လက်သန့်ဆေးရည်

(Zawgyi)

လက္သန႔္ေဆးရည္

အစာမစားခင္လက္ေဆးျခင္းဆိုတာ ေကာင္းတဲ့အေလ့အက်င့္ပါ။ လက္သန႔္ရွင္းမႈက က်န္းမာေရးအတြက္ ေကာင္းတယ္ဆိုတာ လူေတြသိၾကပါတယ္။ ဒါေပမယ့္ လက္သန႔္ေဆးရည္သုံးျခင္းကိုေတာ့ စာေရးသူမႀကိဳက္ပါ။

လက္သန႔္ေဆးရည္မွာ အရက္( alcohol ) ပါတာ ႏွင့္ အရက္မပါတာဆိုၿပီး ႏွစ္မ်ိဳးရွိပါတယ္။ အရက္ပါတဲ့ လက္သန႔္ေဆးရည္မွာ အရက္ကို ပိုးသတ္ေဆးရည္အေနႏွင့္ အသုံးျပဳၿပီး အရက္မပါတဲ့ လက္သန႔္ေဆးမွာ triclosan သို႔မဟုတ္ triclocarban ဆိုတဲ့ ပိုးသတ္ေဆးရည္ေတြကို အသုံးျပဳပါတယ္။ အေမရိကန္ FDA က ေျပာတာက triclosan က တစ္ခ်ိဳ႕ဆိုးက်ိဳးေတြရွိတယ္ဆိုပါတယ္။ လက္သန႔္ေဆး တစ္ခါႏွစ္ခါ သုံးတာ အေၾကာင္းမဟုတ္ေပမည့္ ေရရွည္သုံးမည္ဆိုလွ်င္ လက္သန႔္ေဆးရဲ႕ ဆိုးက်ိဳးကို အနည္းအမ်ားခံစားရမွာပါ။

လက္သန႔္ေဆးက ေရာဂါပိုးေတြရဲ႕ ခုခံမႈစနစ္ကို ျမင့္တက္ေစပါတယ္။ လက္သန႔္ေဆးမွာ ပိုးသတ္ဖို႔သုံးတဲ့ triclosan က ေရာဂါပိုးေတြခံႏိုင္ရည္ကို ျမင့္တက္ေစၿပီး သာမန္ပိုးသတ္ေဆးႏွင့္ မသတ္ႏိုင္ေလာက္သည္အထိ ဆိုးလာတတ္တယ္ဆိုပါတယ္။ အစာလမ္းေၾကာင္းက အက်ိဳးျပဳပိုးေတြေသေစၿပီး ကိုယ္တြင္း ခုခံစနစ္ ေလ်ာ့နည္းေစတယ္ဆိုပါတယ္။ CDC က ၂၀၁၁ မွာ ျပဳလုပ္တဲ့ ေလ့လာမႈမွာ လက္သန႔္ေဆးအသုံးမ်ားတဲ့ က်န္းမာေရးဝန္ထမ္းေတြမွာ norovirus ေၾကာင့္ အစာအိမ္ႏွင့္ အူလမ္းေၾကာင္းေရာဂါျဖစ္ႏႈန္း ပိုမ်ားတယ္ဆိုပါတယ္။ ေရႏွင့္ဆပ္ျပာကိုသာ အသုံးျပဳတဲ့ က်န္းမာေရးဝန္ထမ္းေတြထက္ လက္သန႔္ေဆးရည္သုံးတဲ့ က်န္းမာေရးဝန္ထမ္းေတြမွာ norovirus ေၾကာင့္ ေရာဂါျဖစ္ႏိုင္ေခ် ေျခာက္ဆနီးပါးေလာက္ျမင့္လာတယ္ဆိုပါတယ္။

