ကြက်သွန်အဖြူနဲ့ အနီစားရင် ရင်သားကင်ဆာ ကာကွယ်နိုင်

ကြက်သွန်အဖြူနဲ့ အနီစားရင် ရင်သားကင်ဆာ ကာကွယ်နိုင်
======================================

ဘတ်ဖဲလိုး ယူနီဗာစီတီ သုတေသီများရဲ့ လေ့လာချက်အရ ကြက်သွန်ဖြူနဲ့ ကြက်သွန်နီ စားသုံးပေးခြင်းဟာ သေစေနိုင်တဲ့ ကင်ဆာရောဂါများကိုတောင် ကာကွယ်တိုက်ဖျက်နိုင်ပါတယ်လို့ ဆိုတယ်။ ကြက်သွန်မစားတဲ့ အမျိုး သမီးများထက် ကြက်သွန်စားတဲ့ အမျိုးသမီးတွေမှာ ရင်သားကင်ဆာ ဖြစ်နှုန်း ၆၇ ရာခိုင်နှုန်း ပိုလျော့ နည်းလာကြောင်း ဖော်ပြလိုက်ပါ တယ်။

အဖွဲ့ခေါင်းဆောင်၏ အဆို အရ ကြက်သွန်ဖြူနှင့် ကြက်သွန်နီ တို့တွင် အင်တီအောက်ဆီးဒင့်များ ဖြစ်တဲ့ ဖလေဗင်နွိုက်စ်များနှင့် အော်ဂင်နိုဆာလ်ဖာကွန်ပေါင်း များ အခြေခံအားဖြင့် အလွန်ြွကယ်ဝ လှတယ်လို့ ဆိုပါတယ်။

ဥရောပနှင့် အမေရိကန်ရှိ အမျိုးသမီးများထက် ကြက်သွန်နီနဲ့ ကြက်သွန်ဖြူ များများစားသုံး ခဲ့ကြသော အမျိုးသမီးများ နေထိုင် ကြတဲ့ နေရာတစ်ခုတွင် ထိုသုတေ သနအဖွဲ့ လေ့လာသုတေသနပြုမိ လျက်သားဖြစ်လို့ ထိုအချက်ကို အထူးဂရုပြုမိခဲ့တာ ဖြစ်ပါသတဲ့။
၆ နှစ်ကြာ လေ့လာစောင့် ကြည့်ခဲ့ပြီးနောက် အမေရိကန် ပြည်မကြီးမှာ နေထိုင်ကြတဲ့ အမျိုး သမီးတွေထက် Puerto Rico ဒေသ ရှိ အမျိုးသမီးများဟာ ကြက်သွန် အနီ/အဖြူကို အများကြီးစားကြ တာ တွေ့ရပါတယ်။ ၄င်းတို့တွေ့ရှိ ချက်အရ ရင်သားကင်ဆာရောဂါ ဖြစ်တဲ့ အမျိုးသမီး ၃၁၄ ဦး အပါ အဝင် အမျိုးသမီးပေါင်း ၃၄၆ ဦး အား ကြက်သွန်အဖြူနဲ့ အနီ များများစားခြင်းဖြင့် ရင်သား ကင်ဆာမှ ကာကွယ်ထိန်းသိမ်းနိုင် ခဲ့ကြောင်း တွေ့ရပါသတဲ့

Ref: HealthCare Asia.

(Zawgyi)

======================================

Ref: HealthCare Asia.


Leave a Reply

Your email address will not be published. Required fields are marked *

*