အဆစ္အျမစ္ေရာင္၊ ေသြးတိုး၊ အေရျပားေရာဂါအမ်ိုးမ်ိဳး၊ အင္ပ်ဥ္၊ အဆိပ္ေျပ၊ ပင္ပန္းႏြမ္းနယ္ေျပေစတဲ့ ဆႊမ္းေမႊးရြက္။

(Zawgyi)

ေဆးဖက္ဝင္ေသာ ဆြမ္းေမႊး႐ြက္

ကြၽန္မတို႔ ေဒသမွာက ဒီအ႐ြက္ကိုခ်က္ၿပီးခါစ ထမင္းအိုးထဲမွာ ထည့္ထားလိုက္ရင္ ထမင္းမွာ အနံ႔စြဲၿပီး ရနံ႔သင္းေစပါတယ္။ ဒါ့ေၾကာင့္ သူ႔ကို ဆြမ္းေမႊး႐ြက္လို႔ ေခၚဆိုၾကျခင္းျဖစ္ပါတယ္။ အခ်ိဳ႕ကလည္း ဆူးေမႊး႐ြက္လို႔ ေခၚၾကပါတယ္။ေနာက္ၿပီးေတာ့ ဆြမ္းေမႊး႐ြက္အရည္ကို မုန႔္လက္ေဆာင္းဖတ္ ျပဳလုပ္တဲ့ေနရာေတြမွာလည္း ထည့္သြင္းအသုံးျပဳၾကသလို အျခားေသာ အစားအစာေတြထဲ၌လည္း ရနံ႔ေမႊးေအာင္ ထည့္သြင္းအသုံးျပဳၾကပါတယ္။ ဆြမ္းေမႊး႐ြက္ဟာ မည္သည့္ေဒသမွာမဆို လြယ္ကူစြာ ရွာေဖြေတြ႕ရွိႏိုင္ပါတယ္။ ထူျခားတာက ဆြမ္းေမႊး႐ြက္ဟာ ကြၽန္မတို႔ သိထားတာထက္ ပိုၿပီးေတာ့ အသုံးဝင္သလို လူသားတို႔ က်န္းမာေရးအတြက္လည္း ေဆးစြမ္းေကာင္းတလက္ျဖစ္ေစပါတယ္။

သူ႔အ႐ြက္ကို ခူးဆြတ္၍ ေရသန႔္စင္ေအာင္ ေဆးေၾကာၿပီး ႀကိတ္၍ အရည္ညႇစ္ေသာက္ပါက အသည္းေရာင္ အသားဝါေရာဂါ၊ အဆုတ္ေရာဂါ၊ အဆစ္အျမစ္ေရာင္ေရာဂါ၊ ဒူးနာေရာဂါ၊ ခါးနာေရာဂါ၊ ဗိုက္ေအာင့္၊ဗိုက္နာေရာဂါ၊ ေဂါက္ေရာဂါ၊ ေသြးတိုးေရာဂါ၊ ကင္ဆာေရာဂါ၊ အဖ်ားေရာဂါအမ်ိဳးမ်ိဳး၊ အေရျပားေရာဂါအမ်ိဳးမ်ိဳး၊ ေခါင္းကိုက္..နားကိုက္..သြားဖုံးနာ.. အပူက်ျခင္း၊ အဆိပ္ေျပေစျခင္း၊ အိပ္မေပ်ာ္ျခင္း၊ ပင္ပန္းႏြမ္းနယ္ျခင္း၊ အရက္မူးေျပေပ်ာက္ျခင္း၊ အရက္နာက်ျခင္းမ်ား ေပ်ာက္ကင္းသည့္အျပင္

သူ႔ရဲ႕အ႐ြက္ေျခာက္အဖတ္ကို လၻက္ေျခာက္ကဲ့သို႔ ေရေႏြးခပ္ေသာက္လို႔ ရသလို သူ႔အ႐ြက္ေျခာက္ကို အမႈန႔္ႀကိတ္၍ ၎အမႈန႔္ကို အင္ပ်ဥ္ႏွင့္ အျခားေသာ ယားနာအဖုမ်ားေပၚသို႔ ပြတ္လိမ္းေပးပါက ေပ်ာက္ကင္းသက္သာေစပါတယ္။ ဆြမ္းေမႊး႐ြက္ဟာ အနံ႔အသက္ဆိုးမ်ားကို စုတ္ယူေပးႏိုင္ျခင္းေၾကာင့္ မိမိတို႔၏ အိမ္ခန္း၊ အိပ္ခန္းႏွင့္ ဖိနပ္စဥ္မ်ားေပၚ၌ ခ်ိတ္ဆြဲထားႏိုင္ပါတယ္။