လက္သန႔္ေဆးရည္မွာပါတဲ့ triclosan က ဟိုမုန္းအေျပာင္းအလဲကို ျဖစ္ေစတယ္လို႔ သုေသတနေတြက ဆိုပါတယ္။ Michigan School of public health တကၠသိုလ္မွာ ျပဳလုပ္တဲ့ သုေသတနမွာ triclosan က ကိုယ္တြင္းက ခုခံအားစနစ္ကို အေႏွာက္အယွက္ေပးၿပီး ဓာတ္မတည့္တာေတြျဖစ္ေစတယ္ဆိုပါတယ္။

အရက္ပါတဲ့ လက္သန႔္ေဆးရည္ေတြက အရက္အဆိပ္သင့္ႏိုင္ေခ်မ်ားတယ္ဆိုပါတယ္။ တစ္ခ်ိဳ႕ကေလးေတြက အရက္ပါတဲ့ လက္သန႔္ေဆးေတြ ေသာက္သုံးမိၿပီး ေဆး႐ုံေရာက္လာတတ္ၾကတယ္။ ၂၀၁၂ မတ္မွာ ကယ္လဖိုးနီးယားက ဆယ္ေက်ာ္သက္ ၆ ဦး အရက္ပါတဲ့ လက္သန႔္ေဆးရည္ေတြေသာက္ၿပီး ေဆး႐ုံတက္လိုက္ရတယ္ဆိုပါတယ္။ လက္သန႔္ေဆးမွာပါတဲ့ အနံ႔ေတြကို ျပဳလုပ္တဲ့ ဓာတုပစၥည္းေတြရဲ႕ ဆိုးက်ိဳးကိုလည္း ခ်င့္ခ်ိန္တတ္ဖို႔ လိုပါေသးတယ္။ ေခတ္မွီတာေကာင္းပါတယ္။ ေခတ္မွီတဲ့အခါ အသိပညာ ႏွင့္ တိုးတက္တတ္ရပါမည္။ အရာရာတိုင္း လိုအပ္တာထက္ ပိုသုံးတာမေကာင္းပါ။ က်န္းမာေရးအတြက္ ေရလုံလုံေလာက္ေလာက္ရွိတဲ့အခါ လက္သန႔္ေဆးအစား ေရ ႏွင့္ ဆပ္ျပာသုံးပါလို႔အႀကံေပးပါရေစ။

(Unicode)

လက်သန့်ဆေးရည်

အစာမစားခင်လက်ဆေးခြင်းဆိုတာ ကောင်းတဲ့အလေ့အကျင့်ပါ။ လက်သန့်ရှင်းမှုက ကျန်းမာရေးအတွက် ကောင်းတယ်ဆိုတာ လူတွေသိကြပါတယ်။ ဒါပေမယ့် လက်သန့်ဆေးရည်သုံးခြင်းကိုတော့ စာရေးသူမကြိုက်ပါ။

လက်သန့်ဆေးရည်မှာ အရက်( alcohol ) ပါတာ နှင့် အရက်မပါတာဆိုပြီး နှစ်မျိုးရှိပါတယ်။ အရက်ပါတဲ့ လက်သန့်ဆေးရည်မှာ အရက်ကို ပိုးသတ်ဆေးရည်အနေနှင့် အသုံးပြုပြီး အရက်မပါတဲ့ လက်သန့်ဆေးမှာ triclosan သို့မဟုတ် triclocarban ဆိုတဲ့ ပိုးသတ်ဆေးရည်တွေကို အသုံးပြုပါတယ်။ အမေရိကန် FDA က ပြောတာက triclosan က တစ်ချို့ဆိုးကျိုးတွေရှိတယ်ဆိုပါတယ်။ လက်သန့်ဆေး တစ်ခါနှစ်ခါ သုံးတာ အကြောင်းမဟုတ်ပေမည့် ရေရှည်သုံးမည်ဆိုလျှင် လက်သန့်ဆေးရဲ့ ဆိုးကျိုးကို အနည်းအများခံစားရမှာပါ။

