သုတ္လႊတ္ျမန္ျခင္းႏွင့္ ပန္းေသ ပန္းညႇိဳးအတြက္ ျမစ္ငါးၾကင္းအစြမ္းကိုယ္ေတြ႕။ သုတ်လွှတ်မြန်ခြင်းနှင့် ပန်းသေ ပန်းညှိုးအတွက် မြစ်ငါးကြင်းအစွမ်းကိုယ်တွေ့။

(Zawgyi)

ပန္းေသ ပန္းညႇိဳးႏွင့္ သုတ္လႊတ္ျမန္ျခင္းအတြက္ ျမစ္ငါးၾကင္း

ငါးၾကင္းစားျခင္းျဖင့္ ရရွိႏိုင္ေသာ အက်ိဳးေက်းဇူးမ်ား

စာေရးသူကိုယ္ေတြ႕

အကုရခက္ေသာ အမ်ိဳးသားမ်ားတြင္ျဖစ္ေလ့ရွိေသာ ေရာဂါႏွစ္မ်ိဳးရွိသည္။ ထိုေရာဂါႏွစ္မ်ိဳးမွာ ငယ္႐ြယ္သူမ်ားတြင္ သုက္လႊတ္ျမန္ေသာေရာဂါႏွင့္ အသက္ႀကီးသူမ်ားတြင္ ပန္းညႇိဳး၊ ပန္းေသေရာဂါမ်ားျဖစ္သည္။ ထိုေရာဂါမ်ားအတြက္ ေဆးက်မ္းမ်ားတြင္ ပါဝင္သည့္ေဆးမ်ားမွာ ရွဥ့္မတက္ဥ၊ ေတာင္ၾကာဥ၊ စာသူငယ္ဦးေႏွာက္၊ က်ားအား၊ ဝံသည္းေျခ၊ ခန္းေတာက္ျမစ္၊ ၾကာဝစၦံ စသည္မ်ားကို တစ္မယ္ျခင္းျဖစ္ေစ၊ အျခားေဆးအမယ္မ်ားႏွင့္ ေပါင္းစပ္၍ျဖစ္ေစ ေထာပတ္၊ မခမ္း၊ တင္လဲ၊ ပ်ားရည္တို႔ႏွင့္ ျဖစ္ေစေရာစပ္၍ တိုက္ေကြၽးေလ့ရွိပါသည္။ သက္သာသူမ်ား ေပ်ာက္ကင္းသူမ်ားရွိသလို ဘာမွ်မထူးျခားသူမ်ားလည္း ရွိပါသည္။

လြန္ခဲ့ေသာႏွစ္အနည္းငယ္က ဤေရာဂါမ်ိဳး ကုသေပးဖူးေသာ လူနာမိတ္ေဆြတစ္ဦးႏွင့္ ျပန္လည္ဆုံဆည္းပါသည္။ သူသည္ယခင္က အမ်ိဳးသားေရာဂါရရွိၿပီး စိတ္ပိုင္းဆိုင္ရာပါ ထိခိုက္လာသျဖင့္ လူကပိန္ ၿပီး မ်က္ကြင္းမ်ားညိဳကာ မ်က္လုံးမွာလည္း အေရာင္မေတာက္ေတာ့ဘဲ ေမွးမွိန္လွ်က္ရွိပါသည္။ သူ႔အတြက္ ေငြဘယ္ေလာက္ကုန္ကုန္ အေကာင္းဆုံးပရေဆးႏွင့္အားေဆးမ်ား ေဖာ္ေပးပါဆိုသျဖင့္ အားတိုးေဆးေပါင္းခ်ဳပ္ ေဆးက်မ္းမ်ားမွ အေကာင္းဆုံးဆုံး တန္ဖိုးအႀကီးဆုံးေဆးမ်ား ေဖာ္ေပးခဲ့ပါသည္။

