ရှားစောင်းလက်ပတ်ပင်ရဲ့ အသုံးဝင်ပုံများ

(Zawgyi)

ရွားေစာင္းလက္ပတ္ပင္ရဲ႕ အသုံးဝင္ပုံမ်ား

ရွားေစာင္းလက္ပတ္ပင္ဟာ ဘက္တီးရီးယားမ်ားကို ကာကြယ္ေပးႏိုင္တဲ့ အစြမ္းသတၱိရွိၿပီး အသားအေရအတြက္ အက်ိဳးေက်းဇူးေတြ အမ်ားႀကီး ရွိတဲ့ အပင္တစ္မ်ိဳးပဲျဖစ္ပါတယ္ ။ မ်ားေသာအားျဖင့္ က်န္မာေရး ေကာင္းမြန္ေစရန္ အတြက္ ရွားေစာင္းလက္ပတ္ကို ျခစ္ယူၿပီး သၾကားႏွင့္ ေခါက္ကာ စားသုံးေလ့ရွိၾကပါတယ္။ ဒါ့အျပင္ကို မွ အလွကုန္ပစၥည္းေတြ ထုတ္လုပ္တဲ့အခါမွာလည္း ကုန္ၾကမ္းအျဖစ္ႏွင့္ ထည့္သြင္းသုံးစြဲၾကပါေသးတယ္။ ရွားေစာင္းလက္ပတ္ ပါဝင္တဲ့ အလွကုန္ေတြကိုသုံးစြဲႏိုင္တဲ့ အျပင္ကိုမွ ရွားေစာင္းလက္ပတ္ကိုျခစ္ယူၿပီး မ်က္ႏွာ ကို ႏွံ႔စပ္စြာ လိမ္းေပးမယ္ဆိုရင္ေတာ့ ေကာင္းမြန္တဲ့ အက်ိဳးေက်းဇူးေတြျဖစ္တဲ့ အေရးအေၾကာင္းကင္းစင္ျခင္း ၊ ဝက္ၿခံဆိုး႐ြားစြာျဖစ္ေပၚျခင္းကို သက္သာေပ်ာက္ကင္းေစျခင္းတို႔ကို ရရွိႏိုင္မွာပဲျဖစ္ပါတယ္ ။ ရွားေစာင္းလက္ပတ္ကို ဘယ္လို အသုံးခ်လို႔ ရႏိုင္မလည္း ဆိုတဲ့ နည္းလမ္းေကာင္းေလးေတြကို မွ်ေဝေပးလိုက္ပါတယ္ေနာ္။

၁။ အစိုဓာတ္ျဖည့္ ခရမ္ေတြမွာထည့္သြင္းသုံးစြဲထားတာပဲျဖစ္ပါတယ္

မ်က္ႏွာေလးဟာ စိုစိုျပည္ျပည္ေလးႏွင့္ ဝင္းလက္ေတာက္ပေနဖို႔ဆိုရင္ အစုဓာတ္ျဖည့္ ခရမ္ေတြကို မျဖစ္မေန သုံးစြဲေပးရမွာပဲျဖစ္ပါတယ္။ အစိုဓာတ္ျဖည့္ ခရမ္ေတြထဲမွာ ရွားေစာင္းလက္ပတ္ကိုပါ ထည့္သြင္း အသုံးျပဳေလ့ရွိပါတယ္။ ရွားေစာင္းလက္ပတ္ဟာ အသားအေရကို ေအးျမေစၿပီး ေရဓာတ္ျဖည့္တင္းေပးႏိုင္တာေၾကာင့္ အစိုဓာတ္ျဖည့္ ခရမ္ေတြမွာထည့္သြင္းၿပီးထုတ္လုပ္ၾကတာပဲျဖစ္ပါတယ္။ ရွားေစာင္းလက္ပတ္ အစိုဓာတ္ျဖည့္ခရမ္အျပင္ကိုမွ ရွားေစာင္းလက္ပတ္ကို ဇြန္းနဲ႔ ေသခ်ာ ျခစ္ယူၿပီး မ်က္ႏွာ အႏွံ႔ေသခ်ာ လိမ္းေပးမယ္ဆိုရင္လည္း ရရွိလာမယ့္ အက်ိဳးေက်းဇူးေတြကို အျပည့္အဝရရွိႏိုင္မွာပဲျဖစ္ပါတယ္။