လက်သန့်ဆေးက ရောဂါပိုးတွေရဲ့ ခုခံမှုစနစ်ကို မြင့်တက်စေပါတယ်။ လက်သန့်ဆေးမှာ ပိုးသတ်ဖို့သုံးတဲ့ triclosan က ရောဂါပိုးတွေခံနိုင်ရည်ကို မြင့်တက်စေပြီး သာမန်ပိုးသတ်ဆေးနှင့် မသတ်နိုင်လောက်သည်အထိ ဆိုးလာတတ်တယ်ဆိုပါတယ်။ အစာလမ်းကြောင်းက အကျိုးပြုပိုးတွေသေစေပြီး ကိုယ်တွင်း ခုခံစနစ် လျော့နည်းစေတယ်ဆိုပါတယ်။ CDC က ၂၀၁၁ မှာ ပြုလုပ်တဲ့ လေ့လာမှုမှာ လက်သန့်ဆေးအသုံးများတဲ့ ကျန်းမာရေးဝန်ထမ်းတွေမှာ norovirus ကြောင့် အစာအိမ်နှင့် အူလမ်းကြောင်းရောဂါဖြစ်နှုန်း ပိုများတယ်ဆိုပါတယ်။ ရေနှင့်ဆပ်ပြာကိုသာ အသုံးပြုတဲ့ ကျန်းမာရေးဝန်ထမ်းတွေထက် လက်သန့်ဆေးရည်သုံးတဲ့ ကျန်းမာရေးဝန်ထမ်းတွေမှာ norovirus ကြောင့် ရောဂါဖြစ်နိုင်ချေ ခြောက်ဆနီးပါးလောက်မြင့်လာတယ်ဆိုပါတယ်။

လက်သန့်ဆေးရည်မှာပါတဲ့ triclosan က ဟိုမုန်းအပြောင်းအလဲကို ဖြစ်စေတယ်လို့ သုသေတနတွေက ဆိုပါတယ်။ Michigan School of public health တက္ကသိုလ်မှာ ပြုလုပ်တဲ့ သုသေတနမှာ triclosan က ကိုယ်တွင်းက ခုခံအားစနစ်ကို အနှောက်အယှက်ပေးပြီး ဓာတ်မတည့်တာတွေဖြစ်စေတယ်ဆိုပါတယ်။

အရက်ပါတဲ့ လက်သန့်ဆေးရည်တွေက အရက်အဆိပ်သင့်နိုင်ချေများတယ်ဆိုပါတယ်။ တစ်ချို့ကလေးတွေက အရက်ပါတဲ့ လက်သန့်ဆေးတွေ သောက်သုံးမိပြီး ဆေးရုံရောက်လာတတ်ကြတယ်။ ၂၀၁၂ မတ်မှာ ကယ်လဖိုးနီးယားက ဆယ်ကျော်သက် ၆ ဦး အရက်ပါတဲ့ လက်သန့်ဆေးရည်တွေသောက်ပြီး ဆေးရုံတက်လိုက်ရတယ်ဆိုပါတယ်။ လက်သန့်ဆေးမှာပါတဲ့ အနံ့တွေကို ပြုလုပ်တဲ့ ဓာတုပစ္စည်းတွေရဲ့ ဆိုးကျိုးကိုလည်း ချင့်ချိန်တတ်ဖို့ လိုပါသေးတယ်။ ခေတ်မှီတာကောင်းပါတယ်။ ခေတ်မှီတဲ့အခါ အသိပညာ နှင့် တိုးတက်တတ်ရပါမည်။ အရာရာတိုင်း လိုအပ်တာထက် ပိုသုံးတာမကောင်းပါ။ ကျန်းမာရေးအတွက် ရေလုံလုံလောက်လောက်ရှိတဲ့အခါ လက်သန့်ဆေးအစား ရေ နှင့် ဆပ်ပြာသုံးပါလို့အကြံပေးပါရစေ။

Crd; Dr.PHYO MAUNG


Leave a Reply

Your email address will not be published. Required fields are marked *

*