ႏွလံုးေသြးေၾကာပိတ္တာကို သန္႕စင္၊ အသည္းအဆီဖံုးကာကြယ္၊ ဆီးခ်ိဳ ေသြးခ်ိဳကာကြယ္၊ ၀ိတ္က်ေစတဲ့ ၀ဥ။

(Zawgyi)

ႏွလံုးေသြးေၾကာပိတ္တာကို သန္႕စင္၊ အသည္းအဆီဖံုးကာကြယ္၊ ဆီးခ်ိဳ ေသြးခ်ိဳကာကြယ္၊ ၀ိတ္က်ေစတဲ့ ၀ဥ

ဝဥဟာ ႏွစ္ရွာခံ ေပ်ာ့ပင္မ်ိဳးျဖစ္ပါတယ္။ သစ္ရိပ္ဝါးရိပ္နဲ႔ အရိပ္အာဝါသေကာင္းတဲ့ ေနေရာေတြ၊ အစိုဓါတ္ေကာင္းတဲ့ ေနရာေတြမွာ သဘာဝအတိုင္း ေပါက္ေရာက္ေလ့ရွိပါတယ္။ ဝဥဟာ ေဆးဖက္ဝင္ သစ္ဥသစ္ဖု ျဖစ္သလို စာေသာက္ကုန္အမ်ိဳးမ်ိဳးကိုလည္း ထုတ္လုပ္စားသုံးႏိုင္တဲ့အတြက္ ႏိုင္ငံျခားထိ တင္ပို႔ေရာင္းခ်ေနတာ ျဖစ္ပါတယ္။

ဝဥရဲ႕ က်န္းမာေရးအက်ိဳးေက်းဇူးေတြကို ေဖာ္ျပရရင္ေတာ့

အစာေခ်စနစ္ကို ေကာင္းမြန္ေစၿပီး ဝမ္းခ်ဳပ္ျခင္းကို သက္သာေစပါတယ္။ အဆီ ပါဝင္မႈနည္းတဲ့ အစားအစာျဖစ္သလို ကိုလက္စထေရာ ပါဝင္မႈမ်ားလို႔ ကိုယ္အေလးခ်ိန္ ေလွ်ာ့ခ်ရာမွာ ကူညီေပးႏိုင္ပါတယ္။ ဒါ့အျပင္ ေသြးလည္ပတ္မႈကို ေကာင္းမြန္ေစၿပီး ႏွလုံးေသြးေၾကာပိတ္တာကို သန႔္စင္ေပးပါတယ္။ ဒါ့ေၾကာင့္ ႏွလုံးေရာဂါ ကင္းေဝးေစမွာပါ။ မဂၢနီဆီယမ္၊ ေဖာ့စေဖာရ္စ္၊ ကယ္လ္ဆီယမ္၊ ပိုတက္ဆီယမ္နဲ႔ တျခားအဟာရဓါတ္ေတြ မ်ားစြာပါဝင္လို႔ မွတ္ဉာဏ္ကိုေကာင္းမြန္ေစသလို အာ႐ုံစူးစိုက္မႈကို အားေကာင္းေစပါတယ္။ အစာအိမ္နဲ႔ အူလမ္းေၾကာင္းကို သန႔္စင္ေပးၿပီးအဆိပ္အေတာက္ေတြကို ဖယ္ရွားေပးႏိုင္ပါတယ္။ အခုလို ခႏၲာကိုယ္အတြင္းက အဆိပ္အေတာက္ေတြကို ဖယ္ရွားေပးလို႔ အသည္းအဆီဖုံးတာမ်ိဳး မျဖစ္ေစဘဲ အသည္းကို က်န္းမာေစမွာပါ။

ေရမွာ ေပ်ာ္ဝင္ႏိုင္ၿပီး ေဖာင္းပြမႈ အားေကာင္းတယ္။ ဒါ့ေၾကာင့္ စားသုံးသူကို ဗိုက္ျပည့္ေစၿပီး အဆာခံႏိုင္ပါတယ္။ ပုံမွန္စားသုံးေပးရင္ ကိုယ္အေလးခ်ိန္မွန္ၿပီး က်န္းမာေစမွာပါ။ ကင္ဆာျဖစ္ေစတဲ့ Carcinogens ကို တိုက္ဖ်က္ေပးႏိုင္တဲ့ Diosgenin ပါဝင္ပါတယ္။ ကာဘြန္ဟိုက္ဒရိတ္နဲ႔ ပ႐ိုတင္လည္းပါဝင္ၿပီး သင့္ရဲ႕ စြမ္းအင္ေတြကို ျမင့္တင္ေပးပါတယ္။

