ဘရာစီယာ မဝတ်ဆင်ခြင်းက ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်ရှိလဲ

(Zawgyi)

ဘရာစီယာ မဝတ္ဆင္ျခင္းက က်န္းမာေရးအေပၚ ဘယ္လို သက္ေရာက္ရွိလဲ

အမ်ိဳးသမီးေတြရဲ႕ ေန႔စဥ္ အသုံးအေဆာင္ပစၥည္းေတြထဲမွာ မပါမျဖစ္ ပါဝင္တဲ့ ဘရာစီယာ ဝတ္ဆင္ျခင္းဟာ ယခု ေနာက္ပိုင္းမွာဆိုရင္ က်န္းမာေရး ရႈေထာင့္အရ ဝတ္သင့္တာနဲ႔ မဝတ္သင့္တာဆိုၿပီး အမ်ိဳးမ်ိဳး သေဘာထား အယူဝါဒေတြ ကြဲျပားေနၿပီး ဘရာစီယာ မဝတ္ဆင္ျခင္းက က်န္းမာေရးအေပၚ ဘယ္လို သက္ေရာက္မႈ ရွိလဲ။

ဘရာစီယာ မဝတ္ဆင္ျခင္းက က်န္းမာေရးအတြက္ ေကာင္းေစသလား၊ က်န္းမာေရးနဲ႔ ညီၫႊတ္သလား စတဲ့ ဘရာစီယာ မဝတ္ျခင္းရဲ႕ အက်ိဳးသက္ေရာက္မႈေတြကို စာဖတ္ ပရိသတ္ေတြအတြက္ ဗဟုသုတ အေနနဲ႔ ေဖာ္ျပေပး လိုက္ပါတယ္။

(၁) အမ်ိဳးသမီးေတြ အခ်ိန္တန္အ႐ြယ္ေရာက္ခ်ိန္ကစလို႔ စြဲစြဲၿမဲၿမဲဝတ္ဆင္လာခဲ့ၾကတဲ့ဘရာစီယာ ဝတ္ဆင္ျခင္းကို ပ်က္ကြက္ဖို႔ဆိုတာကေတာ့ ႀကီးမားတဲ့ စိန္ေခၚမႈတခုပဲ ျဖစ္ပါတယ္။ ရင္သားကင္ဆာဆိုင္ရာ က်န္းမာေရး အဖြဲ႕အစည္း ႀကီးရဲ႕ အႀကံျပဳခ်က္ေတြအရဘရာစီယာကို စြဲစြဲၿမဲၿမဲဝတ္ဆင္လာသူ အမ်ိဳးသမီးေတြအေနနဲ႔ေတာ့ ဆက္လက္ဝတ္ဆင္ဖို႔ပဲ အႀကံျပဳလိုေပမယ့္ ညအိပ္ရာဝင္ခ်ိန္ေတြနဲ႔ အိမ္မွာပဲေနတဲ့ အခ်ိန္ေတြမွာေတာ့ ဘရာစီယာကို မဝတ္ဆင္ဖို႔ အႀကံျပဳ ေျပာဆို ထားပါတယ္။

(၂) အမ်ိဳးသမီး အမ်ားစုရဲ႕ ဘရာစီယာ ဝတ္ဆင္ျခင္းနဲ႔ ပက္သက္ၿပီး အယူအဆ အမွားတခုကေတာ့ ဘရာစီယာ ဝတ္ဆင္ျခင္းဟာ ရင္သားေတြ ေလ်ာ့တြဲျခင္းကို ကာကြယ္ေပးႏိုင္တယ္ဆိုတဲ့ အယူအဆပဲ ျဖစ္ပါတယ္။ ျပင္သစ္ႏိုင္ငံက ျပဳလုပ္တဲ့ ၁၅ ႏွစ္တာ သုေတသနျပဳခ်က္ေတြအရ ဘရာစီယာ ဝတ္ဆင္ျခင္းဟာ ရင္သားအေပၚ ဘာအက်ိဳးသက္ေရာက္မႈမွ မရွိေစဘူးလို႔ ဆိုပါတယ္။

(၃) ဘရာစီယာကို တင္းတင္းက်ပ္က်ပ္ ဝတ္ဆင္တတ္တဲ့ အမ်ိဳးသမီးအမ်ားစုဟာ အ႐ြယ္ မတိုင္ခင္ ရင္သားေလ်ာ့တြဲမႈကို ျမန္ျမန္ဆန္ဆန္ ျဖစ္ေလ့ရွိတယ္လို႔လည္း သုေတသန ေဖာ္ျပခ်က္ေတြက ဆိုပါတယ္။

(၄) ဘရာစီယာ ဝတ္ဆင္ျခင္းဟာ ရင္သားဖြံ႕ၿဖိဳးမႈကို အေထာက္အပံ့ ေပးႏိုင္တဲ့ တစ္ရႉးေတြကို တားဆီးေပးၿပီး ေသြးလွည့္ပတ္မႈကို ေႏွာင့္ေႏွးေစႏိုင္ပါတယ္။

(၅) “No Bra Day” လိုေန႔မ်ိဳးဟာ လိင္မႈကိစၥ သက္သက္ေၾကာင့္ သတ္မွတ္ထားတဲ့ ေန႔တေန႔ မဟုတ္ဘဲ အမ်ိဳးသမီးထုရဲ႕ က်န္းမာေရးအရ တႏွစ္မွာ တရက္ခန႔္ ဘရာစီယာ မဝတ္ဆင္ျခင္းကို ေထာက္ခံတဲ့ အေနနဲ႔ သတ္မွတ္ထားတဲ့ေန႔ပဲ ျဖစ္ပါတယ္။