၂။ မ်က္ႏွာသစ္အျဖစ္အသုံးခ်ႏိုင္ပါတယ္

ေနာက္ထပ္ တစ္နည္းအေနႏွင့္ကေတာ့ မ်က္ႏွာကို သန႔္ရွင္းစင္ၾကယ္သြားေအာင္ ရွားေစာင္းလက္ပတ္ႏွင့္ မ်က္ႏွာသစ္ေပးႏိုင္ပါတယ္။ ရွားေစာင္းလက္ပတ္ကို မ်က္ႏွာ အႏွံ႔လိုက္ ပြတ္ေပးလိုက္ပါ ။ ထို႔ေနာက္ ေရေအးေအးေလးႏွင့္ ေရျပန္ေဆးခ်ေပးရမွာပါ။ မနက္တစ္ႀကိမ္ ၊ ညတစ္ႀကိမ္ ေန႔စဥ္ ပုံမွန္ ျပဳလုပ္ေပးႏိုင္ပါတယ္ေနာ္

၃။ အဆီျပန္တဲ့ အသားအေရပိုင္ရွင္ေတြအတြက္ ရွားေစာင္းလက္ပတ္ Scrub

ဝက္ၿခံထြက္လြယ္ၿပီး အဆီျပန္တဲ့ အသားအေရပိုင္ရွင္ေတြဟာ ေတာ္႐ုံတန္႐ုံ အလွကုန္ ပစၥည္းေတြကို သုံးစြဲဖို႔အတြက္ မလြယ္ကူပါဘူး။ အဆီျပန္တဲ့ အသားအေရပိုင္ရွင္ေတြအတြက္ ရွားေစာင္းလက္ပတ္ Scrub ကို ျပဳလုပ္ၿပီးေတာ့ အသုံးျပဳႏိုင္ပါတယ္။ ဒီ Scrub ကို ပုံမွန္ျပဳလုပ္ေပးမယ္ ဆိုရင္ေတာ့ က်န္းမာတဲ့ အသားအေရကို ပိုင္ဆိုင္ႏိုင္မွာပဲျဖစ္ပါတယ္။ သၾကားအနည္းငယ္ကို ရွားေစာင္းလက္ပတ္ႏွင့္ ေရာစပ္ကာေမႊေပးပါ။ ထို႔ေနာက္ မ်က္ႏွာအႏွံ႔ကို ၂ မိနစ္ခန႔္အထိ ႏူးညံ့ညင္သာစြာ ပြတ္တိုက္ေပးပါ။ ထို႔ေနာက္ ေရေအးေအးေလးႏွင့္ ျပန္လည္ၿပီး မ်က္ႏွာသစ္ေပးရမွာပါ။ ႏွစ္ပတ္တစ္ႀကိမ္ခန႔္သာ အသုံးျပဳသင့္ၿပီး အသုံးျပဳေနစဥ္ကာလအတြင္း မွာ အလြန္အကြၽန္ အဆီျပန္ေနမယ္ဆိုရင္ေတာ့ အသုံးျပဳျခင္းကို ရပ္တန႔္သင့္ပါတယ္။

၄။ အေမႊးရိတ္ၿပီးတဲ့အခါမွာ လိမ္းေပးႏိုင္ပါတယ္

အမ်ိဳးသမီးမ်ားေရာ အမ်ိဳးသားမ်ားပါ မလိုအပ္တဲ့ အေမႊးမ်ားကို ဖယ္ရွားၿပီးတဲ့အခါမွာ အေရျပားေပၚမွာ အနာငယ္ေလးမ်ားက်န္ရစ္ခဲ့ၿပီးနီျမန္းေနခဲ့တတ္ပါတယ္။ အေမႊးရိတ္ၿပီးတဲ့အခါေတြမွာ ရွားေစာင္းလက္ပတ္ဂ်ယ္ကို အေရျပားအႏွံ႔ လိုက္လံလိမ္းေပးမယ္ဆိုရင္ ေယာင္းယမ္းျခင္းကို ေလွ်ာ့ခ်ေပးႏိုင္ၿပီး အနာေတြကို ေပ်ာက္ကင္းေစႏိုင္ပါတယ္။

