဝါးကုသမှုတွေကို ခံယူပါလို့ပြောပါရစေ။ ဒီဝေဒနာတွေခံစားနေရပြီး လိုအပ်တဲ့ဆေးဝါးကုသမှုကို ခံယူတာမျိုးမလုပ်ဘဲ နေမယ်ဆိုရင် နောက်ဆက်တွဲအနေနဲ့ ခံစားရမယ့်ပြဿနာက ကျောက်ကပ်ထိခိုက်တာပါ။

သွေးပေါင်ချိန်ကို ထိန်းညှိတာမျိုးမရှိတာ–သွေးတိုးတာက ကျောက်ကပ်ကို ပျက်စီးစေနိုင်တဲ့ အဓိကအကြောင်းအရင်းတစ်ခုပါ။ ဒါကြောင့်နေ့စဉ်သွေးပေါင်ချိန်ကို တိုင်းတာပြီး အရမ်းများနေရင် အစားအသောက်ဆင်ခြင်ပြီး သွေးပေါင်ချိန်ကျအောင်လုပ်ဆောင်တာမျိုး လုပ်ဆောင်ဖို့လိုပါမယ်။သွေးပေါင်ချိန်ကို ပုံမှန် အပေါ်သွေး ၁၄၀အောက်သွေး ၉၀ဖြစ်အောင်ထိန်းထားပေးပါ။

ခုပြောပြခဲ့တဲ့ အပြုအမူလေးတွေရှိရင် ဒီနေ့ကစပြီး ပြင်ဆင်လိုက်ပါနော်။ ဒါမှကျန်းမာတဲ့ကျောက်ကပ်လေး ပိုင်ဆိုင်နိုင်မှာပါ။

ရေးသားသူ Aye Thi Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

Credit-Hello ဆရာဝန်


Leave a Reply

Your email address will not be published. Required fields are marked *

*