ယခု ၂ႏွစ္ ၃ ႏွစ္ျခားမွ သူ႔ကိုျပန္ေတြ႕ရေသာအခါ ေရွးယခင္ႏွင့္မတူ လန္းဆန္းတက္ႂကြေနၿပီး လူ အဂၤါ႐ုပ္မွာလည္း စိုေျပေနသျဖင့္ စကားစပ္ၿပီး ေမးျမန္းၾကည့္မိသည္။ သူ႔တြင္ ေရာဂါေပ်ာက္ကင္းေအာင္ ကုသေပးႏိုင္သည့္ ဆရာေကာင္းေဆးနည္းေကာင္း ေတြ႕ၿပီဟုထင္သည္။ သူႏွင့္နီးစပ္ရာ လက္ဖက္ရည္ ဆိုင္တစ္ခုတြင္ထိုင္ၿပီး မွတ္စုစာအုပ္ပါဖြင့္၍ ေဆးနည္းမ်ားရလိုရျငား ေမးျမန္းေသာအခါ သူေျပာေသာ ေဆးနည္းမွာ စာေရးသူထင္မထားမိေသာ ေဆးနည္းျဖစ္ေနေပသည္။

သူ႔ေရာဂါေပ်ာက္ကင္းသြားေသာ ပန္းေသပန္းညႇိဳး ေပ်ာက္ႏိုင္သည့္ေဆးမွာ ငါးၾကင္းသားျဖစ္သည္ဟု ဆိုသည္။ သူသည္ သူကဲ့သို႔ျဖစ္ဖူးေသာ လူတစ္ဦးႏွင့္ ေတြ႕ဆုံခဲ့သည္။ ထိုသူက သူ႔ကိုေဆးနည္းေပးသည္။ အိုင္ကေလာင္ဘက္မွ ဓာတ္စာဆရာႀကီး၏ ဓာတ္စာေပးေသာနည္း ျဖစ္သည္ဟု ဆိုသည္။ ဆူၿဖိဳး၍ အေကာင္ႀကီးေသာ ျမစ္ငါးၾကင္းသား လတ္လတ္ဆတ္ဆတ္ကိုသာ ရေအာင္ရွာၿပီး ေန႔စဥ္ရက္ဆက္ ၇ ရက္ မွ ၁ လခန႔္အထိစားသုံးပါ။ ျပန္ၿပီးအားအင္ျပည့္ၿဖိဳး လန္းဆန္းလာပါလိမ့္မည္ဟု ဆိုသည္။

ထိုသို႔စားရာတြင္ တစ္ခုသတိျပဳရမည္မွာ ငါးၾကင္းကို ေၾကာ္မစားဖို႔ ျဖစ္သည္။ ေၾကာ္စားလွ်င္ ငါးၾကင္း၏အဆီဓာတ္မ်ား ေလာင္ကြၽမ္းသြားမည္။ အားေဆးမျဖစ္ေတာ့ဟု ဆိုသည္။ ေနာက္တစ္ခုသတိထားရန္မွာ ကန္မ်ားတြင္ ေမြးျမဴသည့္ ငါးမျဖစ္ေစရ။ ျမစ္ေရကို စုန္ဆန္ကူးလာႏိုင္သည့္ ငါးၾကင္းမ်ိဳးက ပို၍ အားေဆးျဖစ္သည္ဟု ဆိုပါသည္။ ဤသည္မွာ စာေရးသူ၏မိတ္ေဆြ ကိုယ္ေတြ႕ ေျပာျပခ်က္ျဖစ္ပါသည္။

ငါးစားသုံးသူမ်ားသည္ သက္သတ္လြတ္စားသုံးသူမ်ား မဟုတ္ၾကေသာ္လည္း က်န္းမာေရးတြင္ သက္သတ္လြတ္ စားသုံးသူမ်ားကဲ့သို႔ပင္ ထူးျခားေသာ အက်ိဳးေက်းဇူးမ်ား ရရွိႏိုင္သည္ကို ေတြ႕ရသည္။ အသားစားသူမ်ား အထူးသျဖင့္ ဝက္သား၊ အမဲသားစားသုံးသူမ်ားတြင္ အသားႏွင့္တြဲလွ်က္ အဆီျပင္မ်ားပါ ရွိသျဖင့္ အစာေခ်ၿပီးေသာအခါ ထိုအဆီမ်ားသည္ ေသြးေၾကာမ်ားအတြင္းသို႔ ေရာက္ရွိၿပီးေနာက္ပိုင္း မ်ားလာေသာအခါ ေသြးေၾကာက်ဥ္းျခင္း၊ ေသြးေၾကာထူျခင္း၊ ေသြးေၾကာတြင္ အဆီခဲမ်ားပိတ္ဆို႔ျခင္း၊ ႏွလုံး ေသြးေၾကာက်ဥ္းျခင္း စေသာေရာဂါမ်ား ရရွိႏိုင္သည္။

