ချောင်းခြောက်ဆိုးနေသူ ကလေးငယ်များအတွက်။ ေခ်ာင္းေျခာက္ဆိုးေနသူ ကေလးငယ္မ်ားအတြက္။

(Zawgyi)

ေမြးစကေန ေျခာက္လအတြင္း ေခ်ာင္းေျခာက္ဆိုးေနၿပီး ေနရခက္ေနတဲ့ သားသားမီးမီးအတြက္ အေကာင္းဆုံး ေခ်ာင္းဆိုးေပ်ာက္ေဆးကေတာ့ မိခင္ႏို႔ပါတဲ့။ မိခင္ႏို႔လည္းတိုက္၊ ေခ်ာင္းဆိုးေပ်ာက္ေဆးလည္း တိုက္သလို ခ်စ္စရာ့အ႐ြယ္ေလးေတြရဲ႕ အသက္အပိုင္းအျခားအလိုက္ မိမိဘာသာ အလြယ္တကူ ေဖာ္စပ္လို႔ရတဲ့ ေခ်ာင္းဆိုးေပ်ာက္ အစြမ္းထက္ အိမ္တြင္းေဆးဝါးေလးေတြအေၾကာင္းလည္း သိရေလေအာင္ ျပည့္ျပည့္စုံစုံေလး တင္ျပေပးလိုက္ပါတယ္ ေမေမ၊ ေဖေဖတို႔ေရ။

-မိခင္ႏို႔ပာာ မခ်ိဳလြန္း မေပါ့လြန္း အေနေတာ္ျဖစ္တဲ့အျပင္ အာပာာရဓာတ္ေပါင္းစုံ ျပည့္၀စြာ ပါ၀င္ပါတယ္။ ဒါ့အျပင္ ေခ်ာင္းဆိုးေပ်ာက္ေစမယ့္ ပဋိပစၥည္းေတြ ကိုယ္ခံအားတက္ေစမယ့္ ဓာတ္ေတြကလည္း အလွ်ံပယ္ ပါ၀င္ပါတယ္တဲ့။ ဒီေတာ့ ေခ်ာင္းေျခာက္ဆိုးေနလို႔ မိခင္ႏို႔ တိုက္ေကြၽးတာကို မရပ္တန႔္လိုက္ပါနဲ႔။

-ၾကက္သြန္ျဖဴကို အေျခာက္ခံ ညက္ေနေအာင္ အမႈန႔္ႀကိတ္ၿပီး မုန္ညင္းဆီ သန႔္သန႔္ေလးနဲ႔ ေရာလိုက္ပါ။ ဆီကို ရင္ေသြးေလးရဲ႕ ရင္ဘတ္နဲ႔ေျခဖဝါးေတြကို လိမ္းက်ံေပးပါ။

-ပင္စိမ္း႐ြက္ေျခာက္ေလးေတြကို အမႈန႔္ႀကိတ္ပါ။ အုန္းဆီထဲကို ေရာေမႊလိုက္ပါ။ ေခ်ာင္းေျခာက္ဆိုးေနတဲ့ လသားအ႐ြယ္ သားသားမီးမီးရဲ႕ ရင္ဘတ္၊ ေျခဖဝါးနဲ႔ လည္ပင္းေလးေတြကို အသာအယာ ပြတ္လိမ္းေပးလို႔ ရပါတယ္။

ေျခာက္လကေန ဆယ္လအတြင္း သားသားမီးမီးေလးေတြ အတြက္ကေတာ့ –

-ဆႏြင္းမႈန႔္စစ္စစ္ကို ေရေႏြးေလး အနည္းငယ္ေရာၿပီး အႏွစ္ျပဳလုပ္ပါ။ သူေလးရဲ႕ ေျခဖဝါးနဲ႔ နဖူးေတြကို ပါးပါးေလး လိမ္းက်ံေပးပါ။

-မုန္လာဥနီေဖ်ာ္ရည္က ထူးျခားတဲ့ ကိုယ္ခံအားျပည့္ဓာတ္ေတြ ျပည့္၀စြာ ပါ၀င္တာေၾကာင့္ လတ္လတ္ဆတ္ဆတ္ ေဖ်ာ္စပ္ၿပီးတာနဲ႔ ေန႔စဥ္အနည္းငယ္စီ တိုက္ေပးရင္ ေခ်ာင္းေျခာက္ကို ေပ်ာက္ကင္းေစပါတယ္။

-ျမန္မာေတြအိမ္မွာ အၿမဲရွိတတ္တဲ့ မုန္ညင္းဆီကေတာ့ အ႐ိုးရွင္းဆုံး အထိေရာက္ဆုံးပါတဲ့။ ေခ်ာင္းေျခာက္ဆိုးၿပီး မသက္မသာျဖစ္ေနတဲ့ ရင္ေသြးေလးကို မုန္ညင္းဆီေႏြးေလးနဲ႔ ႏွိပ္နယ္ေပးလိုက္ပါဦး။

