နေမကောင်းတဲ့ ကလေးကို မကျွေးရမယ့် အစားအစာများ။ ေနမေကာင္းတဲ့ ကေလးကို မေကြၽးရမယ့္ အစားအစာမ်ား။

(Zawgyi)

ေနမေကာင္းတဲ့ကေလးကို မေကြၽးရမယ့္ အစားအစာမ်ား

၁။ႏြားႏို႔

ႏြားႏို႔က တခ်ိဳ႕ကေလးေတြမွာ ရင္ၾကပ္တာကိုပိုဆိုးေစပါတယ္။ ကေလးေနမေကာင္းတဲ့အခ်ိန္မွာ ႏြားႏို႔မတိုက္ပါနဲ႔။ ႏြားႏို႔အစား ပဲႏို႔ကို ကေလးေနမေကာင္းခ်ိန္မွာ တိုက္လို႔ရပါတယ္။

၂။အခ်ိဳ႕ေသာ သစ္သီးနဲ႔ဟင္းသီးဟင္း႐ြက္ေတြ

ကေလးလည္ေခ်ာင္းနာေနရင္ စပ်စ္သီး၊ ငွက္ေပ်ာသီး၊ လိုင္ခ်ီးသီး၊ ဖရဲသီး၊ အုန္းသီး၊ လိေမၼာ္သီးစတဲ့အသီးေတြမေကြၽးပါနဲ႔။ ကေလးေနမေကာင္းတဲ့အခ်ိန္မွာ သခြားသီး၊ ဖ႐ုံသီး၊ ၾကက္ဟင္းခါးသီး စတဲ့ ဟင္းသီးဟင္း႐ြက္ေတြလည္း မေကြၽးပါနဲ႔ဦး။

၃။သၾကားျဖဴေတြနဲ႔ သၾကားလုံးေတြ

သၾကားအစားမ်ားတာက ဘယ္သူအတြက္မွမေကာင္းပါဘူး။ အထူးသျဖင့္ ကေလးေတြနဲ႔ တြားသြားအ႐ြယ္ ကေလးငယ္ေတြအတြက္ဆိုရင္ ပိုေတာင္ဆိုးပါေသးတယ္။ ဒီေတာ့ အထူးသျဖင့္ အေအးမိဖ်ားနာ ေခ်ာင္းဆိုးေနခ်ိန္မွာ သၾကားေတြ၊ သၾကားေတြပါတဲ့ ခ်ိဳခ်ဥ္ေတြ မေကြၽးသင့္ပါဘူး။

၄။သစ္သီးေျခာက္နဲ႔ အခြံမာသီးေတြ

ကေလးက အေအးမိဖ်ားနာ ေခ်ာင္းဆိုးေနခ်ိန္မွာ သစ္သီးေျခာက္ေတြ၊ အခြံမာသီးေတြကို ဝါးစားရခက္ပါတယ္။ ၿပီးေတာ့ စားေနတုန္း ေခ်ာင္းဆိုးလိုက္ရင္ လည္ပင္းမွာ တစ္ႏိုင္ေခ်ကလည္း ရွိေသးတယ္။ ဒါေၾကာင့္ ကေလးေနမေကာင္းတဲ့ အခ်ိန္မွာ ဒါေတြလုံးဝမေကြၽးပါနဲ႔။

၅။အဆီမ်ားၿပီး စပ္တဲ့အစားအစာေတြ

အဆီမ်ားတဲ့၊ စပ္တဲ့အစားအစာေတြက လည္ေခ်ာင္းကိုပိုဆိုးေစၿပီးေတာ့ အေအးမိေခ်ာင္းဆိုးတာကိုပိုဆိုးေစပါတယ္။

အေအးမိေခ်ာင္းဆိုးေနတဲ့ ကေလးငယ္ကို အစာေကြၽးရာမွာ သိထားသင့္တဲ့အခ်က္ေတြ

-အသက္ ၆ လနဲ႔ေအာက္ကေလးငယ္ေတြကို ေနမေကာင္းေနခ်ိန္မွာ မိခင္ႏို႔ (သို႔) တိုက္ေနက်ႏို႔မႈန႔္ဆက္တိုက္သင့္ပါတယ္။

-အသက္ ၆ လအထက္ ကေလးငယ္ေတြ အတြက္ေတာ့ တစ္ေန႔ကို ၃ႀကိမ္နဲ႔ တစ္ခါစားရင္ အမ်ားႀကီးေကြၽးမယ့္အစား တစ္ခါေကြၽးရင္နည္းနည္းနဲ႔ မၾကာခဏ ေကြၽးေပးသင့္ပါတယ္။

-ဆရာဝန္က ကေလးကို ဓာတ္ဆားရည္ေသာက္ဖို႔ၫႊန္ရင္ ဆရာဝန္ၫႊန္ၾကားတဲ့အတိုင္း ေသခ်ာတိုက္ပါ။

-ကေလးတစ္ခုခုကို မစားခ်င္ရင္ အတင္းမေကြၽးပါနဲ႔။ သူစားခ်င္တာေလးကို ေခ်ာ့ေကြၽးပါ။

-အသက္ ၆ လအထက္ ကေလးငယ္ကို ေရဓာတ္ျပည့္ဝေစဖို႔ ဂ႐ုစိုက္ပါ။ ေရ၊ ႏို႔၊ စြပ္ျပဳတ္၊လတ္ဆတ္တဲ့ သစ္သီးေဖ်ာ္ရည္စတဲ့ အရည္မ်ိဳးစုံ တိုက္ေပးပါ။

