ဝပြီး ဗိုက်ပူသူများအတွက် သင်္ဘောသီးစားရုံနဲ့ ဗိုက်ကျနည်း။ ဝၿပီး ဗိုက္ပူသူမ်ားအတြက္ သေဘၤာသီးစား႐ုံနဲ႔ ဗိုက္က်နည္း။

(Zawgyi)

ဝၿပီး ဗိုက္စူသူမ်ားအတြက္ သေဘၤာသီးဓာတ္စာ

ဝလာသူမ်ားတြင္ ဝျခင္း အေၾကာင္းအရင္း ႏွစ္မ်ိဳးရွိသည္။ ပထမတစ္မ်ိဳးမွာ အဆီတိုးၿပီး မ်ိဳး႐ိုးအလိုက္ ဝသူမ်ိဳးျဖစ္ၿပီး ေနာက္တစ္မ်ိဳးမွာ အသက္ ၄ဝ ေက်ာ္ ၅ဝတြင္းေရာက္မွ ဝလာသူ (ေလဝဟု ေခၚသည္) မ်ားျဖစ္သည္။

မ်ိဳး႐ိုးအလိုက္ဝသူ၊ အဆီတိုး၍ ဝသူမ်ားမွာ ကိုလက္စထေရာ တက္သည္ဟု ဆိုေသာ္လည္း ေကာင္းေသာ ကိုလက္စထေရာ (HDL Cholesterol) မ်ားလွ်င္ ဝေသာ္လည္း က်န္းမာၿပီး သြားႏိုင္၊ စားႏိုင္၊ ဝမ္းမွန္၊ အိပ္ေပ်ာ္၊ ေနေကာင္း ေနေပသည္။ အသက္ႀကီးမွ ဝလာသူမ်ားမွာ က်န္းမာေရး ခ်ဴခ်ာတတ္သည္။

မ်က္ႏွာႏွင့္ လက္ေခ်ာင္းမ်ားတြင္ မဝပဲ ဗိုက္စူ ထြက္လာသျဖင့္ ဝလို႔လွလို႔ မျဖစ္ႏိုင္ေပ။ လမ္းေလွ်ာက္ နည္းၿပီး အထိုင္မ်ားလွ်င္ ပိုဆိုးသည္။ ဗိုက္သိသိသာသာ စူထြက္လာၿပီး ၾကည့္မေကာင္းေသာအခါ ဘီယာဗိုက္ဟု ေခၚၾကသည္။ စည္ဘီယာ အေသာက္မ်ားသူမ်ားတြင္ ထိုကဲ့သို႔ ျဖစ္တတ္ေသာေၾကာင့္ ျဖစ္သည္။

အမွန္မွာ ညေနေစာင္းႏွင့္ ညအခ်ိန္မေတာ္ စားေလ့ရွိသူမ်ားတြင္ ဝမ္းဗိုက္ အတြင္းရွိ အူမႀကီးတြင္ အစာမ်ားစုပုံၿပီး အစာမေၾကရာမွ ေလပြၿပီး ဗိုက္စူလာျခင္း ျဖစ္သည္။ ညစာစားျခင္းကို ေလွ်ာ့လိုက္လွ်င္ ဗိုက္စူျခင္းသည္ ျပန္၍ သက္သာသြားတတ္သည္။ ေလဝ ဝသူမ်ား၏ အဓိကခ်ိဳ႕ယြင္းခ်က္မွာ ဝမ္းခ်ဳပ္ျခင္း ျဖစ္သည္။

ေကာက္ညႇင္း၊ ဆန္ေစး၊ အုန္းထမင္း၊ ဒန္ေပါက္၊ အေၾကာ္ အေလွာ္ႏွင့္အကင္မ်ား စားသည့္ ေန႔တြင္ အစာမေၾကျဖစ္ၿပီး ပို၍ပင္ ဝမ္းခ်ဳပ္ေလ့ရွိသည္။ ဝမ္းခ်ဳပ္ေသာအခါ ဗိုက္က ပို၍ စူထြက္လာၿပီး အသက္ရွဴ မဝေသာ ေရာဂါ ျဖစ္တတ္သည္။ဗိုက္စူ ဝမ္းခ်ဳပ္သူမ်ားအတြက္ အေကာင္းဆုံး ဓာတ္စာမွာ သေဘၤာသီးမွည့္ ျဖစ္သည္။ ထမင္းစားၿပီးတိုင္း သေဘၤာသီးမွည့္ တစ္ျခမ္းခန႔္ စားေပးျခင္းျဖင့္ ဝမ္းမွန္၊ ေလသက္သည့္ အျပင္ ဝမ္းဗိုက္စူျခင္းကိုပါ သက္သာေစႏိုင္သည္။

သေဘၤာသီးတြင္ အစာေၾကေစေသာ အေစးဓာတ္ပါသျဖင့္ အစိမ္းကိုလည္း ဟင္းခ်က္စားႏိုင္သည္။ အမွည့္ကို စားလွ်င္ ဝမ္းခ်ဳပ္ျခင္းႏွင့္ စျမင္းခံျခင္းကိုပါ သက္သာေစႏိုင္သျဖင့္ လိပ္ေခါင္းရွိသူမ်ား အတြက္ပါ သက္သာေစသည္။ သေဘၤာသီးဝယ္လွ်င္ သတိျပဳရန္မွာ ဆိုးေဆးႏွင့္ မွည့္ေဆးမလြတ္ေသာ အသီးေရွာင္ရန္ျဖစ္သည္။