သက္သတ္လြတ္စားသူမ်ားမွာ မေကာင္းေသာအဆီမ်ားေဘးမွ ကင္းေဝးႏိုင္သည္။ ေသြးေၾကာမ်ားတြင္ အဆီစုျခင္း၊ ႏွလုံးေသြးေၾကာက်ဥ္းျခင္း၊ အဆီပိတ္ဆို႔ျခင္း ေဝဒနာမ်ား ျဖစ္ခဲသည္ကို ေတြ႕ရွိရသည္။ အသားႏွင့္ အဆီကို ေရွာင္လိုက္သကဲ့သို႔ျဖစ္သည္။ အသားႏွင့္ အဆီအစားမ်ားသျဖင့္ လူ၏ခႏၶာကိုယ္ အလြန္ဝလာျခင္းမွလည္း ကာကြယ္ႏိုင္သည္။သို႔ေသာ္ အျခားတစ္ဖက္မွ ျဖစ္လာႏိုင္သည့္ ဆိုးက်ိဳးတစ္ခုမွာ သက္သတ္လြတ္စားျခင္းေၾကာင့္ ခႏၶာကိုယ္တြင္လိုအပ္သည့္ အသားဓာတ္လုံေလာက္ေအာင္ မရရွိျခင္း ျဖစ္သည္။ အေနာက္တိုင္းေဆးပညာအလိုအားျဖင့္ ပ႐ိုတင္းဓာတ္ လုံေလာက္ေအာင္ မရရွိျခင္း ျဖစ္သည္။ ထိုသူမ်ားသည္ အသီးအႏွံခ်ည့္ မစားသုံးဘဲ ပဲတစ္မ်ိဳးမ်ိဳးကို ေန႔စဥ္စားသုံးဖို႔ လိုသည္ဟု ဆိုသည္။

သက္သတ္လြတ္ မစားေသာ္လည္း ငါးစားသုံးသူမ်ားမွာ ထိုပ႐ိုတင္း (ေခၚ)အသားဓာတ္ မလုံေလာက္ျခင္းမွ ကာကြယ္ႏိုင္သည္။ ငါးမ်ားတြင္ ထိုက္သင့္သေလာက္ အသားဓာတ္ပါဝင္သည့္အျပင္ လူ႔ခႏၶာကိုယ္ကို မပိတ္ဆို႔ေစသည့္ ေကာင္းေသာအဆီ၊ ေကာင္းေသာကိုလက္စထေရာ ပါဝင္သည္ဟုဆို သည္။ အေနာက္တိုင္းေဆးပညာတြင္ ေသြးေၾကာမ်ားကို ပိတ္ဆို႔ေစသည့္ မေကာင္းေသာ ကိုလက္စထ ေရာ(LDL)ႏွင့္ အက်ိဳးျပဳေသာ ေကာင္းေသာ ကိုလက္စထေရာ (HDL)ႏွစ္မ်ိဳးရွိရာ ငါးမ်ားတြင္ ေကာင္းေသာ ကိုလက္စထေရာ အမ်ားဆုံးပါဝင္သည္ဟု ဆိုသည္။ ထို႔ေၾကာင့္ ပင္လယ္ငါးႀကီးမ်ား၏ အဆီကို ထုတ္ယူ၍ ေဆးလုံးေလးမ်ား အျဖစ္ျပဳလုပ္ကာ ငါးႀကီးွဆီအျဖစ္ အားနည္းေသာ လူနာမ်ားကို ေပးေလ့ရွိသည္။