Credit-ဟယ္လ္သင္, The Irrawaddy – Burmese Edition

(Unicode)

ဘရာစီယာ မဝတ်ဆင်ခြင်းက ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်ရှိလဲ

အမျိုးသမီးတွေရဲ့ နေ့စဉ် အသုံးအဆောင်ပစ္စည်းတွေထဲမှာ မပါမဖြစ် ပါဝင်တဲ့ ဘရာစီယာ ဝတ်ဆင်ခြင်းဟာ ယခု နောက်ပိုင်းမှာဆိုရင် ကျန်းမာရေး ရှုထောင့်အရ ဝတ်သင့်တာနဲ့ မဝတ်သင့်တာဆိုပြီး အမျိုးမျိုး သဘောထား အယူဝါဒတွေ ကွဲပြားနေပြီး ဘရာစီယာ မဝတ်ဆင်ခြင်းက ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်မှု ရှိလဲ။

ဘရာစီယာ မဝတ်ဆင်ခြင်းက ကျန်းမာရေးအတွက် ကောင်းစေသလား၊ ကျန်းမာရေးနဲ့ ညီညွှတ်သလား စတဲ့ ဘရာစီယာ မဝတ်ခြင်းရဲ့ အကျိုးသက်ရောက်မှုတွေကို စာဖတ် ပရိသတ်တွေအတွက် ဗဟုသုတ အနေနဲ့ ဖော်ပြပေး လိုက်ပါတယ်။

(၁) အမျိုးသမီးတွေ အချိန်တန်အရွယ်ရောက်ချိန်ကစလို့ စွဲစွဲမြဲမြဲဝတ်ဆင်လာခဲ့ကြတဲ့ဘရာစီယာ ဝတ်ဆင်ခြင်းကို ပျက်ကွက်ဖို့ဆိုတာကတော့ ကြီးမားတဲ့ စိန်ခေါ်မှုတခုပဲ ဖြစ်ပါတယ်။ ရင်သားကင်ဆာဆိုင်ရာ ကျန်းမာရေး အဖွဲ့အစည်း ကြီးရဲ့ အကြံပြုချက်တွေအရ ဘရာစီယာကို စွဲစွဲမြဲမြဲဝတ်ဆင်လာသူ အမျိုးသမီးတွေအနေနဲ့တော့ ဆက်လက်ဝတ်ဆင်ဖို့ပဲ အကြံပြုလိုပေမယ့် ညအိပ်ရာဝင်ချိန်တွေနဲ့ အိမ်မှာပဲနေတဲ့ အချိန်တွေမှာတော့ ဘရာစီယာကို မဝတ်ဆင်ဖို့ အကြံပြု ပြောဆို ထားပါတယ်။

(၂) အမျိုးသမီး အများစုရဲ့ ဘရာစီယာ ဝတ်ဆင်ခြင်းနဲ့ ပက်သက်ပြီး အယူအဆ အမှားတခုကတော့ ဘရာစီယာ ဝတ်ဆင်ခြင်းဟာ ရင်သားတွေ လျော့တွဲခြင်းကို ကာကွယ်ပေးနိုင်တယ်ဆိုတဲ့ အယူအဆပဲ ဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံက ပြုလုပ်တဲ့ ၁၅ နှစ်တာ သုတေသနပြုချက်တွေအရ ဘရာစီယာ ဝတ်ဆင်ခြင်းဟာ ရင်သားအပေါ် ဘာအကျိုးသက်ရောက်မှုမှ မရှိစေဘူးလို့ ဆိုပါတယ်။

(၃) ဘရာစီယာကို တင်းတင်းကျပ်ကျပ် ဝတ်ဆင်တတ်တဲ့ အမျိုးသမီးအများစုဟာ အရွယ် မတိုင်ခင် ရင်သားလျော့တွဲမှုကို မြန်မြန်ဆန်ဆန် ဖြစ်လေ့ရှိတယ်လို့လည်း သုတေသန ဖော်ပြချက်တွေက ဆိုပါတယ်။

(၄) ဘရာစီယာ ဝတ်ဆင်ခြင်းဟာ ရင်သားဖွံ့ဖြိုးမှုကို အထောက်အပံ့ ပေးနိုင်တဲ့ တစ်ရှူးတွေကို တားဆီးပေးပြီး သွေးလှည့်ပတ်မှုကို နှောင့်နှေးစေနိုင်ပါတယ်။

(၅) “No Bra Day” လိုနေ့မျိုးဟာ လိင်မှုကိစ္စ သက်သက်ကြောင့် သတ်မှတ်ထားတဲ့ နေ့တနေ့ မဟုတ်ဘဲ အမျိုးသမီးထုရဲ့ ကျန်းမာရေးအရ တနှစ်မှာ တရက်ခန့် ဘရာစီယာ မဝတ်ဆင်ခြင်းကို ထောက်ခံတဲ့ အနေနဲ့ သတ်မှတ်ထားတဲ့နေ့ပဲ ဖြစ်ပါ တယ်။

Credit-ဟယ်လ်သင်, The Irrawaddy – Burmese Edition


Leave a Reply

Your email address will not be published. Required fields are marked *

*