ကေစာ့ပုတ္၏ ေဆးဖက္၀င္ပုံ (အနီးအနားမွ လူသိနည္းေသာ တန္ဖိုးရွိေဆးပင္)။ကစော့ပုတ်၏ ဆေးဖက်ဝင်ပုံ (အနီးအနားမှ လူသိနည်းသော တန်ဖိုးရှိဆေးပင်)

(Zawgyi)

ကေစာ့ပုတ္၏ ေဆးဖက္၀င္ပုံ (အနီးအနားမွ လူသိနည္းေသာ တန္ဖိုးရွိေဆးပင္)

၁။ ကေစာ့ပုတ္၏အ႐ြက္ကို ဟင္းခ်ိဳခ်က္ေသာက္လ်င္ အသက္ႀကီးသူမ်ား၊ နာလန္ထလူနာမ်ား၊ မီးဖြားၿပီးစ မိန္းမမ်ားကို အင္အားျဖစ္ေစပါသည္။

၂။ ေသြးပုပ္၊ ေလပုပ္၊ ဆီးပုပ္မ်ားအား က်ဆင္းေစပါသည္။

၃။ ႀတိေဒါသ ဟူသည့္ေသြး၊ သည္းေျခ၊ သလိပ္ေဖာက္ျပန္ျခင္းကို ႏိုင္နင္းပါသည္။

၄။ ေခ်ာင္းေျခာက္ဆိုးေနပါက အ႐ြက္ကို သုံးခြက္တစ္ခြက္တင္က်ိဳ၊ ဆားစိမ္းအနည္းငယ္ထည့္ ေသာက္ပါက ခ်က္ျခင္းေပ်ာက္ပါသည္။

၅။ ဆီးပူ၊ ဆီးေအာင့္၊ ေညာင္းက်ျခင္းတို႔ျဖစ္ပါက သုံးခြက္တစ္ခြက္တင္ က်ိဳၿပီး ေလး၊ငါးႀကိမ္ခန္႔ ေသာက္ပါက ခ်က္ျခင္းေပ်ာက္ပါသည္။

၆။ သန္၊တုတ္ေကာင္မ်ား ထိုးပါက ဟင္းခ်ိဳခ်က္ေသာက္ပါ။

ရ။ လည္ေခ်ာင္းကြဲျခင္း၊ နာျခင္းတို႔ကိုလည္း ဟင္းခ်ိဳခ်က္ေသာက္ပါ။

၈။ ကင္းသုံးကင္း အကိုက္ခံရျခင္း၊ ပင့္ကူရွပ္ျခင္း၊ ခူ၊ေဘာက္ဖတ္ထိျခင္းတို႔ကို ၄င္း၏အျမစ္အား ဆန္ေဆးရည္ႏွင့္ ေသြးၿပီး လိမ္းပါကခ်က္ျခင္း သက္သာေစပါသည္။

၉။ ထိခိုက္ေသြးထြက္ေသာ အနာမ်ားကိုလည္း အ႐ြက္သတၱဳရည္ ထည့္ေပးပါက လ်င္ျမန္စြာ က်က္ေစပါသည္။

၁၀။ ေပြး၊ ဝဲ၊ ဂြၽတ္၊ ဒက္၊ ယားနာမ်ားအား နံ႔သာျဖဴႏွင့္အျမစ္ ေရာေသြးၿပီး လိမ္းပါ။

၁၁။ အျမစ္ ၇ပဲသားခန္႔အား အေျခာက္လွမ္း၊ အမႈန္႔ျပဳၿပီးပ်ားရည္ႏွင့္ ေတၿပီး ေသာက္ပါ။ ၿပီးလ်င္ႏြားႏို႔တစ္ခြက္ ပုံ မွန္ေသာက္ေပးပါက ပန္းေသ၊ ပန္းညႇိဳး ေရာဂါမ်ားေပ်ာက္ကင္းၿပီး ပုံမွန္ ေယာက္်ားမ်ားအတြက္ အထူးအားရွိေစသည္။

၁၂။ အမ်ိဳးသမီးမ်ား မီးယပ္ျဖဴဆင္းလ်င္ ပၪၥငါးပါးကို အမႈန္႔ျပဳလုပ္ၿပီး ေသြးေဆးေအးျဖင့္ ေသာက္ပါ။ ပၪၥငါးပါးကို ႏုတ္ႏုတ္စင္းၿပီး သုံးခြက္တစ္ခြက္ ႀကိဳေသာက္ပါကလည္း ရပါသည္။