ငါးစားသုံးသူမ်ားအတြက္ အက်ိဳးရွိေသာ အသားဓာတ္မ်ားေသာ ငါးတစ္မ်ိဳးမွာ ငါးၾကင္းျဖစ္သည္။ ငါးၾကင္းသည္ ေဈးမ်ားတြင္ ေရာင္းခ်ရာ၌ လူစားသုံးမႈအမ်ားဆုံး ငါးတစ္မ်ိဳးျဖစ္သည္။ ငါးၾကင္းသည္ ငါး သိုင္းမ်ိဳးတြင္ ပါဝင္ေသာ ငါးမ်ိဳးျဖစ္၍ ေရခ်ိဳ၊ ေရငန္ႏွစ္ရပ္လုံးတြင္ က်က္စားႏိုင္သည္။ အသားမ်ားေသာ ငါးမ်ိဳးျဖစ္သည္။ ႐ိုး႐ိုးငါးၾကင္းသည္ အ႐ိုးမ်ားေသာ္လည္း ေမြးျမဴေရးျဖင့္ရရွိေသာ ငါးၾကင္းျဖဴမ်ိဳးသည္ အ႐ိုး နည္းသည္း။ အသားမ်ားသည္။ အဆီလည္းမ်ားသည္။ ငါးၾကင္းေခါင္းကိုလည္း ဟင္းအျဖစ္ သီးျခားခ်က္ စားႏိုင္သည့္အတြက္ ဟင္းခ်က္သမားမ်ား စားေသာက္ဆိုင္မ်ား အသုံးမ်ားေသာ ငါးမ်ိဳးျဖစ္သည္။

ငါးၾကင္းႏွင့္ ငါးျမစ္ခ်င္းျခားနားပုံမွာ ငါးၾကင္းသည္ အေရာင္အဆင္း အျဖဴေရာင္ရွိသည္။ ဝမ္းတြင္း၌ အဆီအိတ္ရွိသည္။ ဝမ္းျပင္၌လည္း အဆီရွိသည္။ ဝမ္းတြင္းရွိ အဆီအိတ္၌ရွိေသာ အမွ်င္ကေလးမ်ားကို ထုတ္ၿပီး ယင္းအဆီျဖင့္ ငါးၾကင္းကို ေၾကာ္ႏိုင္သည္။ အမွ်င္ကေလးမ်ားကို ထုတ္မပစ္ပါက ခါးတတ္သည္။ ငါးျမစ္ခ်င္း၏ အေရာင္မွာညိဳသည္။ ဝမ္းတြင္း၌ အဆီအိတ္မရွိ။ ဝမ္းတြင္းသားအားလုံး ခါးသျဖင့္ အတြင္းသားကလီစာမ်ားကို ထုတ္ပစ္ၿပီးမွ ခ်က္စားရသည္။ ထို႔ေၾကာင့္ တန္ဖိုးအားျဖင့္ ငါးၾကင္းသည္ တန္ဖိုးမ်ားသည္။ ငါးျမစ္ခ်င္းသည္ တန္ဖိုးနည္းသည္။

ငါးၾကင္း၏ ေဆးဖက္ဝင္ပုံ

ေရွးဆရာႀကီးမ်ားသည္ အားနည္းေသာလူနာ၊ နာလံထလူနာ၊ ေဖ်ာ့ေတာ့ေသာ ေသြးအားနည္း ေရာဂါရွိေသာ လူနာမ်ားကို ငါးၾကင္းသားဟင္း ဓာတ္စာေပးေလ့ရွိသည္။ ငါးၾကင္းသားကို ေဆးဖက္ဝင္ေသာ ဓာတ္စာအျဖစ္ေပးသည္ကို ေရွးေဟာင္းစာေပမ်ား၊ ေဆးကုသမႈမွတ္တမ္းမ်ား ထားရွိခဲ့သည္ကို ေတြ႕ရွိရသည္။

Credit-ၾကည္လြင္ျမင့္(မုျဒာ)

(Unicode)

