ခံတြင္းပုတ္ အနံ႔အတြက္။ ခံတွင်းပုတ် အနံ့အတွက်။

(Zawgyi)

ခံတြင္းပုတ္ အနံ႔ သည္ လူတေယာက္အတြက္ မိမိကိုယ္ ကို ယုံၾကည္မူ႔ မဲ့ေစပါသည္။ ခံတြင္းအနံ႔ မေကာင္းသူမ်ားသည္ လူအမ်ားၾကားတြင္ စကားေျပာဆိုရာတြင္ မိမိ ၏ ပါးစပ္မွ အနံ႔ေၾကာင့္ သူတပါးအား အေႏွာင့္အယွက္ ျဖစ္ေစသလို မိမိကိုယ္တိုင္လည္း သိမ္ငယ္ရပါသည္ ။

ကြၽန္ေတာ္ တာဝန္ထမ္းေဆာင္ရာ အရပ္တပါး၌ ေတာရေက်ာင္းတခုတြင္ သီတင္းသုံး ေနထိုင္ေသာ ရဟန္းတပါးအား အခါ အခြင့္သင့္၍ သြားေရာက္ ဖူးခဲ့ပါသည္။ ထိုရဟန္းသည္ စကားေျပာေသာအခါတြင္ ပါးစပ္အား လက္ဝါးႏွင့္ကာ၍ စကားေျပာေနပါသည္။ ထို႔ေၾကာင့္ အနီးသို႔ သြားေရာက္ ေလွ်ာက္ထားေသာအခါ ရဟန္းမွ မိမိ ၏ ခံတြင္းနံ႔ မွာ အလြန္ဆိုးဝါးစြာ ထြက္ေနေသာေၾကာင့္ လက္ျဖင့္ကာ၍ စကားေျပာသည္ဟု မိန႔္ပါသည္။ အဘယ္ေၾကာင့္ ျဖစ္ပါသလဲ ဟုေလ်ာက္ေသာအခါ အရင္က သူမ်ားအတင္း ေျပာေသာေၾကာင့္ ျဖစ္မွာေပါ့ဟု ရဟန္းမွ ရယ္စရာ အျဖစ္ မိန႔္ပါသည္ ။

ကြၽန္ေတာ္ကိုယ္တိုင္လည္း အနီးတြင္ ေရာက္ေနေသာေၾကာင့္ ခံတြင္းပုတ္နံ႔အား အနံ႔ ရေနပါသည္။ ထိုေၾကာင့္ သံပုရာသီး ေက်ာင္း၌ ရွိေနပါသလားဟု ေလ်ာက္သည့္အခါ တကာတဦးအားေခၚယူ၍ သံပုရာသီး ႏွစ္လုံး ယူခဲ့ေစပါသည္ ။

ေဖာ္စပ္နည္းမွာ

၁ = သံပုရာသီးအား ခါးလယ္မွ ပိုင္းရပါမည္။

၂ = ပိုင္းထားေသာ သံပုရာသီးအား အရည္ညႇစ္ရပါမည္ – ဖန္ခြက္တြင္ထည့္ထားပါ။

၃ = အရည္ညႇစ္ထားေသာ သံပုရာခြံအား ျပန္ေဖာင္းကာ အိမ္သုံး ဆားအား သိပ္ထည့္ရပါမည္။

၄ = ဆားသိပ္ထားေသာ သံပုရာ ႏွစ္ျခမ္းအား ျပန္မ်က္ႏွာခ်င္းဆိုင္ ဆက္ေစပါသည္။

၅ = ထိုေနာက္ ဆားသိပ္ထားေသာ သံပုရာ ျခမ္းအား မီးက်ီ ခဲ ရဲရဲ တြင္ မီးဖုတ္ရပါမည္။

၆ = သံပုရာသီး အေရာင္မွာ မီးက်ီခဲေရာင္ကဲ့သို႔နီရဲလာပါက ဆားက်က္၍ ညႇပ္ျဖင့္ဆယ္ယူကာအေအး ခံထားပါမီးေသြးခဲကဲ့သို႔ ျဖစ္ပါသည္။

၇ = ၎သံပုရာ ဆားမီးဖုတ္အား စကၠဴ အထူ တ႐ြက္ အတြင္းထည့္ကာ ပုလင္းျဖင့္ ႀကိတ္ရပါမည္။

၈ = အမႈန႔္ ျဖစ္သြားေသာ သံပုရာ ဆားမီးဖုတ္အား သံပုရာေရတြင္ ေရာေမႊ ၍ သမထားပါ။

မနက္တႀကိမ္ ေန႔လည္တႀကိမ္ ညေနတႀကိမ္ လကၻ္ရည္ဇြန္း တဇြန္းစီ တေန႔သုံးႀကိမ္ စားရန္ မွာခဲ့ပါသည္။ တပတ္ေက်ာ္လ်င္ အနံ႔ ေပ်ာက္မည္ဟု ေလ်ာက္ခဲ့ပါသည္။ ေနာက္၁၀ ရက္ခန႔္ ေက်ာင္းသို႔ တေခါက္ျပန္ ေရာက္ေသာအခါ ေပ်ာ္႐ႊင္ ယုံၾကည္စြာ စကားေျပာဆိုေနေသာ ရဟန္းႏွင့္ ဆုံရပါေတာ့သည္။

