(Zawgyi)
ဆေးဘက်ဝင်ပုံ
ကုသပုံကတော့
ဆေးနည်း ဦးဘရှင်
(Unicode)
ရင်သားအကျိတ်နှင့် အနာကို စိန်ခေါ်လိုက်တဲ့ ဆေးဘက်ဝင် စေတီဂမုန်း
ဆေးဘက်ဝင် စေတီဂမုန်း(ရင်သားအကျိတ်နှင့် အနာ)
ဦးစွာစေတီဂမုန်းပင် အကြောင်းပြောပါမည်။ ဂမုန်းဝါသနာပါသူများ စိုက်ပျိုးသည်။ စေတီအမည်ဖြစ်နေ၍တချို့စိုက်ကြသည်။
ပင်စည်က ဖေါင်းဖေါင်း၊ ရိုးတန်ရှည်ရွက်တွန့်မျိုးဖြစ်သည်။ စေတီပုံဖြင့် တူနေသဖြင့် စေတီဂမုန်းဟုခေါ်ကြသည်။ အချို့က တပင်ရွှေထီးဟုလည်း ခေါ်သည်။
စေတီဂမုန်း၏ ထူးခြားချက်က ဥလိုထင်ရသည့် ပင်စည်ဖြစ်သည်။ ပင်စည်ကို မြေမြုပ်ထားပါက ထိပ်မှအတက်ထွက်ကာ အရွက်များထွက်လာပြီး ပင်စည်ဖေါင်းဖေါင်းကြီးဖြစ်သွားသည်။နွေရာသီတွင် အရွက်များခြောက်သွားပြီး စေတီပုံ ပင်စည်တွေ ဖြစ်နေသည်။ နွေရာသီတွင် ရေလောင်းစရာမလိုပါ။
ဆေးဘက်ဝင်ပုံ
ရင်သားတဝိုက် နို့အကျိတ်များ၊ အနာပေါက်အဖုအကျိတ်များ အားလုံး ပျောက်ကင်းသည်။
ကုသပုံကတော့
အကျိတ်အနာများ၏ အနာဝအား ချန်လှပ်ပြီး အရွက်ကိုမီးအုံပေးကာ အုံပေးခြင်းဖြင့် ကိုက်ခဲခြင်း၊ နာကျင်ခြင်း များအတွက် နာရီပိုင်းအတွင်း သက်သာသွားသည်။ ရင်သားအကျိတ်အနာသည် ကင်ဆာအကျိတ်ကို ဆိုလိုခြင်း မဟုတ်ပါ။ ကင်ဆာအကျိတ်က အများအားဖြင့် နာကျင်မှု မရှိပါ။ အကျိတ်အနာက စဖြစ်ကတည်းက နာကျင်သည်။
ဆေးနည်း ဦးဘရှင်
Credit–စိုက်ပျိုးရေးနှင့်အထွေထွေသုတ
Leave a Reply
Your email address will not be published. Required fields are marked *
*