ဆယ္လကေန တစ္ႏွစ္ေအာက္ အ႐ြယ္ေလးေတြအတြက္ –

-ကြမ္း႐ြက္၊ ၾကက္သြန္နီေျခာက္၊ ပင္စိမ္း႐ြက္ေျခာက္ေလးေတြကို ေရာစပ္ၿပီး မႈန႔္ညက္ေနေအာင္ ႀကိတ္လိုက္ပါ။ အမႈန႔္ကို အုန္းဆီစစ္စစ္နဲ႔ ေရာေႏွာၿပီး ရင္ဘတ္နဲ႔ ေျခဖဝါးေလးေတြကို လိမ္းက်ံေပးပါ။

-ပ႐ုတ္ဆီကလည္း ေကာင္းမြန္တဲ့ ေဆးတစ္လက္ပါတဲ့။ ပ႐ုတ္ဆီေလးနည္းနည္းနဲ႔ အုန္းဆီေလးကို ေရာစပ္ၿပီး သူေလးရဲ႕ ရင္ဘတ္ေလးကို အသာအယာ သပ္ခ်ေပးလိုက္ပါေနာ္။

-ေရမ်ားမ်ားတိုက္ပါ။ ေရ မပူအေအး ေႏြးေႏြးေလး မၾကာခဏ တိုက္ေကြၽးပါ။ ခြၽဲေၾက ရင္ေခ်ာင္ေစပါတယ္ေနာ္။

ေခ်ာင္းေျခာက္ဆိုး ေပ်ာက္ဖို႔အတြက္ အေျခခံအက်ဆုံး လိုက္နာသင့္တဲ့အခ်က္ေတြကေတာ့ ဒီမွာပါ။

-အေမႊးအမွ်င္ေတြ ထြက္တဲ့ ေမြးပြအက်ႌေတြ၊ တဘက္ေတြမသုံးဘဲ ခ်ည္ထည္ေကာင္းေကာင္း ၀တ္ဆင္ေပးပါ။

-အနံ႔ျပင္းတဲ့ ေပါင္ဒါေတြ၊ ေရခ်ိဳးဆီေတြ မသုံးပါနဲ႔။

-အိပ္ရာကို သက္ေသာင့္သက္သာ ျဖစ္ပါေစ။ ပါးပါးလ်ားလ်ားေစာင္ေလးေတြ သုံးပါ။ ကိုယ္ခံအားတက္ေအာင္ မ်ားမ်ားအိပ္ပါေစ။

-မိခင္ႏို႔ ဆက္လက္တိုက္ေကြၽးပါ။

-ေခ်ာင္းေျခာက္ဆိုးတာ မသက္သာရင္ ရက္ရွည္လာရင္ ဆရာ၀န္နဲ႔ ျပသေဆြးေႏြးဖို႔ စီစဥ္ရပါမယ္ ေမေမတို႔ေရ။

Credit-ဂ်ီပီငွက္ (ေဆး/မန္း) (www.drmyanmar.com)

(Unicode)

မွေးစကနေ ခြောက်လအတွင်း ချောင်းခြောက်ဆိုးနေပြီး နေရခက်နေတဲ့ သားသားမီးမီးအတွက် အကောင်းဆုံး ချောင်းဆိုးပျောက်ဆေးကတော့ မိခင်နို့ပါတဲ့။ မိခင်နို့လည်းတိုက်၊ ချောင်းဆိုးပျောက်ဆေးလည်း တိုက်သလို ချစ်စရာ့အရွယ်လေးတွေရဲ့ အသက်အပိုင်းအခြားအလိုက် မိမိဘာသာ အလွယ်တကူ ဖော်စပ်လို့ရတဲ့ ချောင်းဆိုးပျောက် အစွမ်းထက် အိမ်တွင်းဆေးဝါးလေးတွေအကြောင်းလည်း သိရလေအောင် ပြည့်ပြည့်စုံစုံလေး တင်ပြပေးလိုက်ပါတယ် မေမေ၊ ဖေဖေတို့ရေ။

-မိခင်နို့ပာာ မချိုလွန်း မပေါ့လွန်း အနေတော်ဖြစ်တဲ့အပြင် အာပာာရဓာတ်ပေါင်းစုံ ပြည့်၀စွာ ပါ၀င်ပါတယ်။ ဒါ့အပြင် ချောင်းဆိုးပျောက်စေမယ့် ပဋိပစ္စည်းတွေ ကိုယ်ခံအားတက်စေမယ့် ဓာတ်တွေကလည်း အလျှံပယ် ပါ၀င်ပါတယ်တဲ့။ ဒီတော့ ချောင်းခြောက်ဆိုးနေလို့ မိခင်နို့ တိုက်ကျွေးတာကို မရပ်တန့်လိုက်ပါနဲ့။