သဘာဝ ပင္မွည့္အသီးကို ဝယ္ရန္ မျဖစ္ႏိုင္ပါက ရင့္ေသာ သေဘၤာသီး အစိမ္းကိုဝယ္ၿပီး မိမိအိမ္တြင္ မွည့္ေအာင္ ေစာင့္ထား ၿပီးမွ စားသုံးပါ။ ေန႔စဥ္ မွန္မွန္ တစ္လခန႔္ စားသုံးၾကည့္ပါက အက်ိဳးေက်းဇူးကို သိလာပါလိမ့္မည္။

Credit–က်န္းမာေရးအေၾကာင္းသိေကာင္းစရာမ်ား

(Unicode)

ဝပြီး ဗိုက်စူသူများအတွက် သင်္ဘောသီးဓာတ်စာ

ဝလာသူများတွင် ဝခြင်း အကြောင်းအရင်း နှစ်မျိုးရှိသည်။ ပထမတစ်မျိုးမှာ အဆီတိုးပြီး မျိုးရိုးအလိုက် ဝသူမျိုးဖြစ်ပြီး နောက်တစ်မျိုးမှာ အသက် ၄ဝ ကျော် ၅ဝတွင်းရောက်မှ ဝလာသူ (လေဝဟု ခေါ်သည်) များဖြစ်သည်။

မျိုးရိုးအလိုက်ဝသူ၊ အဆီတိုး၍ ဝသူများမှာ ကိုလက်စထရော တက်သည်ဟု ဆိုသော်လည်း ကောင်းသော ကိုလက်စထရော (HDL Cholesterol) များလျှင် ဝသော်လည်း ကျန်းမာပြီး သွားနိုင်၊ စားနိုင်၊ ဝမ်းမှန်၊ အိပ်ပျော်၊ နေကောင်း နေပေသည်။ အသက်ကြီးမှ ဝလာသူများမှာ ကျန်းမာရေး ချူချာတတ်သည်။

မျက်နှာနှင့် လက်ချောင်းများတွင် မဝပဲ ဗိုက်စူ ထွက်လာသဖြင့် ဝလို့လှလို့ မဖြစ်နိုင်ပေ။ လမ်းလျှောက် နည်းပြီး အထိုင်များလျှင် ပိုဆိုးသည်။ ဗိုက်သိသိသာသာ စူထွက် လာပြီး ကြည့်မကောင်းသောအခါ ဘီယာဗိုက်ဟု ခေါ်ကြသည်။ စည်ဘီယာ အသောက်များသူများတွင် ထိုကဲ့သို့ ဖြစ်တတ်သောကြောင့် ဖြစ်သည်။

အမှန်မှာ ညနေစောင်းနှင့် ညအချိန်မတော် စားလေ့ရှိသူများတွင် ဝမ်းဗိုက် အတွင်းရှိ အူမကြီးတွင် အစာများစုပုံပြီး အစာမကြေရာမှ လေပွပြီး ဗိုက်စူလာခြင်း ဖြစ်သည်။ ညစာစားခြင်းကို လျှော့လိုက်လျှင် ဗိုက်စူခြင်းသည် ပြန်၍ သက်သာသွားတတ်သည်။ လေဝ ဝသူများ၏ အဓိကချို့ယွင်းချက်မှာ ဝမ်းချုပ်ခြင်း ဖြစ်သည်။

ကောက်ညှင်း၊ ဆန်စေး၊ အုန်းထမင်း၊ ဒန်ပေါက်၊ အကြော် အလှော်နှင့်အကင်များ စားသည့် နေ့တွင် အစာမကြေဖြစ်ပြီး ပို၍ပင် ဝမ်းချုပ်လေ့ရှိသည်။ ဝမ်းချုပ်သောအခါ ဗိုက်က ပို၍ စူထွက်လာပြီး အသက်ရှူ မဝသော ရောဂါ ဖြစ်တတ်သည်။ဗိုက်စူ ဝမ်းချုပ်သူများအတွက် အကောင်းဆုံး ဓာတ်စာမှာ သင်္ဘောသီးမှည့် ဖြစ်သည်။ ထမင်းစားပြီးတိုင်း သင်္ဘောသီးမှည့် တစ်ခြမ်းခန့် စားပေးခြင်းဖြင့် ဝမ်းမှန်၊ လေသက်သည့် အပြင် ဝမ်းဗိုက်စူခြင်းကိုပါ သက်သာစေနိုင်သည်။

သင်္ဘောသီးတွင် အစာကြေစေသော အစေးဓာတ်ပါသဖြင့် အစိမ်းကိုလည်း ဟင်းချက်စားနိုင်သည်။ အမှည့်ကို စားလျှင် ဝမ်းချုပ်ခြင်းနှင့် စမြင်းခံခြင်းကိုပါ သက်သာစေနိုင်သဖြင့် လိပ်ခေါင်းရှိသူများ အတွက်ပါ သက်သာစေသည်။ သင်္ဘောသီးဝယ်လျှင် သတိပြုရန်မှာ ဆိုးဆေးနှင့် မှည့်ဆေးမလွတ်သော အသီးရှောင်ရန်ဖြစ်သည်။

သဘာဝ ပင်မှည့်အသီးကို ဝယ်ရန် မဖြစ်နိုင်ပါက ရင့်သော သင်္ဘောသီး အစိမ်းကိုဝယ်ပြီး မိမိအိမ်တွင် မှည့်အောင် စောင့်ထား ပြီးမှ စားသုံးပါ။ နေ့စဉ် မှန်မှန် တစ်လခန့် စားသုံးကြည့်ပါက အကျိုးကျေးဇူးကို သိလာပါလိမ့်မည်။

Credit–ကျန်းမာရေးအကြောင်းသိကောင်းစရာများ


Leave a Reply

Your email address will not be published. Required fields are marked *

*