Credit-Original Uploader

(Unicode)

ဆေးဖက်ဝင်သော ဆွမ်းမွှေးရွက်

ကျွန်မတို့ ဒေသမှာက ဒီအရွက်ကိုချက်ပြီးခါစ ထမင်းအိုးထဲမှာ ထည့်ထားလိုက်ရင် ထမင်းမှာ အနံ့စွဲပြီး ရနံ့သင်းစေပါတယ်။ ဒါ့ကြောင့် သူ့ကို ဆွမ်းမွှေးရွက်လို့ ခေါ်ဆိုကြခြင်းဖြစ်ပါတယ်။ အချို့ကလည်း ဆူးမွှေးရွက်လို့ ခေါ်ကြပါတယ်။နောက်ပြီးတော့ ဆွမ်းမွှေးရွက်အရည်ကို မုန့်လက်ဆောင်းဖတ် ပြုလုပ်တဲ့နေရာတွေမှာလည်း ထည့်သွင်းအသုံးပြုကြသလိုအခြားသော အစားအစာတွေထဲ၌လည်း ရနံ့မွှေးအောင် ထည့်သွင်းအသုံးပြုကြပါတယ်။ ဆွမ်းမွှေးရွက်ဟာ မည်သည့်ဒေသမှာမဆို လွယ်ကူစွာ ရှာဖွေတွေ့ရှိနိုင်ပါတယ်။ ထူခြားတာက ဆွမ်းမွှေးရွက်ဟာ ကျွန်မတို့သိထားတာထက် ပိုပြီးတော့ အသုံးဝင်သလို လူသားတို့ကျန်းမာရေးအတွက်လည်း ဆေးစွမ်းကောင်းတလက်ဖြစ်စေပါတယ်။

သူ့အရွက်ကို ခူးဆွတ်၍ ရေသန့်စင်အောင် ဆေးကြောပြီး ကြိတ်၍ အရည်ညှစ်သောက်ပါက အသည်းရောင် အသားဝါရောဂါ၊ အဆုတ်ရောဂါ၊ အဆစ်အမြစ်ရောင်ရောဂါ၊ ဒူးနာရောဂါ၊ ခါးနာရောဂါ၊ ဗိုက်အောင့်၊ဗိုက်နာရောဂါ၊ ဂေါက်ရောဂါ၊ သွေးတိုးရောဂါ၊ ကင်ဆာရောဂါ၊ အဖျားရောဂါအမျိုးမျိုး၊ အရေပြားရောဂါအမျိုးမျိုး၊ ခေါင်းကိုက်..နားကိုက်..သွားဖုံးနာ.. အပူကျခြင်း၊ အဆိပ်ပြေစေခြင်း၊ အိပ်မပျော်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အရက်မူးပြေပျောက်ခြင်း၊ အရက်နာကျခြင်းများ ပျောက်ကင်းသည့်အပြင်

သူ့ရဲ့အရွက်ခြောက်အဖတ်ကို လ္ဘက်ခြောက်ကဲ့သို့ ရေနွေးခပ်သောက်လို့ ရသလို သူ့အရွက်ခြောက်ကို အမှုန့်ကြိတ်၍ ၎င်းအမှုန့်ကို အင်ပျဉ်နှင့် အခြားသော ယားနာအဖုများပေါ်သို့ ပွတ်လိမ်းပေးပါက ပျောက်ကင်းသက်သာစေပါတယ်။ ဆွမ်းမွှေးရွက်ဟာ အနံ့အသက်ဆိုးများကို စုတ်ယူပေးနိုင်ခြင်းကြောင့် မိမိတို့၏ အိမ်ခန်း၊ အိပ်ခန်းနှင့် ဖိနပ်စဉ်များပေါ်၌ ချိတ်ဆွဲထားနိုင်ပါတယ်။

Credit-Original Uploader


Leave a Reply

Your email address will not be published. Required fields are marked *

*