-ကြက်သွန်ဖြူကို အခြောက်ခံ ညက်နေအောင် အမှုန့်ကြိတ်ပြီး မုန်ညင်းဆီ သန့်သန့်လေးနဲ့ ရောလိုက်ပါ။ ဆီကို ရင်သွေးလေးရဲ့ ရင်ဘတ်နဲ့ခြေဖဝါးတွေကို လိမ်းကျံပေးပါ။

-ပင်စိမ်းရွက်ခြောက်လေးတွေကို အမှုန့်ကြိတ်ပါ။ အုန်းဆီထဲကို ရောမွှေလိုက်ပါ။ ချောင်းခြောက်ဆိုးနေတဲ့ လသားအရွယ် သားသားမီးမီးရဲ့ ရင်ဘတ်၊ ခြေဖဝါးနဲ့ လည်ပင်းလေးတွေကို အသာအယာ ပွတ်လိမ်းပေးလို့ ရပါတယ်။

ခြောက်လကနေ ဆယ်လအတွင်း သားသားမီးမီးလေးတွေ အတွက်ကတော့ –

-ဆနွင်းမှုန့်စစ်စစ်ကို ရေနွေးလေး အနည်းငယ်ရောပြီး အနှစ်ပြုလုပ်ပါ။ သူလေးရဲ့ ခြေဖဝါးနဲ့ နဖူးတွေကို ပါးပါးလေး လိမ်းကျံပေးပါ။

-မုန်လာဥနီဖျော်ရည်က ထူးခြားတဲ့ ကိုယ်ခံအားပြည့်ဓာတ်တွေ ပြည့်၀စွာ ပါ၀င်တာကြောင့် လတ်လတ်ဆတ်ဆတ် ဖျော်စပ်ပြီးတာနဲ့ နေ့စဉ်အနည်းငယ်စီ တိုက်ပေးရင် ချောင်းခြောက်ကို ပျောက်ကင်းစေပါတယ်။

-မြန်မာတွေအိမ်မှာ အမြဲရှိတတ်တဲ့ မုန်ညင်းဆီကတော့ အရိုးရှင်းဆုံး အထိရောက်ဆုံးပါတဲ့။ ချောင်းခြောက်ဆိုးပြီး မသက်မသာဖြစ်နေတဲ့ ရင်သွေးလေးကို မုန်ညင်းဆီနွေးလေးနဲ့ နှိပ်နယ်ပေးလိုက်ပါဦး။

ဆယ်လကနေ တစ်နှစ်အောက် အရွယ်လေးတွေအတွက် –

-ကွမ်းရွက်၊ ကြက်သွန်နီခြောက်၊ ပင်စိမ်းရွက်ခြောက်လေးတွေကို ရောစပ်ပြီး မှုန့်ညက်နေအောင် ကြိတ်လိုက်ပါ။ အမှုန့်ကို အုန်းဆီစစ်စစ်နဲ့ ရောနှောပြီး ရင်ဘတ်နဲ့ ခြေဖဝါးလေးတွေကို လိမ်းကျံပေးပါ။

-ပရုတ်ဆီကလည်း ကောင်းမွန်တဲ့ ဆေးတစ်လက်ပါတဲ့။ ပရုတ်ဆီလေးနည်းနည်းနဲ့ အုန်းဆီလေးကို ရောစပ်ပြီး သူလေးရဲ့ ရင်ဘတ်လေးကို အသာအယာ သပ်ချပေးလိုက်ပါနော်။

-ရေများများတိုက်ပါ။ ရေ မပူအအေး နွေးနွေးလေး မကြာခဏ တိုက်ကျွေးပါ။ ချွဲကြေ ရင်ချောင်စေပါတယ်နော်။

ချောင်းခြောက်ဆိုး ပျောက်ဖို့အတွက် အခြေခံအကျဆုံး လိုက်နာသင့်တဲ့အချက်တွေကတော့ ဒီမှာပါ။

-အမွှေးအမျှင်တွေ ထွက်တဲ့ မွေးပွအကျႌတွေ၊ တဘက်တွေမသုံးဘဲ ချည်ထည်ကောင်းကောင်း ၀တ်ဆင်ပေးပါ။

-အနံ့ပြင်းတဲ့ ပေါင်ဒါတွေ၊ ရေချိုးဆီတွေ မသုံးပါနဲ့။

-အိပ်ရာကို သက်သောင့်သက်သာ ဖြစ်ပါစေ။ ပါးပါးလျားလျားစောင်လေးတွေ သုံးပါ။ ကိုယ်ခံအားတက်အောင် များများအိပ်ပါစေ။

-မိခင်နို့ ဆက်လက်တိုက်ကျွေးပါ။

-ချောင်းခြောက်ဆိုးတာ မသက်သာရင် ရက်ရှည်လာရင် ဆရာ၀န်နဲ့ ပြသဆွေးနွေးဖို့ စီစဉ်ရပါမယ် မေမေတို့ရေ။

Credit-ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)


Leave a Reply

Your email address will not be published. Required fields are marked *

*