အိပ်ပျော်ချင်ရင် ကာဗိုဟိုက်ဒြိတ်ကြွယ်ဝတဲ့အစားအစာ စားပေး

(Zawgyi)





Ref: R.D


(Unicode)

အိပ်ပျော်ချင်ရင် ကာဗိုဟိုက်ဒြိတ်ကြွယ်ဝတဲ့အစားအစာ စားပေး

ဆယ်လ်မွန်ငါး၊ ဥများ၊ နို့၊ ပဲပုပ် (Soya)၊ အခွံမာသီးများ၊ ဟင်းနုနယ်၊ အစေ့အဆန်များနှင့် ကြက်၊ ဘဲ စသည်တို့မှာ ပါတဲ့ အမိုင်နိုအက်စစ် ထရစ်တိုဖင် (Tryptophan) ကအိပ်ငိုက်စေတယ် လို့ လူအများက ယုံကြည်ကြ တယ်။ ခန္ဓာကိုယ်က ဆီရိုတိုနင် (Serotonin) နှင့် မယ်လာတိုနင် (Melatonin) တို့ကို တည်ဆောက်ဖို့ လိုပါတယ်။

ဆီရိုတိုနင်ဆိုတာ က ကိုယ်စိတ်ဖြေလျော့စေတဲ့ အာရုံ လှုံ့ဆော်မှုကို ထုတ်လွှတ်ပေးတဲ့ ပစ္စည်း (Neurotransmitter)။ မယ်လာတိုနင်က အိပ်စက်ခြင်းကို ထိန်းညှိပေးတဲ့ ဟော်မုန်းတစ်ခု။ သို့ပေမဲ့ ယင်းတို့က ယင်းတို့ ဘာသာ ဘာအပြောင်းအလဲမှ လုပ်လို့မရဘူး။ ခန္ဓာကိုယ်ကို အိပ်စက်စေဖို့ တွန်းအားပေးဖို့ ကာဗိုဟိုက်ဒြိတ်ြွကယ်ဝတဲ့ အစား အစာတွေဖြင့် ဝမ်းဖြည့်ပေးရလိမ့် မယ်။

ကာဗိုဟိုက်ဒြိတ်တွေက ထရစ်တိုဖင်ကို သွေး-ဦးနှောက် အတားအဆီးကို ဖြတ်ကျော်ဖို့ အကူအညီပေးပြီး အိပ်ပျော်ခြင်းကို ဖြစ်စေပါတယ်။ ကာဗိုဟိုက်ဒြိတ် ြွကယ်ဝတဲ့ အစားအစာများထဲမှာ ထမင်း၊ ပေါင်မုန့်၊ ကိတ်မုန့်၊ ဘီစကစ်၊ ပြောင်းဖူး စတာတွေ ပါဝင်ပါတယ်။

Ref: R.D

Credit-Original Uploader


Leave a Reply

Your email address will not be published. Required fields are marked *

*