ကလေးနှာခေါင်းထဲ အရာတခုခုဝင်သွားရင် ဘယ်လိုဖယ်ရှားပစ်မလဲ။ကေလးႏွာေခါင္းထဲ အရာတခုခုဝင္သြားရင္ ဘယ္လိုဖယ္ရွားပစ္မလဲ။

(Zawgyi)

ကေလးႏွာေခါင္းထဲ အရာတခုခုဝင္သြားရင္ ဘယ္လိုဖယ္ရွားပစ္မလဲ

သင့္မီးမီးေလး ႏွာေခါင္းထဲကို ပုတီးေစ့ေလးဝင္သြားတာမ်ိဳး၊ အေစ့တခုခု ဝင္သြားတာမ်ိဳး ျဖစ္ၿပီဆိုၾကပါစို႔။ ဒါဟာ အင္မတန္ျဖစ္ေလ့ျဖစ္ထရွိတဲ့ ျပႆနာတခုဆိုတာ မိဘတိုင္း သိပါတယ္။ ဟုတ္ၿပီ၊ ဒီလို ျဖစ္လာခဲ့ရင္ ဘာလုပ္မလဲ၊ ဘယ္သူ႔ကို ေခၚရမွာလဲ၊ ေဆးခန္းေဆး႐ုံ ေျပးရမွာလား။ သုေတသနျပဳေလ့လာခ်က္ အသစ္တခုအရ သိရွိခဲ့ရတာကေတာ့ ဟိုးဆယ္စုႏွစ္ေပါင္းမ်ားစြာကတည္းက အသုံးျပဳခဲ့တဲ့ အိမ္တြင္းေဆးၿမီးတိုကုသနည္း တခုျဖစ္တဲ့ “ ေမေမ့အနမ္း” လို႔ေခၚတဲ့ နည္းလမ္းဟာ ဒီ ျပႆနာကို ေျပလည္သြားေစတယ္ဆိုတာပါပဲ။

ဒီနည္းလမ္းဟာ နာက်င္မႈ ထူးထူးျခားျခားမရွိတဲ့အျပင္ အေရးေပၚကုသခန္းမွာ ေတြ႕ႀကဳံရမယ့္ စက္ကိရိယာႀကီးေတြ၊ လူစိမ္းေတြနဲ႔ယွဥ္ရင္ သားသားေလး၊ မီးမီးေလးတို႔အတြက္ စိတ္သက္သာရာရေစ၊ လုံၿခဳံမႈကို ခံစားရေစမွာပါ။

ေမေမ့အနမ္း ဆိုတာဘာလဲ-

ဒီနည္းလမ္းေလးကို ၁၉၆၅ မွာ စတင္အသုံးျပဳခဲ့တာျဖစ္ၿပီး အသုံးျပဳပုံ အဆင့္ဆင့္ကေတာ့ ေအာက္ပါအတိုင္း ျဖစ္ပါတယ္။ အေမ(သို႔မဟုတ္ လူႀကီးတေယာက္ေယာက္)ရဲ႕ ပါးစပ္နဲ႔ ကေလးရဲ႕ ပါးစပ္ကို နမ္းတဲ့ပုံစံအတိုင္း ေတ့ထားရမွာျဖစ္ၿပီး ေကာင္းေနတဲ့ ႏွာေခါင္းတဖက္ကို လက္ေခ်ာင္းတေခ်ာင္းနဲ႔ ပိတ္ထား၊ ဆို႔ထားရပါမယ္။ ၿပီးရင္ ကေလးရဲ႕ ပါးစပ္ထဲကို ေလမႈတ္ထည့္ရပါမယ္။ မႈတ္ထည့္လိုက္တဲ့ ေလရဲ႕ အရွိန္နဲ႔ ႏွာေခါင္းထဲ ဝင္သြားတဲ့ အရာဝတၳဳျပန္ထြက္လာပါလိမ့္မယ္။