သင္ဆိုလွ်င္လည္း ကိုယ္တိုင္ ကုသႏိုင္ပါသည္။

Credit-မိုးနတ္သား

(Unicode)

ခံတွင်းပုတ် အနံ့ သည် လူတယောက်အတွက် မိမိကိုယ် ကို ယုံကြည်မူ့ မဲ့စေပါသည်။ ခံတွင်းအနံ့ မကောင်းသူများသည် လူအများကြားတွင် စကားပြောဆိုရာတွင် မိမိ ၏ ပါးစပ်မှ အနံ့ကြောင့် သူတပါးအား အနှောင့်အယှက် ဖြစ်စေသလို မိမိကိုယ်တိုင်လည်း သိမ်ငယ်ရပါသည် ။

ကျွန်တော် တာဝန်ထမ်းဆောင်ရာ အရပ်တပါး၌ တောရကျောင်းတခုတွင် သီတင်းသုံး နေထိုင်သော ရဟန်းတပါးအား အခါ အခွင့်သင့်၍ သွားရောက် ဖူးခဲ့ပါသည်။ ထိုရဟန်းသည် စကားပြောသောအခါတွင် ပါးစပ်အား လက်ဝါးနှင့်ကာ၍ စကားပြောနေပါသည်။ ထို့ကြောင့် အနီးသို့ သွားရောက် လျှောက်ထားသောအခါ ရဟန်းမှ မိမိ ၏ ခံတွင်းနံ့ မှာ အလွန်ဆိုးဝါးစွာ ထွက်နေသောကြောင့် လက်ဖြင့်ကာ၍ စကားပြောသည်ဟု မိန့်ပါသည်။ အဘယ်ကြောင့် ဖြစ်ပါသလဲ ဟုလျောက်သောအခါ အရင်က သူများအတင်း ပြောသောကြောင့် ဖြစ်မှာပေါ့ဟု ရဟန်းမှ ရယ်စရာ အဖြစ် မိန့်ပါသည် ။

ကျွန်တော်ကိုယ်တိုင်လည်း အနီးတွင် ရောက်နေသောကြောင့် ခံတွင်းပုတ်နံ့အား အနံ့ ရနေပါသည်။ ထိုကြောင့် သံပုရာသီး ကျောင်း၌ ရှိနေပါသလားဟု လျောက်သည့်အခါ တကာတဦးအားခေါ်ယူ၍ သံပုရာသီး နှစ်လုံး ယူခဲ့စေပါသည် ။

ဖော်စပ်နည်းမှာ

၁ = သံပုရာသီးအား ခါးလယ်မှ ပိုင်းရပါမည်။

၂ = ပိုင်းထားသော သံပုရာသီးအား အရည်ညှစ်ရပါမည် – ဖန်ခွက်တွင်ထည့်ထားပါ။

၃ = အရည်ညှစ်ထားသော သံပုရာခွံအား ပြန်ဖောင်းကာ အိမ်သုံး ဆားအား သိပ်ထည့်ရပါမည်။

၄ = ဆားသိပ်ထားသော သံပုရာ နှစ်ခြမ်းအား ပြန်မျက်နှာချင်းဆိုင် ဆက်စေပါသည်။

၅ = ထိုနောက် ဆားသိပ်ထားသော သံပုရာ ခြမ်းအား မီးကျီ ခဲ ရဲရဲ တွင် မီးဖုတ်ရပါမည်။

၆ = သံပုရာသီး အရောင်မှာ မီးကျီခဲရောင်ကဲ့သို့နီရဲလာပါက ဆားကျက်၍ ညှပ်ဖြင့်ဆယ်ယူကာအအေး ခံထားပါမီးသွေးခဲကဲ့သို့ ဖြစ်ပါသည်။

၇ = ၎င်းသံပုရာ ဆားမီးဖုတ်အား စက္ကူ အထူ တရွက် အတွင်းထည့်ကာ ပုလင်းဖြင့် ကြိတ်ရပါမည်။

၈ = အမှုန့် ဖြစ်သွားသော သံပုရာ ဆားမီးဖုတ်အား သံပုရာရေတွင် ရောမွှေ ၍ သမထားပါ။

မနက်တကြိမ် နေ့လည်တကြိမ် ညနေတကြိမ် လက္ဘ်ရည်ဇွန်း တဇွန်းစီ တနေ့သုံးကြိမ် စားရန် မှာခဲ့ပါသည်။ တပတ်ကျော်လျင် အနံ့ ပျောက်မည်ဟု လျောက်ခဲ့ပါသည်။ နောက်၁၀ ရက်ခန့် ကျောင်းသို့ တခေါက်ပြန် ရောက်သောအခါ ပျော်ရွှင် ယုံကြည်စွာ စကားပြောဆိုနေသော ရဟန်းနှင့် ဆုံရပါတော့သည်။

သင်ဆိုလျှင်လည်း ကိုယ်တိုင် ကုသနိုင်ပါသည်။

Credit-မိုးနတ်သား


Leave a Reply

Your email address will not be published. Required fields are marked *

*