ပန်းသေ ပန်းညှိုးနှင့် သုတ်လွှတ်မြန်ခြင်းအတွက် မြစ်ငါးကြင်း

ငါးကြင်းစားခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများ

စာရေးသူကိုယ်တွေ့

အကုရခက်သော အမျိုးသားများတွင်ဖြစ်လေ့ရှိသော ရောဂါနှစ်မျိုးရှိသည်။ ထိုရောဂါနှစ်မျိုးမှာ ငယ်ရွယ်သူများတွင် သုက်လွှတ်မြန်သောရောဂါနှင့် အသက်ကြီးသူများတွင် ပန်းညှိုး၊ ပန်းသေရောဂါများဖြစ်သည်။ ထိုရောဂါများအတွက် ဆေးကျမ်းများတွင် ပါဝင်သည့်ဆေးများမှာ ရှဉ့်မတက်ဥ၊ တောင်ကြာဥ၊ စာသူငယ်ဦးနှောက်၊ ကျားအား၊ ဝံသည်းခြေ၊ ခန်းတောက်မြစ်၊ ကြာဝစ္ဆံ စသည်များကို တစ်မယ်ခြင်းဖြစ်စေ၊ အခြားဆေးအမယ်များနှင့် ပေါင်းစပ်၍ဖြစ်စေ ထောပတ်၊ မခမ်း၊ တင်လဲ၊ ပျားရည်တို့နှင့် ဖြစ်စေရောစပ်၍ တိုက်ကျွေးလေ့ရှိပါသည်။ သက်သာသူများ ပျောက်ကင်းသူများရှိသလို ဘာမျှမထူးခြားသူများလည်း ရှိပါသည်။

လွန်ခဲ့သောနှစ်အနည်းငယ်က ဤရောဂါမျိုးကုသပေးဖူးသော လူနာမိတ်ဆွေတစ်ဦးနှင့် ပြန်လည်ဆုံဆည်းပါသည်။ သူသည်ယခင်က အမျိုးသားရောဂါရရှိပြီး စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်လာသဖြင့် လူကပိန် ပြီး မျက်ကွင်းများညိုကာ မျက်လုံးမှာလည်း အရောင်မတောက်တော့ဘဲ မှေးမှိန်လျှက်ရှိပါသည်။ သူ့အတွက် ငွေဘယ်လောက်ကုန်ကုန် အကောင်းဆုံးပရဆေးနှင့်အားဆေးများ ဖော်ပေးပါဆိုသဖြင့် အားတိုးဆေးပေါင်းချုပ် ဆေးကျမ်းများမှ အကောင်းဆုံးဆုံး တန်ဖိုးအကြီးဆုံးဆေးများ ဖော်ပေးခဲ့ပါသည်။

ယခု ၂နှစ် ၃ နှစ်ခြားမှ သူ့ကိုပြန်တွေ့ရသောအခါ ရှေးယခင်နှင့်မတူ လန်းဆန်းတက်ကြွနေပြီး လူ အင်္ဂါရုပ်မှာလည်း စိုပြေနေသဖြင့် စကားစပ်ပြီး မေးမြန်းကြည့်မိသည်။ သူ့တွင် ရောဂါပျောက်ကင်းအောင် ကုသပေးနိုင်သည့် ဆရာကောင်းဆေးနည်းကောင်း တွေ့ပြီဟုထင်သည်။ သူနှင့်နီးစပ်ရာ လက်ဖက်ရည် ဆိုင်တစ်ခုတွင်ထိုင်ပြီး မှတ်စုစာအုပ်ပါဖွင့်၍ ဆေးနည်းများရလိုရငြား မေးမြန်းသောအခါ သူပြောသော ဆေးနည်းမှာ စာရေးသူထင်မထားမိသော ဆေးနည်းဖြစ်နေပေသည်။

သူ့ရောဂါပျောက်ကင်းသွားသော ပန်းသေပန်းညှိုး ပျောက်နိုင်သည့်ဆေးမှာ ငါးကြင်းသားဖြစ်သည်ဟု ဆိုသည်။ သူသည် သူကဲ့သို့ဖြစ်ဖူးသော လူတစ်ဦးနှင့် တွေ့ဆုံခဲ့သည်။ ထိုသူက သူ့ကိုဆေးနည်းပေးသည်။ အိုင်ကလောင်ဘက်မှ ဓာတ်စာဆရာကြီး၏ ဓာတ်စာပေးသောနည်း ဖြစ်သည်ဟု ဆိုသည်။ ဆူဖြိုး၍ အကောင်ကြီးသော မြစ်ငါးကြင်းသား လတ်လတ်ဆတ်ဆတ်ကိုသာ ရအောင်ရှာပြီး နေ့စဉ်ရက်ဆက် ၇ ရက် မှ ၁ လခန့်အထိစားသုံးပါ။ ပြန်ပြီးအားအင်ပြည့်ဖြိုး လန်းဆန်းလာပါလိမ့်မည်ဟု ဆိုသည်။