အသက္ ၁ႏွစ္နဲ႔ ၈ႏွစ္ၾကား ကေလးေတြမွာ “ ေမေမ့အနမ္း” နည္းလမ္းကို အသုံးျပဳျခင္းနဲ႔ ပတ္သက္တဲ့ ေလ့လာတင္ျပမႈ ရွစ္ခုကို ဆန္းစစ္ၿပီး သုေတသနတခု ျပဳလုပ္ခဲ့ပါတယ္။ အဆိုပါ ေလ့လာမႈအားလုံးမွာ ဒီနည္းလမ္းဟာ ဘာျပႆနာမွ မရွိဘဲ အလုပ္ျဖစ္ခဲ့ပါတယ္။ ႏွာေခါင္းကို တဝက္တပ်က္ပဲ ပိတ္ေနတဲ့ အရာဝတၳဳေတြဟာ ေလကို အျပင္ထြက္သြားေစႏိုင္တဲ့အတြက္ သူတို႔ေတြနဲ႔ယွဥ္ရင္ ႏွာေခါင္းေပါက္တခုလုံးကို လုံးဝပိတ္ဆို႔ေနတဲ့ အရာဝတၳဳေတြကို ဖယ္ထုတ္ရာမွာ ဒီနည္းလမ္းက ပိုအက်ိဳးသက္ေရာက္မႈရွိတာကိုလည္း ေတြ႕ရွိခဲ့ရပါတယ္။ ေအာင္ျမင္မႈရာခိုင္ႏႈန္းကေတာ့ ၆၀% ေလာက္ရွိပါတယ္။ အဆိုပါ သုေတသနရဲ႕ ေတြ႕ရွိခ်က္ေတြကို Canadian Medical Association Journal မွာ ေဖာ္ျပခဲ့ပါတယ္။

ဒီနည္းလမ္းဟာ လုံးဝအႏၲရာယ္မရွိပါဘူး။ ႏွာေခါင္းထဲ ဝင္သြားတဲ့ အရာဝတၳဳေတြကို ဖယ္ထုတ္ရာမွာ ဒီနည္းလမ္းဟာအင္မတန္ လုံၿခဳံစိတ္ခ်ၿပီး ထိေရာက္အက်ိဳးရွိတဲ့ နည္းလမ္းတခု ျဖစ္တဲ့အတြက္ ခ်ိတ္ေတြ၊ ညႇပ္ေတြနဲ႔ ႏွာေခါင္းထဲထိုးၿပီး ဖယ္ထုတ္ရတာ ဒါမွမဟုတ္ စုပ္ထုတ္ရတာ အစရွိတဲ့ ရႈပ္ရႈပ္ေထြးေထြးေတြ လုပ္ဖို႔ မလိုအပ္ေတာ့ပါဘူး။ ေမ့ေဆး၊ ထုံေဆးေတြေပးဖို႔လည္း မလိုေတာ့တဲ့အတြက္ ကေလးေတြအတြက္ အရမ္းအဆင္ေျပပါတယ္။ ဒီနည္းလမ္းမျပဳလုပ္ခင္မွာ ဘယ္လို လုပ္မယ္ဆိုတဲ့အေၾကာင္း ကေလးကို ႀကိဳတင္ရွင္းျပေပးထားမယ္ဆိုရင္ သူေလးအေနနဲ႔ ေၾကာက္လန႔္ေနေတာ့မွာ မဟုတ္ပါဘူး။

ဒီအ႐ြယ္ကေလးေတြဆိုတာက သူတို႔ကို ထူးထူးျခားျခားတခုခု လုပ္ေတာ့မယ္ဆိုရင္ ေၾကာက္လန႔္တတ္သလို၊ အထူးသျဖင့္ အရင္တခါ ႏွာေခါင္းထဲက ပစၥည္းကို ထုတ္တုန္းက အေတာ္ေလး နာက်င္ခဲ့ဖူးတယ္ဆိုရင္ လုပ္ရကိုင္ရအနည္းငယ္ ခက္ခဲႏိုင္ပါတယ္ (ကေလးက ေၾကာက္ၿပီး ႐ုန္းကန္ေနႏိုင္လို႔ပါ)။ ဒီနည္းလမ္းရဲ႕ အဓိက ျဖစ္လာႏိုင္တဲ့ ျပႆနာကေတာ့ မေမွ်ာ္လင့္ဘဲ ေလဖိအားမ်ားလာႏိုင္တဲ့အတြက္ ကေလးရဲ႕ နားစည္ ဒါမွမဟုတ္ အသက္ရႈလမ္းေၾကာင္းကို ထိခိုက္ေစတာပဲ ျဖစ္ပါတယ္။

ဒါေပမယ့္ အဆိုပါ အခ်ိန္မွာ glottis လို႔ေခၚတဲ့ ေလဝင္ေပါက္ေလးက ပိတ္ေနမွာ ျဖစ္တဲ့အတြက္ ဒီျပႆနာ ျဖစ္လာႏိုင္ေခ်က မရွိသေလာက္နည္းတဲ့အျပင္ ျပဳလုပ္ၿပီးခဲ့သမွ် ေလ့လာမႈေတြအရလည္း ျပႆနာျဖစ္ပြားမႈ တစုံတရာမရွိတာကို ေတြ႕ရပါတယ္။ ႏွာေခါင္းထဲပိတ္ဆို႔ေနတဲ့ အရာဝတၳဳကို အထဲရႈသြင္းလိုက္မိၿပီး အသက္ရႈၾကပ္သြားမယ့္ အႏၲရာယ္ကေတာ့ အခ်ိန္တိုင္းမွာ ရွိေနပါတယ္။

