သဘာဝပတ်ဝန်းကျင်အတွက် ကမ်းခြေမှာ လိုက်နာစရာတွေ

(Zawgyi)

သဘာဝပတ္ဝန္းက်င္အတြက္ ကမ္းေျခမွာ လိုက္နာစရာေတြ

သတိေပးဆိုင္းဘုတ္ေတြကို လိုက္နာပါ

ကမ္းေျခကို သြားေရာက္လည္ပတ္တဲ့အခါ ကမ္းေျခေတြဟာ ကုန္းေန ေရေန သဘာဝေတာ႐ိုင္းတိရစာၦန္ေလးေတြရဲ႕ ေနအိမ္နဲ႔ အသိုက္အၿမဳံရွိတဲ့ ေနရာဆိုတာ ကို သတိျပဳသင့္ပါတယ္။ ကမ္းေျခေတြမွာ လိုအပ္ခ်က္အရ တားျမစ္ကန႔္သတ္ထားတဲ့ ေဆာင္ရန္ေရွာင္ရန္အခ်က္ေတြကို သတိျပဳ လိုက္နာရပါမယ္။

အမႈိက္ႏွင့္ စြန႔္ပစ္ပစၥည္းမ်ားေၾကာင့္ ညစ္ညမ္းျခင္းမွ ကာကြယ္ပါ
လူသားေတြ ျပဳလုပ္ဖန္တီးတဲ့ ပစၥည္းမွန္သမွ်ဟာ ပင္လယ္ထဲ ေရာက္ ရင္ ပင္လယ္အမႈိက္ပုံ (Marine debris) ျဖစ္သြားပါတယ္။ ပင္လယ္ထဲက အမႈိက္သ႐ိုက္ေတြဟာ ကမ္းေျခမ်ား၊ သႏၲာေက်ာက္တန္းမ်ား၊ ပင္လယ္ ေတြနဲ႔ ပင္လယ္သတၱဝါမ်ားကို ထိခိုက္ေစပါတယ္။ ဘူးခြံ၊ ပုလင္းခြံနဲ႔ ပလတ္စတစ္ေတြကို အစာမွတ္ၿပီး မ်ိဳခ်မိတဲ့ ပင္လယ္သတၱဝါေတြကိုလည္း ေသေစပါတယ္။ ကမ္းေျခမညစ္ညမ္းေစဖို႔ မိမိရဲ႕ မည္သည့္အမႈိက္မွ ကမ္းေျခမွာ ပစ္ခ်မထားခဲ့ဖို႔ လိုအပ္ပါတယ္။ အမႈိက္ကို သင့္ေလ်ာ္တဲ့ ေနရာမွာ စြန႔္ပစ္ႏိုင္ဖို႔အတြက္ ကမ္းေျခသြား တဲ့အခါ အမႈိက္ထည့္တဲ့အိတ္ အပိုယူေဆာင္သြားပါ။

ငွက္ေတြနဲ႔ အျခားေတာ႐ိုင္းတိရစာၦန္ေတြကို အစာ မေကြၽးပါနဲ႔

ငွက္ေတြနဲ႔ အျခားသတၱဝါေတြကို ကမ္းေျခမွာ အစာေကြၽးတဲ့အခါ သူတို႔ရဲ႕ သဘာဝအစာရွာတဲ့ အက်င့္ ေပ်ာက္ဆုံးၿပီး ကမ္းေျခမွာပဲ အခ်ိန္ ပိုမို ေနထိုင္လာတာေၾကာင့္ ကမ္းေျခသဲျပင္ဟာ သူတို႔ ရဲ႕ မစင္အညစ္အေၾကးမွတစ္ဆင့္ ေပါက္ပြားတဲ့ ပိုးမႊားေတြ မ်ားျပားလာေစပါတယ္။

