ဒိုင်ယက်ဆိုဒါ အချိုရည်များ မသောက်ပါနှင့်

(Zawgyi)

ဒိုင္ယက္ဆိုဒါ အခ်ိဳရည္မ်ား မေသာက္ပါႏွင့္

ဆိုဒါအခ်ိဳရည္မ်ားဟာ ဆီးခ်ိဳ ေသြးခ်ိဳေရာဂါႏွင့္ အျခားေသာ က်န္းမာေရးျပႆနာမ်ား ေနာက္ ဆက္တြဲဆိုးက်ိဳးအျဖစ္ ေပၚေပါက္ ေစတာေၾကာင့္ က်န္းမာေရးႏွင့္ မသင့္ေတာ္ေသာ ေရွာင္ၾကဥ္သင့္ တဲ့ အစားအေသာက္အျဖစ္ သတ္မွတ္ခံထားရပါတယ္။ ကိုလာ၊ စပါကလင္ စတဲ့ ဆိုဒါအခ်ိဳရည္ထဲ မွာ သၾကား (Sugar) ပမာဏ လြန္ကဲစြာ ပါဝင္ေနလို႔ ျဖစ္ပါတယ္။

ပုံမွန္ဆိုဒါအခ်ိဳရည္က က်န္းမာ ေရးႏွင့္ မညီၫြတ္လို႔ သၾကားလုံးဝ မပါတဲ့ Zero Sugar သို႔မဟုတ္ ဒိုင္ယက္ဆိုဒါဟုဆိုတဲ့ အခ်ိဳရည္ ကို ေျပာင္းလဲေသာက္သုံးမယ္လို႔ စိတ္မကူးလိုက္ပါနဲ႔။

သၾကားအစား အခ်ိဳတုမ်ား ထည့္သြင္းထုတ္လုပ္ ထားတဲ့အခ်ိဳရည္မ်ားကိုေသာက္သုံး တဲ့သူေတြမွာ အမ်ိဳးအစား (၂) ဆီးခ်ိဳ ေသြးခ်ိဳေရာဂါျဖစ္ႏိုင္ေျခ ျမင့္တက္ ေနေၾကာင္း သုေတသနမ်ားက ေတြ႕ရွိထားၿပီး ျဖစ္ပါတယ္။ ဒိုင္ယက္ ဆိုဒါအမ်ားစုမွာ ထည့္သြင္း ထုတ္လုပ္တတ္ၾကတဲ့ Aspartame အမည္ရွိ သၾကားတုက ထိုဆိုးက်ိဳး ေပးတာျဖစ္ပါတယ္။

ထိုသၾကားတု က ေသြးတြင္းသၾကားဓာတ္ပမာဏ ကို စားသုံးၿပီးၿပီးခ်င္း မျမင့္တက္ ေစေသာ္လည္း ေကာ္တီေစာ ပမာဏႏွင့္ အင္ဆူလင္ေဟာ္မုန္း ကို တုံ႔ျပန္ႏိုင္စြမ္း ျမင့္တက္ျခင္း တို႔ကို သက္ေရာက္မႈ ေပးပါတယ္။

ဆီးခ်ိဳေသြးခ်ိဳေရာဂါျဖစ္ႏိုင္ေျခ ျမင့္မားေနသူမ်ားဟာ သၾကား စားသုံးမႈပမာဏ ေလွ်ာ့ခ်သည့္ အေနနဲ႔ ထိုသၾကားတုကို အစားထိုး စားသုံးတတ္ၾကတာမို႔ ပညာရွင္မ်ား က သတိေပးထားျခင္းျဖစ္ပါတယ္။

ဆိုဒါအခ်ိဳရည္အစား ဒိုင္ယက္ဆိုဒါ ေသာက္သုံးျခင္းဟာ က်န္းမာေရး အတြက္ သင့္ေတာ္ေသာ အျပဳအမူ မဟုတ္ဘဲ ေရကိုအစားထိုးေသာက္ သုံးေပးျခင္းသာ အေကာင္းဆုံး ျဖစ္ပါတယ္။

Credit-Healthline

(Unicode)

ဒိုင်ယက်ဆိုဒါ အချိုရည်များ မသောက်ပါနှင့်

ဆိုဒါအချိုရည်များဟာ ဆီးချို သွေးချိုရောဂါနှင့် အခြားသော ကျန်းမာရေးပြဿနာများ နောက် ဆက်တွဲဆိုးကျိုးအဖြစ် ပေါ်ပေါက် စေတာကြောင့် ကျန်းမာရေးနှင့် မသင့်တော်သော ရှောင်ကြဉ်သင့် တဲ့ အစားအသောက်အဖြစ် သတ်မှတ်ခံထားရပါတယ်။ ကိုလာ၊ စပါကလင် စတဲ့ ဆိုဒါအချိုရည်ထဲ မှာ သကြား (Sugar) ပမာဏ လွန်ကဲစွာ ပါဝင်နေလို့ ဖြစ်ပါတယ်။

ပုံမှန်ဆိုဒါအချိုရည်က ကျန်းမာ ရေးနှင့် မညီညွတ်လို့ သကြားလုံးဝ မပါတဲ့ Zero Sugar သို့မဟုတ် ဒိုင်ယက်ဆိုဒါဟုဆိုတဲ့ အချိုရည် ကို ပြောင်းလဲသောက်သုံးမယ်လို့ စိတ်မကူးလိုက်ပါနဲ့။

သကြားအစား အချိုတုများ ထည့်သွင်းထုတ်လုပ် ထားတဲ့အချိုရည်များကိုသောက်သုံး တဲ့သူတွေမှာ အမျိုးအစား (၂) ဆီးချို သွေးချိုရောဂါဖြစ်နိုင်ခြေ မြင့်တက် နေကြောင်း သုတေသနများက တွေ့ရှိထားပြီး ဖြစ်ပါတယ်။ ဒိုင်ယက် ဆိုဒါအများစုမှာ ထည့်သွင်း ထုတ်လုပ်တတ်ကြတဲ့ Aspartame အမည်ရှိ သကြားတုက ထိုဆိုးကျိုး ပေးတာဖြစ်ပါတယ်။

ထိုသကြားတု က သွေးတွင်းသကြားဓာတ်ပမာဏ ကို စားသုံးပြီးပြီးချင်း မမြင့်တက် စေသော်လည်း ကော်တီစော ပမာဏနှင့် အင်ဆူလင်ဟော်မုန်း ကို တုံ့ပြန်နိုင်စွမ်း မြင့်တက်ခြင်း တို့ကို သက်ရောက်မှု ပေးပါတယ်။

ဆီးချိုသွေးချိုရောဂါဖြစ်နိုင်ခြေ မြင့်မားနေသူများဟာ သကြား စားသုံးမှုပမာဏ လျှော့ချသည့် အနေနဲ့ ထိုသကြားတုကို အစားထိုး စားသုံးတတ်ကြတာမို့ ပညာရှင်များ က သတိပေးထားခြင်းဖြစ်ပါတယ်။

ဆိုဒါအချိုရည်အစား ဒိုင်ယက်ဆိုဒါ သောက်သုံးခြင်းဟာ ကျန်းမာရေး အတွက် သင့်တော်သော အပြုအမူ မဟုတ်ဘဲ ရေကိုအစားထိုးသောက် သုံးပေးခြင်းသာ အကောင်းဆုံး ဖြစ်ပါတယ်။

Credit-Healthline


Leave a Reply

Your email address will not be published. Required fields are marked *

*