“ ေမေမ့အနမ္း” နည္းလမ္းကို ဆရာဝန္၊ သူနာျပဳအစရွိတဲ့ က်န္းမာေရးေစာင့္ေရွာက္သူေတြကလည္း ျပဳလုပ္ႏိုင္သလို ပထမတေခါက္လုပ္လို႔ မေအာင္ျမင္ရင္ အႀကိမ္ႀကိမ္ထပ္ၿပီး ႀကိဳးစားၾကည့္ႏိုင္ပါေသးတယ္။ ဒါေပမယ့္ အခုနည္းလမ္းကို ဘယ္ေနရာ၊ ဘယ္အခ်ိန္မွာပဲ လုပ္သင့္တယ္ဆိုတဲ့ အခ်က္ေလးေတြကိုေတာ့ သတိျပဳဖို႔လိုအပ္ပါမယ္။ တတ္ကြၽမ္းနားလည္တဲ့သူေတြရဲ႕ ေရွ႕မွာပဲ ဒီနည္းလမ္းကို ျပဳလုပ္ရပါမယ္။

ဆရာဝန္ေတြဟာ အေရးေပၚကုသမႈဌာနမွာပဲ အမ်ားဆုံးျပဳလုပ္ေလ့ရွိတဲ့အတြက္ ဒီနည္းလမ္းကို အိမ္မွာပဲ အသုံးျပဳမယ္ဆိုရင္ေတာ့ ကေလးေတြအေနနဲ႔ သက္ေတာင့္သက္သာရွိၿပီး ေၾကာက္လန႔္ေနမွာ မဟုတ္ပါဘူး။

ဒါေပမယ့္ ထင္မွတ္မထားတဲ့ ျပႆနာတခုခုေပၚေပါက္လာရင္ (ဥပမာ ပိတ္ေနတဲ့ အရာဝတၳဳက အဆုတ္ထဲ ဝင္သြားရင္) အျမန္ဆုံး ကုသမႈေပးႏိုင္ဖို႔အတြက္ “ ေမေမ့အနမ္း” နည္းလမ္းနဲ႔ ပိတ္ေနတဲ့ ပစၥည္းကို ဖယ္ရွားပစ္ေနခ်ိန္မွာ ဆရာဝန္တေယာက္ေယာက္ရွိေနတာကေတာ့ အေကာင္းဆုံးပဲ ျဖစ္ပါေၾကာင္း။

ေရးသားသူ Dr. Thiha Phyo Myint

ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Kaung Thar

Credit-Hellosayarwon

(Unicode)

ကလေးနှာခေါင်းထဲ အရာတခုခုဝင်သွားရင် ဘယ်လိုဖယ်ရှားပစ်မလဲ

သင့်မီးမီးလေး နှာခေါင်းထဲကို ပုတီးစေ့လေးဝင်သွားတာမျိုး၊ အစေ့တခုခု ဝင်သွားတာမျိုး ဖြစ်ပြီဆိုကြပါစို့။ ဒါဟာ အင်မတန်ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာတခုဆိုတာ မိဘတိုင်း သိပါတယ်။ ဟုတ်ပြီ၊ ဒီလို ဖြစ်လာခဲ့ရင် ဘာလုပ်မလဲ၊ ဘယ်သူ့ကို ခေါ်ရမှာလဲ၊ ဆေးခန်းဆေးရုံ ပြေးရမှာလား။ သုတေသနပြုလေ့လာချက် အသစ်တခုအရ သိရှိခဲ့ရတာကတော့ ဟိုးဆယ်စုနှစ်ပေါင်းများစွာကတည်းက အသုံးပြုခဲ့တဲ့ အိမ်တွင်းဆေးမြီးတိုကုသနည်း တခုဖြစ်တဲ့ “ မေမေ့အနမ်း” လို့ခေါ်တဲ့ နည်းလမ်းဟာ ဒီ ပြဿနာကို ပြေလည်သွားစေတယ်ဆိုတာပါပဲ။