ဗီတာမင္ C ႂကြယ္ဝစြာပါဝင္လို႔ အ႐ြယ္မတိုင္ခင္ အိုမင္းရင့္ေရာ္မႈကေန ကာကြယ္ေပးပါတယ္။ အင္ဆူလင္ ပမာဏ ပါဝင္မႈနည္းလို႔ ေသြးတြင္းသၾကားဓါတ္ကို ေလွ်ာ့နည္းေစၿပီး သၾကားဓါတ္ကို စုပ္ယူဖယ္ရွားေပးႏိုင္တဲ့အတြက္ ဆီးခ်ိဳ ေသြးခ်ိဳ ေရာဂါ ကာကြယ္ေပးႏိုင္ပါတယ္။ ေဟာ္မုန္းကိုလည္း ညီမွ်ေစၿပီး ေရာင္ရမ္းမႈကို သက္သာေစတဲ့ ဂုဏ္သတၱိေတြ ပါဝင္ပါတယ္။ ဝဥမွာ အဟာရဓါတ္ေတြ ျမင့္မားစြာပါဝင္ေနလို႔ စားသုံးသင့္ပါတယ္။

Credit-MyFood Myanmar

(Unicode)

နှလုံးသွေးကြောပိတ်တာကို သန့်စင်၊ အသည်းအဆီဖုံးကာကွယ်၊ ဆီးချို သွေးချိုကာကွယ်၊ ဝိတ်ကျစေတဲ့ ဝဥ

ဝဥဟာ နှစ်ရှာခံ ပျော့ပင်မျိုးဖြစ်ပါတယ်။ သစ်ရိပ်ဝါးရိပ်နဲ့ အရိပ်အာဝါသကောင်းတဲ့ နေရောတွေ၊ အစိုဓါတ်ကောင်းတဲ့ နေရာတွေမှာ သဘာဝအတိုင်း ပေါက်ရောက်လေ့ရှိပါတယ်။ ဝဥဟာ ဆေးဖက်ဝင် သစ်ဥသစ်ဖု ဖြစ်သလို စာသောက်ကုန်အမျိုးမျိုးကိုလည်း ထုတ်လုပ်စားသုံးနိုင်တဲ့အတွက် နိုင်ငံခြားထိ တင်ပို့ရောင်းချနေတာ ဖြစ်ပါတယ်။

ဝဥရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို ဖော်ပြရရင်တော့

အစာချေစနစ်ကို ကောင်းမွန်စေပြီး ဝမ်းချုပ်ခြင်းကို သက်သာစေပါတယ်။ အဆီ ပါဝင်မှုနည်းတဲ့ အစားအစာဖြစ်သလို ကိုလက်စထရော ပါဝင်မှုများလို့ ကိုယ်အလေးချိန် လျှော့ချရာမှာ ကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး နှလုံးသွေးကြောပိတ်တာကို သန့်စင်ပေးပါတယ်။ ဒါ့ကြောင့် နှလုံးရောဂါ ကင်းဝေးစေမှာပါ။ မဂ္ဂနီဆီယမ်၊ ဖော့စဖောရ်စ်၊ ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ်နဲ့ တခြားအဟာရဓါတ်တွေ များစွာပါဝင်လို့ မှတ်ဉာဏ်ကိုကောင်းမွန်စေသလို အာရုံစူးစိုက်မှုကို အားကောင်းစေပါတယ်။ အစာအိမ်နဲ့ အူလမ်းကြောင်းကို သန့်စင်ပေးပြီးအဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ အခုလို ခန္တာကိုယ်အတွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးလို့ အသည်းအဆီဖုံးတာမျိုး မဖြစ်စေဘဲ အသည်းကို ကျန်းမာစေမှာပါ။

ရေမှာ ပျော်ဝင်နိုင်ပြီး ဖောင်းပွမှု အားကောင်းတယ်။ ဒါ့ကြောင့် စားသုံးသူကို ဗိုက်ပြည့်စေပြီး အဆာခံနိုင်ပါတယ်။ ပုံမှန်စားသုံးပေးရင် ကိုယ်အလေးချိန်မှန်ပြီး ကျန်းမာစေမှာပါ။ ကင်ဆာဖြစ်စေတဲ့ Carcinogens ကို တိုက်ဖျက်ပေးနိုင်တဲ့ Diosgenin ပါဝင်ပါတယ်။ ကာဘွန်ဟိုက်ဒရိတ်နဲ့ ပရိုတင်လည်းပါဝင်ပြီး သင့်ရဲ့ စွမ်းအင်တွေကို မြင့်တင်ပေးပါတယ်။

ဗီတာမင် C ကြွယ်ဝစွာပါဝင်လို့ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကနေ ကာကွယ်ပေးပါတယ်။ အင်ဆူလင် ပမာဏ ပါဝင်မှုနည်းလို့ သွေးတွင်းသကြားဓါတ်ကို လျှော့နည်းစေပြီး သကြားဓါတ်ကို စုပ်ယူဖယ်ရှားပေးနိုင်တဲ့အတွက် ဆီးချို သွေးချို ရောဂါ ကာကွယ်ပေးနိုင်ပါတယ်။ ဟော်မုန်းကိုလည်း ညီမျှစေပြီး ရောင်ရမ်းမှုကို သက်သာစေတဲ့ ဂုဏ်သတ္တိတွေ ပါဝင်ပါတယ်။ ဝဥမှာ အဟာရဓါတ်တွေ မြင့်မားစွာပါဝင်နေလို့ စားသုံးသင့်ပါတယ်။

Credit-MyFood Myanmar


Leave a Reply

Your email address will not be published. Required fields are marked *

*