ဒါေတြကေတာ့ အေအးမိဖ်ားနာတဲ့ ကေလးငယ္ေတြအတြက္ လိုက္နာသင့္တဲ့ ေယဘူယ်နည္းလမ္းေတြပါ။ ဒါေပမယ့္ နားမွာနာက်င္ျခင္း၊ အသက္ရႉရင္ အသံျမည္ျခင္းစတဲ့ လကၡဏာေတြ ေတြ႕ရင္ေတာ့ ဆရာဝန္နဲ႔ ခ်က္ခ်င္းသြားျပပါ။

Credit-Dr. Mya Myo Myo Swe(www.drmyanmar.com)

(Unicode)

နေမကောင်းတဲ့ကလေးကို မကျွေးရမယ့် အစားအစာများ

၁။နွားနို့

နွားနို့က တချို့ကလေးတွေမှာ ရင်ကြပ်တာကိုပိုဆိုးစေပါတယ်။ ကလေးနေမကောင်းတဲ့အချိန်မှာ နွားနို့မတိုက်ပါနဲ့။ နွားနို့အစား ပဲနို့ကို ကလေးနေမကောင်းချိန်မှာ တိုက်လို့ရပါတယ်။

၂။အချို့သော သစ်သီးနဲ့ဟင်းသီးဟင်းရွက်တွေ

ကလေးလည်ချောင်းနာနေရင် စပျစ်သီး၊ ငှက်ပျောသီး၊ လိုင်ချီးသီး၊ ဖရဲသီး၊ အုန်းသီး၊ လိမ္မော်သီးစတဲ့အသီးတွေမကျွေးပါနဲ့။ ကလေးနေမကောင်းတဲ့အချိန်မှာ သခွားသီး၊ ဖရုံသီး၊ ကြက်ဟင်းခါးသီး စတဲ့ ဟင်းသီးဟင်းရွက်တွေလည်း မကျွေးပါနဲ့ဦး။

၃။သကြားဖြူတွေနဲ့ သကြားလုံးတွေ

သကြားအစားများတာက ဘယ်သူအတွက်မှမကောင်းပါဘူး။ အထူးသဖြင့် ကလေးတွေနဲ့ တွားသွားအရွယ် ကလေးငယ်တွေအတွက်ဆိုရင် ပိုတောင်ဆိုးပါသေးတယ်။ ဒီတော့ အထူးသဖြင့် အအေးမိဖျားနာ ချောင်းဆိုးနေချိန်မှာ သကြားတွေ၊ သကြားတွေပါတဲ့ ချိုချဉ်တွေ မကျွေးသင့်ပါဘူး။

၄။သစ်သီးခြောက်နဲ့ အခွံမာသီးတွေ

ကလေးက အအေးမိဖျားနာ ချောင်းဆိုးနေချိန်မှာ သစ်သီးခြောက်တွေ၊ အခွံမာသီးတွေကို ဝါးစားရခက်ပါတယ်။ ပြီးတော့ စားနေတုန်း ချောင်းဆိုးလိုက်ရင် လည်ပင်းမှာ တစ်နိုင်ချေကလည်း ရှိသေးတယ်။ ဒါကြောင့် ကလေးနေမကောင်းတဲ့ အချိန်မှာ ဒါတွေလုံးဝမကျွေးပါနဲ့။

၅။အဆီများပြီး စပ်တဲ့အစားအစာတွေ

အဆီများတဲ့၊ စပ်တဲ့အစားအစာတွေက လည်ချောင်းကိုပိုဆိုးစေပြီးတော့ အအေးမိချောင်းဆိုးတာကိုပိုဆိုးစေပါတယ်။

အအေးမိချောင်းဆိုးနေတဲ့ ကလေးငယ်ကို အစာကျွေးရာမှာ သိထားသင့်တဲ့အချက်တွေ

-အသက် ၆ လနဲ့အောက်ကလေးငယ်တွေကို နေမကောင်းနေချိန်မှာ မိခင်နို့ (သို့) တိုက်နေကျနို့မှုန့်ဆက်တိုက်သင့်ပါတယ်။

-အသက် ၆ လအထက် ကလေးငယ်တွေ အတွက်တော့ တစ်နေ့ကို ၃ကြိမ်နဲ့ တစ်ခါစားရင် အများကြီးကျွေးမယ့်အစား တစ်ခါကျွေးရင်နည်းနည်းနဲ့ မကြာခဏ ကျွေးပေးသင့်ပါတယ်။

-ဆရာဝန်က ကလေးကို ဓာတ်ဆားရည်သောက်ဖို့ညွှန်ရင် ဆရာဝန်ညွှန်ကြားတဲ့အတိုင်း သေချာတိုက်ပါ။

-ကလေးတစ်ခုခုကို မစားချင်ရင် အတင်းမကျွေးပါနဲ့။ သူစားချင်တာလေးကို ချော့ကျွေးပါ။

-အသက် ၆ လအထက် ကလေးငယ်ကို ရေဓာတ်ပြည့်ဝစေဖို့ ဂရုစိုက်ပါ။ ရေ၊ နို့၊ စွပ်ပြုတ်၊လတ်ဆတ်တဲ့ သစ်သီးဖျော်ရည်စတဲ့ အရည်မျိုးစုံ တိုက်ပေးပါ။

ဒါတွေကတော့ အအေးမိဖျားနာတဲ့ ကလေးငယ်တွေအတွက် လိုက်နာသင့်တဲ့ ယေဘူယျနည်းလမ်းတွေပါ။ ဒါပေမယ့် နားမှာနာကျင်ခြင်း၊ အသက်ရှူရင် အသံမြည်ခြင်းစတဲ့ လက္ခဏာတွေ တွေ့ရင်တော့ ဆရာဝန်နဲ့ ချက်ချင်းသွားပြပါ။

Credit-Dr. Mya Myo Myo Swe(www.drmyanmar.com)


Leave a Reply

Your email address will not be published. Required fields are marked *

*