ကမ္းေျခမွာ အမႈိက္ေကာက္ပါ

ကမ္းေျခမွာ အမႈိက္ေကာက္ အခမ္းအနားေတြကို ေဒသခံ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးသမားေတြ၊ စည္ပင္သာယာနဲ႔ အုပ္ခ်ဳပ္ ေရးအဖြဲ႕ အစည္းေတြ ပူးေပါင္းျပဳလုပ္ပါ။ ထိုကဲ့သို႔ အခမ္းအနားေတြမွာ ပါဝင္ဆင္ႏႊဲ အမႈိက္ေကာက္ေပးပါ။ အနည္းဆုံးေတာ့ မိမိအမႈိက္ မိမိ သိမ္းဆည္းခဲ့ပါ။ ကမ္းေျခမွာ အမႈိက္မပစ္ပါနဲ႔။

အိမ္ေမြးတိရစာၦန္ရဲ႕ အညစ္အေၾကးကို သိမ္းဆည္းပါ

အကယ္လို႔ သင္ဟာ ကမ္းေျခကို သင့္ရဲ႕ အိမ္ေမြးတိရစာၦန္ေလး ေခၚေဆာင္သြားတယ္ဆိုလွ်င္ သူ႔ရဲ႕ မစင္အညစ္အေၾကးကို ျပန္လည္ သိမ္းဆည္း ခဲ့ပါ။ ဒါဟာ က်င့္ဝတ္ပါပဲ။

စက္တပ္ေလွေတြရဲ႕ ညစ္ညမ္းမႈမွ ကာကြယ္ပါ

စက္တပ္ေလွေတြ၊ အေပ်ာ္စီးကမ္းေျခေရယာဥ္ေတြေပၚက အိမ္သာ ခန္းေတြထဲက ေရဆိုးနဲ႔ မစင္အညစ္အေၾကးေတြကို ေရထဲမွာ မစြန႔္ပစ္ဘဲ ကုန္းေပၚမွာ စြန႔္ပစ္ေစ ေအာင္ ကမ္းေျခအုပ္ခ်ဳပ္ေရးအဖြဲ႕မွ စီမံေပးပါ။ စက္တပ္ေလွနဲ႔ အေပ်ာ္စီးေရယာဥ္ ေတြကို ပင္လယ္ထဲဆီ ယိုစိမ့္မႈမရွိေအာင္၊ အသံဆူညံမႈ မရွိေအာင္ စီမံ ေဆာင္႐ြက္ထားတဲ့ ယာဥ္မ်ားကိုသာ အသုံးျပဳပါ။

(Unicode)

သဘာဝပတ်ဝန်းကျင်အတွက် ကမ်းခြေမှာ လိုက်နာစရာတွေ

သတိပေးဆိုင်းဘုတ်တွေကို လိုက်နာပါ

ကမ်းခြေကို သွားရောက်လည်ပတ်တဲ့အခါ ကမ်းခြေတွေဟာ ကုန်းနေ ရေနေ သဘာဝတောရိုင်းတိရစ္ဆာန်လေးတွေရဲ့ နေအိမ်နဲ့ အသိုက်အမြုံရှိတဲ့ နေရာဆိုတာ ကို သတိပြုသင့်ပါတယ်။ ကမ်းခြေတွေမှာ လိုအပ်ချက်အရ တားမြစ်ကန့်သတ်ထားတဲ့ ဆောင်ရန်ရှောင်ရန်အချက်တွေကို သတိပြု လိုက်နာရပါမယ်။

အမှိုက်နှင့် စွန့်ပစ်ပစ္စည်းများကြောင့် ညစ်ညမ်းခြင်းမှ ကာကွယ်ပါ
လူသားတွေ ပြုလုပ်ဖန်တီးတဲ့ ပစ္စည်းမှန်သမျှဟာ ပင်လယ်ထဲ ရောက် ရင် ပင်လယ်အမှိုက်ပုံ (Marine debris) ဖြစ်သွားပါတယ်။ ပင်လယ်ထဲက အမှိုက်သရိုက်တွေဟာ ကမ်းခြေများ၊ သန္တာကျောက်တန်းများ၊ ပင်လယ် တွေနဲ့ ပင်လယ်သတ္တဝါများကို ထိခိုက်စေပါတယ်။ ဘူးခွံ၊ ပုလင်းခွံနဲ့ ပလတ်စတစ်တွေကို အစာမှတ်ပြီး မျိုချမိတဲ့ ပင်လယ်သတ္တဝါတွေကိုလည်း သေစေပါတယ်။ ကမ်းခြေမညစ်ညမ်းစေဖို့ မိမိရဲ့ မည်သည့်အမှိုက်မှ ကမ်းခြေမှာ ပစ်ချမထားခဲ့ဖို့ လိုအပ်ပါတယ်။ အမှိုက်ကို သင့်လျော်တဲ့ နေရာမှာ စွန့်ပစ်နိုင်ဖို့အတွက် ကမ်းခြေသွား တဲ့အခါ အမှိုက်ထည့်တဲ့အိတ် အပိုယူဆောင်သွားပါ။