၅။ ဝက္ၿခံေၾကာင့္ က်န္ခဲ့တဲ့အမာ႐ြတ္အေပၚမွာ လိမ္းေပးႏိုင္ပါတယ္။

ဝက္ၿခံထြက္တဲ့အခ်ိန္မွာ အေရျပားေယာင္ယမ္းတာေတြ နာက်င္တာေတြ ျဖစ္ေပၚႏိုင္ပါတယ္။ ထိုအခ်ိန္မွာ ရွားေစာင္းလက္ပတ္ႏွင့္ အေရျပားအေပၚကို ႏူးညံ့စြာ ပြတ္ေပးႏိုင္ပါတယ္။ ဝက္ၿခံထြက္ၿပီးတဲ့ေနာက္ပိုင္းမွာ က်န္ရစ္ေနခဲ့တတ္တဲ့ အမာ႐ြတ္ေတြအေပၚကိုလည္း ရွားေစာင္းလက္ပတ္ လိမ္းေပးႏိုင္ပါတယ္။

Credit-MyanmaPlatform

(Unicode)

ရှားစောင်းလက်ပတ်ပင်ရဲ့ အသုံးဝင်ပုံများ

ရှားစောင်းလက်ပတ်ပင်ဟာ ဘက်တီးရီးယား များကို ကာကွယ်ပေးနိုင်တဲ့ အစွမ်းသတ္တိရှိပြီး အသားအရေအတွက် အကျိုးကျေးဇူးတွေ အများကြီး ရှိတဲ့ အပင်တစ်မျိုးပဲဖြစ်ပါတယ် ။ များသောအားဖြင့် ကျန်မာရေး ကောင်းမွန်စေရန် အတွက် ရှားစောင်းလက်ပတ်ကို ခြစ်ယူပြီး သကြားနှင့် ခေါက်ကာ စားသုံးလေ့ရှိကြပါတယ် ။ ဒါ့အပြင်ကို မှ အလှကုန်ပစ္စည်းတွေ ထုတ်လုပ်တဲ့အခါမှာလည်း ကုန်ကြမ်းအဖြစ်နှင့် ထည့်သွင်းသုံးစွဲကြပါသေးတယ် ။ ရှားစောင်းလက်ပတ် ပါဝင်တဲ့ အလှကုန်တွေကိုသုံးစွဲနိုင်တဲ့ အပြင်ကိုမှ ရှားစောင်းလက်ပတ်ကိုခြစ်ယူပြီး မျက်နှာ ကို နှံ့စပ်စွာ လိမ်းပေးမယ်ဆိုရင်တော့ ကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေဖြစ်တဲ့ အရေးအကြောင်းကင်းစင်ခြင်း ၊ ဝက်ခြံဆိုးရွားစွာဖြစ်ပေါ်ခြင်းကို သက်သာပျောက်ကင်းစေခြင်းတို့ကို ရရှိနိုင်မှာပဲဖြစ်ပါတယ် ။ ရှားစောင်းလက်ပတ်ကို ဘယ်လို အသုံးချလို့ ရနိုင်မလည်း ဆိုတဲ့ နည်းလမ်းကောင်းလေးတွေကို မျှဝေပေးလိုက်ပါတယ်နော် ။

၁။ အစိုဓာတ်ဖြည့် ခရမ်တွေမှာထည့်သွင်းသုံးစွဲထားတာပဲဖြစ်ပါတယ်

မျက်နှာလေးဟာ စိုစိုပြည်ပြည်လေးနှင့် ဝင်းလက်တောက်ပနေဖို့ဆိုရင် အစုဓာတ်ဖြည့် ခရမ်တွေကို မဖြစ်မနေ သုံးစွဲပေးရမှာပဲဖြစ်ပါတယ် ။ အစိုဓာတ်ဖြည့် ခရမ်တွေထဲမှာ ရှားစောင်းလက်ပတ်ကိုပါ ထည့်သွင်း အသုံးပြုလေ့ရှိပါတယ် ။ ရှားစောင်းလက်ပတ်ဟာ အသားအရေကို အေးမြစေပြီး ရေဓာတ်ဖြည့်တင်းပေးနိုင်တာကြောင့် အစိုဓာတ်ဖြည့် ခရမ်တွေမှာထည့်သွင်းပြီးထုတ်လုပ်ကြတာပဲဖြစ်ပါတယ် ။ ရှားစောင်းလက်ပတ် အစိုဓာတ်ဖြည့်ခရမ်အပြင်ကိုမှ ရှားစောင်းလက်ပတ်ကို ဇွန်းနဲ့ သေချာ ခြစ်ယူပြီး မျက်နှာ အနှံ့သေချာ လိမ်းပေးမယ်ဆိုရင်လည်း ရရှိလာမယ့် အကျိုးကျေးဇူးတွေကို အပြည့်အဝရရှိနိုင်မှာပဲဖြစ်ပါတယ် ။