ဒီနည်းလမ်းဟာ နာကျင်မှု ထူးထူးခြားခြားမရှိတဲ့အပြင် အရေးပေါ်ကုသခန်းမှာ တွေ့ကြုံရမယ့် စက်ကိရိယာကြီးတွေ၊ လူစိမ်းတွေနဲ့ယှဉ်ရင် သားသားလေး၊ မီးမီးလေးတို့အတွက် စိတ်သက်သာရာရစေ၊ လုံခြုံမှုကို ခံစားရစေမှာပါ။

မေမေ့အနမ်း ဆိုတာဘာလဲ-

ဒီနည်းလမ်းလေးကို ၁၉၆၅ မှာ စတင်အသုံးပြုခဲ့တာဖြစ်ပြီး အသုံးပြုပုံ အဆင့်ဆင့်ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ အမေ(သို့မဟုတ် လူကြီးတယောက်ယောက်)ရဲ့ ပါးစပ်နဲ့ ကလေးရဲ့ ပါးစပ်ကို နမ်းတဲ့ပုံစံအတိုင်း တေ့ထားရမှာဖြစ်ပြီး ကောင်းနေတဲ့ နှာခေါင်းတဖက်ကို လက်ချောင်းတချောင်းနဲ့ ပိတ်ထား၊ ဆို့ထားရပါမယ်။ ပြီးရင် ကလေးရဲ့ ပါးစပ်ထဲကို လေမှုတ်ထည့်ရပါမယ်။ မှုတ်ထည့်လိုက်တဲ့ လေရဲ့ အရှိန်နဲ့ နှာခေါင်းထဲ ဝင်သွားတဲ့ အရာဝတ္ထုပြန်ထွက်လာပါလိမ့်မယ်။

အသက် ၁နှစ်နဲ့ ၈နှစ်ကြား ကလေးတွေမှာ “ မေမေ့အနမ်း” နည်းလမ်းကို အသုံးပြုခြင်းနဲ့ ပတ်သက်တဲ့ လေ့လာတင်ပြမှု ရှစ်ခုကို ဆန်းစစ်ပြီး သုတေသနတခု ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ လေ့လာမှုအားလုံးမှာ ဒီနည်းလမ်းဟာ ဘာပြဿနာမှ မရှိဘဲ အလုပ်ဖြစ်ခဲ့ပါတယ်။ နှာခေါင်းကို တဝက်တပျက်ပဲ ပိတ်နေတဲ့ အရာဝတ္ထုတွေဟာ လေကို အပြင်ထွက်သွားစေနိုင်တဲ့အတွက် သူတို့တွေနဲ့ယှဉ်ရင် နှာခေါင်းပေါက်တခုလုံးကို လုံးဝပိတ်ဆို့နေတဲ့ အရာဝတ္ထုတွေကို ဖယ်ထုတ်ရာမှာ ဒီနည်းလမ်းက ပိုအကျိုးသက်ရောက်မှုရှိတာကိုလည်း တွေ့ရှိခဲ့ရပါတယ်။ အောင်မြင်မှုရာခိုင်နှုန်းကတော့ ၆၀% လောက်ရှိပါတယ်။ အဆိုပါ သုတေသနရဲ့ တွေ့ရှိချက်တွေကို Canadian Medical Association Journal မှာ ဖော်ပြခဲ့ပါတယ်။

ဒီနည်းလမ်းဟာ လုံးဝအန္တရာယ်မရှိပါဘူး။ နှာခေါင်းထဲ ဝင်သွားတဲ့ အရာဝတ္ထုတွေကို ဖယ်ထုတ်ရာမှာ ဒီနည်းလမ်းဟာအင်မတန် လုံခြုံစိတ်ချပြီး ထိရောက်အကျိုးရှိတဲ့ နည်းလမ်းတခု ဖြစ်တဲ့အတွက် ချိတ်တွေ၊ ညှပ်တွေနဲ့ နှာခေါင်းထဲထိုးပြီး ဖယ်ထုတ်ရတာ ဒါမှမဟုတ် စုပ်ထုတ်ရတာ အစရှိတဲ့ ရှုပ်ရှုပ်ထွေးထွေးတွေ လုပ်ဖို့ မလိုအပ်တော့ပါဘူး။ မေ့ဆေး၊ ထုံဆေးတွေပေးဖို့လည်း မလိုတော့တဲ့အတွက် ကလေးတွေအတွက် အရမ်းအဆင်ပြေပါတယ်။ ဒီနည်းလမ်းမပြုလုပ်ခင်မှာ ဘယ်လို လုပ်မယ်ဆိုတဲ့အကြောင်း ကလေးကို ကြိုတင်ရှင်းပြပေးထားမယ်ဆိုရင် သူလေးအနေနဲ့ ကြောက်လန့်နေတော့မှာ မဟုတ်ပါဘူး။