ငှက်တွေနဲ့ အခြားတောရိုင်းတိရစ္ဆာန်တွေကို အစာ မကျွေးပါနဲ့

ငှက်တွေနဲ့ အခြားသတ္တဝါတွေကို ကမ်းခြေမှာ အစာကျွေးတဲ့အခါ သူတို့ရဲ့ သဘာဝအစာရှာတဲ့ အကျင့် ပျောက်ဆုံးပြီး ကမ်းခြေမှာပဲ အချိန် ပိုမို နေထိုင်လာတာကြောင့် ကမ်းခြေသဲပြင်ဟာ သူတို့ ရဲ့ မစင်အညစ်အကြေးမှတစ်ဆင့် ပေါက်ပွားတဲ့ ပိုးမွှားတွေ များပြားလာစေပါတယ်။

ကမ်းခြေမှာ အမှိုက်ကောက်ပါ

ကမ်းခြေမှာ အမှိုက်ကောက် အခမ်းအနားတွေကို ဒေသခံ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေ၊ စည်ပင်သာယာနဲ့ အုပ်ချုပ် ရေးအဖွဲ့ အစည်းတွေ ပူးပေါင်းပြုလုပ်ပါ။ ထိုကဲ့သို့ အခမ်းအနားတွေမှာ ပါဝင်ဆင်နွှဲ အမှိုက်ကောက်ပေးပါ။ အနည်းဆုံးတော့ မိမိအမှိုက် မိမိ သိမ်းဆည်းခဲ့ပါ။ ကမ်းခြေမှာ အမှိုက်မပစ်ပါနဲ့။

အိမ်မွေးတိရစ္ဆာန်ရဲ့ အညစ်အကြေးကို သိမ်းဆည်းပါ

အကယ်လို့ သင်ဟာ ကမ်းခြေကို သင့်ရဲ့ အိမ်မွေးတိရစ္ဆာန်လေး ခေါ်ဆောင်သွားတယ်ဆိုလျှင် သူ့ရဲ့ မစင်အညစ်အကြေးကို ပြန်လည် သိမ်းဆည်း ခဲ့ပါ။ ဒါဟာ ကျင့်ဝတ်ပါပဲ။

စက်တပ်လှေတွေရဲ့ ညစ်ညမ်းမှုမှ ကာကွယ်ပါ

စက်တပ်လှေတွေ၊ အပျော်စီးကမ်းခြေရေယာဉ်တွေပေါ်က အိမ်သာ ခန်းတွေထဲက ရေဆိုးနဲ့ မစင်အညစ်အကြေးတွေကို ရေထဲမှာ မစွန့်ပစ်ဘဲ ကုန်းပေါ်မှာ စွန့်ပစ်စေ အောင် ကမ်းခြေအုပ်ချုပ်ရေးအဖွဲ့မှ စီမံပေးပါ။ စက်တပ်လှေနဲ့ အပျော်စီးရေယာဉ် တွေကို ပင်လယ်ထဲဆီ ယိုစိမ့်မှုမရှိအောင်၊ အသံဆူညံမှု မရှိအောင် စီမံ ဆောင်ရွက်ထားတဲ့ ယာဉ်များကိုသာ အသုံးပြုပါ။

ခိုင်မွန်ကျော်
Ref: EPA \ ACT : At The Beach ဆောင်းပါး


Leave a Reply

Your email address will not be published. Required fields are marked *

*