၂။ မျက်နှာသစ်အဖြစ်အသုံးချနိုင်ပါတယ်

နောက်ထပ် တစ်နည်းအနေနှင့်ကတော့ မျက်နှာကို သန့်ရှင်းစင်ကြယ်သွားအောင် ရှားစောင်းလက်ပတ်နှင့် မျက်နှာသစ်ပေးနိုင်ပါတယ် ။ ရှားစောင်းလက်ပတ်ကို မျက်နှာ အနှံ့လိုက် ပွတ်ပေးလိုက်ပါ ။ ထို့နောက် ရေအေးအေးလေးနှင့် ရေပြန်ဆေးချပေးရမှာပါ ။ မနက်တစ်ကြိမ် ၊ ညတစ်ကြိမ် နေ့စဉ် ပုံမှန် ပြုလုပ်ပေးနိုင်ပါတယ်နော်

၃။ အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေအတွက် ရှားစောင်းလက်ပတ် Scrub

ဝက်ခြံထွက်လွယ်ပြီး အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေဟာ တော်ရုံတန်ရုံ အလှကုန် ပစ္စည်းတွေကို သုံးစွဲဖို့အတွက် မလွယ်ကူပါဘူး ။ အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေအတွက် ရှားစောင်းလက်ပတ် Scrub ကို ပြုလုပ်ပြီးတော့ အသုံးပြုနိုင်ပါတယ် ။ ဒီ Scrub ကို ပုံမှန်ပြုလုပ်ပေးမယ် ဆိုရင်တော့ ကျန်းမာတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ် ။ သကြားအနည်းငယ်ကို ရှားစောင်းလက်ပတ်နှင့် ရောစပ်ကာမွှေပေးပါ ။ ထို့နောက် မျက်နှာအနှံ့ကို ၂ မိနစ်ခန့်အထိ နူးညံ့ညင်သာစွာ ပွတ်တိုက်ပေးပါ ။ ထို့နောက် ရေအေးအေးလေးနှင့် ပြန်လည်ပြီး မျက်နှာသစ်ပေးရမှာပါ ။ နှစ်ပတ်တစ်ကြိမ်ခန့်သာ အသုံးပြုသင့်ပြီး အသုံးပြုနေစဉ်ကာလအတွင်း မှာ အလွန်အကျွန် အဆီပြန်နေမယ်ဆိုရင်တော့ အသုံးပြုခြင်းကို ရပ်တန့်သင့်ပါတယ် ။

၄။ အမွှေးရိတ်ပြီးတဲ့အခါမှာ လိမ်းပေးနိုင်ပါတယ်
အမျိုးသမီးများရော အမျိုးသားများပါ မလိုအပ်တဲ့ အမွှေးများကို ဖယ်ရှားပြီးတဲ့အခါမှာ အရေပြားပေါ်မှာ အနာငယ်လေးများကျန်ရစ်ခဲ့ပြီးနီမြန်းနေခဲ့တတ်ပါတယ် ။ အမွှေးရိတ်ပြီးတဲ့အခါတွေမှာ ရှားစောင်းလက်ပတ်ဂျယ်ကို အရေပြားအနှံ့ လိုက်လံလိမ်းပေးမယ်ဆိုရင် ယောင်းယမ်းခြင်းကို လျှော့ချပေးနိုင်ပြီး အနာတွေကို ပျောက်ကင်းစေနိုင်ပါတယ် ။

၅။ ဝက်ခြံကြောင့် ကျန်ခဲ့တဲ့အမာရွတ်အပေါ်မှာ လိမ်းပေးနိုင်ပါတယ်။

ဝက်ခြံထွက်တဲ့အချိန်မှာ အရေပြားယောင်ယမ်းတာတွေ နာကျင်တာတွေ ဖြစ်ပေါ်နိုင်ပါတယ်။ ထိုအချိန်မှာ ရှားစောင်းလက်ပတ်နှင့် အရေပြားအပေါ်ကို နူးညံ့စွာ ပွတ်ပေးနိုင်ပါတယ် ။ ဝက်ခြံထွက်ပြီးတဲ့နောက်ပိုင်းမှာ ကျန်ရစ်နေခဲ့တတ်တဲ့ အမာရွတ်တွေအပေါ်ကိုလည်း ရှားစောင်းလက်ပတ် လိမ်းပေးနိုင်ပါတယ်။

Credit-MyanmaPlatform


Leave a Reply

Your email address will not be published. Required fields are marked *

*