ဒီအရွယ်ကလေးတွေဆိုတာက သူတို့ကို ထူးထူးခြားခြားတခုခု လုပ်တော့မယ်ဆိုရင် ကြောက်လန့်တတ်သလို၊ အထူးသဖြင့် အရင်တခါ နှာခေါင်းထဲက ပစ္စည်းကို ထုတ်တုန်းက အတော်လေး နာကျင်ခဲ့ဖူးတယ်ဆိုရင် လုပ်ရကိုင်ရအနည်းငယ် ခက်ခဲနိုင်ပါတယ် (ကလေးက ကြောက်ပြီး ရုန်းကန်နေနိုင်လို့ပါ)။ ဒီနည်းလမ်းရဲ့ အဓိက ဖြစ်လာနိုင်တဲ့ ပြဿနာကတော့ မမျှော်လင့်ဘဲ လေဖိအားများလာနိုင်တဲ့အတွက် ကလေးရဲ့ နားစည် ဒါမှမဟုတ် အသက်ရှုလမ်းကြောင်းကို ထိခိုက်စေတာပဲ ဖြစ်ပါတယ်။

ဒါပေမယ့် အဆိုပါ အချိန်မှာ glottis လို့ခေါ်တဲ့ လေဝင်ပေါက်လေးက ပိတ်နေမှာ ဖြစ်တဲ့အတွက် ဒီပြဿနာ ဖြစ်လာနိုင်ချေက မရှိသလောက်နည်းတဲ့အပြင် ပြုလုပ်ပြီးခဲ့သမျှ လေ့လာမှုတွေအရလည်း ပြဿနာဖြစ်ပွားမှု တစုံတရာမရှိတာကို တွေ့ရပါတယ်။ နှာခေါင်းထဲပိတ်ဆို့နေတဲ့ အရာဝတ္ထုကို အထဲရှုသွင်းလိုက်မိပြီး အသက်ရှုကြပ်သွားမယ့် အန္တရာယ်ကတော့ အချိန်တိုင်းမှာ ရှိနေပါတယ်။

“ မေမေ့အနမ်း” နည်းလမ်းကို ဆရာဝန်၊ သူနာပြုအစရှိတဲ့ ကျန်းမာရေးစောင့်ရှောက်သူတွေကလည်း ပြုလုပ်နိုင်သလို ပထမတခေါက်လုပ်လို့ မအောင်မြင်ရင် အကြိမ်ကြိမ်ထပ်ပြီး ကြိုးစားကြည့်နိုင်ပါသေးတယ်။ ဒါပေမယ့် အခုနည်းလမ်းကို ဘယ်နေရာ၊ ဘယ်အချိန်မှာပဲ လုပ်သင့်တယ်ဆိုတဲ့ အချက်လေးတွေကိုတော့ သတိပြုဖို့လိုအပ်ပါမယ်။ တတ်ကျွမ်းနားလည်တဲ့သူတွေရဲ့ ရှေ့မှာပဲ ဒီနည်းလမ်းကို ပြုလုပ်ရပါမယ်။

ဆရာဝန်တွေဟာ အရေးပေါ်ကုသမှုဌာနမှာပဲ အများဆုံးပြုလုပ်လေ့ရှိတဲ့အတွက် ဒီနည်းလမ်းကို အိမ်မှာပဲ အသုံးပြုမယ်ဆိုရင်တော့ ကလေးတွေအနေနဲ့ သက်တောင့်သက်သာရှိပြီး ကြောက်လန့်နေမှာ မဟုတ်ပါဘူး။

ဒါပေမယ့် ထင်မှတ်မထားတဲ့ ပြဿနာတခုခုပေါ်ပေါက်လာရင် (ဥပမာ ပိတ်နေတဲ့ အရာဝတ္ထုက အဆုတ်ထဲ ဝင်သွားရင်) အမြန်ဆုံး ကုသမှုပေးနိုင်ဖို့အတွက် “ မေမေ့အနမ်း” နည်းလမ်းနဲ့ ပိတ်နေတဲ့ ပစ္စည်းကို ဖယ်ရှားပစ်နေချိန်မှာ ဆရာဝန်တယောက်ယောက်ရှိနေတာကတော့ အကောင်းဆုံးပဲ ဖြစ်ပါကြောင်း။

ရေးသားသူ Dr. Thiha Phyo Myint

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

Credit-Hellosayarwon


Leave a Reply

Your email address will not be published. Required fields are marked *

*