ထိုသို့စားရာတွင် တစ်ခုသတိပြုရမည်မှာ ငါးကြင်းကို ကြော်မစားဖို့ ဖြစ်သည်။ ကြော်စားလျှင် ငါးကြင်း၏အဆီဓာတ်များ လောင်ကျွမ်းသွားမည်။ အားဆေးမဖြစ်တော့ဟု ဆိုသည်။ နောက်တစ်ခုသတိထားရန်မှာ ကန်များတွင် မွေးမြူသည့် ငါးမဖြစ်စေရ။ မြစ်ရေကို စုန်ဆန်ကူးလာနိုင်သည့် ငါးကြင်းမျိုးက ပို၍ အားဆေးဖြစ်သည်ဟု ဆိုပါသည်။ ဤသည်မှာ စာရေးသူ၏မိတ်ဆွေ ကိုယ်တွေ့ ပြောပြချက်ဖြစ်ပါသည်။

ငါးစားသုံးသူများသည် သက်သတ်လွတ်စားသုံးသူများ မဟုတ်ကြသော်လည်း ကျန်းမာရေးတွင် သက်သတ်လွတ် စားသုံးသူများကဲ့သို့ပင် ထူးခြားသော အကျိုးကျေးဇူးများ ရရှိနိုင်သည်ကို တွေ့ရသည်။ အသားစားသူများ အထူးသဖြင့် ဝက်သား၊ အမဲသားစားသုံးသူများတွင် အသားနှင့်တွဲလျှက် အဆီပြင်များပါ ရှိသဖြင့် အစာချေပြီးသောအခါ ထိုအဆီများသည် သွေးကြောများအတွင်းသို့ ရောက်ရှိပြီးနောက်ပိုင်း များလာသောအခါ သွေးကြောကျဉ်းခြင်း၊ သွေးကြောထူခြင်း၊ သွေးကြောတွင် အဆီခဲများပိတ်ဆို့ခြင်း၊ နှလုံး သွေးကြောကျဉ်းခြင်း စသောရောဂါများ ရရှိနိုင်သည်။

သက်သတ်လွတ်စားသူများမှာ မကောင်းသောအဆီများဘေးမှ ကင်းဝေးနိုင်သည်။ သွေးကြောများတွင် အဆီစုခြင်း၊ နှလုံးသွေးကြောကျဉ်းခြင်း၊ အဆီပိတ်ဆို့ခြင်း ဝေဒနာများ ဖြစ်ခဲသည်ကို တွေ့ရှိရသည်။ အသားနှင့် အဆီကို ရှောင်လိုက်သကဲ့သို့ဖြစ်သည်။ အသားနှင့် အဆီအစားများသဖြင့် လူ၏ခန္ဓာကိုယ် အလွန်ဝလာခြင်းမှလည်း ကာကွယ်နိုင်သည်။သို့သော် အခြားတစ်ဖက်မှ ဖြစ်လာနိုင်သည့် ဆိုးကျိုးတစ်ခုမှာ သက်သတ်လွတ်စားခြင်းကြောင့် ခန္ဓာကိုယ်တွင်လိုအပ်သည့် အသားဓာတ်လုံလောက်အောင် မရရှိခြင်း ဖြစ်သည်။ အနောက်တိုင်းဆေးပညာအလိုအားဖြင့် ပရိုတင်းဓာတ် လုံလောက်အောင် မရရှိခြင်း ဖြစ်သည်။ ထိုသူများသည် အသီးအနှံချည့် မစားသုံးဘဲ ပဲတစ်မျိုးမျိုးကို နေ့စဉ်စားသုံးဖို့ လိုသည်ဟု ဆိုသည်။