အေထာက္အထား-၁။ ရႈေတာ္မူေဆးက်မ္း -၂။ဥတုေဘာဇနက်မ္း

Credit- အိမ္တြင္းေဆးၿမီးတိုမ်ားစုစည္းမႈ႕

Via- La WoneEain

(Unicode)

ကစော့ပုတ်၏ ဆေးဖက်ဝင်ပုံ (အနီးအနားမှ လူသိနည်းသော တန်ဖိုးရှိဆေးပင်)

၁။ ကစော့ပုတ်၏အရွက်ကို ဟင်းချိုချက်သောက်လျင် အသက်ကြီးသူများ၊ နာလန်ထလူနာများ၊ မီးဖွားပြီးစ မိန်းမများကို အင်အားဖြစ်စေပါသည်။

၂။ သွေးပုပ်၊ လေပုပ်၊ ဆီးပုပ်များအား ကျဆင်းစေပါသည်။

၃။ တြိဒေါသ ဟူသည့်သွေး၊ သည်းခြေ၊ သလိပ်ဖောက်ပြန်ခြင်းကို နိုင်နင်းပါသည်။

၄။ ချောင်းခြောက်ဆိုးနေပါက အရွက်ကို သုံးခွက်တစ်ခွက်တင်ကျို၊ ဆားစိမ်းအနည်းငယ်ထည့် သောက်ပါကချက်ခြင်းပျောက်ပါသည်။

၅။ ဆီးပူ၊ ဆီးအောင့်၊ ညောင်းကျခြင်းတို့ဖြစ်ပါက သုံးခွက်တစ်ခွက်တင် ကျိုပြီး လေး၊ငါးကြိမ်ခန့် သောက်ပါက ချက်ခြင်းပျောက်ပါသည်။

၆။ သန်၊တုတ်ကောင်များ ထိုးပါက ဟင်းချိုချက်သောက်ပါ။

ရ။ လည်ချောင်းကွဲခြင်း၊ နာခြင်းတို့ကိုလည်း ဟင်းချိုချက်သောက်ပါ။

၈။ ကင်းသုံးကင်း အကိုက်ခံရခြင်း၊ ပင့်ကူရှပ်ခြင်း၊ ခူ၊ဘောက်ဖတ်ထိခြင်းတို့ကို ၎င်း၏အမြစ်အား ဆန်ဆေးရည်နှင့် သွေးပြီး လိမ်းပါကချက်ခြင်း သက်သာစေပါသည်။

၉။ ထိခိုက်သွေးထွက်သော အနာများကိုလည်း အရွက်သတ္တုရည် ထည့်ပေးပါက လျင်မြန်စွာ ကျက်စေပါသည်။

၁၀။ ပွေး၊ ဝဲ၊ ဂျွတ်၊ ဒက်၊ ယားနာများအား နံ့သာဖြူနှင့်အမြစ် ရောသွေးပြီး လိမ်းပါ။

၁၁။ အမြစ် ၇ပဲသားခန့်အား အခြောက်လှမ်း၊ အမှုန့်ပြုပြီးပျားရည်နှင့် တေပြီး သောက်ပါ။ ပြီးလျင်နွားနို့တစ်ခွက် ပုံ မှန်သောက်ပေးပါက ပန်းသေ၊ ပန်းညှိုး ရောဂါများပျောက်ကင်းပြီး ပုံမှန် ယောက်ျားများအတွက် အထူးအားရှိစေသည်။

၁၂။ အမျိုးသမီးများ မီးယပ်ဖြူဆင်းလျင် ပဉ္စငါးပါးကို အမှုန့်ပြုလုပ်ပြီး သွေးဆေးအေးဖြင့် သောက်ပါ။ ပဉ္စငါးပါးကို နုတ်နုတ်စင်းပြီး သုံးခွက်တစ်ခွက် ကြိုသောက်ပါကလည်း ရပါသည်။

အထောက်အထား-၁။ ရှုတော်မူဆေးကျမ်း -၂။ဥတုဘောဇနကျမ်း

Credit- အိမ်တွင်းဆေးမြီးတိုများစုစည်းမှု့

Via- La WoneEain


Leave a Reply

Your email address will not be published. Required fields are marked *

*