သက်သတ်လွတ် မစားသော်လည်း ငါးစားသုံးသူများမှာ ထိုပရိုတင်း (ခေါ်)အသားဓာတ် မလုံလောက်ခြင်းမှ ကာကွယ်နိုင်သည်။ ငါးများတွင် ထိုက်သင့်သလောက် အသားဓာတ်ပါဝင်သည့်အပြင် လူ့ခန္ဓာကိုယ်ကို မပိတ်ဆို့စေသည့် ကောင်းသောအဆီ၊ ကောင်းသောကိုလက်စထရော ပါဝင်သည်ဟုဆို သည်။ အနောက်တိုင်းဆေးပညာတွင် သွေးကြောများကို ပိတ်ဆို့စေသည့် မကောင်းသော ကိုလက်စထ ရော(LDL)နှင့် အကျိုးပြုသော ကောင်းသော ကိုလက်စထရော (HDL)နှစ်မျိုးရှိရာ ငါးများတွင် ကောင်းသော ကိုလက်စထရော အများဆုံးပါဝင်သည်ဟု ဆိုသည်။ ထို့ကြောင့် ပင်လယ်ငါးကြီးများ၏ အဆီကို ထုတ်ယူ၍ ဆေးလုံးလေးများ အဖြစ်ပြုလုပ်ကာ ငါးကြီးှဆီအဖြစ် အားနည်းသော လူနာများကို ပေးလေ့ရှိသည်။

ငါးစားသုံးသူများအတွက် အကျိုးရှိသော အသားဓာတ်များသော ငါးတစ်မျိုးမှာ ငါးကြင်းဖြစ်သည်။ ငါးကြင်းသည် ဈေးများတွင် ရောင်းချရာ၌ လူစားသုံးမှုအများဆုံး ငါးတစ်မျိုးဖြစ်သည်။ ငါးကြင်းသည် ငါး သိုင်းမျိုးတွင် ပါဝင်သော ငါးမျိုးဖြစ်၍ ရေချို၊ ရေငန်နှစ်ရပ်လုံးတွင် ကျက်စားနိုင်သည်။ အသားများသော ငါးမျိုးဖြစ်သည်။ ရိုးရိုးငါးကြင်းသည် အရိုးများသော်လည်း မွေးမြူရေးဖြင့်ရရှိသော ငါးကြင်းဖြူမျိုးသည် အရိုး နည်းသည်း။ အသားများသည်။ အဆီလည်းများသည်။ ငါးကြင်းခေါင်းကိုလည်း ဟင်းအဖြစ် သီးခြားချက် စားနိုင်သည့်အတွက် ဟင်းချက်သမားများ စားသောက်ဆိုင်များ အသုံးများသော ငါးမျိုးဖြစ်သည်။

ငါးကြင်းနှင့် ငါးမြစ်ချင်းခြားနားပုံမှာ ငါးကြင်းသည် အရောင်အဆင်း အဖြူရောင်ရှိသည်။ ဝမ်းတွင်း၌ အဆီအိတ်ရှိသည်။ ဝမ်းပြင်၌လည်း အဆီရှိသည်။ ဝမ်းတွင်းရှိ အဆီအိတ်၌ရှိသော အမျှင်ကလေးများကို ထုတ်ပြီး ယင်းအဆီဖြင့် ငါးကြင်းကို ကြော်နိုင်သည်။ အမျှင်ကလေးများကို ထုတ်မပစ်ပါက ခါးတတ်သည်။ ငါးမြစ်ချင်း၏ အရောင်မှာညိုသည်။ ဝမ်းတွင်း၌ အဆီအိတ်မရှိ။ ဝမ်းတွင်းသားအားလုံး ခါးသဖြင့် အတွင်းသားကလီစာများကို ထုတ်ပစ်ပြီးမှ ချက်စားရသည်။ ထို့ကြောင့် တန်ဖိုးအားဖြင့် ငါးကြင်းသည် တန်ဖိုးများသည်။ ငါးမြစ်ချင်းသည် တန်ဖိုးနည်းသည်။

ငါးကြင်း၏ ဆေးဖက်ဝင်ပုံ

ရှေးဆရာကြီးများသည် အားနည်းသောလူနာ၊ နာလံထလူနာ၊ ဖျော့တော့သော သွေးအားနည်း ရောဂါရှိသော လူနာများကို ငါးကြင်းသားဟင်း ဓာတ်စာပေးလေ့ရှိသည်။ ငါးကြင်းသားကို ဆေးဖက်ဝင်သော ဓာတ်စာအဖြစ်ပေးသည်ကို ရှေးဟောင်းစာပေများ၊ ဆေးကုသမှုမှတ်တမ်းများ ထားရှိခဲ့သည်ကို တွေ့ရှိရသည်။

Credit-ကြည်လွင်မြင့်(မုဒြာ)


Leave a Reply

Your email address will not be published. Required fields are marked *

*